ဖွင့်မရတဲ့ ဦးနှောက်

ko sixJanuary 5, 20171min774

ခဏလေးဖြစ်ဖြစ်
အနာတရမေးခွန်းတွေ ရပ်နားပေးဖို့တောင်းဆိုပါရစေ။
ခဏလေးဖြစ်ဖြစ်
စဉ်းစားစရာအနာဂတ်တွေ မေ့ထားပါရစေ။
ခဏလေးဖြစ်ဖြစ်
သံယောဇဉ်ဆိုတဲ့စကားလုံး မဖတ်ပါရစေနဲ့။
ခဏလေးဖြစ်ဖြစ်
မိသားစုတမ်းချင်းဆိုတာကို ခေါက်ထားပါရစေ။
ခဏလေးဖြစ်ဖြစ်
အချစ်အကြောင်းကို စာမျက်နှာကျော်ဖတ်ပါရစေ။
ခဏလေးဖြစ်ဖြစ်
အမှားအမှန်ရွေးချယ်ခြင်းကို မကြည့်ပါရစေနဲ့။
ခဏလေးဖြစ်ဖြစ်
ဆက်သွယ်ရေးဧရိယာပြင်ပကို သွားပါရစေ။
ခဏလေးဖြစ်ဖြစ်
ယုံကြည်မှုဆိုတာကို ဘေးနားချထားပါရစေ။
ခဏလေးဖြစ်ဖြစ်ပါ
မနှောက်ယှက်ကြပါနဲ့
ဒီမှာ……
ဦးနှောက်ထဲထိ
စူးစူးနစ်နစ် စိုက်ဝင်နေတဲ့ အပျက်အစီးတွေကို
ခြေတုန်လက်တုန် ပြင်ဆင်နေရလို့ပါ။
ခဏလေးဖြစ်ဖြစ်
ကျနော်စကားကို နားထောင်းပေးကြစမ်းပါ။
သက်ရောက်မှုဘဝမှာ
အကယ်ဒမီမှန်းထားတဲ့အတွက်
ကျနော်
အစွမ်းကုန်သရုပ်ဆောင်နေရလို့
ခဏလေးဖြစ်ဖြစ်
မီးမှိတ်၍ ကျနော့်ကို မေ့ထားလိုက်ကြပါဗျာ…..။

ကိုစစ်

4 comments

  • Thint Aye Yeik

    January 5, 2017 at 1:03 pm

    ဒီရက်ပိုင်းအတွင်း ကျနော့်စိတ်နှလုံးနဲ့ဓါတ်အတည့်ဆုံးကဗျာပဲ။
    စာသားတွေကိုဖတ်နေရင်း ကျနော် ပြောချင်တဲ့စကားတွေလိုပဲ လို့ တွေးမိလာတယ်။
    ဟုတ်တယ်။
    ကျနော်လည်း ဒီကဗျာရှင်လို ခံစားနေရတယ်။
    ဒီလိုတွေပဲ ပြောပစ်ချင်နေတယ်။
    ကဗျာရေးသူနဲ့ဖတ်သူ စာသားတွေကတဆင့် ဓါတ်ကူးပြီ ထင့်

    • ko six

      January 18, 2017 at 3:05 pm

      အေးဗျာ။
      ပိတ်ထားလိုက်တော့ တံခါးတွေ

  • ဂျစ်စူ

    January 10, 2017 at 9:19 pm

    ကျန်လူတွေ ရချင်ရမယ်
    ကြွေးရှင်ဒေကတော့ သေဒေါင် မေ့ဘူးဆိုပဲ့

    • ko six

      January 18, 2017 at 3:06 pm

      ဟုတ်တာပဲ။
      ကြွေးရှင်ဆိုတာ

Leave a Reply