နေ​နှင့်​ဆင်​တူ​သည့်​​ ​ကြယ်​တစ်​လုံး​​ ​န​က္ခတ်​ဗေ​ဒ​ ​ပ​ညာ​ရှင်​များ​​ ​ရှာ​ဖွေ​တွေ့​ရှိ

Yin Nyine NwayAugust 31, 20101min643
altန​က္ခတ်​ဗေ​ဒ​ပ​ညာ​ရှင်​များ​​ ​ရှာ​ဖွေ​တွေ့​​ရှိ​သည့်​​ နေ​နှင့်​ဆင်​တူ​သည့်​​ ​ကြယ်​တစ်​လုံး​ © dailymail

နေနှင့် ​ဆင်​တူ​သော​ ​ကြယ်​တစ်​လုံး​ကို​ ​ဂြိုဟ်​ပေါင်း​ ​၇​ ​လုံး​က​ ​ဝန်း​ရံ​လှည့်​ပတ်​နေ​သည့်​ ​နေ​အ​ဖွဲ့​အ​စည်း​တစ်​ခု​အား​ ​န​က္ခတ်​ဗေ​ဒ​ ​ပ​ညာ​ရှင်​များ​က​ ​ရှာ​ဖွေ​တွေ့​ရှိ​ခဲ့​သည်​။

က ​မ႓ာ​မှ​ ​အ​လင်း​နှစ်​ ​၁၂၇​ ​အ​ကွာ​တွင်​ ​တည်​ရှိ​သော​ ​အ​ဆို​ပါ​ ​နေ​အ​ဖွဲ့​အ​စည်း​သည်​ ​နေ​ကို​ကျော်​လွန်​ပြီး​ ​ရှာ​ဖွေ​တွေ့​ရှိ​သ​မျှ​ ​နေ​အ​ဖွဲ့​အ​စည်း​ ​အား​လုံး​တို့​တွင်​ ​အ​ကြီး​မား​ဆုံး​ဟု​ ​ယုံ​ကြည်​ရ​ဖွယ်​ ​ရှိ​နေ​သည်​။​ ​ပ​ညာ​ရှင်​များ​က​ ​ယင်း​နေ​အ​ဖွဲ့​အ​စည်း​တွင်​ ​ဂြိုဟ်​ ​၅​ ​လုံး​ ​သေ​ချာ​ပေါက်​ ​ရှိ​နေ​ပြီး​ ​နောက်​ထပ်​ ​၂​ ​လုံး​ ​တည်​ရှိ​နေ​သည်​ဟု​ ​ယုံ​ကြည်​ရ​ဖွယ်​ ​အ​ထောက်​အ​ထား​များ​ ​တွေ့​ရှိ​ထား​ကြောင်း​ ​ပြော​ကြား​ခဲ့​သည်​။​ ဥ​ရော​ပ​တောင်​ပိုင်း​ ​န​က္ခတ်​တာ​ရာ​ ​လေ့​လာ​ရေး​စ​ခန်း​မှ​ ​ဒေါက်​တာ​ခ​ရစ်​စ​တို​ဖာ​လို​ဗစ်​က​ ​မိ​မိ​တို့​ ​ရှာ​ဖွေ​တွေ့​ရှိ​သ​မျှ​အ​နက်​ ​ဂြိုဟ်​အ​များ​ဆုံး​ ​ပါ​ဝင်​သည့်​ ​နေ​အ​ဖွဲ့​အ​စည်း​ ​တစ်​ခု​ဖြစ်​ကြောင်း​ ​ပြော​ကြား​ခဲ့​သည်​။

၎င်း ​က​ ​နေ​အ​ဖွဲ့​အ​စည်း​နှင့်​ ​ဂြိုဟ်​များ​ကြား​ ​အ​ပြန်​အ​လှန်​ ​ဆွဲငင်​နေ​မှု​များ​ကို​ ​ခြေ​ရာ​ခံ​ကာ​ ​ဂြိုဟ်​များ​၏​ ​အ​ရေ​အ​တွက်​ကို​ ​တွက်​ချက်​ဖော်​ထုတ်​ခဲ့​ကြောင်း​ ​ရှင်း​ပြ​ခဲ့​သည်​။​ Neptune​ဂြိုဟ်​၏​ ​အ​ရွယ်​မျှ​ရှိ​သော​ ​အ​စိုင်​အ​ခဲ​ ​၅​ ​ခု​တို့​မှ​ ​ထင်​ထင်​ရှား​ရှား​ ​တုန့်​ပြန်​မှု​များ​ကို​ ​ဖမ်း​ယူ​နိုင်​ခဲ့​ပြီး​ ​နောက်​ထပ်​ ​အ​စိုင်​အ​ခဲ​ကြီး​ ​၂​ ​ခု​တို့​မှ​ ​ထွက်​ပေါ်​လာ​သည်​ဟု​ ​ယူ​ဆ​ရ​သော​ ​မြေ​ဆွဲ​အား​များ​ကို​လည်း​ ​ထောက်​လှမ်း​ဖော်​ထုတ်​နိုင်​ခဲ့​ကြာင်း​ ​လို​ဗစ်​ကဆို​သည်​။

ကြယ်​နှင့်​ ​အ​နီး​ဆုံး​ဂြိုဟ်​မှာ​ ​နေ​နှင့်​က​မ႓ာ​ကြား​ ​အ​ကွာ​အ​ဝေး​၏​ ​၀.​၀၆​ ​ရာ​ခိုင်​နှုန်း​မျှ​ ​အ​ကွာ​ဖြင့်​ ​လှည့်​ပတ်​နေ​ပြီး​ ​အ​ဝေး​ဆုံး​ဂြိုဟ်​မှာ​မူ​ ​နေ​နှင့်​က​မ႓ာ​ကြား​ ​ကွာ​ဟ​ချက်​ထက်​ ​၁.​၄​ ​ရာ​ခိုင်​နှုန်း​ ​ပို​များ​သည်​ဟု​ ​ယူ​ဆ​ရ​ကြောင်း​လည်း​ ​သိ​ရှိ​ရ​သည်​။

3 comments

  • မန်း ရိပ်

    August 31, 2010 at 8:39 am

    အသစ်အသစ်တွေ အမြဲတမ်းပေါ်နေပါလားနော်
    ဘယ်တော့မှ ဆုံးမှာလဲ

  • kai

    August 31, 2010 at 9:44 pm

    စင်္ကြာဝဌာက ဘယ်တော့မှ ဆုံးမယ်တော့မထင်မိဘူး။
    အခုဟာက နေနဲ့ဆင်တူပြီး ဂြိုလ်တွေလည်းရှိတယ်ဆိုတော့..ကမ်ဘာအသစ်ဖြစ်နိုင်လို့နေမှာပါ။
    ကမ်ဘာအသစ်ဆိုတော့..လူအသစ်တွေရှိမှာပေါ့နော..။
    သယံဇာတ အသစ်တွေလည်း ရှိမပေါ့..
    သူတို့ရှာနေတာ..အဲဒါ..အဲဒါ….

  • etone

    September 1, 2010 at 6:29 am

    အကျိုးပြုမဲ့ဟာလေးဘာလေးရှာကြပါလားဗျို့ ။ ကမာ္ဘလိုဂြိုလ်မျိုးနောက်တလုံးတွေ့ရင်တောင် ဒီမှာလူဦးရေများလာလို့ သွားနေဖို့ အဆင်ပြေတာမဟုတ်ဘူး ။ အတောင်ပါလို့ ပျံတတ်ရင်တော့ တမျိုးပေါ့ ။ 😀 😛 😛

Leave a Reply