ပြည်သူတွေရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးပါ NLD

koaungMarch 27, 20101min1336

အခုတလော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့   ပါတီမှတ်ပုံတင်ရေး မတင်ရေးဟာ  ပြည်သူတွေကြားမှာစိတ်ဝင်စားနေကြတဲ့ ကိစ္စရပ်လေးတခု ဖြစ်နေပါတယ်။ NLD ကတော့ အန်တီစု ရဲ့ သဘောထားအတိုင်း လာမဲ့ ၂၉ ရက်နေ့ကျမှ မဲခွဲဆုံးဖြတ်မှာဖြစ်ပါတယ်။

ရန်ကုန်မြို့ရဲ့ လက်ဖက်ရည်ဆိုင် နဲ့ ဈေးတွေမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သာ ဝင်ပြိုင်ရင် ဒို့ကတော့ NLD ကိုပဲ မဲပေးမှာပဲတော်ရေ့ ဆိုတဲ့ ဈေးသည်တွေရဲ့ အသံ အိမ်ရှင်မတွေရဲ့ အသံ နဲ့ လက်ဖက်ရည်ဆိုင် ထိုင်ပြန်ရင်လည်း လူ ၅ ယောက်ထိုင်နေတဲ့ ဝိုင်းမှာဆိုရင် လူ ၄ ယောက်လောက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုပဲ မဲပေးမယ်ဆိုတဲ့အကြောင်း နဲ့ ၁၉၉ဝ မှာတုန်းကလဲ NLD ကိုပဲ မဲပေးခဲ့တယ်ဆိုပဲ။ အခု ရွေးကောက်ပွဲမှာ NLD သာ ဝင်ပြိုင်ရင် NLD ကိုပဲ ပေးမယ် တခြားပါတီတွေက အခုမှ ကြားဘူးတဲ့ နာမည်တွေ သိလဲမသိဘူး ဟု ပြောဆိုကြတဲ့အသံများဟာ မကြားချင်မှအဆုံး ကြားနေရပါတယ်။

ဒါကလဲ ဘာကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုပဲ တမ်းတမ်းစွဲဖြစ်နေရတာလဲဆိုရင် NLD ဆိုတာက ၁၉၉ဝ ကတည်းက ပြည်သူတွေရင်ထဲမှာ စွဲလမ်းခဲ့တဲ့ နာမည်ဖြစ်နေတာရယ် နှစ်ပေါင်း ၂ဝ လောက် ဒီနာမည်က မသေပဲ ပြည်သူတွေကြားမှာ ရပ်တည်နေခဲ့တာပဲ မဟုတ်လား။ ဒါကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ပြည်သူတွေဟာ NLD ဘက်မှာ ရှိနေသေးတယ်ဆိုတာ သိဖို့ကောင်းပါတယ်။ NLD အနေနဲ့ ပြည်သူတွေရဲ့ ဆန္ဒကို မသိကျိုးကျွန်ပြုမယ်လို့တော့ မထင်ပါဘူး။

ရွေးကောက်ပွဲဝင်မဲ့ ပါတီတွေအနေနဲ့ ပြန်သုံးသပ်ကြည့်မယ်ဆိုရင် ရွေးကောက်ပွဲအရပေါ်ပေါက်လာမယ့် လွှတ်တော်အသီးသီးမှာ ကိစ္စရပ်တစ်ခုကို မဲခွဲဆုံးဖြတ်မယ်ဆိုရင်  ရွေးချယ်ခံ ကိုယ်စာလှယ်က တစ်ရာမှာ(၇၅)ဦးရှိနေတာမို့ အနာဂတ်နိုင်ငံရေးမှာ စစ်တပ်က အထက်စီးက ရှိမနေ ပါဘူး။ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းစတာတွေကို ဥပဒေနဲ့အညီ လုပ်ဆောင်လို့ရပါသေးတယ်။ ရည်မှန်းချက်ပန်းတိုင်တစ်ခုကို ရောက်အောင်သွားကြည့်မှ အဆင်ပြေတာတွေ၊ မပြေတာတွေသိရမှာပါ။ ကိုယ်တိုင်လျှောက်လှမ်းကြည့်မှ အကျိုးနဲ့ အပြစ် ခွဲခြားသိမြင်ပြီး လိုတိုးပိုလျော့လုပ်လို့ရနိုင်မှာပါ။
ဒီနှစ်ထဲမှာကျင်းပမဲ့ ၂၀၁ဝ ရွေးကောက်ပွဲမှာ သတ္တိရှိရှိဝင်ရောက်ယှဉ်ပြိုင်၊ အရွေးခံရရင် အစိုးရဖွဲ့ပြီး မိမိတို့ဖြစ်ချင်တာတွေ ဖြစ်အောင်လုပ်။ ဒီလိုမှ မဟုတ်ဘဲ တယောက်နဲ့တယောက် အချင်းများပြီး ဝေဖန်နေတာနဲ့ပဲ အချိန်ကုန်နေရင်တော့ ဘာမှ ဖြစ်လာမှာမဟုတ်ပါဘူး။ ဒီရက်ပိုင်းမှာ ကြားနေရတဲ့ NLD ပါတီဝင်တွေရဲ့ သဘာထားကွဲလွဲမှုတွေဟာ နောင်တချိန်မှာ  နောင်တရစရာတွေဖြစ်သွားမှာ စိုးရိမ်မိပါတယ်။ ကိုယ်မကြိုက်ပေမဲ့အများကလက်ခံတာမျိုးရှိနေရင် လက်ခံသင့်ပါတယ်။ တဖြည်းဖြည်း ပူးပေါင်းဆောင်ရွက်ပြီး  ပြောင်းလဲလို့ရအောင်လုပ်လို့ရနိုင်ပါတယ်။ အထက်မှာပြောခဲ့သလို ၂၅% နဲ့ ၇၅ % ဆိုတာ အချို့အားဖြင့်ကွာခြားပါတယ်။
ဒေါ်စုမပါလို့ရွေးကောက်ပွဲ မဝင်တော့ဘူး။ အတိုက်အခံဘဝနဲ့ပဲ နေတော့မယ်လို့ ဆုံးဖြတ်မယ်ဆိုရင်လဲ ဘာမှ ဖြစ်လာမှာမဟုတ်ပါဘူး။ သတ်မှတ်ထားတဲ့ရက်ပေါင်း (၆၀)အတွင်းမှာ လူထုဆူပူအုံကြွမှုကိုရအောင် လုပ်မယ်ဆိုရင်လဲ စီးပွားရေးသမားတွေကို အကျိုးပြုသလို တောကြောင်တွေပဲ စီးပွားဖြစ်ဖွယ်ရာ ဖြစ်ပါလိမ့်မယ်။ပြည်သူတွေကတော့ ကျွဲနှစ်ကောင်ကြားမှာ မြေဇာပင် ဖြစ်ရပါလိမ့်အုံးမယ်။

ဘယ်နိုင်ငံမှာပဲကြည့်ကြည့် ရွေးကောက်ပွဲကို အဲဒီနိုင်ငံရဲ့ မဲပေးပိုင်ခွင့်ရှိတဲ့ ပြည်သူတွေကပဲ အဆုံးအဖြတ်ပေးသွားတာပါ။ ရွေးကောက်ပွဲဟာ  တရားဝင်တယ် မဝင်ဘူးဆိုတာ မဲပေးပိုင်ခွင့်ရှိတဲ့ မြန်မာပြည်သူတွေနဲ့ပဲဆိုင်ပါတယ်။ လက်ရှိ မဲပေးပိုင့်ခွင့်ရှိတဲ့ ပြည်သူတွေကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဘက်မှာ အင်အားပြည့်ရှိနေပြီး မဲပေးဖို့ အဆင်သင့်ရှိနေကြကြောင်းပါ။

ရေနံသာ ကိုအောင်

6 comments

  • timothy

    April 5, 2010 at 3:59 pm

    Yes, people will give 110% vote for NLD if the party decided to register for election. NLD need to pledge that it will abide by the rule set by Military. NLD under no illusion must say that it will recognize the leading role of Junta in Parliament, forget about crimes committed by General, accept/ support the generals` decision to declare state of emergency, subsequently agree to go to jail if it has voiced disapproval of military`s decision. The junta is just legalising the military grip on Burma. People of Burma will also boycott the election. Although we are upset not being able to give vote for NLD, we should understand that Junta had forced NLD to boycott the unjust election. I hope my explanation here will console some section of public who do not seem to understand about the trick created by Than Shwe. All are cordially welcome to comment on this light explanation given in my good faith.

  • htoothu

    April 9, 2010 at 6:31 am

    ရေနံသာကိုအောင် ဆိုတဲ့ဆရာရေNLDနဲ့ပက်သက်တဲ့သတင်းတွေကိုသေသေချာချာတစ်နိုင်ငံလုံးလိုက်စုံစမ်းထားပုံရတယ်နော်—ကျွန်တော်တို့ပြည်သူတွေအားလုံးရဲ့နုလုံးသားထဲမှာဖိနှိပ်မှုတွေလွတ်မြောက်ဖို့၊အာဏာရှင်စနှစ်ကုန်ဆုံးဖို့၊ပြည်သူအာလုံးရဲ့စားဝတ်နေရေးပြေလည်ဖို့အတွက ် ကိုယ်ကျိုးမကြည့်တဲ့ အမေစု ခေါင်းဆောင်တဲ့ NLD ဘဲရှိတာပါ။ဒါပေမယ့် သေသေချာချာစီမံအကွက်ဆင်ထားတဲ့ လံကြုတ်ပြိုင်ပွဲကြီးကို ဝင်ပြိုင်လိုက်ရင် ပြိုင်တဲ့လူကရူးနေလို့ပါဘဲ။ကိုယ်ကျိုးမငဲ့ဘဲကြိုးစားမောင်းနှင်မဲ့ခေါင်းတွဲမပါဘဲဒီမိုကရေစီ မီးရထားကြီးကိုဘယ်လိုမောင်းကြမလဲ။

  • susunosuki

    April 18, 2010 at 5:02 pm

    အားလုံးနီးပါးက NLD ကိုပဲ ထောက်ခံချင်ကြပုံရတယ်
    တဖြည်းဖြည်းနဲ့တော့ ပွဲကောင်းလာပါပြီ

  • cruz

    October 24, 2010 at 8:33 pm

    ကျနော်တစ်ခုစဉ်းစားမိတာတော့ သူတို့ ခုလုပ်နေတဲ့ ရွေးကောက်ပွဲက ဘယ်လောက်ပဲ ယုတ်မာမှုတွေ သုံးထားပါစေ.. ဒီမိုကရေစီအတွက် လမ်းစတစ်ခုစတင်ပွင့်လာတာလို့ မြင်ပါတယ်..ဒီလိုသာမလုပ်ပေးခဲ့ရင် ခုချိန်ထိ ကျနော်တို့ သူတို့လက်အောက်မှာ ဒုံရင်းဒုံရင်း ဆက်နေသွားရမှာပါပဲ
    ခုလိုဖြစ်လာတာကို ကောင်းတယ်လို့လည်းမတွေးနိုင်သလို မကောင်းဘူးလို့လည်း တွေးလို့မရတာ အမှန်ပါပဲဗျာ

  • etone

    October 25, 2010 at 3:26 am

    NLD က မဲဝင်အရွေးမခံတော့ပေမဲ့ NLD ထဲက လူအချို့က ပါတီထောင်ပြီး မဲအပေးခံကြမှာပါ ။ ပါတီနာမည်ကို အမျိုးသားဒီမိုကရေစီအင်အားစုလို့ပေးထားပြီး logo ကတော့ ခမောက်ပုံပါ ။ အန်တီစုရဲ့ဆန္ဒအရတစ်ချို့သော NLD ပါတီဝင်တွေဟာ မဲပေးပွဲမှာမပါဝင်ခဲ့သလို ပါတီဖွဲပြီးအရွေးခဲ့ဖို့လည်း မကြိုးစားခဲ့ပါဘူး ။တစ်ချို့သော စိတ်ဓါတ်ပြင်းပြနေတဲ့လူတစ်ချို့စုစည်းပြီး အမျိးသားဒီမိုကရေစီအင်အားစုတည်ထောင်ပါခဲ့ပါတယ် ။ အဖွဲ့နာမည်သာ အနည်းငယ်ပြောင်းလဲခဲ့သော်လည်း ပါတီဝင်တွေကတော့ NLD ပါတီဝင်တွေပါပဲ ။ ခမောက်ပုံလေးကိုပဲ မူမပြတ်အသုံးပြုနေသေးတာတွေ့ရပါတယ် ။

    • bigcat

      October 25, 2010 at 3:42 am

      အီးတုံးရဲ့မှတ်ချက်ကို နဲနဲဖြည့်စွက်ပါရစေ။ ရွေးကောက်ပွဲဝင်တဲ့ အန်န်ဒီအက်ဖ်သည် အန်န်အယ်လ်ဒီကနေ ပဲ့ထွက်လာတဲ့ ပါတီညီလာခံရဲ့ အားလုံးသဘောတူဆုံဖြတ်ချက်ကို အာခံပြီး ထွက်လာတဲ့ သူတွေဖြစ်ပါတယ်။ ခမောက်ကိုသုံးတာကိုလည်း အန်န်အယ်လ်ဒီက တရားဝင်ကန့်ကွက်ခဲ့ပါတယ်။ သူတို့ကို အန်န်အယ်လ်ဒီလို့ မသတ်မှတ်တော့ပါဘူး။ အီးတုံးပြောသလို ဒေါ်စုရဲ့ဆန္ဒအရ တချို့သော အန်န်အယ်လ်ဒီပါတီဝင်တွေဟာ မဲပေးပွဲမဝင်ဆိုတာ အချက်အလက်အရ ပြောင်းပြန်ဖြစ်နေပါတယ်။ အများစုက ဒေါ်စုနဲ့တသားထဲရှိပြီး အနည်းစု (အရေအတွက်ကနည်းလို့ ခွဲထွက်အစား ပဲ့ထွက်လို့ပဲ သုံးနိုင်ပါတယ်) ကသာ အန်န်အယ်လ်ဒီရဲ့ ဩဇာအရှိန်အဝါကို မလိမ့်တပတ်သုံးနေတာဖြစ်ပါတယ်။ ဒေါ်စုက အန်န်အယ်လ်ဒီမရှိလို့ ဘယ်သူ့ကိုမဲပေးရမှန်းမသိရင် မပေးကြနဲ့လို့ ရွေးကောက်ပွဲကို သပိတ်မှောက်ခိုင်းထားပါတယ်။ နောက်ဆုံးသတင်းတွေအရ အန်န်အယ်လ်ဒီက စစ်ကိုင်းတိုင်း ကလေးမြို့ တိုင်းရင်းသားမဟာမိတ် ပါတီတခုရဲ့ နှစ်ပတ်လည်ပွဲမှာ တိုင်းရင်းသားတွေအားလုံးပါဝင်တဲ့ ဒုတိယအကြိမ် ပင်လုံညီလာခံ ခေါ်ဖို့ကြေငြာချက်ထုတ်လိုက်ပါပြီ။ စစ်ကျွန်ဘဝကို တရားဝင်ကျရောက်စေမဲ့ နအဖ ရွေးကောက်ပွဲကို နားယောင်နေမဲ့အစား အန်န်အယ်လ်ဒီရဲ့ ရှေ့လုပ်ငန်းစဉ်တွေကို တတ်စွမ်းသ၍ ပူးပေါင်းအားဖြည့်ပါလို့ မေတ္တာရပ်ပါတယ်။

Leave a Reply