နာဂတောင်တန်းတွေဆီက ပျံ့လွင့်လာတဲ့တေးသွားများနဲ့နှစ်ကူးပွဲတော်

Mon LayJanuary 7, 20172min2173

နာဂလူမျိုးလို့ဆိုလိုက်ရင် အားလုံးဟာ  ရိုးရာခေါင်းဆောင်းလေးတွေမှာ ငှက်မွှေးတောင်ရှည်ရှည် တပ်ဆင်လေ့ရှိတဲ့ ထူးခြားတဲ့သွင်ပြင်နဲ့ လူတွေကို မြင်ယောင်မိတတ်ကြပါတယ်။ ရုပ်မြင်သံကြား ဖန်သားပြင်တွေပေါ်မှာသာ မြင်တွေ့ရတတ်ပြီး မြန်မာနိုင်ငံရဲ့ အလှမ်းဝေးတဲ့ဒေသတွေမှာနေထိုင်လေ့ရှိတဲ့ နာဂလူမျိုးတွေဟာ သူတို့ရဲ့ရိုးရာယဉ်ကျေးမှုဓလေ့တွေကို ယနေ့ထိထိန်းသိမ်းထားနိုင်ကြတာက ချီးကျူးဖွယ်ဖြစ်ပါတယ်။ ခြားနားတဲ့ ဝတ်စားဆင်ယင်ပုံတွေ၊ ဓလေ့တွေနဲ့ နာဂလူမျိုးတွေမှာ ချစ်စဖွယ်အပြုအမူမျိုးစုံ ရှိနေတတ်ပါတယ်။ နာဂလူမျိုးတွေဟာ စစ်ကိုင်းတိုင်းဒေသကြီးထဲက နာဂတောင်တန်းတွေရှိရာအရပ်တွေမှာနေထိုင်ကြပါတယ်။ အထူးသဖြင့် နာဂတောင်တန်းတွေရှိရာအေးချမ်းလှတဲ့မြို့ ခနီ္တးမြို့မှာ အဓိကနေထိုင်ကြတဲ့ ခန္တီးရှမ်း နဲ့ နာဂ တို့အတူယှဉ်တွဲနေထိုင်လာခဲ့တာ နှစ်ပေါင်းကြာမြင့်ခဲပြီဖြစ်ပါတယ်။ နာဂမျိုးနွယ်စုတွေမှာ မကျန်၊ လှိုင်းနောင်၊ ကားရော်၊ နောက်အော်၊ ဂုံဝမ်၊ တန်ရှန်းမျိုးနွယ်စုတို့ရှိကြပြီး ဝတ်စားဆင်ယာင်မှုပုံစံကွဲပြားကြပါတယ်။

နာဂတောင်တန်းဟာ စတုရန်းမိုင်ပေါင်း ၂၅၅၅ ကျော်ကျယ်ပြန့်ပြီး နာဂ လူမျိုးအများစုက စစ်ကိုင်းတိုင်းဒေသကြီး ခန္တီး၊ ဟုမ္မလင်း၊ လေရှီး၊ လဟယ် နဲ့ နန်းယွန်း မြို့နယ်တို့မှာ နေထိုင်ကြပါတယ်။ နာဂ လူမျိုးတွေဟာ ကလေးတွေမွေးဖွားလာရင် ယောက်ျားလေးဆိုရင် မိဘများက ဓားတစ်လက်၊ လှံတစ်ချောင်းနှင့် မိန်းကလေး ဆိုပါက ပုတီးလက်ကောက်တွေ ကို ပြုလုပ်ပေးတတ်ကြပါတယ်။ ဒါ့အပြင် ကလေးငယ်တွေကို ငယ်စဉ်ကတည်းက ရိုးရာသီချင်းများနှင့် အကများ သင်ပေးလေ့ရှိတဲ့အတွက် နာဂရိုးရာအကအလှများမှာလည်း ထင်ရှားသည့်ရိုးရာအကတစ်ခုဖြစ်လာခဲ့ပါတယ်။

Untitled-3 copyRef Photo:http://4.bp.blogspot.com/

နာဂပွဲတော်တွေထဲမှာဆိုရင် နှစ်ကူးပွဲ၊ ကောက်သစ်စားပွဲ၊ မုန့်ထောင်းပွဲ၊ ကောက်စိုက်ပွဲနှင့် ကောက်ရိတ်ပွဲတို့ဖြစ်ကြပြီး အများစု စိတ်ဝင်တစားသွားရောက်ကြတာကတော့ နာဂရိုးရာနှစ်ကူးပွဲတော်ဖြစ်ပါတယ်။ နာဂရိုးရာနှစ်ကူးပွဲတော်ကို မြန်မာနိုင်ငံမှာသာမက နိုင်ငံတကာမှာပါ ကျင်းပကြပြီး အနီးစပ်ဆုံးပြောရရင် အိန္ဒိယနိုင်ငံမှာပါ ကျင်းပတာကိုတွေ့မြင်နို်င်ပါတယ်။နာဂနှစ်ကူးရိုးရာပွဲတော်ကို ၂၀၀၁ ခုနှစ်က စတင်ကျင်းပခဲ့ပြီး  စတင်ကျင်းပတဲ့နှစ်ကစလို့ နိုင်ငံခြားခရီးသွားတွေစိတ်ဝင် တစားလာရောက်ကြတာကိုတွေ့ရပါတယ်။ ပွဲတော်ကို နှစ်အလိုက် ခန္တီး၊ လေရှီး၊ နန်းယွန်း၊ လေဟယ် မြို့တွေမှာ အလှည့်ကျကျင်းပပြီးတော့ ယခုနှစ်အတွက်တော့ ဇန်နဝါရီ ၁၅ ရက်နေ့မှာ လေဟယ်မြို့မှာကျင်းပသွားမှာဖြစ်ပါတယ်လို့ ပွဲကျင်းပရေးကော်မတီကပြောကြားထားပါတယ်။

နာဂတောင်တန်းတွေရှိရာကို ရောက်ရှိဖို့အတွက် အဆင့်ဆင့်သွားရပါတယ်။ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ခြင်းမရှိသေးအတွက် လမ်းကြောင်းတစ်ခုတည်းတော့မပေါက်သေးပါဘူး။ ဒါကြောင့် နာဂပွဲတော်တွေဟာ စိတ်ဝင်စားဖွယ်ကောင်းပေမယ့် အများစုက အချိန်မပေးနိုင်တာရယ်၊ ငွေကြေးကုန်ကျမှုများတာရယ်ကြောင့် သွားရောက်မှုတွေက နည်းပါးနေဆဲဖြစ်ပါတယ်။ ရန်ကုန်ကနေသွားမယ်ဆိုရင်တော့  ရန်ကုန်မှ မန္တလေး၊ မန္တလေးမှ ခန္တီးသို ့လေယာဉ်ခရီးနဲ့ သွားရောက်ပြီး ခန္တီးမှ စပိဘုတ်နဲ့ ချင်းတွင်းမြစ်မှဖြတ်သန်းပြီးဆင်သေရွာကိုသွားရပါတယ်။ ဆင်သေရွာကနေတစ်ဆင့်မှ လဟယ်မြို့လေးရှိရာကို ကားဖြင့်သွားရောက်နိုင်မှာဖြစ်ပါတယ်။  လမ်းခရီးတစ်လျှောက်မှာ မြင်တွေ့ရတဲ့ တောင်တန်းအထပ်ထပ်နှင့် လှပတဲ့ရှုမျှော်ခင်းတွေ၊ လှပတဲ့ငှက်မျိုးစုံဟာ လမ်းခရီးကြမ်းတမ်းမှုကိုတောင် မေ့လျော့စေမိသည်အထိဖြစ်စေမှာပါ။

4 copyRef Photo:www.crooked-compass.com

ယခုနှစ် နာဂပွဲတော်ကျင်းပမယ့် လဟယ်မှာ သွားရောက်လည်ပတ်မယ်ဆိုရင်တော့ ဆင်သေရွာနဲ့လဟယ်လမ်းကြားမှာ ရှိပြီး အမြင့်ဆုံးဖြစ်တဲ့ထိန်ညိုတောင်က ၄၉၉ရပေ အမြင့်ရှိပြီး အလှဆုံးဖြစ်ပြီး အဲဒီကနေ လှပတဲ့ လဟယ်မြို့တစ်ခုလုံးကို တွေ့မြင်နိုင်ပါတယ်။ လဟယ်မြို့က ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၄၃၁၃ ပေမှာတည်ရှိပြီး တဲအိမ်ပုလေးတွေ မြေနီလမ်းတွေနဲ့ တောင်တက်တောင်ဆင်းလမ်းလေးတွေကြောင့် ကြည့်မဝအောင်လှတဲ့ မြို့ကလေးလို့ တင်စားကြပါတယ်။

ပွဲတော်အတွင်းမှာဆိုရင် လူမျိုးနွယ်စုအမျိုးမျိုးတို့ရဲ့ သမိုင်းကြောင်းတွေကို စိတ်ဝင်စားဖွယ် ခင်းကျင်းပြသထားတတ်ပါတယ်။  ဒါ့အပြင် နာဂရိုးရာလူမျိုးစုတွေရဲ့ ထူးခြားတဲ့အကအလှအမျိုးမျိုး၊ ရိုးရာဓလေ့ယဉ်ကျေးမှုတွေနဲ့ ကပြဖျော်ဖြေတတ်ကြပြီး စည်ကားစွာ ကျင်းပလေ့ရှိကြပါတယ်။ နာဂရိုးရာနှစ်ကူးပွဲတော်မှာဆိုရင် နာဂရိုးရာခေါင်ရည်ချိုမွှေးမွေးမှာလူကြိုက်များလှပြီး နွားနောက်သား၊ ငှက်ပျော်ဖူးဟင်းထုတ်များနှင့်တွဲဖက် စားသုံးလေ့ရှိကြသလို ဒေသထွက် တစ်နှစ်ပတ်လုံးမွေးမြူထားတဲ့ ငါးကြီးတွေကိုလည်း ဟင်းထုတ်များပြုလုပ်စား သောက်ကြပါတယ်။

Untitled-1 copyRef Photo:www.mizzimaburmese.com

နာဂ တိုင်းရင်းသားများသည် ချင်းပြည်နယ် ဆွမ်မရ တောင်တန်းဒေသနှင့် မြန်မာပြည် မြောက် ဖျားပိုင်း တောင်ကုန်းထူထပ်ရာ ဒေသများ၌ ပြန့်ကျဲစွာ နေထိုင်ကြပြီး  တိဗက် အာသံ မြန်မာမျိုးနွယ်စု ဖြစ်တယ်လို့ သမိုင်းတွေမှာဖော်ပြထားပါတယ်။ နာဂလူမျိုးများရဲ့ ထင်ရှားတဲ့ ရိုးရာ အသုံးအဆောင်တွေကတော့ ပယင်းနားတောင်း၊ လည်ဆွဲ၊ သန္တာ ပုတီး၊ ကျားစွယ်၊ နာဂမြေအိုး၊ နာဂကြေးလက်ကောက်၊ နာဂလှံများ၊ပုဆိန်များ၊ဓားနှင့်ပေါက်ပြားတွေဖြစ်ကြတဲ့အတွက် နှစ်ကူးပွဲတော်တွေမှာ အကအလှတွေနဲ့ဖျော်ဖြေတဲ့အခါမှာလည်း အဲဒီအသုံးဆောင်တွေကို လက်ကိုင်စွဲထားကြ တာတွေ့မြင်ဖူးကြမှာပါ။ နာဂ တိုင်းရင်းသား မျိုးနွယ်စုများ၏ နာဂရိုးရာ ပစ္စည်းတွေကို အစုံအလင်မြင်တွေ့ချင်တယ်ဆိုရင်တော့ ခန္တီးမြို့ ဇီးဖြူကုန်းရပ်ရှိ လေယာဉ်ကွင်းသွားတဲ့ ကားလမ်းမှာ ပြတိုက်အဖြစ် ဖွင့်လှစ်ပြသထားပါတယ်။အဓိသက်မွေးဝမ်းကျောင်းမှာ တောင်ယာလုပ်ငန်း၊ ဓားလုပ်ငန်းနှင့်အမဲလိုက်ခြင်းဖြစ်ပြီး ပွဲတော်အတွင်းအသုံးပြုခဲ့တဲ့သားကောင်တွေရဲ့ အစွယ်၊အရိုး၊ခေါင်းခွံတို့ကို  ၎င်းတို့၏နေအိမ်များမှာ ချိတ်ဆွဲထား လေ့ရှိကြပါတယ်။ အိမ်တိုင်းမှာ ခေါင်ရည်အိုးကိုတွေ့ရပေမယ့် ဆန်အိုးထားလေ့မရှိတာကလည်း ဓလေ့တစ်ခုလို့ဆိုပါတယ်။ ဆန်စပါးကိုတော့ လယ်တောတွေမှာသာ သိုထားတက်ကြပြီး စားခါနီးမှသာယူဆောင်ချက်ပြုတ်ကြတာကလည်း ထူးခြားတဲ့ဓလေ့တစ်ခုပါပဲ။

နာဂ နှစ်သကုံတွေကို စ်ကူး ရိုးရာပွဲတော်ဟာ လူမှုရေး ပွဲတော်ဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်ရဲ့ အတွေ့အအြချင်းချင်းဖလှယ်ကြပြီးတော့  လာမယ့်နှစ်သစ်မှာ တွေ့ကြုံနိုင်တဲ့ အခက်အခဲတွေကို ကြိုတင်ဖြေရှင်းတဲ့ စီမံကိန်းတွေ ချမှတ်ဖို့ ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပါတယ်။ ထူးခြားလှပတဲ့ ကဟန်၊ တေးသံတွေနဲ့အတူ ဆန်းပြားတဲ့ရိုးရာဓလေ့တွေနဲ့ နာဂလူမျိုးနွယ်တွေရဲ့နှစ်ကူးပွဲတော်ကို ဘဝမှာ အနည်းဆုံး တစ်ခါလောက်တော့ သွားရောက် ဆင်နွှဲနိုင်ဖို့ အကြံပြုရင်း…..။။။။။။။

 

3 comments

Leave a Reply