ငလျင်ဒဏ်​​ ​ကာ​ကွယ်​ရေး​​ ကု​တင်​​ ​တ​ရုတ်​​ နိုင်ငံ​သား​​ ​တီ​ထွင်

Yin Nyine NwayAugust 31, 20101min550

altတရုတ်နိုင်ငံသား တီထွင်သည့်​​ ငလျင်ဒဏ် ကာကွယ်ရေး ကုတင်တစ်ခု © dailychilli

အလုပ်မှ အငြိမ်းစား ယူထားသည့် တရုတ် နိုင်ငံသား တစ်ဦးသည် ၎င်း၏ စိတ်ကူး ဉာဏ်ရည်ဖြင့် ငလျင်ဒဏ် ကာကွယ်ရေး ကုတင် တစ်ခုအား တီထွင် လိုက်ကြောင်း သိရသည်။

ယင်း ကုတင်သည် အင်အား ပြင်းထန်သော ငလျင် တစ်ခု လှုပ်ခတ် လာပါက ခိုင်မာလှသည့် သေတ္တာ တစ်ခု အဖြစ် ချက်ချင်း ပြောင်းသွားပြီး ကုတင်ပေါ်တွင် အိပ်နေသူအား အကာအကွယ် ပေးနိုင်မည် ဖြစ်သည်။ အသက် ၆၆ နှစ် အရွယ်ရှိ ဝမ်ဝန်ဇီးက ကုတင်က ကာရံ ပေးထားသည့် အချိန်တွင် လေးလံ လှသည့် ပစ္စည်းများ ပြိုကျ ဖိမိ လာသည့်တိုင် အကာအကွယ် အပြည့် ရနေမည်ဟု ဆိုသည်။ ထို့အပြင် ငလျင် လှုပ်ခတ်သဖြင့် သေတ္တာ အတွင်း ပိတ်မိ နေပါကလည်း သောက်ရေ၊ အစား အသောက် စသည့် အသက်ဆက်ရေး လိုအပ်သော ရိက္ခာများ သိုလှောင် ထားနိုင်ပြီး တူတစ်ချောင်း၊ အကူအညီ တောင်းခံ နိုင်မည့် အော်လံ တစ်ခုနှင့် အခြား လိုအပ်သော ပစ္စည်း ကိရိယာများပါ ထည့်ပေး ထားကြောင်း ဝမ်က ရှင်းပြခဲ့သည်။

၂၀၀၈ ခုနှစ် ဆီချွမ် ငလျင်ကြီးကြောင့် လူပေါင်း ၇၀၀၀ဝ ကျော် အသက် ဆုံးရှုံးခဲ့ပြီးနောက် ယခု ကုတင်အား တီထွင်ရန် စိတ်ကူးရလာကြောင်း ဝမ်ကဆိုသည်။ ထိုစဉ်က တရုတ်တွင် ပြင်းအားအဆင့် ၈.ဝ ရှိသော ငလျင်ကြီး လှုပ်ခတ်သွားခြင်းဖြစ်သည်။ ယခုနှစ် ဧပြီ လကလည်း ယူရှူတွင် ပြင်းအား ၆.၉ ရှိသော ငလျင်တစ်ခု လှုပ်ခဲ့ရာ လူပေါင်း ၂၇၀ဝ ကျော် သေကြေပျက်စီးခဲ့သည်။

ဝမ်သည် ဝါသနာအလျောက် တီထွင်မှုများ ပြုလုပ်ရာ အော်တိုမက်တစ် ဝရိန်ဆော်မျက်နှာဖုံး၊ ယာဉ်များအတွက် အရေးပေါ် ဘရိတ်နှင့်ကလက်စနစ် အပါအဝင် ပစ္စည်းခြောက်မျိုးကို တီထွင်ထားပြီးဖြစ်သည်။