ဝမ်း ဗိုက် ပြားချက်နေဖို့ မနက်ခင်း တိုင်းစားပေးသင့်တဲ့ အရာ

Mon LayJanuary 9, 20171min1125

health girl

ဟိုးအရင်တုန်းက စူပါမော်ဒယ်တွေဟာ ဗိုက် သားပြားချပ်စေတဲ့ လက်ဖက်ရည်တွေ သောက်ကြတယ်ဆိုပြီး အသံတွေ ကြားခဲ့ရပေမယ့် ခုတစ်ခါ ပြောပြမယ့် အရာကတော့ ဗိုက်သားကို ပြားချပ်စေပြီး ကျန်းမာရေးနဲ့လည်း ညီညွတ်တဲ့အရာပါ။

အမျိုးသမီးအများစုဟာ ဖေ့စ်ဘွတ်ခ်နဲ့ instagram လို လူမှုကွန်ယက်တွေမှာ အခြားအမျိုးသမီးတွေရဲ့ ပြားချပ်နေတဲ့ ဗိုက်သားတွေကို လှစ်ပြီးရိုက်ထားတဲ့ ဓာတ်ပုံတွေ မြင်ရရင် ငါလည်းအဲ့လိုဗိုက်မျိုးလေး ရချင်တယ်ဆိုပြီး အခါခါ တောင့်တမိကြပါတယ်။health girl

ဗိုက်သားပြားချပ်နေစေဖို့အတွက် သင့်အနေနဲ့ မနက်တိုင်း fatty အက်ဆစ်နှစ်ဆပါဝင်တဲ့ အစားအစာမျိုးတွေ စားပေးရမှာဖြစ်ပါတယ်။ သုတေသီတွေရဲ့ အဆိုအရ သင့်ဗိုက်ပြားချပ်စေဖို့အတွက်တင်မကပဲ ကျန်းမာရေးရှုထောင့်ကကြည့်ရင်လည်း သင့်အတွက်ကောင်းမွန်လှတဲ့ အစားအစာတွေရှိပါတယ်။ သူက နှလုံးအတွက်ပါ အထူးကောင်းမွန်တာမို့ မနက်တိုင်း မဖြစ်မနေ စားပေးသင့်ပါတယ်တဲ့။ အဲ့ဒါဘာတွေလဲဆိုတော့ ထောပတ်သီး၊ အခွံမာသီး၊ သံလွင်ဆီ နဲ့ dark chocolate တွေပဲ ဖြစ်ပါတယ်တဲ့။

ကဲသင့်ဗိုက်လေး ပြားချပ်နေဖို့ ဘာတွေများစဉ်းစားနေဦးမှာလဲ။
Credit

5 comments

  • ဂျစ်စူ

    January 10, 2017 at 9:11 pm

    ချဉ်ပေါင်ကြော် တစ်ပိဿာ တစ်နေ့သုံးကြိမ် ကြော်စားကြည့်ပါလား
    ထိရောက်တယ်ပြောတယ် စမ်းတော့ မစမ်းကြည့်ဖူးသေးဘူး
    စမ်းကျိပါရား

  • သျှားသက်မာန်

    January 11, 2017 at 2:27 pm

    အမလေးလေး…..ခံတွင်းတောင်ချဉ်လာသလိုလိုပဲ

  • kai

    January 11, 2017 at 5:21 pm

    ပုံထဲကလိုဗိုက်ချပ်ချင်ရင်တော့.. အစာနဲ့မရ..။
    Exercise လုပ်မှဖြစ်မယ်ဖြစ်ကြောင်း.. :k:

  • Thint Aye Yeik

    January 12, 2017 at 9:09 am

    စဉ်းစားရမယ်
    ပိုက်ဆံ ပိုက်ဆံ
    .ထောပတ်သီးတို့ဘာတို့က ဈေးပေါတယ်များ ထင်သလားးး
    :k:

  • သျှားသက်မာန်

    January 12, 2017 at 1:10 pm

    အားလုံးအတွက် …ဟုတ်ပါ့ဟုတ်ပါ့

Leave a Reply