အောင်မြင်ဖို့အတွက်ဉာဏ်ရှိဖို့ထက် ဇွဲရှိဖို ့ကအဓိက

etoneAugust 31, 20101min16213

ဘဝမှာတိုးတက်အောင်မြင်တဲ့သူတစ်ေ

ယာက်ဖြစ်ဖို့အတွက် ဘာလိုအရာတွေကအဓိကလိုအပ်သလဲ ?

ကံ ၊ ဉာဏ် ၊ ဇွဲလုံ့လရှိမှု ဘယ်အရာက အဓိကကျမယ်လို့ထင်မိပါသလဲ ။ တစ်ကယ်တော့ ဘဝမှာတိုးတက်အောင်မြင်တဲ့သူတစ်ယောက် ဖြစ်ဖို့အတွက် ကံ လည်းလိုပါတယ်၊ ဉာဏ်ရှိဖို့လည်းလိုအပ်ပါတယ်။ ဒါပေမယ့် အားလုံးထဲမှာ အဓိကအကျဆုံးကတော့ ဇွဲ ဆိုတဲ့ မဆုတ်မနစ်နဲ ့လုပ်ဆောင် တတ်တဲ့စိတ်ဓာတ်ရှိဖို့က အဓိကကျပါတယ်။ ဘာလို ့လည်းဆိုတော့ ဉာဏ်မရှိပဲနဲ ့လည်း အောင်မြင်အောင်ဆောင်ရွက်နိုင်ပါတယ်။ ပုံပြင်ဥပမာလေး တစ်ခုနဲ ့ပြောရမယ်ဆိုရင်…

ဟိုရှေးရှေးတုန်းက တက္ကသိုလ်ပြည်က ဒိသာပါမောက္ခကြီးတစ်ယောက်ဆီမှာ သူငယ်ချင်းနှစ်ယောက် တပည့်အဖြစ် ပညာသင်နေကြတယ်။ သူငယ်ချင်းနှစ်ယောက်ဆိုပေမယ့် တစ်ယောက်က ဉာဏ်ပညာထက်မြတ်တယ် ၊ ဒီတော့ဆရာကြီးက ပညာရပ်တွေအားလုံးသင်ပေးတာ ပညာရပ် ၁၈ မျိုးတောင်တက်တယ်ဆိုပဲ။ နောက်တစ်ယောက်ကတော့ ဉာဏ်မကောင်းတဲ့အတွက် ကြိုးစားပမ်းစား သင်ယူတာ ပညာရပ်တစ်ခုတည်း ပဲတက်မြောက်ရှာတယ်။ အဲလိုနဲ ့သုံးနှစ်ကြာလို ့ သူငယ်ချင်းနှစ်ယောက် နေရပ်ပြန်ပြီး လုပ်ကိုင်စားသောက်ရာမှာ ဉာဏ်မကောင်းပဲ ပညာရပ်တစ်ခု တည်းကိုသာ တက်မြောက်တဲ့တပည့်က ကြီးပွားအောင်မြင်ပြီး၊ ပညာရပ် ၁၈ မျိုးတတ်တဲ့တပည့်ကတော့ ဒုံရင်းကနေ မတက်နိုင်ရှာပဲဖြစ်နေတယ်။ ဒီတော့ ဉာဏ်ကောင်းတဲ့တပည့်က သူ့ကိုဆရာကြီးက ပညာစုံသင်မပေးလိုက်ဘူးဆိုတဲ့အတွေးဝင်ပြီး ဆရာကြီးဆီပြန်သွားပြီး ပညာစုံသင်ပေးပါလို ့ပြောတယ်။ ဒီတော့ ဆရာကြီးက ပြုံးပြီး သူ့တပည့်ကို ဝါးရုံပင်ပေါ်တက်ခိုင်းတယ်။ တပည့်ကဝါးရုံပင်ပေါ်တက်လို ့ထိပ်ဖျားမရောက်တရောက်မှာ အောက်ကနေပြီး ဝါးရုံကိုလှုပ်တော့တာပဲ။ ဝါးရုံပေါ်ကတပည့်လည်း ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ပြီး ဟို ဝါးပင်ကိုင်ရမလို ဒီဝါးပင်ကိုင်ရမလိုနဲ ့ပြုတ် ကျလုကျခင် ဖြစ်နေရာကနေ ဝါးပင်တစ်ပင်ကိုအတင်းဖက်တွယ်လိုက်တော့မှ အောက်ကိုပြုတ်ကျမယ့် ဒုက္ခကနေ လွတ်မြောက်တော့တယ်။ ဒီတော့ မှ ဆရာကြီးလည်း သူ ့တပည့်ကိုအောက်ပြန်ဆင်းခိုင်းပြီး ပြောပြတယ်။ တပည့် မင်းက ပညာတွေမျိုးစုံတက်တော့ ဟိုစပ်စပ်ဒီစပ်စပ်လုပ်ပြီး အခက် အခဲနဲ့တွေ့တဲ့အခါ နောက်တစ်မျိုးပြောင်းလုပ်နဲ ့ဟိုယောင်ယောင်ဒီယောင်ယောင်ဖြစ်နေလို ့မကြီးပွားတာ၊ မင်းသူငယ်ချင်းကတော့ ပညာရပ်တစ်မျိုး တည်းသာတက်တဲ့အတွက် အခက်အခဲနဲ ့တွေ ့လည်း ဒီအလုပ်ကိုပဲဇွဲနဲ ့အခက်အခဲကိုအောင်မြင်အောင် ကျော်လွားသွားနိုင်လို ့အောင်မြင်တာ ဖြစ်တယ်လို့ ဆုံးမစကားပြောတယ်။ ဉာဏ်ကောင်းတဲ့တပည့်လည်း ဆရာကြီးရဲ ့ဆုံးမစကားကိုနာယူပြီး ဇွဲနဲ ့ကြိုးစားရာမှာ အောင်မြင်တဲ့သူ တစ်ယောက် ဖြစ်တော့တယ်တဲ့။

ဒါကြောင့်မို့လို့ လောကမှာ အောင်မြင်ကြီးပွားဖို့အတွက် ဉာဏ်ကောင်းဖို့ထက် ဇွဲရှိရှိနဲ ့ကြိုးစားဖို့ကပိုအဓိကကျပါတယ်။

13 comments

  • kopauk mandalay

    August 31, 2010 at 12:08 pm

    ကျနော်ကတော့ အအောင်မြင်ဆုံးသူသည် ကံ ဉာဏ် ဝီရိယ ဇွဲ အားလုံးကိုတစ်စုတစ်စည်းတည်းဖြစ်အောင်အချုးိညီညီ အသုံးချနို်င်သူဖြစ်တယ်လို့ယူဆပါတယ်။
    တစ်ခုခုလိုနေမယ်ဆိုရင် အောင်မြင်မူ့ကလည်း ပြည့်စုံသောအောင်မြင်မူ့ကိုမပိုင်ဆိုင်နိုင်ဘူးလို့ထင်ပါတယ်။

  • alfred

    August 31, 2010 at 4:02 pm

    ကျွန်တော်လည်း သုံးမျိုးစလုံးပေါင်းမှာကောင်းမှ အောင်မြင်တဲ့လူဖြစ်မယ်ထင်ပါတယ်။ ဥပမာ အခက်အခဲဖြစ်တဲ့အခါ ရုန်းထွက်နိုင်တဲ့ ဉာဏ်တာရှိမယ်ဆိုရင် အောင်မြင်နိုင်ပါတယ်။ အပေါ်မှာပြောထားတဲ့ ဟိုစပ်စပ် ဒီစပ်စပ် လုပ်တာက ဉာဏ်ကောင်းတာမဟုတ်ဘူး။ သူက မှ ဉာဏ်မကောင်းတာပါ။ ကိုယ်သွားမယ့် လမ်းကို ရွေးချယ်ရတာ မိမိ ကိုယ်ပိုင်ဉာဏ်ဖြင့်သာ ရွေးချယ်သွားရမှာပါ။ ဒါကြောင့် ဉာဏ်မကောင်းတဲ့လူဆို ဘယ်လောက်ကြိုးစားကြိုးစား အောင်မြင်မှုကို မပိုင်ဆိုင်နိုင်ဘူးလို့ထင်ပါတယ်။ ဒါကြောင့် အပေါ်က အစ်ကိုပြောသလို သုံးမျိုး အချိုးညီညီအသုံးချုနိုင်သူသာ အောင်မြင်နိုင်ပါသည်။ တစ်မျိုးတည်း ရသူအနေနှင့် အောင်မြင်နိုင်မည်လို့မထင်ပါ။

  • Gong Zhu

    September 16, 2010 at 4:08 pm

    ကံလည်းကောင်း ဉာဏ်လည်းကောင်း ဝီရိယလည်းရှိတဲ့ သူဆိုတာ တော်တော်ရှားတယ်နော် . ..

  • manawphyulay

    March 24, 2011 at 1:11 pm

    ကံ ဉာဏ် ဝီရိယတွဲမှသာ အောင်မြင်မှုပန်းတိုင်ကို ရောက်မယ်လို့ မနောတော့ မြင်မိတာပါပဲ။

    • kai

      March 24, 2011 at 4:40 pm

      ငွေတာရီကတော့ အောက်ကလို ကဗျာစပ်ထားတယ်…။
      ဆိုတော့.. သတ္တိ၊ဇွဲ၊လုံ ့လ ….တဲ့.။

      သူရဲကောင်းသုံးယောက်နှင့်ခရီးသည်
      စုံရိပ်မြိုင်စွယ် ကန္တာလယ်
      အိုဘယ်ယောက်ျားခရီးသွား
      ဖော်လည်းမစွယ်တစ်ကိုယ်ငယ်
      အိုဘယ်သူသားကြောက်ဘူးလား…
      ထိုသို့မေးသော်…..
      ရွှင်အေးကြည်သာပြုံးမျက်နှာဖြင့်
      အိုဘာကိုထောက် ကြောက်ရမလဲ
      သဟဲဖော်ညှိ သတ္တိရှိပြီ
      ချစ်သည်သဟာ ဇွဲလည်းပါ၍
      မကွာထပ်လောင်း ငယ်ကပေါင်းသည့်
      ဆွေကောင်းလုံ့လ ဘေးကတူယှဉ်
      ပါခဲ့လျှင်သော်……
      ငါ့တွင်သေချာ အောင်ဖို့ရာတည့်…။
      ယောက်ျားငါကို မွက်ဟဆို
      ဖော်မလိုပဲ တစ်ကိုယ်တည်း
      တော်ပေ့လူမော်ပွဲတိုင်းကျော်
      သုံးဖော်ဆွေလည်း တူယှဉ်တွဲသည်
      အောင်မြဲမုချ အောင်မည်ပ…………။
      ငွေတာရီ

  • လင်းဝေကျော်

    March 25, 2011 at 3:45 am

    အဓိပတိ ပစ္စယော အရတော့ ဆန္ဒာဓိပတိဖြစ်စေ ဉာဏာဓိပတိဖြစ်စေ အားကောင်းလာရင် အခြားအရာတွေကိုပါ အားကောင်းလာအောင် လုပ်ပေးနိုင်ပါတယ်တဲ့။

  • dream

    March 25, 2011 at 4:00 am

    မမရဲ့ ပုံပြင်က ဘယ်အသက်မွေးဝမ်းကျောင်းကို ရွေးရမလဲလို့ ယောင်ဝါးဝါးဖြစ်နေတဲ့ အိပ်မက်ကို သတိပေးလိုက်သလိုပါပဲ။
    အိပ်မက် ဆေးဝါးနဲ့ကျောင်းပြီးပါတယ်။
    ဆေးပညာကို စိတ်မဝင်စားလို့ programming ကိုလေ့လာခဲ့ပါတယ်။
    တရပ်တကျေးကို အလုပ်သွားလုပ်မယ်ဆိုရင် autocad က ခေတ်စားတယ်ဆိုလို့ အလုပ်ရလွယ်အောင် autocad လဲ သင်ခဲ့တယ်။
    နောက်တော့လည်း programmer က လစာပိုကောင်းမယ်ထင်လို့ ဆက်ပြီးကျောင်းတက်ပါတယ်။
    အခု လမ်းဆုံအလယ်မှာ ဘာဆက်လုပ်ရင်ကောင်းမလဲလို့ ဟိုမရောက်ဒီမရောက်ဖြစ်နေပါတယ်။ 🙁

    • bigcat

      March 25, 2011 at 4:26 am

      အိမ်မက်က ဆေးပညာလည်းတတ်ပြီးပြီ၊ ကွန်ပြူတာလည်းသင်ခဲ့တယ်ဆိုတော့ အင်ဂျင်နီယာပညာပါ ထပ်သင်လိုက်ပါလား။ ပြီးလို့မကျေနပ်သေးရင် ရုရှားသွားပြီး နူကလီယားဗေဒပါ ထပ်တက်လိုက်။ အဲသည်လောက်ပညာစုံရင် ခြောက်ကြိုးကဝေတောင် ကြောက်စရာမလိုဘူး။ လာထား ပျင်းသေးတယ်…

  • myanpyithar

    March 25, 2011 at 9:13 am

    Please read this Pe Myint’s article and think about it.
    စားသောက်ဆိုင်၏ တိတ်ဆိတ်ငြိမ်သက်သော အခန်းလေးတစ်
    ခုတွင်း ကျွန်တော်ထိုင်နေသည်။ စားသောက်ဆိုင်က မြို့ပြင်ကျကျ
    တစ်နာရီခရီး အကွာလောက် တောင်တန်းများပင် မြင်နေရသည့်
    ငြိမ်းချမ်းသော နေရာကလေး။
    သို့သော် ကျွန်တော်နှင့် သုံးလေးပေ အကွာလောက်တွင် သေ
    ရေး ရှင်ရေးတမျှ အမောတကော ကြိုးပမ်း ရုန်းကန်သံ တစ်ခုက
    နားထဲဝင်ရောက်လာသည်။
    ယင်ကောင်လေးတစ်ကောင် ပြတင်းပေါက်မှန်ချပ် ကို ဖောက်
    ထွက်ဖို့ အသည်းအသန်ကြိုးစားနေသည်၊ သူ့ခန ္တာကိုယ်၌ ကြွင်းကျန်
    သမျှ စွမ်းအားကို ဖြစ်နိုင်စရာ မရှိသည့် သည်အရေးကိစ္စကြီးအတွက်
    သူဖြုန်းတီးနေသည်။
    ညံသထက်ညံလာသော တောင်ပံခတ်သံက ကြေကွဲဖွယ်ကောင်း
    လှသည့် ယင်ကောင်၏လုပ်ငန်းစဉ်ကို ဖော်ပြနေသည်၊ ကြိုးစား ၊
    မအောင်မြင်လျှင် သည့်ထက်သည့်ထက်ပိုကြိုးစား ဟူသော လုံ့လဝါဒ
    လမ်းစဉ် ။
    သို့သော် လောလောဆယ် သည်လမ်းစဉ်က အလုပ်မဖြစ်ပေ။
    အသည်းအသန်ဂမူးရှူးထိုး ကြိုးစားနေသော်လည်း သူအတွက်
    လွတ်လမ်းပေါ်မလာသေး။ ရှင်သန်မည့်အလားအလာလည်း စိုးစဉ်း
    မျှမမြင်ရ၊ စင်စစ် မစဉ်းမစား အားထုတ်နေမူကြောင့်ပင် သည်ထောင်
    ချောက် အတွင်းမှ သူထွက်မရခြင်းပင်ဖြစ်သည်၊ သူမည်မျှပင်အား
    ထုတ်ရုန်းကန်သော်လည်း ပြတင်းပေါက်မှန်ချပ်ကိုကား ဖောက်ထွက်
    လာနိုင်စရာ အကြောင်းမရှိ။
    မည်သို့ပင်ဖြစ်စေ၊ယင်ကောင်လေးကတော့ သူ့ရည်မှန်းချက်ပန်း
    တိုင်သို့ ရောက်ရှိနေရေးအတွက် အသက်ပင်သေသေဟူသောစိတ်ဓာတ်
    မျိုးဖြင့် ကျားကုတ်ကျားခဲ အားထုတ်ရုန်းကန်သွားရန် သန္နိဌာန်ခိုင်မာ
    လျက်ရှိနေသည်။
    ဝမ်းနည်းစရာပင်၊ ယင်ကောင်၏ဘဝနိဂုံးကို သိမြင်နေရသည်၊
    သူသည် ပြတင်းပေါက်ဘောင် အပေါ်၌ပင် သေပွဲဝင်ရမှာ သေချာနေပြီ။
    အမှန်တကယ်တွင် အခန်း၏ တဖက်ခြမ်းသည် မှန်ပြတင်းမှ ခြေ
    ဆယ်လှမ်းခန့်အကွာ၌ တံခါးတစ်ခုသည် ဟင်းလင်းပွင့်လျက်ရှိ၏
    သုံးလေးစက္ကန့် ပျံသန်းရုံမျှပင် ယင်ကောင်ငယ်သည် သူမျှော်လင့်
    တောင့်တသည့် ပြင်ပကမာ္ဘသို့ လှစ်ကနဲရောက်ရှိသွားနိုင်သည်၊
    သည်မှာ အသည်းအသန်အားထုတ်ရုန်းကန်နေသည်ကို ခဏလေးနား
    ကာ ဘေးဘီသို့အသာကြည့်ရုံမျှဖြင့် မိမိဘာသာထည့်သွင်းထားသည့်
    လှောင်ချိုင့်အတွင်းမှ သူလွတ်မြောက်သွားနိုင်သည်။
    မှန်နံရံကို ဖောက်ထွက်နိုင်သောအခွင့်အလမ်း(သို့) သည်အခန်း
    တွင်းမှ လွတ်မြောက်နိုင်သော အခွင့်အလမ်းသည် ထိုအနီးအနားလေး
    မှာပင်ရှိသည်၊ သိသူအတွက်ကား လွယ်ကူလှဘိ။
    ဇွဲကြီးလှသော ထိုယင်ကောင်သည် အဘယ်ကြောင့်နောက်တစ်
    မျိုးပြောင်း၍ ကြိုးစားရကောင်းမှန်းမသိခဲ့ပါသနည်း၊ သူရွေးချယ်ခဲ့သော
    တစ်ခုတည်းသော နည်းလမ်းကို အဘယ်ကြောင့်သည်မျှ သဲသဲမဲမဲ စွဲနေ
    ရသနည်း၊ သည်နည်းလမ်းအတိုင်း ကျားကုတ်ကျားခဲလုပ်ခြင်းသည်
    သာ အောင်မြင်မူရရန် အသေချာဆုံးဖြစ်သည်ဟု အဘယ်ကြောင့် သည်
    မျှ စွဲလမ်းယုံကြည်နေရပါသနည်း၊ သေချင်သေပေစေ၊ သည်နည်းလမ်း
    အတိုင်းပဲ စွဲစွဲမြဲမြဲ အားထုတ်သွားမည်ဟူသောစိတ်သည် ဘယ်သို့သော
    ကျိုးကြောင်းဆင်ခြင်မူမျိုးမှ ပေါ်ပေါက်ခဲ့သနည်း။
    ယင်ကောင်အနေနှင့်တော့သူ၏ လုပ်ငန်းလမ်းစဉ်သည်ပင် ကျိုး
    ကြောင်းအသင့်မြတ်ဆုံး လမ်းစဉ် ဖြစ်ချင်ဖြစ်နေပါမည်၊ သို့သော်
    ဝမ်းနည်းဖွယ် ကောင်းနေသည်က သူ့အယူအဆ သူ့လုပ်နည်းလုပ်ဟန်
    သည် အသက်ဆုံးရူံးခြင်းဖြင့် နိဂုံးချုပ်ရမည့် အယူအဆမျိုး လုပ်နည်း
    လုပ်ဟန်မျိုး ဖြစ်နေခြင်းပင်။
    ကြိုးစား၊ မအောင်မြင်လျှင် သည့်ထက်သည့်ထက်ပိုကြိုးစား၊ ဟူသော
    နည်းသည် အမြဲသင့်တော်မှန်ကန်သည့်အဖြေနည်းလမ်း မဟုတ်ပါ။
    သည်ဝါဒ တစ်ခုတည်းကို အးကိုးပြုထားရုံဖြင့် သင်၏ဘဝရည်မှန်းချက်
    ထမြောက် အောင်မြင်လိမ့်မည်ဟု စိတ်ချယုံကြည်၍မရ၊ စင်စစ်
    သည်လမ်းစဉ်ကို တရားသေ ကိုင်စွဲခြင်းကြောင့်ပင် ပြသနာတွေရင်ဆိုင်
    လာရနိုင်ပါသည်။
    နည်းလမ်းကို ပြန်လှန်သုံးသပ်မူမပြု၊ ပြုပြင်ပြောင်းလဲရန်လည်း
    မကြိုးစား၊ ဝိရိယို အမြင့်ဆုံးတင်နို်လျှင် ရှိသမျှအတားအဆီးကို ဖောက်
    ထွက်ကျော်လွှားနိုင်ရမည်၊ ဟူသောအစွဲဖြင့်ချည်း လုပ်ကိုင်သွားမည်
    ဆိုက မအောင်မြင်ရုံမက အောင်မြင်မည့်အခွင့်အလမ်းများစွာကိုပင်
    မိမိဘာသာဖျက်ဆီးပစ်နိုင်ပေသည်။
    ကြိုးစားပါလျက် ဖောက်ထွက်၍မရသည့်အခါတိုင်းယင်ကောင်
    ကိုတော့သတိရစမ်းပါ

  • MaMa

    March 25, 2011 at 1:31 pm

    ပါမောက္ခချုပ်ဆရာတော် ဟောတဲ့တရားတစ်ပုဒ်မှာ လူမှန်ရင် လူကောင်းဆိုတဲ့ အကျင့်စာရိတ္တကောင်းဖို့နဲ့ လူတော်ဆိုတဲ့ အရည်အချင်း ကိုယ်ရည်ကိုယ်သွေး နှစ်ခုလုံးရှိဖို့လိုပါတယ်။ ဒါပေမယ့် နှစ်ခုလုံးမရှိနိုင်လို့ မဖြစ်မနေ တစ်ခုပဲရွေးရမယ် ဆိုရင် အကျင့်စာရိတ္တကောင်းဖို့ကို ရွေးရပါမယ်တဲ့။ အီတုံးပြောတာကလည်း အဲဒီလိုပဲ ထင်ပါတယ်။

  • shweminthar

    March 25, 2011 at 2:32 pm

    ကံ၊ ဉာဏ်၊ ဝီရိယ ဒီသုံးခု မှာ မြှောက် ဖေါ်ကိန်းတွေ လို သဘောထားကြည့်ရအောင်
    ကံ၊ ဉာဏ်၊ ဝီရိယ ထဲမှာ တစ်ခုခုက ဝ သုံည ဖြစ်နေမယ် ဆိုရင် အဖြေက တော့ သုံညဘဲဖြစ်မှာပါ။
    ကံ ရော ဉာဏ် ရော အရမ်း ကောင်းနေတယ် ဆိုပါစို့။ဒါပေမယ့် ဝီရိယ မှာ သုံည ဖြစ်နေမယ် ဆိုရင်
    ထွတ်လာမယ့် ရလဒ် က လဲ သုံည ဘဲ ဖြစ်မှာပါ။

  • kopauk mandalay

    March 25, 2011 at 5:05 pm

    သိပ်ကိုမှန်ပါတယ် ရွှေမင်းသားရေ
    မင်းပြောပြတာ ပိုရှင်းသွားပါတယ်နော်

  • zaw min

    March 25, 2011 at 6:08 pm

    အီးတုံး ဆိုလိုတာက မဟာဇနကမင်းသားလို မဆုတ်မနှစ်သော ဇွဲရှိဖို့လိုတယ်ဆိုတာကို တင်ပြချင်တာထင်ပါတယ်။သောမစ်အစ်ရစ်စင်သာ ဇွဲမရှိခဲ့ရင် ဘက်ထရီ ဆိုတဲ့လျှပ်စစ်ကို ရှာဖွေတွေ့ရှိနိုင်မှာမဟုတ်ပါဘူး။

Leave a Reply