လေကြောင်းခရီးသွားသည့်အခါ တစ်ကိုယ်ရေးသုံး Liquid-Gel-Spray ပစ္စည်းတွေကို ဘယ်လိုသယ်ဆောင်သွားမလဲ ? ? ?

Mon LayJanuary 10, 20171min3071

ပြည်တွင်း/ပြည်ပ လေယာဉ်စီးခရီးသည်များအနေဖြင့် ခရီးသွားသည့်အခါ လေယာဉ်ပေါ်သို့ မိမိနှင့်တစ်ပါတည်း သယ်ဆောင်သွားလိုသည့် Liquid- Gel-Spray ကဲ့သို့သော အသုံးအဆောင်ပစ္စည်းများ နှင့်ပတ်သက်ပြီး သီးခြားညွှန်ကြားချက်တစ်ရပ်ကို နိုင်ငံတစ်ကာ လေကြောင်းဆိုင်ရာအဖွဲ့တစ်ခုဖြစ်သည့် ICAO မှ တရားဝင် ထုတ်ပြန်ထားရှိပြီးဖြစ်ပါတယ်။
တို့ကြောင့် အဆိုပါ ပစ္စည်းများအား လေကြောင်းဖြင့်ခရီးသွားသည့်အခါ မည်ကဲ့သို့ သည်ဆောင်သွားရမည် ဆိုသည်ကို ခရီးသည်များအား ဗဟုသုတနှင့် ကြိုတင်ပြင်ဆင် ဆောင်ရွက်နိုင်ရေးအတွက် တင်ပြလိုပါတယ်။

# ခရီးသည်များ၏ တစ်ကိုယ်ရည်သုံး ပစ္စည်းများဖြစ်ကြသည့် အလှပြင်ပစ္စည်း ဆေးဝါး အသုံးအဆောင် စသည့် Liquid-Gel-Spray ကဲ့သို့သော ပစ္စည်းများကို သယ်ဆောင်သည့်အခါ 100 ml ပမာဏထက်မပိုသော ပုလင်း/ဗူး တို့ကိုသာ သယ်ဆောင်ခွင့်ရှိပါသည်။

# (100 ml) ထက်ပိုသော ပစ္စည်းများအား ကောင်တာသို့ အပ်နှံသည့် ပစ္စည်းအဖြစ်သာ သယ်ဆောင်နိုင်ပါသည် ။
# ၎င်းပစ္စည်းများ၏စုစုပေါင်း ပမာဏသည့် 1000 ml (1 Liter) အထိသာသယ်ဆောင်နိုင်ပါသည်။

# ၎င်းပစ္စည်းများကို သယ်ဆောင်ရမည့် နည်းလမ်းမှာ အလုံပိတ်ထားသည့် (20×20 cm)အရွယ်အစား ထက်မပိုသော ပလပ်စတစ်အကြည်အိတ် အတွင်း စုပေါင်းထည့်သွင်း၍ သယ်ဆောင် သွားရမည်။

# လေဆိပ်စစ်ဆေးရေးဂိတ်သို့ ဝင်ရောက်သည့် အခါတွင် ၎င်းပစ္စည်းအိတ်အား သီးခြားပြသ၍ အစစ်ဆေးခံရမည် ဖြစ်သည်။

# ခရီးသည် တစ်ဦးလျှင် အလားတူအိတ် တစ်အိတ်သာ သယ်ဆောင်ခွင့်ပြုသည်။

# ပစ္စည်းများထည့်ရန် အိတ်အခက်အခဲရှိပါက သက်ဆိုင်ရာ လေကြောင်းလိုင်း ကောင်တာများတွင် ရယူနိုင်ပါသည်။

#credit