ခရီးသွားတဲ့အခါ ကိုယ့်ပစ္စည်းတွေကို လျင်မြန်လွယ်ကူစွာ ထုတ်ပိုးနိုင်ဖို့ သိထားရမယ့် အချက် (၁၅) ချက်

Mon LayJanuary 12, 20172min2133
ကိုယ်က အလုပ်ကိစ္စကြောင့်  ဒါမှမဟုတ် ဝါသနာပါလို့ကို ခရီးခဏခဏ ထွက်ရတဲ့သူ၊ ထွက်တတ်တဲ့သူမျိုးလား။ ဒီလိုလူမျိုးမဟုတ်ပဲ ခရီးစဉ်တစ်ခုကို အချိန်နီးမှ သိလိုက်ရလို့ ဘာတွေယူဆောင်သွားရမှန်း မသိတော့ပဲ ဗျာများနေရတဲ့ သူမျိုးလား။ ဘယ်လိုပဲဖြစ်ဖြစ် ခရီးသွားတော့မယ်ဆိုတာနဲ့ လိုအပ်တဲ့ပစ္စည်တွေကို အချိန်တိုအတွင်း မမေ့မလျော့ ထုပ်ပိုးနိုင်မယ့် ထိရောက်တဲ့ နည်းလမ်းလေးတွေ သိရမယ်ဆိုရင် အရင်ကထက်တော့ ထုပ်ပိုးတဲ့အခါ ပိုမိုမြန်ဆန်သွားမှာပဲလေ။
၁။ပထမဆုံးအနေနဲ့ သယ်သွားရယ့် ပစ္စည်းစာရင်းလုပ်ပါ။
လူတော်တော်များများက ဒီအချက်ကို အရေးမကြီးဘူးလို့ ထင်တတ်ပါတယ်။ မေ့ရင်လည်း မေ့နေတတ်ကြပါလိမ့်မယ်။ အမှန်တော့ ခရီးတစ်ခုသွားတော့မယ်ဆိုရင် ပစ္စည်းထုပ်ပိုးမှုအတွက် အချိန်ကုန်လည်း သက်သာစေပြီး ဘာပစ္စည်းမှ မေ့မကျန်ခဲ့အောင် ဒီအချက်လေးက ကူညီနိုင်ပါတယ်။
၂။ဓာတ်ပုံလေးတွေရဲ့ အကူအညီကို ယူပါ။
ခုနောက်ပိုင်း ဘယ်သူမဆို selfie ဓာတ်ပုံလေးတွေ ရိုက်တတ်ကြပါတယ်။ ဘယ်အကျႍယူရမလဲဆိုတာကို ဗီရိုရှေ့ထိုင်စဉ်းစားနေတာထက် ဓာတ်ပုံတွေ ပြန်ကြည့်ပြီး ဘယ်ဟာယူရင် အဆင်ပြေမလဲတွေးပြီး ပစ္စည်းထည့်တာက ပိုမြန်ပါတယ်။
၃။ကိုယ့်လက်ကိုင်အိတ်ထဲမှာ ဖိနပ်တစ်ရံ ထည့်ထားပါ။
သွားမယ့် ခရီးအတွက် ဖိနပ်သုံးရံလောက် ယူသွားမယ်လို့ ဆုံးဖြတ်ထားရင် လက်ဆွဲအိတ်ထဲမှာ အခြားအဝတ်အစားတွေနဲ့ ပစ္စည်းတွေအတွက် နေရာပိုှဆံ့အောင် ဖိနပ်သုံးရံထဲက တစ်ရံကို ကိုယ်နဲ့အတူပါမယ့် လက်ကိုင်အိတ်အကြီးထဲ ထည့်သယ်သွားပါ။
၄။ဂျင်းဘောင်းဘီတစ်ထည်ကိုလည်း လက်ကိုင်အိတ်ထဲမှာပဲ သယ်သွားပါ။
လက်ကိုင်အိတ်ကတော့ ခပ်ကြီးကြီးဖြစ်ဖို့ လိုတာပေါ့နော်။ အရေးပေါ် လိုလာတဲ့အခါ ဝတ်ဖို့အတွက် ကိုယ်နဲ့အတူရှိမယ့် လက်ကိုင်အိတ်ထဲမှာပဲ ဂျင်းဘောင်းဘီတစ်ထည်လောက်ကိုလည်း ထည့်ထားပါ။ ဒါဆို ဟိုဘက်က ခရီးဆောင် အိတ်မှာလည်း အလေး သက်သာသွားပါလိမ့်မယ်။
၅။လက်ကိုင်အိတ်ထဲမှာ မျက်နှာအတွက် မရှိမဖြစ်လိုအပ်မယ့် Two Way လိုမျိုးအရာတွေ ပါနေပါစေ။
တစ်ခါတစ်လေ လေယာဉ်နဲ့သွားတဲ့အခါ ကိုယ့်ရဲ့ခရီးဆောင်အိတ်ထုတ်ဖို့အတွက် စောင့်နေရတဲ့အခါ မျက်နှာမှာ အဆီပြန်နေတာမျိုးတွေ၊ နှုတ်ခမ်းနီ ပျက်နေတာမျိုးတွေ မဖြစ်အောင် အလှကုန်နည်းနည်းကိုလည်း လက်ကိုင်အိတ်ထဲ ထည့်သယ်လာခဲ့ပါ။
၆။နောက်ထပ် အကျီခပ်ပါးပါးတစ်ထည်ကိုလည်း လက်ကိုင်အိတ်ထဲ သယ်ဖို့လိုတာပါပဲ။
လိုရမယ်ရ အချိန်မျိုးတွေအတွက် ကိုယ့်လက်ကိုင်အိတ်ထဲမှာ ဝတ်စုံတစ်စုံပါနေတော့ ကောင်းတာပေါ့။
၇။ကိုယ်သွားမယ့်နိုင်ငံ၊ အရပ်ဒေသရဲ့ အခြေအနေကိုကြည့်ပြီး အဝတ်အစားကို ထည့်ပါ။
ကိုယ်သွားမယ့်နေရာက သိပ်ပူလွန်းတယ်ဆိုရင်တော့ boot ဖိနပ်တွေထက်စာရင် flat လေးတွေ၊ ဒါမှမဟုတ် slipper လေးတွေကိုသာ ယူသွားရပါလိ့မ်မယ်။ ဒီလိုပါပဲ။ အဝတ်အစားကိုလည်း အထူကြီးတွေရှောင်ပြီး ပေါ့ပါးမယ့် ဒီဇိုင်းလေးတွေချည်း ရှာထည့်သွားလိုက်ပါ။
၈။အိတ်ထဲနေရာပိုအောင် စဉ်းစားထည့်ပါ။
ခြေစွပ်တွေကို ဖိနပ်တွေထဲ ထည့်သယ်သွားနိုင်သလို၊ အောက်ခံဘောင်းဘီတွေကိုလည်း ဘရာစီယာအုံခွက်လေးထဲ ထည့်သယ်လို့ရတယ်ဆိုတာ မမေ့ပါနဲ့။
၉။ဖိနပ်တွေကို ဝတ်စုံနဲ့အညီ အားလုံးသယ်မသွားပါနဲ့။
ဒီဝတ်စုံက ဒီဖိနပ်နဲ့မှ လိုက်မယ်ဆိုပြီး သယ်သမျှ ဝတ်စုံတိုင်းအတွက် ဖိနပ်တွေ အရံများစွာ သယ်သွားဖို့မလိုပါဘူး။ ကိုယ်သယ်မယ့် ဝတ်စုံနဲ့ များသောအားဖြင့် လိုက်ဖက်မှုရှိနိုင်မယ့် ဖိနပ်မျိုးတွေကိုသာ ရွေးသယ်ပါ။
၁၀။ခရီးသွားတဲ့အခါ ကိုယ်သွားတဲ့နေရာကနေ ပြန်သယ်လာတဲ့ ပစ္စည်းတွေအတွက် နေရာစဉ်းစားသွားပါ။
ကိုယ်အလည်အပတ်သွားမယ့် နေရာမှာ ရှော့ပင်လုပ်မှာလား၊ ဟိုဝယ် ဒီဝယ်အတွက် ကိုယ့်အိတ်က ဘယ်လောက်နေရာပိုဦးမလဲ စဉ်းစားပါ။ အဲ့ဒီ ပြန်သယ်လာရမယ့် ပစ္စည်းတွေအတွက် နေရာစဉ်းစားထားပါ။
၁၁။ယိုစိမ့်နိုင်တဲ့အရာတွေအတွက် ပလတ်စတစ်အိတ်ဆောင်ထားပါ။
တစ်ခါတစ်လေ အလှကုန်ပစ္စည်းတွေ၊ ဘော်ဒီလိုရှင်းလိုအရာမျိုးတွေ၊ အရည်ပါတဲ့ ပစ္စည်းတွေကို သယ်မယ်ဆိုရင် ပလတ်စတစ်အိတ်နဲ့ ပတ်ပြီးတော့မှသာ ယူဆောင်သွားပါ။
၁၂။ပေကျံစေမယ့်အရာတွေကို အိတ်တစ်ခုထဲသပ်သပ်ထည့်ပြီး သယ်ဆောင်ပါ။
ခရီးဆောင်အိတ်ထဲမှာ အကုန်ရောပြီး ပစ္စည်းတွေ ထည့်လိုက်တဲ့အခါ ဖိနပ်တွေနဲ့ အဝတ်အစားတွေ ရောမသွားအောင်လို့ ဖိနပ်ကို အိတ်သပ်သပ်နဲ့ထည့်သယ်တာမျိုး ုလုပ်ပါ။
၁၃။ခရီးအစဉ်အတွက် မရှိမဖြစ်လိုအပ်မယ့် အရာတွေကို ပိုက်ဆံအိတ်ထဲ ထည့်ဖို့မမေ့ပါနဲ့။
မှတ်ပုံတင်၊ ပတ်စ်ပို့ ၊ လက်မှတ်စတာတွေကို ပိုက်ဆံအိတ်ထဲ သေသေချာချာ ထည့်သယ်ဖို့ မမေ့ပါနဲ့။
၁၄။လက်ဝတ်ရတနာတွေကိုလည်း အိတ်ခွဲပြီး ထည့်သယ်ပါ။
လက်ဝတ်ရတနာတွေနဲ့ ကိုယ့်အဝတ်အစားတွေနဲ့ ဟိုငြိဒီငြိဖြစ်တတ်တာမို့ လက်ဝတ်ရတနာထည့်တဲ့ အိတ်လေးတစ်အိတ်ရှာပြီး ထည့်သယ်ပါ။
၁၅။ဝတ်ပြီးသား အဝတ်အစားတွေ ပြန်ထည့်သယ်နိုင်ဖို့  အိတ်ယူသွားပါ။
ခရီးစဉ်အတွင်း ဝတ်ပြီးသား အဝတ်အစားတွေကို လျှော်ဖွပ်ဖို့ မလွယ်ပါဘူး။ ဒါ့ကြောင့် ဝတ်ပြီးသားအဝတ်အစားတွေကို အသစ်တွေနဲ့ ခွဲထားနိုင်ဖို့ အိတ်သပ်သပ်တစ်လုံး ယူထားပါ။ ဝတ်ပြီးသားတွေကို အိတ်ထဲခွဲထည့်ပြီးမှ ခရီးဆောင်အိတ်ထဲ ထည့်လိုက်ပါ။
Ref: trend.com.mm

3 comments

  • သျှားသက်မာန်

    January 17, 2017 at 11:24 am

    အမှတ်41057……1သိန်းပြည့်ရန်58943သာလို…

  • သျှားသက်မာန်

    January 18, 2017 at 4:55 pm

    ကျေးကျေးပါ..ကော်မန် ့ဝင်ရေးပေးသွားလို့ …မနည်းစဉ်းစားလိုက်ရတယ်..အဟက်

Leave a Reply