သူမတူတဲ့ မိန်းမသားများအဖြစ် ရပ်တည်နိုင်ရန်အတွက်

Mon LayJanuary 14, 20171min1766

မိန်းကလေးပေမယ့်လို့ ယောက်ျားသားတွေနဲ့ တန်းတူရင်ဘောင်တန်းနိုင်နေတဲ့ ခေတ်မှာ အိမ်တွင်းပုန်းနေစရာမလိုတော့ပါဘူးနော်။
ကိုယ့်တစ်ကိုယ်စာမက အိမ်ရဲ့တစ်ထောင့်တစ်နေရာကနေပါ ထောက်ပံ့ပေးနေနိုင်တဲ့ ထက်မြက်ထူးခြား မိန်းမသားတွေလည်း ဒုနဲ့ဒေး ရှိလာပါပြီ။
အဲ့ဒါကြောင့် ကိုယ်သာ မိန်းကလေးတစ်ယောက် ဖြစ်နေရင် ဘယ်လိုမျိုးအရာတွေကို တတ်မြောက်ထားသင့်တယ်လို့ သင်ထင်ပါသလဲ။

ပညာရေး
ဒီနေ့ခေတ်မှာတော့ ပညာရေးတိုးတက်နေဆဲမို့ စာရေးစာဖတ်ကတော့ လူတိုင်းအတွက် easy going ပါ။ ဒါပေမယ့် ခြွင်းချက်ပေါ့။ တချို့ကျ ဆယ်တန်းအောင်ရုံလောက်ဆို ရပြီ ဆိုပြီး ထင်တတ်ကြပါတယ်။
တချို့ကျတော့လည်း ဒီဘွဲ့လက်မှတ်က ဘာမှသုံးစားရတာလည်း မဟုတ်ပါဘူးကွာ။ အရေးမကြီးပါဘူးဆိုပြီး ပြောကြပါတယ်။
ဟုတ်ကဲ့ ဘွဲ့လက်မှတ်အရေးကြီးလား မကြီးလားဆိုတာကို လစာသိန်းဂဏန်းပေးတဲ့ အလုပ်တစ်ခုမှာ သွားလျှောက်ကြည့်လိုက်ပါ။
ဆိုတော့ ဆယ်တန်းအောင်ရုံထက် ဘွဲ့ရဆိုရင် အလုပ်အကိုင်အခွင့်အလမ်းပိုများသလို တက်လမ်းလည်း ပိုများတယ်ပေါ့။
ဒါကြောင့်မို့ နေ့ကျောင်းတက်သည်ဖြစ်စေ အဝေးသင်တက်သည်ဖြစ်စေ မိန်းကလေးတိုင်း ဘွဲ့တစ်ဘွဲ့ကတော့ ရသင့်ပါတယ်။
ဒါ့ထက်ပိုတတ်ချင်လို့ အခြားသင်တန်းကျောင်းတွေကပါ ထူးချွန်လက်မှတ်တွေရရင်တော့ အတိုင်းအထက်အလွန်ပေါ့။ အောင်မြင်မှုက ကိုယ့်လက်တစ်ကမ်းမှာ ရှိနေနိုင်ပါတယ်။

ဝင်ငွေရှာဖွေခြင်း
ခုချက်ချင်းကြီးပဲ company ကြီးထထောင်ရမလို နိုင်ငံခြားမှာပဲ ရင်းနှီးမြှုပ်နှံပစ်ရမလိုတွေ အထိ မလိုအပ်ပါဘူး။
ကိုယ့်အိမ်မှာ အထည်ဆိုင်လေးဖွင့်တယ်။ ဒါစီးပွားရေးပါပဲ။ ဟင့်အင်း အထည်ဆိုင်မဖွင့်ဘူး။ အရင်းအနှီးမရှိဘူး။
ကွမ်းသီးညှပ်တယ်။ စက္ကူအိတ်ခေါက်တယ်။ဒါလည်း စီးပွားရေးပါပဲ။ နည်းသည်များသည်မဆို အပိုဝင်ငွေရအောင်ရှာနိုင်ရင် ဒါဟာ ကိုယ့်အတွက်တစ်နိုင်တစ်ပိုင် ဖြစ်ပါတယ်။ကိုယ်ဟာ အလုပ်တစ်ခုကို ဦးဆောင်ဦးရွက် လုပ်နိုင်ကိုင်နိုင်တဲ့အရွယ်ဆို တွေဝေမနေပါနဲ့။ ဝင်ငွေရှိတဲ့ မိန်းမသားတစ်ဦးနဲ့ မှီခိုရတဲ့ မိန်းမသားတစ်ဦးဘယ်သူက မော်ကြွားနိုင်မလဲ ဆုံးဖြတ်ကြည့်ပါ။

အိမ်မှုကိစ္စ
ထူးချွန်ထက်မြက်တဲ့ မိန်းမတွေဟာ bla bla မဆိုင်ဘူးနော်။ လုံးဝကိုမဆိုင်ဘူး။  သူများကို လက်ညှိုးထိုးခိုင်းချင်ရင် ကိုယ်ကိုယ်တိုင် တတ်မှရတာမျိုး။  အိမ်မှုကိစ္စကျွမ်းတယ် နိုင်နင်းတယ် ဆိုတာ မိန်းကလေးတိုင်း ဖြစ်သင့်တယ်။
မလုပ်ချင်လို့သာ မလုပ်တာပဲဖြစ်ပါစေ။မလုပ်တတ်ဘူးဆိုတာမျိုးက ရှက်စရာပါ။ ကိုယ်က စီးပွားရှာလို့ ကလေးတစ်ဖက်နဲ့မို့ အလုပ်ကများလို့ ဘာညာ ဆိုပြီး သူများကိုခိုင်းရင်တောင် ကိုယ့်ဘက်က ထောင့်စေ့အောင်ခိုင်းတတ်တော့ ပိုကောင်းတာပေါ့။ ထမင်းဟင်းကောင်းကောင်းချက်တတ်တဲ့သူကို ချွေးမတော်ချင်ရင် အန်တီ့သားကို အိမ်ဖော်နဲ့ပေးစားလိုက်ပါ ဆိုတာမျိုးက တကယ်တမ်း ကိုယ့် role ကို ကိုယ်နှိမ့်နေတာပါ။ကိုယ်ဟာ အိမ်ဖော်လောက်တောင်မှ မလုပ်တတ် မကိုင်တတ်ဘူးဆိုတာ ထင်းကနဲပါပဲ။မီးဖိုးထဲမှာ တချိန်လုံး ချွေးတလုံးလုံးနဲ့ ချက်ပြုတ်အချိန်ကုန်နေဖို့ မဆိုလိုပါဘူး။ မလုပ်ချင်လို့ ဆိုတာပဲ ဖြစ်ပါစေ။ မလုပ်တတ်ဘူးဆိုတာ မဖြစ်ပါစေနဲ့။
မိန်းမကောင်းတစ်ယောက်ရှိတဲ့အိမ်ဟာ အိမ်ဖော် လိုခဲပါတယ်။ ကိုယ့်အမေတုန်းကရော အိမ်ဖော်လိုခဲ့လား စဉ်းစားကြည့်ပါ။

အပျင်းပြေဝါသနာ
အိမ်မှာအားလပ်ချိန်ရလို့ စာဖတ်သည် ဖြစ်စေ
သိုးမွှေးထိုးသည်ဖြစ်စေ သီချင်းနားထောင် ရုပ်ရှင်ကြည့်သည်ဖြစ်စေ လုပ်ပေးပါ။
စိတ်ကို အပန်းဖြေပေးခြင်းဟာ လူကို အသက်ရှည်စေပါတယ်။
ပျင်းရမှာတောင် ပျင်းလိုက်တာဟယ် ဆိုတာမျိုးက ကိုယ်ရည်ကိုယ်သွေးကို ကြာလေတုံးလေ ဖြစ်စေပါတယ်။

ကိုယ်ခံပညာ 
ဟင် ဒါကြီးက မိန်းကလေးတွေနဲ့ ဘာဆိုင်တုန်း။ မလုပ်ပါနဲ့။ မြန်မာမှာ အားနွဲ့တဲ့ မိန်းမသား
နိုင်ငံတကာမှာဆို weaker sex ပါ။ ရာဇဝတ်မှု ဒုစရိုက်မှုတွေက ကိုယ့်ကို လာမပတ်သက်ဘူးလို့ အာမခံရဲပါသလား။
အဲ့ဒီတော့ အသက်ငယ် အသက်လတ် မိန်းမသားတိုင်း ကိုယ်ခံပညာတစ်မျိုးမျိုးကို သင်ယူတတ်မြောက်ထားသင့်ပါတယ်။
ကျွမ်းကျင်ပညာရှင်အဆင့်မဟုတ်တောင် ကိုယ့်ဘက်ကခုခံတိုက်ခိုက်နိုင်အောင် ကြိုတင်လေ့ကျင့် စီစဉ်ထားပါ။
မိမိအန္တရာယ်နှင့် ကြုံတွေ့နိုင်ကြောင်းကို အမြဲသတိရှိပါ။
မိမိတစ်ကိုယ်စာ ကာကွယ်ပေးနိုင်သော ထီးအရှည် ထမင်းချိုင့် တွယ်ချိတ် ဒေါက်ဖိနပ် စသည်တို့ကို ကောင်းစွာ အသုံးချတတ်အောင် ပြုလုပ်ပါ။

အလှအပ 
အလှမကြိုက်တဲ့ မိန်းကလေးဆိုတာ တစ်ထောင်မှာ တစ်ယောက်ရှိချင်မှ ရှိတာပါ။ ကိုယ့်နဂို အလှလေးကို ပေါ်လွင်အောင် ပါးပါးလေး ပြင်တာဖြစ်ဖြစ် ကိုယ့်မျက်နှာနဲ့ ကွဲထွက်ပြီး အသက်ရှူမှားလောက်အောင် လှသွားတဲ့အထိ ပြင်တာဖြစ်ဖြစ် မိန်းကလေးတိုင်း ကြိုးစားဖူးကြမှာပါ။ အိမ်နေရင်း ရိုးရိုးရှင်းရှင်းနေတာ ကိစ္စမရှိပေမယ့် အပြင်သွား ရုံးသွားတဲ့အခါ လှတပတလေးပြင် စမတ်ကျကျလေး ဝတ်သွားတော့ ကိုယ်ဟာ ထင်းကနဲဖြစ်နေပြီး ကိုယ့်ကိုယ်ကိုလည်း ယုံကြည်မှုရှိနေတာပေါ့။

ဒါဆိုရင်တော့ မိန်းကလေးအချင်းချင်းမှာတောင် ကိုယ်က သူများထက်တော်နေတဲ့ မိန်းကလေးဖြစ်လာမှာ မလွဲမသွေပါပဲ။

6 comments

  • သျှားသက်မာန်

    January 17, 2017 at 10:55 am

    အမှတ်41012……1သိန်းပြည့်ရန်58988 သာလို…

    • Thint Aye Yeik

      January 17, 2017 at 5:20 pm

      အခု တားဂတ် ပြောင်းသွားပြီလားဟေ…
      အစက ခရီးသွားလုပ်ငန်းအတွက် မားကတ်တင်း…
      အခုကျတော့ … တစ်သိန်းပြည့်ဖို့ မားကတ်တင်း…
      အိုဘယ့် ခရီးသွားလုပ်ငန်း
      အိုဘယ့် အပြောင်းအလဲ မြန်သူကြီး
      :k:

  • သျှားသက်မာန်

    January 18, 2017 at 3:28 pm

    အဲလိုမဟုတ်ပါဘူး..မွန်လေးပို ့စ်ကိုဘယ်သူမှကော်မန့် မပေးကြတော့…ကော်မန် ့ပေးအောင်..တမျိုးမားကတ်တင်းလုပ်
    ကြည့်တာပါ…….. 😛

    • ဦးကြောင်ကြီး

      January 19, 2017 at 12:18 pm

      ခြစ်သ ှား တီးဒါ ခံခြင်ပ်ထာ

  • kai

    January 19, 2017 at 6:10 am

    တော်သေးတာပေါ့..
    ဘာသာတရားကိုင်းရှိုင်း..ဘာညာတွေပါမလာလို့..။

    ဆိုတော့…
    လူပျိုတွေကိုတိုက်တွန်းချင်ပါတယ်..။ မိန်းမဆို.. ဘာသာရေးမကိုင်းရှိုင်းတဲ့.. (ဖြစ်နိုင်ရင်) လုံးဝ မလုပ်တဲ့သူယူပါ.. ယူကြပါလို့..။
    ကမ္ဘာပတ်ပြီးသိလာတဲ့.. လက်တွေ့အမြင်ကရတဲ့.. အမှန်တရား..။ :k:

    • surmi

      January 19, 2017 at 8:36 pm

      သဂျီးနောင်တ နောက်မှရ :mrgreenn:

Leave a Reply