ဖုန်းတွေ၊နာရီတွေပေါ်မှာ တွေ့ရတတ်တဲ့(11:11)ရဲ့အဓိပ္ပါယ်

Mon LayJanuary 17, 20171min2375

တမင်ရည်ရွယ်ထားတာမျိုးမဟုတ်ပဲ (11:11)ဆိုတဲ့ဂဏန်းနှစ်လုံးတွဲကို နာရီတွေ၊billboards တွေနဲ့အထူးသဖြင့် အမှုမဲ့အမှတ်မဲ့ဖုန်းကို ကြည့်လိုက်ရင်း ဖုန်းရဲ့ မျက်နှာပြင်ပေါ်မှာ တွေ့ရတတ်ပါတယ်။ဖုန်းရဲ့Screenပေါ်မှာ ဂဏန်းနှ စ်လုံး ဥပမာ (02:02)ကိုမြင်ရင် တစ်စုံတစ်ယောက်က ကိုယ့်ကို သတိရနေ တာဆိုတဲ့ အယူရှိတတ်ကြပါတယ်။ဒါပေမယ့် (11:11) မှာတော့ ဒီ့ထက်ပိုပြီး နက်ရှိုင်းတဲ့ အဓိပ္ပါယ်ရှိပါတယ်။

img_5632

အဓိပ္ပါယ်ကတော့ ဒီကမ္ဘာပေါ်မှာ အလှဆုံးအချိန်ဆိုတာကို သတိတရ ရှိအောင် ပြနေတာဖြစ်ပြီး၊စာရေးသူတို့ရဲ့ စိတ်အာရုံ၊အတွေးတွေနဲ့ခံစားချက်တွေ ကို ဆွဲခေါ်နေ တာလို့ဆိုပါတယ်။ရုပ်ဝတ္ထုနဲ့ သဘာဝတရားဆိုင် ရာသဘော တရားတို့အပေါ်တည်မှီဟန်မရှိတဲ့ ဖြစ်စဉ်ဆိုင်ရာ ပညာရှင်Doreen Virtue က11:11 ဆိုတာဟာ အကောင်းမြင်တဲ့အတွေးတွေကို ဆက်ထိန်း ထားဖို့ angels တွေကအချက်ပေးနေတာ၊ပြနေတာဖြစ်ပြီး၊ angels တွေက ဆက်ပြီး ကြည့်ရှုစောင့်ရှောက်သွားမယ်ဆိုတာကို ပြောပြ ပေးနေတာလို့ ဆိုပါတယ်။ (1)ဆိုတဲ့ဂဏန်းဟာ တခြားဂဏန်းတွေနဲ့မတူပဲ လူသားတွေနဲ့ angels တွေ ကြားက ပတ်သက်မှု ဆက်နွယ်မှု ပိုခိုင်မာလာတာကို ပြချင်နေတာလို့ ပြော ပါတယ်။ကမ္ဘာကြီးဆီသို့ ငြိမ်းချမ်းရေးနဲ့သင့်မြတ်စည်းလုံးညီညွတ်ခြင်းတွေကို     ခေါ်ဆောင်တဲ့ အဓိပ္ပါယ်လို့လည်း ဆိုပါတယ်။

PastedGraphic-1-1024x678

Mayan ပြက္ခဒိန်အရဆိုရင် December 21, 2012 ၊ 11:11 မှာ ကမ္ဘာကြီး ကို အသက်အသစ်သွင်းပေးတယ်လို့ ဆိုပါတယ်။Dark Age (အမှောင်) ကနေGolden Age(ရွှေရောင်)အဖြစ် ပြောင်းလဲ အသက်သွင်း တယ်လို့ ဆိုပါတယ်။အနာရောဂါကုသပေးသူနဲ့ဘာသာရေးခေါင်းဆောင်တွေက ( 11:11 )ဆိုတာ နတ်ကောင်း၊နတ်မြတ်တွေက ကမ္ဘာကြီးကို ကူညီဖို့ ပြန် လာ နေတာကိုပြနေတာလို့ ယုံကြည်ကြပါတယ်။ဒါကြောင့် 11:11 ဆိုတာ Angels တွေက အခုကိုယ်လုပ်နေတဲ့အရာ၊ကိုယ်လျှောက်နေတဲ့ လမ်း မှန်ကန် တယ်ဆိုတာကို တစ်ဖက်လှည့်နည်းနဲ့ အသိပေးနေတာ၊ သူတို့ကအနား မှာ စောင့်ရှောက်ကာ ကွယ်ပေးနေတယ်၊ရှိနေတယ်ဆိုတာကို အသိပေးနေ တာဖြစ်ပါတယ်။ တစ်ချို့ ကတော့ (11:11)မှာ ထူးဆန်းတဲ့ သဘာဝလွန်စွမ်း အားရှိ တာေ ကြာင့် အဲ့ဒီလိုပေါ်တဲ့အခါ ဆုတောင်းရင် ပြည့်တယ်လို့ မှတ်ယူကြ တာတွေလည်း ရှိပါတယ်။

 #credit

5 comments

  • Thint Aye Yeik

    January 18, 2017 at 10:52 am

    ဒုက္ခ….
    ဆယ့်တစ်နာရီနဲ့ဆယ့်တစ်မိနစ်လည်း… သူ့ဘာသာ မနေရ

  • kai

    January 19, 2017 at 6:18 am

    ဒီဇိုင်နာအမြင်နဲ့ဆိုရင်တော့.. နာရီတွေကို ကြော်ငြာအတွက် ဓာတ်ပုံရို်ကရင်.. ၁ဝနာရီ ၁ဝမိနစ်.. ၃၅စက္ကန့နေရာလောက်ထားတတ်ကြတယ်..။
    လက်တန်အတိုအရှည် ဘဲလန့်စ် မျှပြီးလှတာကိုး..။

    https://www.google.com/search?q=hand+watch&safe=active&espv=2&biw=1536&bih=748&source=lnms&tbm=isch&sa=X&ved=0ahUKEwjtzOL278zRAhUV62MKHU0vAYwQ_AUIBigB#safe=active&tbm=isch&q=watch

  • Mr. MarGa

    January 19, 2017 at 10:26 am

    အဟမ်း
    ကိုယ်​တိုင်ရေးစာ မဟုတ်​သည်​များကို copy/paste category အောက်​မှာ တစ်ချက် ထားပေးပါလို့
    အဲ့ဒါလေး
    P.S. ရွာစည်အောင် တစ်​ဖက်​တစ်​လမ်းက ကူပေးနေလို့ ကျေးဇူးအထူးပါ

  • Kaung Kin Pyar

    January 24, 2017 at 9:11 am

    ဒီစာကို ဖိုးသူတော်မှာ ဖတ်မိကတည်းက ပြုံးဖြစ်သေးတာ….
    ဒီလို Angel တွေ စောင့်ရှောက်တာတို့ ဆုတောင်းလို့ရတာတို့ကို ဗိုလ်ချုပ်တို့ ခေတ်ကတည်းက သိကြရင် ကောင်းမယ်..။
    အပင်ပန်းခံစရာ၊ အငတ်ခံစရာ၊ အသေခံစရာမလိုတော့ဘူး…
    11:11 မိနစ်တိုင်း တစ်နေ့ကို နှစ်ခါ လွတ်လပ်ရေးရအောင် ထိုင်ဆုတောင်းနေရုံပဲ…။

    စတာဘာ… စတာဘာ..

Leave a Reply