စာပေတိုက်ပွဲခေါ်သံ(၃)- အနုပညာလွတ်လပ်ခွင့်

alinsettJanuary 18, 20171min2416

 

 

စာပေတိုက်ပွဲခေါ်သံ(၂) ပိုစ့်မှ

 

 

 

 

 

 

စာပေတိုက်ပွဲခေါ်သံ(၂)-NEO-CLASSICISM တွေ ထွက်ခဲ့ဟေ့

 

စာပေတိုက်ပွဲခေါ်သံ(၂)-NEO-CLASSICISM တွေ ထွက်ခဲ့ဟေ့ ဆိုတဲ့ ပိုစ့်ထဲမှာ မပြုံးက ဒီလို ဝင် ဆွေးနွေးခဲ့ပါတယ်။

ဝင့်ပြုံးမြင့် says:

ဒါဆို ကဗျာကို ဘယ်လိုရေးမလဲ။ နောက်ချေးပုံပေါ် ဇီဇဝါ ပန်းလေး စိုက်ရင်ကော ကဗျာ ဖြစ်ပြီလား။

. နောက်ချေးပုံပေါ် ဇီဇဝါ ပန်းလေး စိုက်ရင်ကော ကဗျာ ဖြစ်ပြီလား ဆိုတာကတော့ ကပ်သီးကပ်ဖဲ့ မေးခွန်းပါပဲ။
အဲ့လို မေးခွန်းမျိုးကို ပြန်ဖြေရင် ကျွန်တော်ပဲ ချောက်(ဂျောက်)ကျမှာ။

ဘာနဲ့မှ မတူအောင် နက်ရှိုင်းလှတဲ့ အနုပညာ ကမ်းပါးနံဘေးက ချောက်ထဲ ကျွန်တော် ထိုးကျ သွားပါလိမ့်မယ်။ ဆိုတော့ မဖြေရေးချ မဖြေ။

ဒါပေမယ့် နည်းနည်း ပြန် ပြောပါမယ်။
—————–

ဒါဆို ကဗျာကို ဘယ်လိုရေးမလဲ။ ဆိုတာကိုတော့ ဖြေမယ်ခင်ဗျ။

“ရေးချင်သလို ရေးပါ။”
ထပ်ပြောလည်း ဒီစကားပါပဲ။
ကဗျာ ရေးချင်လာရင် ရေးချင်သလို ရေးပါ။

အဲ..ကဗျာ ရေးရာမှာ အသံ သာအောင်တို့ ကာရန် ပါအောင်တို့ လုပ်ယူပြီး တမင် ရေးရင်တော့  ပြောစရာ ရှိလာပါပြီ။
အဓိကက… ရေးချင်လာတဲ့ အချိန်မှာ ရေးချင်သလို ချရေးပိုင်ခွင့် (အနုပညာလွတ်လပ်ခွင့်) ရှိဖို့ပါ။
ရေးချင်သလို ရေးလိုက်တဲ့ ကဗျာ(စာပေအနုပညာ)ကို ကာရန်မပါလို့…ဖတ်ရတာ ဖီးလ်မရှိဘူးတို့….
အသံမသာရင် ကဗျာ မမည်ဘူးတို့… သတ်မှတ် ပြောဆိုတာကိုသာ (ကျွန်တော်)မကြိုက်တာပါ။ (ကျွန်တော် ဆိုတာ ထည့်ပြောခဲ့ပါတယ်။ တခြားသူများ ကြိုက်လိုက ကြိုက်နိုင်ပါကြောင်း)

ကဗျာဆိုရင် ကာရန်လေးတော့ ပါမှ… အသံလေးတော့ သာမှ ဆိုတဲ့ သတ်မှတ်ချက်ကြီးနဲ့ ဝေဖန်ပိုင်းခြားနေတာကို ကျွန်တော် လက်မခံနိုင်တာပါ။


(NEO-CLASSICISM) အရ…ဆိုရင်… တာရာမင်းဝေကို နတ်သျှင်နောင်ရေးသလို ရတုမျိုး မရေးရကောင်းလားလို့
အပြစ်မြင်ရမလိုလို၊
အောင်ချိမ့်ကိုလည်း ရှင်မဟာရဌသာရ ဟန်မျိုး မရေးဘူးလားလို့ သွားမေးရမလိုလို၊
ဦးပုညလို တေးထပ်မျိုးတွေ မရေးဘူးလားကွ ဆိုပြီး မနော်ဟရီကို ချောင်းရိုက်ရမလိုလို… (စသည်…)

စာပေ တိုက်ပွဲခေါ်သံ(၂) – NEO-CLASSICISM တွေ ထွက်ခဲ့ဟေ့ ပိုစ့်မှ

 

———————-

 

ကဗျာကို ရေးချင်သလို ရေးသား ဖန်တီးခွင့် ကို တောင်းဆိုရာမှာ… အဆုံးစွန်ဆုံးထိ တောင်းဆိုတဲ့အနေနဲ့….
(ကျနော်ပြောခဲ့ဖူးပါတယ်) ကဗျာကို ဘာသာစကား တွန့်တွန့်ကောက်ကောက် အက္ခရာ စာလုံးတွေ မပါဘဲတောင်မှ
ရေးခွင့်ရှိတယ်….
အဲဒီလို ပြောခဲ့ပါတယ်။
ဒါဟာ သဘောတရားအရ အနုပညာ လွတ်လပ်ခွင့်ကို အနုပညာသမားဘက်က တောင်းဆိုပြတာ ဖြစ်ပါတယ်။

ထပ်ပြောမယ်နော်…

ဒါဟာ သဘောတရားအရ အနုပညာ လွတ်လပ်ခွင့်ကို အနုပညာသမားဘက်က တောင်းဆိုပြတာ

အဲဒီ စကားထဲက သဘောတရားအချင်းအရာကို မကြည့်ဘဲ…

.နောက်ချေးပုံပေါ် ဇီဇဝါ ပန်းလေး စိုက်ရင်ကော ကဗျာ ဖြစ်ရောလား ဆိုတာမျိုး လာပြောတာတော့ နည်းနည်း “များ”ပါတယ်။ နည်းနည်း ပြန် လျှော့လိုက်ပါအုန်း။

ဒါမှ မဟုတ်…. နည်းနည်း … (အနုပညာဆိုတဲ့ သဘောသဘာဝထဲ) တိုးပြီး…ဝင်ကြည့်ပါအုန်း။
အနုပညာလွတ်လပ်ခွင့် ဆိုတဲ့ စကားလုံးကို ရင်ထဲမှာ ပဲ့တင်ထပ်တဲ့အထိ… အခေါက်ပေါင်းများစွာ ရေရွတ်မြည်တမ်းဖူးသူ ဆိုရင်… အဲဒီလို ပြောမယ် မထင်ပါဘူး။

 

ဆက် ဆွေးနွေးလိုပါသေးတယ်။

 

ချစ်ခင်လေးစားလျက်….

သင့်အေးရိပ်

ဇန်နဝါရီ ၁၈ ရက်၊ ၂၀၁၇

 

6 comments

  • ဝင့်ပြုံးမြင့်

    January 18, 2017 at 1:02 pm

    အနုပညာကို ကိုးကွယ်သူရဲ့ သဘောထားလေ။ အနုပညာကို ကိုးကွယ်တဲ့အခါမှာ ဘာလေးတစ်ခုမှ အထိအခိုက် မခံနိုင်တော့သလို။ ဥပမာ ငြင်းခုန်ခြင်းအနုပညာ ကို သူများက ရှိပါတယ်ဆိုရင် အနုပညာကိုးကွယ်သူက လက်မခံနိုင်ဘူး။ အနုပညာအရည်အသွေကို ထိခိုက်တယ်လို့ ထင်တယ်။ စာလုံးတစ်လုံးချင်းစီဟာ နှလုံးသွေးစက်နဲ့ ရင်းမှရတာလို့ တစ်ဖက်က ယူဆထားသလို အနဂ္ခ တန်ဖိုးအတွက် လွတ်လပ်မှုကို တောင်းဆိုတယ်။
    တကယ်က အနုပညာဟာ မွေးရာပါဗီဇ တစ်မျိုးပဲ။ လေးတန်းသမားက သိုင်းဝတ္ထုကို တရျှိုက်မက်မက် ဖတ်ချင်စရာ ကောင်းအောင် ရေးတတ်နေသလို စာမတတ်ပေမတတ် အညတရကလည်း ကမာ္ဘကျော် ကဗျာကို စပ်နိုင်တယ်။ ဒေါက်တာဘွဲ့ ရထားတဲ့ လူကျတော့လည်း စာတစ်ပုဒ်ကို မျက်ရည်တောက်တောက်ကျအောင် ရေးတတ်ချင်မှ ရေးတတ်တာ။ အနုပညာဆိုတာ စိတ်ရဲ့ အလုပ်။ စိတ်ကို ဘယ်လိုမှ ထိန်းချုပ်မစွမ်းသာတော့ အနုပညာကိုလည်း ဘယ်လိုမှ ထိန်းချုပ်စွမ်းသာလာမှာ မဟုတ်ဘူး။ ဒီတော့ လွတ်လပ်ခွင့် တောင်းဆိုတာ မှန်ပါတယ်။

    • Thint Aye Yeik

      January 18, 2017 at 1:24 pm

      တကယ်က အနုပညာဟာ မွေးရာပါဗီဇ တစ်မျိုးပဲ။
      ဟုတ်ပါတယ်။
      ကိုယ့် မွေးရာပါကို ဘာလို့များ ကာရန်ဆိုတဲ့ဟာကြီးနဲ့ ကောက်ညှင်းထုတ်လို ကျပ်ထုပ်စည်းပစ်မလဲ
      :k:

  • ဇီဇီ

    January 18, 2017 at 2:26 pm

    အနုပညာရှင်လို့ အမြည်းခံ အဲ အမည်ခံပြီး
    ချွတ်ပြနေဂျဒါရော အနုပညာ လွတ်လပ်ခွင့်လို့ မြင်ပါသလား ခည။

    :k:

    • Thint Aye Yeik

      January 18, 2017 at 2:40 pm

      ဒီအပိုင်းကတော့
      အဟွှာပေါ့နော်
      သူတို့ကတော့ ဟိုဒင်းပေါ့
      ဘယ်လိုပြောရမလဲပေါ့

      သူတို့ရဲ့ အနုပညာဆိုတာက အဟွှာလေ
      ဒီ စာပေ အနုပညာကျတော့ ဟိုသင်းလေ။

      အနုပညာဆိုပြီး အမြည်းခံချင်ရုံ အဲလေ အမည်ခံချင်ရုံနဲ့ ချွတ်ပြတာကျတော့ အဝှာပေါ့နော်
      ဘယ်လို ပြောရမလဲဆိုတော့
      ကောင်းပါတယ်
      ကြည့်လို့တော့ ကောင်းပါတယ် ပေါ့။
      :k:
      သူတို့က ပိုပြီး လွတ်တဲ့အပြင် လတ်လည်း လတ်ပါတယ်ဆွာ တင်ပြချင်ရုံသက်သက်လို့ မြင်ပါတယ်ခညာ။

      :k:

  • ko six

    January 18, 2017 at 3:04 pm

    ကျွန်တော်ကတော့
    မြန်မာနိုင်ငံက လွတ်လပ်တဲ့ အရေးအသားမျိုးကို မခံစားတတ်သေးဘူးလို့ဘဲ ထင်နေတယ်။

    • Thint Aye Yeik

      January 18, 2017 at 3:55 pm

      အနုပညာလွတ်လပ်ခွင့်အရ တောင်းဆိုမှုတွေ သတ်မှတ်မှုတွေ ဖန်တီးမှုတွေကို နားလည်မပေးနိုင်သေးတာ။
      နတ်သျှင်နောင်တို့ ဦးပုညတို့ခေတ်ရဲ့ စည်းတွေ ဘောင်တွေထဲက ကျော်တက် ဖောက်ထွက်ပြရင်ကိုပဲ အပြစ်တစ်ခုလို မြင်
      ချစ်စရာ မကောင်းဘူးထင်. . .

      အဲ့လိုဆိုတော့ အနုပညာလွတ်လပ်ခွင့်
      လွတ်လပ်စွာ ဖန်တီး ရေးသားခွင့်အပေါ် အပြည့်အဝ နားလည်မပေးနိုင်ကြသေးဘူးလို့ ပြောလိုက်ချင်တော့တာပဲ ဆရာစစ်ရေ

Leave a Reply