ဒီနေ့ အဖျားသွေးနဲနဲရှိပြီး ခေါင်းကိုက်နေတာနဲ့ ရုံးအလုပ်တွေ ခဏဖယ်ပြီး ဖဘပေါ်လျှောက်ကြည့်ရင်း ရေးစရာတွေပေါ်လာတယ်။ ဦးဆာ အစပျိုးပေးလို့ YBS နဲ့ ပက်သက်တဲ့ အမြင်တစ်ချို့ပါ .. တစ်ချို့ဆိုတာ တကယ့်ကိုတစ်ချို့ပဲနော် .. အများအမြင်လို့ မယူဆစေလိုပါ ..

 

ကျွန်မတို့ရုံးမျာ YBS ပြောင်းလဲမှုကြောင့် အဆင်မပြေဖြစ်ရတဲ့သူတစ်ဦး ရှိလာချိန်မှာ ကြားရတဲ့ အမြင်တစ်ချို့ ..

သူက အရင်က တစ်ဆင့်စီးရုံနဲ့ ရောက်ပါတယ် .. ဒါတောင် တစ်နာရီခွဲလောက် ကားပေါ်မှာနေရတယ် .. ဂိတ်စလိုနေရာကနေစီးတာမို့လို့ ထိုင်စီးလို့ရခဲ့တယ် … အခု ကားနှစ်ဆင့်ဖြစ်သွားတယ် .. ပထမအဆင့်ကားက ကားသေးတွေဖြစ်သွားလို့ နေရာမရတော့ပါဘူးတဲ့ .. မတ်တပ်ရပ်ပြီးစီးရတယ် .. နောက်တစ်ဆင့်ပြောင်းတော့လဲ အတင်းလုတက်ရပြီးနေရာမရလို့ မတ်တပ်ပဲဆိုတော့ တစ်နာရီခွဲအချိန်အားလုံးမတ်တပ်စီးရတယ် .. ကားခ ၂ ဆ ဖြစ်သွားတယ် .. အပြန်လဲ အတူတူပဲ မတ်တပ်ရပ်စီးပြီး ပြန်နေရပါတယ်တဲ့..

 

ပထမလူ (ကိုယ်ပိုင်ကားစီးသူ) ..

အပြောင်းအလဲလုပ်တဲ့အခါ ဒီလောက်တော့ သီးခံရမှာပေါ့ … ဒီလောက်လေး သီးမခံလို့ဖြစ်မလား ..

 

ဒုတိယလူ (ကိုယ်ပိုင်ကားစီးတဲ့သူ) ..

ရုံးနောက်ကျရင်ကျပါစေ .. YBS ကိုပဲစီး .. အဆင်မပြေဖြစ်တာမှန်သမျှတင်ပြ .. လူကြီးတွေ ပြေလည်အောင်လုပ်ပေးလိမ့်မယ် ..

 

တတိယလူ (ကိုယ်ပိုင်ကားစီးတဲ့သူ)

ဘာပဲဖြစ်ဖြစ် .. ကားတွေ ဘယ်လိုပဲဖြစ်ဖြစ် .. အလုပ်ချိန်မှီအောင်လာရမယ် … အလုပ်ဝင်ကထဲက အလုပ်ချိန်မှီအောင်လာပါ့မယ်ပြောလို့ ခန့်ထားပေးခဲ့တာ ..

 

စတုတ္ထလူ (ကိုယ်ပိုင်ကားစီးတဲ့သူ)

ငါသာ သူ့လို ကားစီးပြီးလာရမယ်ဆိုရင် ဒီအလုပ်ကို မလုပ်တော့ဘူး .. ဒါမှမဟုတ်ရင်လဲ အလုပ်နားမှာ အခန်းငှားပြီး နေမိတော့မယ် .. ကားစီးရတဲ့ဒုက္ခကို မခံစားနိုင်ဘူး ..

 

ပဉ္စမလူ (လိုင်းကားမစီးရသော အလုပ်ထဲက၀န်ထမ်းများ)

ငါတို့တော့ ဘာမှမသိ .. ဘာမှလဲ မခံစားရ .. သူများ အဆင်ပြေတာ အဆင်မပြေတာ သူတို့ကိစ္စ .. ငါတို့အလုပ်လေးမြဲနေဖို့က အဓိက ..

 

ကာယကံရှင်

YBS အကြောင်း အသံတောင်မထွက်နိုင်အောင် ပင်ပန်းလွန်းလို့ ..

 

နောက်ထပ်လူတွေဆီက အသံမကြားရလို့ ကြားသလောက် သိသလောက်လေး . ဒီလောက်ပါပဲ ..

 

 

weiwei

About weiwei

weiwei has written 367 post in this Website..

မင်္ဂလာပါ ....