နေ ့ချင်းပြန်သွားလို့ရတဲ့ အေးချမ်းလတ်ဆတ်မှုကိုအပြည့်အဝခံစားရမယ့် ရွှေပြည်

Mon LayJanuary 19, 20175min1927

မွန်လေးတို ့လိုရုံးသမားတွေကတော့ရုံးပိတ်ရက်ဆိုတာ.ဆန်းဒေးပဲရှိပါတယ်။စနေကလည်းနေ ့တစ်ဝက်တက်ရနဲ ့ဆိုတော့

တကယ်တမ်းနေ ့ချင်းပြန်ခရီးသွားနိုင်တာလည်းဆန်းဒေးပဲပေါ့။အဲတော့ဒီတစ်ခေါက်သွားဖြစ်ခဲ့တဲ့နေရာလေးကတော့သဘာဝအလှအပများနဲ ့အေးချမ်းလတ်ဆတ်မှုကိုအပြည့်အဝခံစားလို့ရအောင်လှည်းကူးအကျော်ပဲခူးရောက်ခါနီး၊(၁၀)မိုင်ကုန်း

မရောက်ခင်လေးမှာရှိတဲ့Shwe Pyi Resort လေးပါ။

#ထူးခြားတဲ့ခံစားမှု

သဘာဝရဲ  ့အရသာကိုကြိုက်လို့လားတော့မသိဘူး။ကားပေါ်ကဆင်းတာနဲ ့လေအေးအေးကိုဖြတ်ခနဲခံစားလိုက်ရတဲ့

အခိုက်တန် ့မှာအသက်ရှုဖို ့တောင်မေ့သွားခဲ့ပါတယ်။ပြီးတော့မြင်လိုက်ရတဲ့ရှုခင်းတွေကြောင့်လည်း”အိုး…အရမ်းကိုလှတာပဲ…….မိုက်တယ်”လို ့ပါးစပ်ကနေမထွက်ထွက်ချင်လာအောင်ပြောမိတဲ့ခံစားမှုမျိုးကိုခံစားရပါတယ်။

#ဘာတွေရှိလဲ

 

အစားအသောက်အရမ်းကောင်းတဲ့အပြင်ဈေးလည်းမကြီးတဲ့ဟိုးအဝေးကိုလှမ်းမြင်ရတဲ့ရှုခင်းရှိတဲ့စားသောက်ဆိုင်ရယ်၊ဘဲ

ငန်းဘုတ်ကြီးစီးလို့ရတဲ့ရေကန်ဖွေးဖွေးလေးရယ်၊ပြီးတော့selfieအသေဆွဲလို့ကောင်းတဲ့အပြင်စက်ဘီးလည်းလျှောက်ပတ်စီးလို ့ရတဲ့ မြက်ခင်းစိမ်းစိမ်းကွင်းပြင်ကျယ်ကြီးတွေရယ်၊တံတားတွေရယ်၊အမိုးပါတဲ့ တဲလေးတွေ အပြင် ထိုင်ခုံငယ်လေးတွေ ရယ်၊(Buggycar တွေလည်းငှားစီးလို့ရတယ်)၊တည်းစရာဘန်ဂလိုအခန်းလုံးချင်းလေးတွေရယ်၊သိပ်လှပြီးလက်ရာမြောက်

တဲ့ မြန်မာမှု သစ်သား ပန်းပုရုပ်ထုတွေရယ်(not for sale)၊နောက်ဆို နေပြည်တော်မှာရှိတဲ့လေယာဉ်ပျံကြီးပေါ်မှာပါ

စားသောက်လို့ရတဲ့စားသောက်ဆိုင်ပါရှိတော့မှာဖြစ်ပါတယ်။ဆောက်နေတာတွေ ့ခဲ့ပါတယ်။

လမ်းလျှောက်ပီးကြည့်မယ့်သူဝင်ကြေး ၁၀၀ဝကျပ်
Buggy စီးခ -၁၀၀၀ဝ ကျပ်(၉ယောက်ထိရတယ်)
စက်ဘီး၊ဘဲလှေခ – ၂၀၀ဝ ကျပ် (၁နာရီ)

#ဘယ်လိုသွားလဲ

ရန်ကုန်ကနေဆိုလမ်းလည်းမပိတ်၊တောက်လျှောက်အမြန်မောင်းသွားမယ်ဆိုတကယ်ကို(၁)နာရီပဲသွားလိုု ့ရတဲ့ခရီးပါ။(

တကယ်ကိုအဲ့အတိုင်းရောက်ခဲ့တာ)။ပထမအကြိမ်သွားတုန်းကလိုင်းကားနဲ ့သွားကြည့်ခဲ့တာ။အိမ်ကနေစော်ဘွားကြီးကို

တက္ကစီစီး၊အဲ့ကနေလိုင်းကားတက်စီးသွားကြတာ။ဒုတိယတစ်ခေါက်ရောက်တော့သယ်ရင်း(၃)ယောက်ကားအတူတူစုငှား

ပြီးရွှေပြည်ထိတိုက်ရိုက်သွားခဲ့ကြပါတယ်။အိမ်ကနေမနက်(၈)နာရီလောက်ထွက်ခဲ့ကြတယ်ပေါ့။ဟိုရောက်တော့(၉)နာရီ

သာသာပဲရှိသေးတယ်။

မွန်လေးတို့ သယ်ရင်းကတော့စက်ဘီးစီးတတ်တဲ့သူတွေဆိုတော့စက်ဘီးကိုလျှောက်ပတ်စီးဖြစ်ခဲ့ပါတယ်။ပန်းပုရုပ်တွေနဲ ့

လည်းအမှတ်တရဓါတ်ပုံရိုက်၊selfie တို ့wefie တို့ ဆိုတာဆွဲလို့သိပ်ကောင်းသလားမမေးနဲ ့။

အပြန်မှာ ထောက်ကြန် ့က စစ်သချင်္ ိုင်း ဝင်ပြီး ဓါတ်ပုံတွေ ရိုက်ဖို ့လုပ်ပါသေးတယ်။ ညနေ ၄ နာရီ ဆိုရင် ပိတ်တာမို ့ မမှီခဲ့ပါဘူး။

ကဲ..ရုံးတွေပိတ်ရက်၊ကျောင်းတွေပိတ်ရက်မှာသယ်ရင်းတွေနဲ ့ပျေ်ာပျော်ပါးပါးပျော်ပွဲစားထွက်တာပဲဖြစ်ဖြစ်၊အပျော်ခရီးထွက်

တာပဲဖြစ်ဖြစ်သွားလို့ရအောင်ရေးပေးလိုက်ပါတယ်။

Shwe Pyi Resort Reception-0949516228 ကိုဆက်လို့ရပါတယ်
Hot line -09457400006

 

 

 

7 comments

  • ko six

    January 20, 2017 at 1:01 am

    ဝင်ဖတ်သွားပါသည်။
    ပုံတွေက ပိုလှပါသည်။

  • Thint Aye Yeik

    January 20, 2017 at 1:46 pm

    အညွှန်းကောင်း ကြော်ငြာကောင်း ဆွဲဆောင်ကောင်းနဲ့ တကူးတက ညွှန်းပေးနေတဲ့ သျှားမမကို
    Shwe Pyi Resort ကတော့ ကျေးဇူးတင်နေလောက်ပြီ။

  • သျှားသက်မာန်

    January 23, 2017 at 12:08 pm

    ဝင်ဖတ်သွားလို့ကျေးကျေးပါ

  • သျှားသက်မာန်

    January 23, 2017 at 12:09 pm

    ဟုတ်ကိုအလင်းသစ်….အဓိကကတော့ travel blogger ဖြစ်ချင်ရုံပါ စာတွေကenter မခေါက်မိလို ့အပြင်တွေထွက်ကုန်
    ပါတယ်.. 🙁

  • kai

    January 23, 2017 at 2:31 pm

    ပါးစပ်နဲ့အသံထွက်ရွတ်ဖတ်ရင်.. အမောပြေနားတဲ့နေရာလောက်တိုင်းမှာ.. စပေ့စ်ထည့်ရိုက်ရင်.. အတန်းကြီးမဆက်နေတော့ဘူးပေါ့..။
    ဆိုတော့..
    မြန်မာ့သစ်တွေကို.. အဲလိုမြန်မာအရုပ်တွေထုဆစ်တာထက်စာရင်.. နိုင်ငံခြားကသူတွေဝယ်ချင်စိတ်ရှိမယ့်.. အနုပညာဒီဇိုင်းပါတာတွေ.. ထုဆစ်ရင်ပိုရောင်းရမယ်ထင်တာပဲ..။
    ပိုသေချာချင်ရင်တော့.. ရောမက.. အရုပ်မျိုးတွေ..ကော်ပီကက်လုပ်..ထုဆစ်ပေါ့..။ တူလို့ကတော့.. ဈေးတင်သလောက်သာတင်.. ရောင်းရမယ်ဖြစ်လိုက်ခြင်း..။ :k:

    http://listverse.com/2010/12/14/top-10-greatest-sculptures/

  • သျှားသက်မာန်

    January 25, 2017 at 4:57 pm

    ဟုတ်

    • ဦးကြောင်ကြီး

      January 29, 2017 at 5:24 am

      အဟုတ် warပလပ်ရ

Leave a Reply