မြေပုံထဲမှာ မပါချင်တဲ့လမ်း

alinsettJanuary 19, 20171min43212

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

”…..မြေပုံထဲမှာ မပါချင်တဲ့လမ်း”


တစ်ဖက်က တွန်းပြီး တစ်ဖက်က ဆွဲနေတုန်းပဲ။
ဘယ်သူနဲ့ဘယ်ဝါကလည်း တွန်းတိုက် ဆန့်ကျင်. . .
ဘေးဘီနဲ့ဝဲယာကလည်း ကော့လန် ထွန့်လူး. . .

 

ကြွေမှာကြောက်ရတယ်…
နဂိုကတည်းကမှ အညှာမခိုင်သေးတဲ့ သစ်သီးအကင်းတွေ. . .
ဒါပေမဲ့
”အခါးဆိုတာ လူနဲ့ တည့်သကွ”ဆိုပြီး…
နည်းနည်းတော့ အချိုပေါ့ထားတယ်။

 

ပြီးပါလေရော. . .
ဖြစ်ပုံက အဲ့ဒီမှာကတည်းက စ. . . လွဲသွားခဲ့တာ။

 

ကိုယ့်အတွေးနဲ့ကိုယ်
နီးစပ်လှပြီ ထင်နေတဲ့ နားရွက်တစ်စုံလိုပဲ. . .
တကယ်တမ်းကျတော့
တစ်ဖက်ကို တစ်ဖက်က မမြင်ရရှာဘူး။

 

ဒီခရီး. . .နီးသလားတဲ့. . .
ဟေ့အေး. . .
ဝေးလွန်းတယ်။

 

သွားဖန်များတော့လည်း ခြေထောက် ညောင်းရုံပဲ။
လမ်းကိုက…………..”——”

 
——————————————

 

သင့်အေးရိပ်
06-Jan-2017

 

 

 

 

 

12 comments

  • weiwei

    January 19, 2017 at 2:14 pm

    ဘယာကြော် ..
    ဂွတ်တယ် … ဖတ်လို့လဲကောင်းတယ် .. တွေးလို့လဲကောင်းတယ်

  • aye.kk

    January 19, 2017 at 3:00 pm

    အထင်နဲ ့အမြင်
    ဘယ်သူမှန်ပါလိမ့်?။

    • Thint Aye Yeik

      January 20, 2017 at 8:45 am

      ပညာရှိများကျတော့ ပြေးကြည့်(မြင်)စရာတောင် မလိုဘူးဆိုပဲ။
      :k:

  • ko six

    January 20, 2017 at 1:03 am

    ဤခရီးနီးသလားတဲ့။
    စဉ်းစားလို့ကို မရသေးဘူး

    • Thint Aye Yeik

      January 20, 2017 at 8:45 am

      အနီး အဝေးဆိုတဲ့ အတိုင်းအတာထဲကို မဝင်သေးဘူးဆိုပါတော့. . .
      😆

  • kai

    January 20, 2017 at 1:11 pm

    သူအရင်လား ကိုယ်နောက်လား
    လူမဝင် ဝင်လည်းလူမဖြစ်
    တွင်းတွေတူးပြီးမှ ပြန်ပုံတဲ့နေရာ
    တန်ဆာလေးတွေဆင်လိုက်သေး
    အထင်တော့မသေးနဲ့ လူတွေဝိုင်းလို့ငို
    ခွေးတွေလည်း အူအူအိုအို..။ :k:

    • Thint Aye Yeik

      January 20, 2017 at 1:30 pm

      သဂျီး comment က သချို င်္င်းကုန်းနံ့ ရတယ်
      :k:

  • ဇီဇီ

    January 23, 2017 at 7:58 am

    ခုဆို မြေပုံတွေ ဖယ်ပြီး လမ်းတွေ ဖောက်နေတာမဟုတ်ဘူးလားး

    :k:

    • Thint Aye Yeik

      January 23, 2017 at 9:13 am

      လမ်းတွေကို ဖယ်ပြီး မြေပုံတွေ ဖန်တီးနေတာလည်း ရှိတယ်
      :k:

Leave a Reply