မီးခိုး

ko sixJanuary 20, 20171min1051

မင်းအပြောကလည်း ကာဗွန်ဒိုင်အောက်ဆိုဒ်
ငါ့အပြောကလည်း အောက်စီဂျင်ဖြစ်မလာ
တစ်စတစ်စ
ကမ္ဘာကြီး ပူနွေးလာတာပဲ အဖတ်တင်တယ်
အပြောကိုချွေတာ
ကြော်ငြာနေရုံနဲ့ ထမင်းမဝဘူး
နေဝင်တိုင်း
အိပ်တန်းမတက်ရတဲ့ ဘဝတွေ
ရေရဲရင် ရေပြီးမှ ပြော။

ကိုစစ်(ရူပဗေဒ)

One comment

  • Thint Aye Yeik

    January 23, 2017 at 9:18 am

    နေဝင်တိုင်း
    အိပ်တန်းမတက်ရတဲ့ ဘဝတွေ…ဆိုတဲ့ စကားလုံးလေးထဲမှာ …
    ကျနော် ခလုပ်တစ်ချက် ထောက်ခနဲ ပိတ် … ကျ….

Leave a Reply