ဟောတော့ …

ဟော  တော့  ..

ဒီတစ်ခါလဲ  လမ်းမှားပြန်ပြီထင်ပါရဲ့တော်…

ကျုပ်မှာက ပဲပြုတ်တစ်တောင်းခေါင်းရွက်ပြီး

ကိုးကြောင်းကိုးကျင်းလှည့်နေကျဟာကို..

တခြားဘယ်ရွာဖြစ်ဖြစ်  မျက်စေ့မှိတ်သွားတောင် ရောက်တာချည်းပါတော်….

ဟောသည်  မန်းဂဇက်ဆိုတဲ့ရွာကြီးဘက်သွားမိပြီဆိုမှဖြင့်

အရင်အိမ်တွေလဲမတွေ့..

အရင်လူတွေလဲမရှိသလောက်..

အရင်လမ်းတွေလဲ မမှတ်မိ..

ပေါ်လာလိုက်  ပျောက်သွားလိုက်နဲ့ …

ကြည့်ရတာ  ငယ်ငယ်ကကြားဖူးတဲ့  ကြပ်တွေတည်တဲ့  ကြပ်ရွာကြီးများလားမသိပေါင်တော်..

ဒါဆိုလဲ  ကြပ်ရွာကြီးပဲဆိုဦးတော့  ရွာတစ်ရွာ သူကြီးတစ်ဦးတော့ ရှိရိုးမဟုတ်လား..

အဲ့ သူကြီးကိုက  ပေါ်လိုက်ပျောက်လိုက်ဆိုတော့  ကြပ်သူကြီးပဲဖြစ်မယ်ထင်ရဲ့..

အဲဒါ ဘာဖြစ်ဖြစ်ပါတော်..

ဒီရွာဘက်ရောက်မှတော့  ကျုပ်ဘဝါဘဝက ပြုပြုသမျှ ကုသလတွေကို

မိတ်ဆွေရွာသား  ကြပ်အများကို

အမျှ .. အမျှ .. အမျှရစေ   မေတ္တာဝေပါရဲ့ ..

ကျန်းမာ ချမ်းသာ လန်းဖြာကြပါစေ…

လိုရာခရီး  ဝိုင်းဘီအက်စ်စီးပြီး  လွယ်ကူသက်သာ ရောက်နိုင်ကြပါစေ..

နောက်တစ်ခါကြုံလို့  လူစုံစုံတွေ့မှ

လမ်းဆုံကအတင်းအဖျင်း သတင်းပလင်းတွေ ဖေါက်သည်ချဦးမပေါ့တော်..

7 comments

  • surmi

    January 21, 2017 at 8:16 am

    သာဓု သာဓု သာဓု 🙂

  • Thint Aye Yeik

    January 21, 2017 at 9:15 am

    လမ်းဆုံက ချစ်စုကို
    နမ်းရုံမက အပြစ်မရှုလိုပါဘု။

    တစ်ခုလောက် မေးရရင်
    ခင်ညားက
    ဘယ်သူလား
    :k:

  • လုံမလေးမွန်မွန်

    January 21, 2017 at 12:04 pm

    ရွာပြင်က ပတ်ချောင်းလိုက်.. ရွာထိပ်တက်ကပ်နေတဲ့ မြစ်ဆုံနဲ့ ဘာသာခြားစာတွေ နေထားတဲ့ ဘာမှတ်တမ်းဆိုလား အဲဒါကလွဲပြီး ကျန်တာတွေက ဖဘရောက်နေသလား ထင်ရတာနဲ့ ပြန်ပြန်သွားတာ :mrgreen:

  • aye.kk

    January 21, 2017 at 12:38 pm

    လမ်းဆုံက ချစ်စု
    သာဓု သာဓု သာဓုပါ။

  • ဝင့်ပြုံးမြင့်

    January 22, 2017 at 9:27 pm

    ဒါဆို ကြပ်ရွာကြီးဖြစ်သွားပြီပေါ့။ ဟုတ်မှာ

  • ဇီဇီ

    January 23, 2017 at 7:49 am

    ဒီလေသံက အတော်ရင်းရင်းနှီးနှီးကြီး သိနေသလိုပဲ။
    နေကောင်းလားး
    ထမင်းစားပြီးပြီလားး

    :k:

  • Ma Ei

    January 23, 2017 at 3:10 pm

    မှားဘူး
    မှားဘူး
    အိုက်လိုကိုဖြစ်နေတာ… တကထဲ
    ပြောကိုပြောချင်တော့ဘူး
    အာ့နဲ့ လမ်းဆုံကအတင်းအဖျင်း သတင်းပလင်းတွေ ဆိုတော့ စိတ်ဝင်စားသအေ့ ပြောပြလေ…ဒါမှ လူစုံလာမှာ 🙂

Leave a Reply