အမြန်လမ်း-ပြောင်းလဲချိန်တန်ပြီလား

alinsettJanuary 23, 20171min3126

“မပြန်လမ်း”တဲ့လား – ပြန်ချင်စိတ်က အဓိကပါကွယ်…


‌အထက်ပါ link ကတော့ ”မပြန်လမ်းတဲ့လား – ပြန်ချင်စိတ်က အဓိကပါကွယ်…”ဆိုတဲ့ အမည်နဲ့ အမြန်လမ်းအကြောင်း ပွစိပွစိနည်းနည်း ပြောထားတဲ့ပိုစ့် ဖြစ်ပါတယ်။

 

 

အဲ့ဒီပိုစ့်ကို ရေးတုန်းက နိုဝင်ဘာ ၂၂/၂၀၁၆ ။ အဲဒီပိုစ့်ထဲမှာ
အမြန်လမ်းရဲ့ အလယ်က လမ်းအလယ်ကျွန်းကြီးဟာ မလိုအပ်ဘဲ သိပ်ကြီးပြီး ကျယ်နေလွန်းတယ်လို့ ကျနော် ဝေဖန်ခဲ့ပါတယ်။

မပြန်လမ်းတဲ့လား…ပိုစ့်မှ

 

 

 

 

 

 

 

 

 

 

 

 

 

 

 

မပြန်လမ်းတဲ့လား. . .ပိုစ့်မှ

 

 

 

 

 

 

 

 

——–

 

 

 

 

 

 

 

 

အဲ့ဒီလမ်းအလယ်ကျွန်းကြီးကို ဟိုဘက်ဒီဘက် တစ်ဖက် တစ်ပေလောက်စီသာ ဖြိုချလိုက်ပြီး ပြန်ပြင်လိုက်ရင် ကားတွေလည်း ချောင်ချောင်ချိချိ ကျော်တက်လို့ ရမယ်လို့ အကြံပြုစာလေး ထည့်ရေးခဲ့မိတယ်။

၂၀၁၆ ဒီဇင်ဘာလထဲမှာ ကျနော် အမြန်လမ်းမပေါ်ကနေ ခရီး ထပ် သွားဖြစ်ပါတယ်။

တိုက်တိုက်ဆိုင်ဆိုင်ပဲ. . .အမြန်လမ်းတလျှှောက် နေရာ တော်တော်များများမှာ လမ်းအလယ်ကျွန်းကို ဖြိုချနေတာ တွေ့ခဲ့ပါတယ်။

 

ဒီဇင်ဘာလတုန်းက လမ်းလယ်ကျွန်းကို ပြင်နေစဉ်(အမြန်လမ်းတစ်နေရာ)

 

 

 

 

 

 

 

 

 

ဒီဇင်ဘာလတုန်းက လမ်းလယ်ကျွန်းကို ပြင်နေစဉ်(အမြန်လမ်းတစ်နေရာ)

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

လမ်းအလယ်ကျွန်းရဲ့ အပြစ်အနာအဆာကို ကျနော် ထောက်ပြခဲ့ပြီး တစ်လအတွင်းမှာပဲ ပြန်လည် ပြင်ဆင်နေတာကို တွေ့လိုက်ရတော့. . .ကျနော် ပြောတာကိုများ ကြားသွားပြီး ပြန် ပြင်ဖို့ လုပ်နေကြလေသလားလို့တောင် ထင်မိပါရဲ့။

 

 

ဒါပေမယ့် လမ်းအလယ်ကျွန်းကို ဖြိုချပြီး လမ်းအလယ်ပိုင်းကို ပြင်နေတာသာ မြင်ခဲ့ရတာပါ။ ကျနော် ဒီဇင်ဘာလအတွင်း မြင်ခဲ့ရတဲ့ ပြင်ဆင်မှုတွေဟာ လက်စမသတ်သေးပါဘူး။

ဘာကို ပြင်တာလဲ ?
ဘယ်လိုပုံစံ ဖြစ်နေပြီလဲ?
ဆိုတာကိုတော့ ကျနော် ဒီနောက်ပိုင်း မသွားဖြစ်သေးလို့ မသိတော့ပါဘူး။

ဆိုတော့ အခု အဲ့ဒီပြင်ဆင်မှုနောက်ပိုင်း တစ်လဝန်းကျင် ရှိပါပြီ။

အမြန်လမ်းကြီး ဘယ်အခြေအနေ ရောက်နေပြီလဲ ဆိုတာလေး သိချင်မိပါတယ်။

ဒီရက်ပိုင်းအတွင်း ဖြတ်သန်း သွားလာသူများ သတင်းထူးများ ရှိရင် မျှဝေပြောကြားပေးပါအုန်းခင်ဗျား။

———————————————

ချစ်ခင်လေးစားလျက်
သင့်အေးရိပ်
23-Jan-2017

 

 

6 comments

  • kai

    January 23, 2017 at 5:53 pm

    ဆောက်လုပ်ရေးဝန်ကြီးဖတ်မိသွားတယ်လို့.. မထင်ပါ..။
    သို့သော်.. စွတ်စက်ကား မရေးလင့်..။ :k:

    • Thint Aye Yeik

      January 23, 2017 at 10:08 pm

      ဆောက်လုပ်ရေးဝန်ကြီးရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ ဘာတို့များ ဖတ်မိသွားလေသလား
      စွတ်စက် မရေးရဲတော့လေပြီ
      :k:

  • ကထူးဆန်း

    January 26, 2017 at 12:47 pm

    ဆြာ…. လမ်းလယ် ကျွန်းတွေ ကို အမြင့်မထား အောက် ချ ဖို့ကို ဥိးဝင်းခိုင် ရက် ၁၀ဝ အတွင်းမှာ အမြန်လမ်းပြန်ပြင်မယ် ဆို ပြီး အလော သုံးဆယ် လုပ် ကထဲ က ပြောစဖြို ကြိတ် နေတာပါ ။ အဲ့ တုန်းက သူပြောခဲ့တာတွေ မှာ လဲ ပါ ပါတယ် ..ဘယ်လိုပြင်မယ်ဆိုတာ ..လမ်းလယ် တွေမြင့်နေလို့ နိမ့်ချ မယ် ချဲ့ မယ်ဆိုတာ …. ဆြာ မရေးခင် ကထဲ ကသူတို့ လုပ်တာပါ ။။ အင်ဂ ျင်နီယာတွေ ကိုတောင် သွား ဟောက်လိုက်သေးတယ်လေ ….
    အဲ ပြီးတော့ မိုးတွင်းကြီး ဆိုတော့ တို့လို့တန်းလန်းနဲ့ ဘာမှ တိုးတက်မလာ ဘဲ သူလည်း အသံမကြား ရတော့တာ ..
    အခု ပွင့်လင်း ရာသီမှာမှ ထင်သာမြင်သာ ရှိလာတာပါ ….
    ဆောက်လုပ်ရေးဝန်ကြီး က ကြည့် ရတာ ရထားတဲ့ ဘတ်ဂ ျတ်တွေ အားလုံးထုတ် သုံးနေပုံရပါတယ် …AH လမ်းတွေ လဲ အကုန် ချဲ့ နေပါတယ် .. ဒါပေမဲ့ အသံမထွက်ကြိတ်လုပ်နေပုံဘဲ … 🙂 🙂

    • Thint Aye Yeik

      January 26, 2017 at 4:10 pm

      ဟုတ်လား။

      ဘာပဲ ဖြစ်ဖြစ်ပါလေ…. ဒီဇင်ဘာတုန်းက သွားတုန်းကတော့ … ပြင်နေတာတွေ…
      လမ်ဘေးဘက်ကိုပါ.. ချဲ့ပေးနေတာလေးတွေ နေရာတော်တော်များများမှာ တွေ့ခဲ့ရလို့… ကျေနပ်မိပါရဲ့။
      မှန်မှန်ကန်ကန် ဖြစ်လာလိမ့်မယ်လို့… မျှော်လင့်ရတာပဲ…
      ဦးထူးရေ…

    • Ko chogyi

      January 27, 2017 at 2:28 pm

      အသံမထွက်အောင် ကြိတ်လုပ်တာတော့အမှန် လမ်းတွေ့ချဲ့တယ် အစွန်ဘက်ကို ၅ ပေ စီ၊ လုပ်ငန်းရှင်တစ်ဦးကို မိုင် ၂ဝ ပဲ လုပ်ခွင့်ပေးတော့ အလုပ်သမား စက်ကိရိယာ ရွှေ့ပြောင်းစရိတ်မကိုက်လို့ သိပ်မလုပ်ကြ

      • Thint Aye Yeik

        January 27, 2017 at 2:42 pm

        အင်းးးး
        အဲ့ဒါ မသိသေးဘူး။

        ကျနော်မြင်တာတော့ လမ်းတွေ ကောင်းသွားဖို့ လုပ်တာမှာ
        အစိုးရကို ကူတဲ့အနေနဲ့ရော တိုင်းပြည်နဲ့တိုင်းသူပြည်သားတွေအကျိုး ရှိစေဖို့ပါ တွေးပြီး
        သိပ်မကိုက်လည်း မရှုံးရင် လုပ်လိုက်ကြသင့်တယ်ထင်တာပဲ။
        အရင်ခေတ်ကလို အချီကြီး ဘုံးရမှ လုပ်မယ်ဆိုတဲ့ စီးပွားရေး အရမ်းဆန်တဲ့သူတွေ မု မု
        :k:

Leave a Reply