ရေတွေကနိမ့်ရာကနေ မြင့်ရာကိုစီးဆင်းနေတဲ့နေရာ

Mon LayJanuary 26, 20171min1401

Portugal နိုင်ငံမှာ ရေတွေကနိမ့်ရာကနေ မြင့်ရာကိုစီးဆင်းနေတဲ့ထူးဆန်းတဲ့ နေရာတစ်ခုရှိပါတယ်။Portugal နိုင်ငံမှာထူးဆန်းတဲ့နေရာတွေ အများကြီးပါ။ Sintra မြို့ကရဲတိုက်ကြီးတွေ၊ အလယ်ခေတ်ရဲတိုက်တွေနဲ့၊ Porto မြို့မှာရှိတဲ့ နန်းတော်တွေပဲဖြစ်ပါတယ်။ ဒါပေမယ့် အဲ့ဒီ့နေရာတော်တော် များများရဲ့ သမိုင်းတွေက လူတိုင်းနားလည်အောင် ရှင်းပြလို့ရပါတယ်။

“Braga Bon Jesus” ဆိုတာကတော့ တခြားနေရာတွေထက် ထူးခြားတဲ့နေရာတစ်ခုပါ။

Braga Bon Jesus

Braga Bon JesusLisbonမြို့မြောက်ပိုင်းကို၃နာရီခွဲလောက်အချိန်ယူပြီးဆက်သွားရင်ရောက်နိုင်တဲ့Bragaဆိုတဲ့မြို့ငယ်လေးကိုပေါ်တူဂီရဲ့ရောမလို့ခေါ်ကြပါတယ်။အကြောင်းအရင်းကတော့၎င်းရဲ့ရင်သပ်ရှုမောဖွယ်ဘုရားကျောင်းတွေနဲ့ဗိသုကာလက်ရာ တွေကြောင့်ပဲဖြစ်ပါတယ်။ဒီမြို့လေးကိုရောက်ရင် (၃)ရာစုလောက်က အချိန်တွေကိုပြန်ရောက်သွား သလိုခံစားရမှာဖြစ်ပြီး လူတော်တော်များများကတော့ မြတ်သော Jesus ရဲ့တောင်လို့ အဓိပ္ပာယ်ရတဲ့ “Bom Jesus de Monte” ဆိုတဲ့ ဘုရားကျောင်းရှိရာတောင်ပေါ်ကို သွားရောက်ဖို့အတွက် လာကြပါတယ်။ ဒါပေမယ့်အဲ့ဒီ့ လှပပြီးပန်းချီကား တစ်ချပ်သက်ဝင်နေ သလိုဖြစ်နေတဲ့ ဘုရားကျောင်းရဲ့ အနောက်ဘက်မှာ driver တွေအသိချင်ဆုံး ထူးဆန်းမှုတစ်ခုရှိနေပါတယ်။

32396921bom-jesus-de-braga

အဲ့ဒါကတော့ပုံမှန် အတိုင်းဆို သာမန်တောင်ကုန်းလေးပါပဲ။ ဒါပေမယ့် အဲ့ဒီတောင်ကုန်းရဲ့ အောက်ခြေမှာ ကားကိုဂီယာ  freeထားလိုက်ရင်အံ့ဩဖွယ်ရာ တစ်ခုကိုကြုံ  တွေ့ရပါ လိမ့်မယ်။အဲ့ဒါကတော့ကားက နောက်ကိုပြန်လိမ့် ဆင်းသွားရမယ့် အစား တောင်ကုန်းပေါ် ကိုတက်သွားတာပါ။

အပေါ်ယံကြည့်မယ်ဆိုရင်တော့ စိတ်လှည့်စားမှုတစ်ခုလို့ထင်နိုင်ပြီး driver အချို့ဆို မိတ်ဆွေတို့ကို စနောက်သလိုလုပ်ပြပါလိမ့်မယ်။ ဒါပေမယ့် အဲ့လိုဖြစ်ရတဲ့ အကြောင်းအရင်း ကိုရှင်းပြထားပါတယ်။ ဒီလိုမျိုးဖြစ်တဲ့နေရာတွေ ကမ္ဘာပေါ်မှာ အများကြီးရှိပါသေးတယ်။ အဲ့လိုနေရာတွေကိုဆွဲငင်အားရှိတဲ့ တောင်ကုန်းတွေ၊(သို့မဟုတ်)ပတ်ဝန်းကျင်မှာရှိတဲ့ ရေမြေတောတောင်တွေကြောင့် မြင့်တက်သွားတဲ့နေရာတွေ လို့ပြောကြပါတယ်။ တကယ်တော့ တက်သွားပြီးရင် နည်းနည်းတော့ပြန်ကျ တတ်ပါတယ်။

Io9ရဲ့  ပြောကြားချက်အရအဲ့လိုတောင်ကုန်းအများစုကမိုးကုတ်စက်ဝိုင်းကိုအလွယ်တကူမမြင်နိုင်တဲ့ နေရာမျိုးမှာရှိတတ်ပြီးဘယ်ဘက်ကအမြင့်ပိုင်း၊ ဘယ်ဘက်က အနိမ့်ပိုင်းဆိုတာ မခွဲခြားတတ်အောင် ဖြစ်နေတတ်ပါတယ်။

dft

ဒီအကြောင်းကို သိရှိပြီးသွားပြီဆိုရင်တော့ ကားတွေတောင်ပေါ်ကို အလိုလိုတက်သွားတဲ့အခါ ၊ရေတွေအထက်ပိုင်းကို ဆန်တက် စီးဆင်းနေတဲ့ အခါနားလည်ဖို့ လွယ်ကူသွား ပါလိမ့်မယ်။ ရူပဗေဒ သဘောတရားကို မစဉ်းစားမိရင်တော့ ဒီအဖြစ်အပျက်ကြီးက ခရီးသွားတွေ အတွက်အကြီးစားကျီစယ်မှုတစ်ခု လိုဖြစ်နေပါလိမ့်မယ်။

Reference : www.travelandleisure.com
Image Credit : www.travelandleisure.com,www.fortyfields.com

One comment

  • Thint Aye Yeik

    January 26, 2017 at 2:59 pm

    ရေတွေကနိမ့်ရာကနေ မြင့်ရာကိုစီးဆင်းနေတဲ့နေရာ – သျှားသက်မာန်
    Posted by သျှားသက်မာန် on Jan 19, 2017 in Copy/Paste, Travel | 8 comments
    http://myanmargazette.net/228448

    ဒီပိုစ့်က အထက်ပါ လင့်ခ်မှာ ဒီလ ၁၉ ရက်နေ့ကမှ… သျှားမမ ကိုယ်တိုင် တင်ထားပြီးသားလေ…
    ရ ရက်ပဲ ရှိသေးတယ်…။ မေ့သွားပြီလား…။ ဘာလို့ ထပ်တင်တာတုန်း။
    ဂဇက်ထဲ ဝင်တဲ့သူတွေကို ဒီပိုစ့်ကို အလွတ်ကျက်စေချင်လို့ မကြာမကြာ ပြန် တင်ပေးတာလား ဘာလား

    အသစ်ကလေးတွေ… လုပ်ပါအုန်း..။

    :k:

Leave a Reply