“ဆင်ခြင်စရာ “

“ဆင်ခြင်စရာ”

 

လူအတော်များများက

အောက်ကပုံလေးကို

ပြပြပြီး

အဆင့်ဆင့်ဖိနှိပ်ခံရပါတယ်

မတရားခံရပါတယ်လို့ပြောကြပါတယ်။

မှန်လိုက်တာဆိုပြီးထောက်ခံကြပါတယ်။

 

ဟုတ်ပြီ

ကျနော်မေးမယ်

“ကိုယ်တိုင်ကရော ရုန်းထွက်ဘို့ကြိုးစားပါသလား?”

 

အခုခေတ်မှာ အရင်ကထက်စာရင်

အလုပ်အကိုင်ပေါပါတယ်။

ကိုယ်လက်ရှိလုပ်နေတဲ့အလုပ်က

ဖိနှိပ်ခံရတယ်ထင်လို့ရုန်းထွက်ဘို့ကတော့

မိမိကိုယ်တိုင်အလုပ်ကြိုးစားဘို့လိုပါတယ်

အလုပ်အပေါ်စေတနာထားလုပ်ဘို့လိုပါမယ်

မိမိမှာပင်ကိုယ်အရည်အချင်းချို့တဲ့နေရင်တော့

သူများရဲ့ဝန်ထမ်းမဟုတ်ဘဲ

ပိုင်ရှင်ဖြစ်နေရင်တောင်မှ

ကိုယ့်ပြိုင်ဘက် က နင်းတာခံရမှာပါဘဲ။

ကိုယ်အနင်းခံရတယ်ထင်ရင်

လာနင်းသူကိုအပြစ်မတင်ပါနဲ့

မိမိကြိုးစားမူ့နဲ့ရုန်းထွက်ဘို့ကြိုးစားပါ။

အခုခေတ်ကြီးမှာ အသားလွတ် ဖိနှိပ်လို့ရတဲ့

ခေတ် ကုန်ပါပြီ။

သူများကိုအပြစ်တင်မယ့်အစား

ကိုယ့် ကိုယ် ကိုပြန်သုံးသပ်ပါ။

 

”  သူများအနင်းခံရလောက်အောင် ကို

ငါအတော်ညံ့ဖျင်းနေသလား  ”

ဆိုတဲ့မေးခွန်းကိုမှန်ကြည့်ပြီးမေးပါ။

 

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး

၂၆၁၁၇

4 comments

  • Thint Aye Yeik

    January 26, 2017 at 5:29 pm

    တန်ဖိုးရှိတဲ့ အတွေးပါ…
    ကျနော်တို့ လူငယ်တွေ မှတ်သားသင့်ပါတယ်။

  • ko six

    January 28, 2017 at 12:21 am

    ဟုတ်ကဲ့။
    တော်တော်လေး နှစ်ခြိုက်
    မိပါတယ်။

Leave a Reply