ကမ္ဘောဇတိုင်းဌာနီ….မောတို့ဌာနေသို ့တစ်ခေါက်??

Mon LayJanuary 1, 201713min1451

????ဝေသီခေါင်အောင်..မြင့်မားတဲ့မြေ…တောင်ပေါ်လမ်းက..ကားလေးနဲ ့လေ…..??ဆိုတဲ့အတိုင်းမြင့်မားတဲ့တောင်များကိုကွေ ့ပတ်သွားရတဲ့တောင်ကြီး၊

ပင်းတယ၊အင်းလေးခရီးစဉ်ကိုဖောင်တော်ဦးဘုရားပွဲတော်အမှီအရောက်သွားခဲ့ပါတယ်။

#ဘယ်လိုသွားလဲ??

ရုံးကအမတွေညီမတွေနဲ ့ဘတ်စ်ကားလက်မှတ်ဖြတ်ပြီးတော့သွားခဲ့ကြပါတယ်။ကားခတွေကတော့ အစားစားပဲ။

မနက်(၈)နာရီ၊ညနေ (၆)နာရီ ထွက်တာက Lumbini (VIP – 18000 kyats)?

မနက်(၈)နာရီ၊ညနေ(၅)နာရီ၊ည(၆)နာရီထွက်တာက        Elite ( Executive – 14300 kyats/Business – 22300 kyats)? နဲ ့ပုဂံမင်းသား (VIP – 18500 kyats)?

မနက်(၈)နာရီ၊နေ ့လည်(၃)နာရီနဲ ့ည(၆)နာရီထွက်တာက         ဒို ့ညီနောင် (ရိုးရိုး – 11300 kyats)?

ညနေ(၄)နာရီထွက်တာက ရွှေမန်းသူ (ရိုးရိုး – 10700 kyats)?

ညနေ(၆)နာရီထွက်တာက မန္တလာမင်း (ရိုးရိုး – 12500 kyats) ?၊ မန်းသစ္စာ (ရိုးရိုး – 11300 kyats)၊ JJ express (VIP – 19800 kyats)၊ တို့ ရှိပါတယ်။..ကျန်တဲ့လိုင်းကားတွေလည်းရှိပါသေးတယ်.သိတဲ့သူများမန် ့သွားကြပါ ဦးနော်..❗️❗️

ရန်ကုန်ကနေအင်းလေးကိုကားစီးမယ်ဆိုရန်ကုန်-တောင်ကြီးလက်မှတ်ကိုဖြတ်ပြီးစီးမှရပါမယ်။ပြီးတော့ညောင်ရွှေမှာဆင်းကျန်ခဲ့ရပါမယ်။အဲလိုပဲ အပြန်ကျရင်လည်းညောင်ရွှေကားဂိတ်မှာစောင့်စီးရပါမယ်။

ရန်ကုန်ကနေညနေထွက်တဲ့ကားစီးလာပြီးတော့အောင်ပန်းကိုမနက် (၄)နာရီဝန်းကျင်လောက်ရောက်သွားပါတယ်။အဲ့မှာမနက်စာစားပေါ့။ပြီး တာနဲ ့တောင်ကြီးကိုဆက်တက်ကြတယ်။ မွန်လေးတို ့ကတော့ညောင်ရွှေမှာ ဆင်းကျန်ခဲ့ကြပြီးဘွတ်ကင်လုပ်ထားတဲ့ဟိုတယ်ကိုတုတ်တုတ်နဲ ့ဆက်သွားခဲ့ကြ ပါတယ်။

#ဘယ်မှာတည်းကြလဲ??

မွန်လေးတို ့ကတော့လှေဆိပ်နဲ ့မလှမ်းမကမ်းမှာရှိတဲ့၊လှေဆိပ်ကိုလမ်းလျှောက်သွားရင်(၅)မိနစ်ပဲရှိတဲ့ Gold Star Hotelမှာတည်းခဲ့ကြတယ်။ဈေးကလည်း၂ယောက်

ခန်းတစ်ခန်းမှ(၂၈၀၀၀)ထဲရယ် (အေဂျင့်နဲ ့ချိတ်တဲ့ဈေးပါ)ဟိုတယ်မှာအထုပ်တွေချပြီးတာနဲ ့အင်းထဲသွားဖို ့လှေဆိပ်ကိုဆင်းကြပါတယ်။

ဖောင်တော်ဦးဘုရားပွဲတော်အမှီလာကြတာဆိုတော့လေ။ ??

ဘုရား(၄)ဆူဒေသစာရီကြွချီလာမယ့်ရွာကိုလှေနဲ ့နောက်ကလိုက်ကြရတာပေါ့။တစ်ရက်နဲ ့တစ်ရက်ဒေသစာရီကြွတဲ့ရွာချင်းမတူပါဘူး။ အင်းလေး၊ဖေါင်တော်ဦးဘုရားပွဲကို နှစ်စဉ် သီတင်းကျွတ်လဆန်း (၁)ရက်နေ့ကနေ သီတင်းကျွတ်လဆုတ် (၃)ရက်နေ့အထိ ဖောင်တော်ဦးဘုရားများကိုမင်္ဂလာဖောင်တော်ပေါ်တင်ပြီးတော့  ညောင်ရွှေမြို့နဲ့အင်းလေးကန်အနီးတဝိုက်မှာရှိတဲ့ ရွာပေါင်းနှစ်ဆယ်လောက်ဆီကို လှည့်လည်အပူဇော်ခံပါတယ်လို့ သိရပါတယ်။ထို ပွဲကို ကျောင်းတော်

ထုတ်ပွဲလို ့လည်းခေါ်လေ့ရှိပါတယ်။ကြာတဲ့ရက်ကလည်း(၁၈)ရက်လောက်

တောင်ဆိုတော့ကိုယ်အားတဲ့ရက်နဲ ့ချိန်ပြီးအင်းလေးဖောင်တော်ဦးပွဲတော်ကိုဆင်နွှဲလို ့ရပါတယ်လိုု့။ဟိုးတုန်းကတော့ ရုပ်ပွားတော် ငါးဆူစလုံး ပင့်ဆောင်ပူဇော်ခံ         ခဲ့ပေမယ့် ၁၉၆၈ခုနှစ်မှာ ဒေသစာရီလှည့်လည်တော်မူချိန်မှာ အင်းရေပြင်တွင် မိုးကြီး၊ လေကြီး မြင်းပြင်းထန်ထန် ရွာခဲ့လို ့ဖောင်တော်ကြီးဟာ ရုပ်ပွားတော် ၅ ဆူနှင့်အတူ နစ် မြုပ်ခဲ့ပါတယ်။လူပေါင်းများစွာရေထဲဆင်းပြီးရုပ်ပွားတော်များကို ရှာပေမဲ့ ၄ ဆူကို သာ ပြန်တွေ ့ပြီး ကျန်တစ်ဆူကို လုံးဝရှာလို ့မတွေ ့ခဲ့ပါ။ ဒါပေမဲ့ ဖောင်တော်ဦး ကျောင်း တော် ကို ပြန်ရောက်ပြီး ဂန္ဒကုဋီတိုက်ဖွင့်လိုက်တဲ့အခါ ရေအောက်မှာ ရှာမတွေ ့ ခဲ့တဲ့ ရုပ်ပွားတော်ကို ဦးခေါင်းမှာ ရေမှော်များတင်ထားတဲ့အတိုင်း မူလပလ္လင်ပေါ်တွင် အံ့ဩဖွယ် ဖူးတွေ ့လိုက်ကြရပါတယ်။ နောက်တစ်ကြိမ်တွင်လည်း အင်းတိမ်ရွာအရောက် တွင် မိုးလေသည်းထန်စွာ တိုက်လို ့ ထိုရုပ်ပွားတော်ကို ညတွင်းချင်းပင် မူလစံကျောင်းသို့ ပြန်လည်ပင့်ခဲ့ရပါတယ်။အဲ့အချိန်က စပြီး ပွဲတော်ကျင်းပတိုင်း ရုပ်ပွားတော် ၄ ဆူသာ ဒေသစာရီ ကြွချီတော်မူခဲ့ပါတော့တယ်။ရွာတွေကိုလှည့်လည်ပြီးတော့လည်းဆွဲလှေအစီး လေးဆယ်လောက်နဲ့အင်းသားတွေတပျော်တပါးကြီး၊ တမျှော်တခေါ်ကြီး၊ ကကြခုန်ကြ နဲ ့သူတို ့တွေလည်းပျော်၊ကိုယ်တွေလည်းပျော်ပေါ့။ ကျောင်းတော်တက်ပွဲပြီးတာ နဲ့ လှေပြိုင်ပွဲကျင်းပကြပါတယ်။ ကမ္ဘာမှာတစ်နေရာထဲရှိတဲ့ ခြေထောက်နဲ့လှော်တဲ့ပြိုင်လှေကြီးတွေပြိုင်ကြတာရင်ခုန်ဖွယ်ရာပါ။ လှေသေးသေးရှည် ရှည်လေးပေါ် လူလေးဆယ်ကျော်တက်ပြီးခြေထောက်အားနဲ့လှော်ကြတာဖြစ်လို့အလွန်မြန်ပါတယ်။ကြည့်ရတဲ့သူတောင်ရင်ခုန်စိတ်လှုပ်ရှားရပါတယ်။???

#credit#credit

#အင်းလေးကန်

ညောင်ရွှေချိုင့်ဝှမ်းကြီးရဲ ့အလယ်..အနက်ရှိုင်းဆုံးအပိုင်းက အင်းလေး ကန်သာဝယ်…ဆိုတဲ့အတိုင်းအင်းလေးကန်ကြီးကမြန်မာတို့ရဲ့ ဂုဏ်ယူဖွယ်ရာ ရှမ်းပြည်နယ်ရဲ့ အမှတ်အသားလည်းဖြစ်ပြီး ညောင်ရွှေမြို့နယ်မှာ ရှိပါတယ်။ အင်းထဲကိုလည်ဖို ့စက်လှေခကတစ်စီးကို (၂၄၀၀၀)ပါ။အသွားအပြန်ပေါ့။ စီးလုံးမငှါးဘူးဆိုရင်တော့လူများတဲ့အထိစောင့်ရပါတယ်။ ဇင်ယော်လေးတွေကို အစာကျွေးဖို့ပဲခွေလေးတွေနဲ ့ငါးလေးတွေအတွက် ပေါက်ပေါက်လေးတွေ လည်းလှေဆိပ်မှာရောင်းပါတယ်။

#အင်းလေးကန်အတွင်းက တန်ခိုးကြီးဖောင်တော်ဦးဘုရား??

“အင်းလေးဖောင်တော်ဦးဘုရားသည် အင်းလေးကန်ရှိ နန်ဟူးရွာ၌ တည်ရှိသော ဘာသာရေးဆိုင်ရာ ကိုးကွယ်မှုတစ်ခုအနေဖြင့် သာမက၊ မြန်မာနိုင်ငံရှိ ခရီးသွားဧည့်သည်များကို ဆွဲဆောင်နိုင်သည့် အရာလည်းဖြစ်သည်။ သက္ကရာဇ် (၇၂၁)ခုနှစ်တွင်ညောင်ရွှေမြို့ကိုတည်ထောင်ခဲ့သော စော်ဘွားကြီး ဆီဆိုင်ဖ လက်ထက်လွန်ခဲ့သောနှစ်ပေါင်း(၆၄၄)ခန့် ကာလ (ယခု)သန်းထောင် ဘုရားနယ်မြေအတွင်း တစ်ခုသောနေရာတွင် တောခြုံပိတ်ပေါင်းတို့ဖြင့်ဖုံးလွှမ်းကွယ်ပျောက်လျက်ရှိ

သော လိုဏ်ဂူ အတွင်းမှ ဘုရားဓာတ်တော်၊ မွေတော်များ ရောင်ခြည်တော် ကွန့်မြူးသည်ကို သန်းထောင်နယ်သားတို့ ဖူးမြင်တွေ့ရှိကြရသည်။ ထိုအခါ စော်ဘွားကြီး ဆီဆိုင်ဖထံ သွားရောက် သတင်းပေးကြသည်။
ထိုအခါ စော်ဘွားကြီး ဆီဆိုင်ဖသည် အားရဝမ်းသာဖြင့် ဆွေတော် မျိုးတော် မှူးမတ်တို့နှင့် ပရိတ်သတ်လေးပါးမြောက်များစွာ ခြံရံ၍ သန်းထောင်အရပ်သို့ ထွက်လာကာ မြက်ခြုံပိတ်ပေါင်းတို့ကို ရှင်းလင်းခုတ်ထွင်ပြီး လိုဏ်ဂူကို တူးဖော်ကြည့်ရာ ဘုရားရှင် ရုပ်ပွားတော် (၅)ဆူတို့ကို ဖူးမြင် တွေ့ရှိရပေသည်။ ၎င်းရုပ်ပွားတော် ငါးဆူတို့အနက် နှစ်ဆူမှာ ရဟန္တာပုံတော် ဟုသိရပါသည်။ ၎င်းရုပ်ပွားတော် (၅) ဆူကို ဖောင်တော်ဦး ရုပ်ပွားတော်ဟု ခေါ်ဝေါ်သည်။စော်ဘွားကြီးဆီဆိုင်ဖသည် ယင်းရုပ်ပွားတော်မြတ်(၅)ဆူကိုမိမိ၏ နေပြည်တော်ညောင်ရွှေမြို့တော်သို့ ပင့်ဆောင်ပြီးဟော်နန်းဦးစံပြဿသာဒ်ပေါ်တွင် ကိုးကွယ်တော်မူပြီးမှ သီတင်းကျွတ် လဆန်း (၇) ရက်သို့ရောက်သောအခါဟော်နန်းဦးမှ အောက်သို့ ပင့်ယူပြီး လှပ တင့်တယ်စွာ ဆောက်လုပ်ထားသော ပြဿာဒ် မဏ္ဍပ်အတွင်းကောင်းစွာစံထားလျက် ပြည်သူပြည်သားတို့၏ အဖူးအမြော် အပူဇော်ခံပွဲသဘင် ဆင်ယင် ကျင်းပတော်မူခြင်း ဖြစ်သည်။ ဟော်နန်းဦးမှ မြို့သို့ ကြွဆင်းတော်မူသည်ကို အစွဲပြု၍ (စစ်ဘုရားလုံးစိုင်း) လူ့ပြည်သို့ကြွဆင်းလာသော မြတ်စွာဘုရားဟု ရှမ်းဘာသာဖြင့် ခေါ်တွင်သောကြောင့် မူလ ဖောင်တော်ဦးဟူသော အမည်မှာ အခိုက်အတန့်အားဖြင့် ကွယ်ပျောက်ခဲ့လေသည်။

သက္ကရာဇ်(၁၂၅၂)မှစ၍ ရုပ်တုတော်ငါးဆူကို နန်းဟူးရွာ၌ ထာဝရ ကျောင်းတော်ကြီးတည်ဆောက်ပြီး ကိုးကွယ်လာခဲ့ကြမှာ ယနေ့တိုင်ဖြစ်သည်။

အခြားအဆိုတစ်မျိုးမှာ အလောင်းစည်သူမင်းကြီးသည် တိုင်းခန်းလှည့်လည်တော်မူရင်း ဇမ္ဗုသပြေပင်ရင်းသို့ ရောက်ရှိတော်မူသည်။ ထိုအချိန်တွင် ဘီလူးမတစ်ဦးသည် သားငယ်ကိုပိုက်၍ မြစ်ကမ်းနားက ကြည့်နေရာ သားငယ်သည် မြစ်အတွင်းသို့ ကျသွားသည်။ အလောင်းစည်သူမင်းကြီး သိတော်မူလျင်ယမထာကြိမ်လုံးဖြင့်

ရေကိုပုတ်ခတ်ရာ ရေစောင့်နတ်က ဘီလူးမ၏သားကို ဆယ်ယူပေးအပ်လိုက်သည်။ ဘီလူးမသည် ဝမ်းသာလွန်း၍ ဟိမဝန္တာတောရှိ အနံ့မွှေးကြိုင်လှသောသရက္ခာန်အစစ်ကိုဖြတ်ယူ၍ အလောင်းစည်သူမင်းကြီးအား ဆက်သသည်။ သိကြားမင်းသည် အလောင်းစည်သူမင်းကြီးထံမှ သရက္ခာန်သားဖြင့်သရက္ခာန်ရုပ်တုတော်မြတ်ငါးဆူ၊ မြတ်ပေါင်းမဉ္ဇူတစ်ဆူ၊ ရှင်ဖြူ ရှင်လှနှစ်ဆူ၊ ပေါင်း ရှစ်ဆူထုလုပ်ပြီး အလောင်းစည်သူမင်းကြီးအား ဆက်သလေသည်။ သက္ကရာဇ်(၄၈၂)တွင် အလောင်းစည်သူမင်းကြီးသည် ပထမ၊ ဒုတိယ၊ တတိယ နှင့် စတုတ္ထသရက္ခာန် ရုပ်တုတော်လေးဆူကို

သန်းထောင်အရပ် ဖောင်တော်ပေါက်တောင်ခြေရင်း၌ ဌာပနာတိုက်တည်ဆောက်ပြီးလိုဏ်ဂူသွင်းထားသည်။ မြတ်ပေါင်းမဉ္ဇူဘုရား ရုပ်တုတော်ကို မဟာဂါမရွာကျောင်းဆရာတော် အရိယဓဇ ဓမ္မရာသီ ထံအပ်နှံခဲ့သည်။သက္ကရာဇ်(၇၂၁)တွင် သန်းထောင်အရပ် လိုဏ်ဂူသွင်းဌာပနာထားသည့် ရုပ်တုတော်မြတ်လေးဆူသည် ရောင်ခြည်တော်များ

ကွန့်မြူးခဲ့ကြသည်ကို တွေ့ရှိ၍တူးဖေါ်ကာ ညောင်ရွှေမြို့ ရွှေအင်းတိမ်ဘုရားကြီးသို့ ပင့်ဆောင်ခဲ့ကြသည်။ မဟာဂါမရွာကျောင်း၌ သီတင်းသုံးတော်မူသော မြတ်ပေါင်းမဉ္ဇူဘုရားရုပ်တုတော် နှင့်အတူ ကိန်းဝပ်တော်မူသည်။ သက္ကရာဇ်(၁၂၅၂)မှစ၍ ရုပ်တုတော်ငါးဆူကို နန်းဟူးရွာ၌ ထာဝရ ကျောင်းတော်ကြီးတည်ဆောက်ပြီး ကိုးကွယ်လာခဲ့ကြမှာ ယနေ့တိုင်ဖြစ်သည်။’

မွန်လေးတို ့လည်းရွှေသင်္ကန်းဝယ်ပြီးအမျိုးသားတစ်ယောက်ကိုရွှေသင်္ကန်းကပ်ခိုင်းပြီးဆွမ်းပွဲန ဲ့ပန်းတို ့ကပ်လို ့ရတယ်ပြောလို ့ကုသိုလ်ရအောင်ကပ်လှူခဲ့ပါတယ်။ဖောင်တော်ဦးစေတီမှာ ဗုဒ္ဓဆင်းတု ၅ ဆူ စံပါယ်တော်မူပေမယ့်

သဒ္ဓါတရားထက်သန်မှုကြောင့် ရွှေသင်္ကန်းတွေအကပ်များပြီးယခုအခါဆင်းတုတော်မှာမူလသွင်ပြင်ပင်မရှိတော့တာတွေ ့မြင်ရပါတယ်။

ဘုရားအပြင်ကိုထွက်လာကြတော့ တို ့ဖူးကြော်နံ ့လေးကလည်းသင်းလို ့သွားရည်ကျလာကြတာနဲ ့ အားလုံးသူနာရီဝက်လောက်

ထိုင်စားဖြစ်ခဲ့ကြပါတယ်။ရှမ်းတို ့ဖူးဆိုတာလေ..အရမ်းကောင်းမှန်းအင်းထဲရောက်မှသိခဲ့ရတာ..ရန်ကုန် မှာစားတဲ့တို ့ဖူးဆိုတာ..မာမှန်း ရှမ်းတို ့ဖူးစားမှသိတော့တယ်။ရေရေလည်လည် ဂွတ်တာ??..အပြန်တောင်ရန်ကုန်ရောက်ရင်စားချင်လွန်းလွန်း.ခေါင်တိုင်၅ရက်၁ဈေးမှာဝယ်သွားခဲ့သေးတာ။အင်းထဲရောက်ရင်စားဖြစ်အောင်စားခဲ့နော်။

အင်းတိန်ဘက်အသွားမှာအင်းထဲမှာရှိတဲ့နာမည်ကြီးယက်ကန်းရုံနဲ ့ ငွေထည် လုပ်ငန်းများရှိရာကိုလည်ပတ်ခဲ့ပါသေးတယ်။  လမ်းမှာ ရေပေါ်ဟိုတယ်တွေ စားသောက်ဆိုင်တွေ ရေပေါ်စိုက်ခင်းတွေ အိမ်လေးတွေလည်းရှိပါတယ်။ ပြီးတော့ အမှတ်တရပစ္စည်းရောင်းတဲ့ဆိုင်တွေ ငွေထည်လုပ်တဲ့နေရာတွေကို ဝင်ပြီးလေ့လာလို့ရပါသေးတယ်။ပြီးတော့ဖောင်တော်ဦးဘုရားဖူးပြီးရင်မဖူးမဖြစ်အလိုတော်ပေါက်ဘုရားကို လည်းဝင်ရောက်ဖူးမြေ်ာခဲ့ပါတယ်။??

အလိုတော်ပေါက်ဘုရားဝင်းထဲမှာလည်းရိုးရာလက်မှုပညာပစ္စည်းများရောင်းချတဲ့ဆိုင်တန်းလေးတွေလည်းရှိပါတယ်။

မြန်မာလက်မှုပစ္စည်းတွေဆိုဘယ်လိုသဘောကျမှန်းမသိလို ့အပြန်လက်ဆောင်လေးဝယ်ဖြစ်ခဲ့ပါတယ်။

#ကြောင်ခုန်ကျောင်း(ငါးဖယ်ချောင်ကျောင်း၊ တိုင်တစ်ရာကျောင်း)??

ကြောင်လေးတွေ(၇)ကောင်လောက်ပဲတွေ ့ခဲ့ပါတယ်။ဘုန်းကြီးတစ်ပါးကအဝိုင်းကွင်းကိုထောင်ပေးပြီးကြောင်တွေတစ်ကောင်ပြီးတစ်ကောင်ခုန်ကြတာတွေ ့ခဲ့ ပါတယ်။အရင်တုန်းကလောက်မခုန်ကြတော့ဘူးလို ့သိခဲ့ရပါတယ်။

#credit

#အင်းတိန် (ရွှေအင်းတိန်)??

အင်းတိန် က အင်းလေးက နေနာရီဝက်လောက်သာသာမောင်းရ.တယ်။ လှေဆိပ်ကနေဘုရားတွေဆီကို ရောက်ဖို ့ရွာလမ်းဝါးတောအုပ်လေးကို(၇)မိနစ်လောက်လျှောက်ရပါတယ်။   စောင်းတန်း က ရှည်တယ် ၊ ဘုရား

ရင်ပြင်ရောက်ဖို. တော်တော်သွားရပါသေးတယ်။စောင်းတန်းတစ်လျှောက် ဈေးသည်တွေ ရှိတော့ ပျင်းစရာတော.

မရှိ.ပါဘူး။သာသနာသက္ကရာဇ်(၂၀၀)တည်းကသီရိဓမ္မာသောကမင်းကြီးတည်ထားပေးခဲ့တာဖြစ်တဲ့ရှေးဟောင်းသမိုင်းဝင်ဘုရားပါ။

ခေတ်အဆက်ဆက်မင်းမြတ်  တွေပြုပြင်ကြည်ညိုစေချင်တဲ့စိတ်အစဉ်ကြောင့် အရံစေတီပေါင်း (၁၀၅၄)ဆူလှူ  ဒါန်းဖြစ်ခဲ့ပါတယ်။ဘုရားစေတီတော်တွေကိုစီရရီတည်ထားပုံကလည်းကြည်ညိုစရာအတိပါ။တချု ိ ့စေတီများမှာပျက်စီး    နေကြပါပြီ။အဲလိုမပြုမပြင်ဘဲသဘာဝအတိုင်းထားတာ ကိုကနိုင်ငံခြားသားတွေ

အမြင်မှာတန်ဖိုးဖြတ်စရာမရှိအောင်လှတဲ့အလှတရား ပင်မဟုတ်ပါလား။

အင်းတိန်ကအပြန်ကျတော့..အင်းထဲမှာမိုးတွေရွာနေပါလေရော….။??

#ခေါင်တိုင်

နောက်တစ်နေ ့မှာပင်းတယကိုသွားဖို ့ဟိုတယ်ကနေကားငှားပြီးသွားခဲ့ကြပါ တယ်။ ပင်းတယသွားမယ့်လမ်းမှာခေါင်တိုင်ရွာကိုခဏဝင်ခဲ့ကြပါတယ်။

အင်းလေးရဲ ့၅ရက်၁ဈေးကအဲ့နေ ့ခေါင်တိုင်မှာမွန်လေးတို ့ပင်းတယသွားမယ့်နေ ့ဖြစ်နေလို ့ပါပဲ။ဈေးထဲမှာပါးအို ့နီနီရှမ်းမလေးများ ခေါင်းပေါင်းလေးများ ပေါင်းလို ့ထားပြီးချစ်စဖွယ်ရှမ်းသံဝဲဝဲနဲ ့ဈေးသည်ကိုခေါ်နေကြတာတွေ ့ခဲ့ရပါတယ်။ရှမ်းရိုးရာအစားအစာတစ်ခုဖြစ်တဲ့ရှမ်းတို ့ဖူးကိုလည်းရန်ကုန်မှာစားဖို ့ဝယ်ခဲ့ပါသေးတယ်။??

ခေါင်တိုင်ရွာကရေပူစမ်း (Natural Hot Spring Inle) ကလည်းနာမည်ကြီးတဲ့ရေပူစမ်းပါ။

တစ်ယောက်ကို၁ထောင်ဆိုလားပဲ။ အချိန်လည်းမရှိတော့လို ့အပြင်ဝခြံထဲမှာပဲဓါတ်ပုံမှတ်တမ်းတင်ခဲ့ပါတယ်။ အဲ့ရေပူစမ်းရဲ  ့အရှေ ့ဘက်မှာလည်း မြေကြီးထဲကရေကအလိုအလျောက်ပူနေတဲ့၊မပြုမပြင်ဘဲထားတဲ့ရေပူ ကန်ကိုလည်းတွေ ့ခဲ့ပါသေးတယ်။

?ကြားဖြတ်လို ့တစ်ခုသတိပေးချင်ပါသေးတယ်။‼️‼️

မွန်လေးတို ့ပင်းတယကိုသွားတဲ့အခါအဖွဲ ့က လူ၈ယောက်ပါပါတယ်။ကား သမားနဲ ့ဆိုတော့ လူ၉ယောက်ပေါ့နော်။ကြားဖူးတာတော့လူ၉ယောက်နဲ ့ဆိုခရီး သွားရင်မကောင်းတတ်ဘူးတဲ့။အဲဒါကြောင့်ပဲလားမသိပါဘူး။လမ်းမှာကားက ပျက်ပါလေရော။နောက်တော့အဖွဲ ့ထဲမှာပါလာတဲ့အမတစ်ယောက်ကသတိ ထားမိလေတော့ကျောက်ခဲကို မောင်ကျောက်ခဲဆိုပြီးကားပေါ်ကိုတင်ခေါ်သွား   တော့မှပဲကားကပြန်ကောင်းသွားတာမှညောင်ရွှေကိုပြန်ရောက်တဲ့အထိပါပဲ။အကယ်လို ့ခရီးသွားတဲ့အခါကားထဲမှာလူ၉ယောက်ဖြစ်ခဲ့လို ့ရှိရင်၁ဝယောက်ပြည့်သွားအောင်ကျောက်ခဲလေးတစ်လုံးကိုဆောင်သွားပါလို ့။

#ပင်းတယ??

ပင်းတယလိုဏ်ဂူရဲ့ ထူးခြားချက်ကတော့ ဂူအတွင်းမှာ ဘုရားဆင်းတုတော်ပေါင်းများစွာတည်ထားကိုးကွယ်ထားတာရယ်နဲ ့မိန်းကလေးတွေလည်း ရွှေသင်္ကန်းကပ်လို့ရတာရယ်ပါပဲ။ အပေါ်ကို ဓါတ်လှေကားနဲ့ တက်လို့ရပါတယ်။မွန်လေးတို ့ကတော့ လှေကားနဲ ့လမ်းလျှောက်ပြီးပဲတက်ခဲ့ပါတယ်။ အပေါ်စီးကနေမြင်ရတဲ့ ရှမ်းပြည်နယ်ရဲ့အလှက ….လှလွန်းလို့ဘာနဲ ့တောင်နှိုုင်း ယှဉ်ပြရမယ်မှန်းမသိပါ။ ဂူအတွင်းရောက်သွားရင်ကိုပဲရင်ထဲမှာအေးချမ်းပြီး ဘုရားဆင်းတုတော်ပေါင်းများစွာကို ဖူးမျှော်ရမှာပါ။ အဝင်ဝနားက ပင့်ကူကြီးနဲ့ မင်းသားရုပ်လေးကတော့ ဓါတ်ပုံရိုက်ကြတဲ့နေရာလေးပေါ့နော်။အပြန်လက်ဆောင်တွေကတော့ ကားရပ်တဲ့နေရာက ဆိုင်တန်းလေးတွေမှာရောင်းတယ် ။ ပင်းတယကရှမ်းခေါက်ဆွဲကလည်းဘယ်လိုကောင်းမှန်းမသိ၊အရသာရှိပါဘိ။??

  

#ပုန်းတလုတ်ရေကန်

နာမည်ကျော် ပုန်းတလုတ်ရေကန်ကတော့ ပင်းတယနားမှာပဲ ။နီးနီးလေးရယ်။ ပုန်းတလုတ်ရေကန်မှာ ခဏဆင်းပြီး ဓါတ်ပုံရိုက်ကြတာ selfie တို ့groupfieတို ့ဆွဲတာအရမ်းလှတယ်သိလား။နောက်selfie တို ့ဆွဲလို ့ကောင်းတဲ့နေရာလေးကတော့ပင်စည်တောင့်တောင့်တင်းတင်းတွေရှိတဲ့၊အရိပ်ကောင်းကောင်း

ရတဲ့သစ်ပင်ကြီးတွေရှိတဲ့နေရာပဲ ဖြစ်ပါတယ်။ပင်းတယအဝင်ဝနေရာမှာလို ့ပဲပြောရမလားနော်။

#ကုံလုံ ဆရာတော်ဘုရားကြီး ??

ကုံလုံဆရာတော်ဘုရားကြီး ရုပ်ကလာပ်တော်ကို ဖူးမျှော်ချင်ရင်တော့ ပင်းတယကအပြန် တစ်ခါတည်းသွားလို့ရပါတယ်။ကုံလုံဆရာတော်ဘုရားဟာ သက်တော်ထင်ရှားရှိစဉ်ကတည်းက ရဟန္တာတစ်ပါးဖြစ်တယ်လို့ယုံကြည်ကြပါတယ်။တကယ်လည်း ပရိနိဗ္ဗာန်စံတဲ့အချိန်မှာ ရုပ်ကလာပ်တော်ဟာ မပျက်စီးမယိုယွင်းဘဲ အကောင်းပကတိအတိုင်းကျန်ရှိနေခဲ့ပါတယ်။ ဒါ့အပြင် ခြေသည်းလက်သည်းများကလည်း ဆက်လက် ရှည်ထွက်နေပါတယ်။ဆံပင်တွေကလည်း ပေါက်နေ

တုန်းပါပဲ။နှစ်ပေါင်းများစွာ ထားထားတာတောင် ဒီအတိုင်းရှိနေတုန်းပါပဲ။ ဆရာတော်ရဲ့ ရုပ်ကလာပ်တော်ကို ပူဇော်ထားတဲ့ ကျောင်ဆောင်ကြီးဟာလည်း သိပ်ကို ခမ်းနားလှပါတယ်။ သူများပြောပြဖူးတာကြားဖူးလို့ ပြန်လည်တင်ပြပေးတာပါ။မွန်လေးတို ့မရောက်ဖြစ်ခဲ့ပါဘူး။

#တည်းခိုကြမယ်ဆိုရင်??

အင်းလေးကိုသွားလည်မယ်ဆိုရင်တော့တည်းခိုဖို ့နေရာ၂နေရာကိုအရင်စဉ်း စားရပါမယ်။ကိုယ်ကညဘက်ဆိုလည်းအပြင်တွေလျှောက်သွားတတ်တဲ့သူလား။

ဒါမှမဟုတ်ကို်ယ့်ဟိုတယ်ဝန်းကျင်မှာပဲနေချင်တဲ့သူလားဆိုပြီးညောင်ရွှေမြို  ့ထဲမှာတည်းလို ့ရသလို အင်းထဲရေပေါ်မှာလည်းတည်းလို့ရပါတယ်။အင်းလေးကို

ရောက်တော့မှတော့အင်းထဲကဟိုတယ်တစ်ခုခုမှာတည်းစေချင်ပါတယ်။ဈေးသိပ်မကြီးတဲ့ရေပေါ်ဟိုတယ်Paradise တို ့Paramount Inle hotel တို ့လည်း

ရှိပါတယ်။(အေဂျင့်နဲ ့ကြိုတော့ဘိုတင်ချိတ်ပါနော်၊အခန်းမရတတ်တာများပါတယ်)အားနည်းချက်ကတော့ညဘက်ဆိုကန်ထဲမှာလသာတာတစ်ခုပဲမြင်ရပြီး

ကျန်တာကတော့ကန်ရေတွေပဲ မြင်ရမှာဖြစ်ပါတယ်။ညစာစားတော့လည်းဟိုတယ်မှာပဲစားရမှာဖြစ်ပါတယ်။လှေသမားတွေကညနေ၄နာရီကျော်တာ

နဲ ့ညောင်ရွှေကိုအပြီးပြန်ကြလို ့ပဲဖြစ်ပါ တယ်။

#စားကြမယ်♨️?

အင်းရိုးရာအစားအစာဖြစ်တဲ့ငါးဒုက္ခ၊စွန်တန်ဟင်းချို၊၊ မုန်ညင်းချက်ဟင်း၊ထမင်းသုပ်(ပဲပုပ်မွှေးမွှေးလေးနဲ ့)၊ဟင်းထုပ်၊အင်းလေးငါးကြော်၊ ငါးထမင်းနယ်တို ့ပါ။

ဒါတွေကတော့မွန်လေးလက်လှမ်းမီသလောက်စားခဲ့တာလေးတွေပေါ့နော်။ကျန် ခဲ့တာများရှိရင်လည်းမန် ့ခဲ့ကြပါဦး။??

#မဝယ်မဖြစ်၊မပါမဖြစ်ဝယ်ကြမယ့်လက်ဆောင်လေးတွေ

ရှမ်းရိုးရာချည်ထည်၊လုံချည်လေးတွေကိုတော့အလိုတော်ပေါက်ဘုရားဝန်းထဲမှာဝယ်လို ့ရပါတယ်။(မွန်လေးအဲ့ကဝယ်ခဲ့လို? ့)ဘုရားတွေရဲ ့စောင်းတန်းမှာလည်း

ရိုးရာအရုပ်ကလေးတွေဝယ်လု ့ိရပါတယ်။ယက္ကန်းစက်ရုံတွေမှာလည်း ကြာထည်၊ချည်ထည်လေးတွေပုဝါလေးတွေလည်းဝယ်လို ့ရပါတယ်။အစစ်ကလေးတွေပါ။

ပင်းတယရွှေဥမင်လှိုဏ်ဂူ နားက ဈေးတန်းမှာ ဒေသထွက်ကုန် တော်တော်လေးစုံတယ်။ အထူးသဖြင့် လက်ဖက်၊ ဂျူးမြစ်ခြောက်ကြော် စားလို့ကောင်းတယ်။ ညနေ ၃နာရီ မတိုင်ခင်ထိတော့ တစ်နိုင်တစ်ပိုင် ဗန်းလေးတွေနဲ့ လာရောင်းတဲ့ သစ်သီးသည်တွေတော့ ရှိတယ်။ ထောပတ်သီး အရသာ တော်တော်စိမ့်တယ်။ ရွာငံကနေ လိမ္မော်သီး မဖြစ်မနေ ဝယ်သင့်တယ်။

ပျော်စရာကောင်းတဲ့အင်းလေးခရီးစဉ်ဖြစ်ခဲ့လို ့နှစ်တိုင်းလည်းဖောင်တော်ဦးဘုရားပွဲတော်ကရှိနေမှာမို ့တစ်ခေါက်ခေါက်တော့ရောက်ဖြစ်အောင်သွားကြပါလို ့။

 

One comment

  • Shar Thet Man

    May 29, 2017 at 1:01 pm

    အရမ်းပျော်ဖို့ကောင်းခဲ့ပါတယ်

Leave a Reply