“သေခြင်းတရား၏ နောက်ဆက်တွဲ “

“သေခြင်းတရား၏နောက်ဆက်တွဲ   “

 

အိုပြီး   သေတဲ့လူ

နာပြီး   သေတဲ့လူ

၉၆ ပါးနဲ့သေတဲ့လူ

ဘာမှန်းမသိဘဲ သေတဲ့လူ

 

ဆေးမှားသောက်ပြီး သေတဲ့လူ

အစားမှားပြီး   သေတဲ့လူ

အစာငတ်ပြီး   သေတဲ့လူ

စားပိုးနင့်ပြီးသေတဲ့လူ

 

 

သူများသတ်လို့ သေတဲ့လူ

လူမှားသတ်လို့သေတဲ့လူ

နှိပ်စက်ခံရလို့ သေတဲ့လူ

တိရိစာ္ဆန် သတ်လို့ သေတဲ့သူ

 

 

အဆုံးစီရင်ပြီးသေတဲ့လူ

အဆိပ်သောက်ပြီး သေတဲ့လူ

ကြိုးဆွဲချပြီး သေတဲ့လူ

ရေထဲခုန်ချ  သေတဲ့လူ

 

ရေနစ်ပြီးတော့သေတဲ့လူ

ဆေးထိုးမှားပြီးသေတဲ့လူ

ကားဝင်တိုက်ပြီးသေတဲ့လူ

ကားပေါ်ကပြုတ်ကျ သေတဲ့လူ

 

ကားမှောက်ပြီးတော့ သေတဲ့လူ

ဆိုင်ကယ်မှောက်ပြီးသေတဲ့လူ

လှေမှောက်ပြီးတော့ သေတဲ့လူ

လေယာဉ်ပျံပျက်ကျ သေတဲ့လူ

 

အမြင့်ကကျပြီး သေတဲ့လူ

မီးလောင်ပြီးတော့သေတဲ့လူ

မိုးကြိုးမှန်ပြီးသေတဲ့လူ

ဓါတ်လိုက်ပြီးတော့ သေတဲ့လူ

 

အိပ်နေရင်းနဲ့သေတဲ့သူ

သွားနေရင်းနဲ့သေတဲ့လူ

ရန်ဖြစ်ရင်းနဲ့သေတဲ့လူ

စစ်တိုက်ရင်းနဲ့သေတဲ့လူ

 

အစိမ်းသေသေ

အကျက်သေသေ

ပက်လက်သေသေ

မှောက်ရက်သေသေ

 

အချို့ကတော့ သေပန်းပွင့်သတဲ့

အချို့ကတော့ သေချင်းဆိုးသတဲ့

အမျိုးမျိုး ဝေဖန် ပေမယ့်

တမလွန်ရောက်

သေသူတစ်ယောက်ကတော့

ဘာမှမကြားနိုင်ပြန်

အမှန်ဧကန်။

အချို့ကတော့ သေပြီးကာမှ

နာမယ်ကျော်

အချို့ကတော့သေပြီးခါမှ

အပုတ်တွေပါ်

 

အချို့ကတော့ သေပြီးကာမှ

နာမယ်ပျက်

အချို့ကတော့ သေပြီးကမှ

ဂုဏ်တွေတက်

 

ကဲ ဒီတော့

ဟိုလိုမသေနဲ့

ဒီလိုသေ

လျှာတွေရှည် နေပေမယ့်

ကျနော်သေရင်

ရမယ့်အဖြေ

ကျနော်လဲမသိပါပေ။

 

ကိုပေါက်လက်ဆောင်အတွေးစဉ်

၂၁၁၇

 

 

 

One comment

Leave a Reply