“၁ ဟိုလိုတွေး ဒီလိုတွေး အပိုင်းအစလေးများ (၂၀၁၇) ”
(မလိမ်စကောင်း လိမ်စကောင်း )
“ လေးလေး နဲ့ တိုင်ပင်စရာ ရှိလို့ ခုလေးလေး ကဘယ်မှာလဲ “
“ ငါက လက်ဖက်ရည်ဆိုင်မှာ ပြောလို့ရတယ်ပြော အေ“
“ သမီးနောက်လထဲ ယောက်ျားယူတော့မလို“
“ ဘာလဲ ငါ ယောက်ျားတောင်းပေးရမှာလား “
“ တောင်းစရာလား လို့ နောက်ပြီး အလုပ်လဲ ထွက်မှာလို့ ပြောမလို့“
“ဟ ယောက်ျားယူမှာနဲ့ အလုပ်ထွက်မှာဘာဆိုင်လို့ လဲ ညည်းယောက်ျားက
အလုပ်ဆက်မလုပ်ရဘူးပြောလို့လား “
“ အဲလိုလဲ မဟုတ်ဘူး “
“ ဒါဆို ဘာဖြစ်လို့ ထွက်မှာလဲ “
“ ဟုတ်ဘူး ခွင့်ယူရမှာအားနာလို့ ခွင့်ယူရင် တစ်လလောက်ကြာမှာ“
“ နင်တို့ ဟန်းနီးမွန်းက ဥရောပ ၆ နိုင်ငံထွက်မှာမို့လို့လား“
“ စမီး တို့ ယောက်ျားနေတဲ့ရွာက ဝေးတယ်လေ ဟိုဘက်ဒီဘက်ဆွေမျိုးသွားကန့်တော့ ရင်
အဲ့လောက်ကြာမှာ“
“နေပါအုံး ညည်းကရော အလုပ်ဆက်မလုပ်ချင်လို့လား “
“လုပ်ချင်တာပေါ့ “
“ ညည်းဆရာကို ပြောပြီးပြီလား“
“ပြောရ သေးဘူး “
“ အေးဒါဆို ညည်းဘာမှ မပြောနဲ့ ငါ့ဘာသာကြည့်ပြောလိုက်မယ်“
&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&
“ ကိုဝေ လား“
“ ပြော ဟ “
“မင်းဆိုဒ်ထဲက မေယု အလုပ်ထွက်မယ်ကြားလို့ ငါမေးကြည့်လိုက်တာ“
“အဲ့တော့ တကယ်ထွက်မှာတဲ့လား “
“ဒီလိုကွ သူကနောက်လထဲ အိမ်ထောင်ပြုမှာလေ
ဟိုဘက်ဒီဘက် အမျိုးသွားကန့်တော့ရင်ကြာမှာ
တစ်လ နီးပါး
အဲတော့ ခွင့်ယူရမှာအားနာလို့ ထွက်မှာပြောတယ် “
“အဲ့လောက်ကြာရင်တော့ နည်းနည်းခက်မယ် “
“ ဒါတော့ ဒါပေါ့ ဟ သူ့ နေရာက လူစားချက်ချင်းရဘို့ မလွယ်ဘူးလေဟာ“
“မင်းပြောတာလဲ ဟုတ်တာဘဲ လူသစ် ဆိုရင်လဲ အတော်ပြန်သင်ယူရမှာ“
“ ဒီလိုပြောလိုက်မယ်ကွာ မင်း တကယ်လုပ်ချင်တယ်ဆိုရင် ပြန်လာခဲ့
တစ်လ ထက်တော့ ကျော်လို့ မရဘူး နောက် ခွင့် ယူတဲ့ရက် လစာမရဘူးလို့“
“အေး ဟ အဲလို ပြောလိုက်တာ မဆိုးဘူး
မင်းဘာသာ မင်း ကြည့်ပြောလိုက်ကွာ “
“ပြောတာက ပြောလို့ရတယ်လေ မင်းဆိုဒ်ဘက်ကလူဆိုတော့
ငါ ကမင်းကို ကျော်လုပ်သလိုဖြစ်နေမှာစိုးလို့ “
“ အချင်းချင်းတွေ ဘဲ ရပါတယ် “
“ ဒါလိုဆိုရင်မင်းနက်ဖြန်ကျတော့ သူ့ကိုတရားဝင်ခေါ်မေးလိုက်တော့“
“အေးအေး ကောင်းပြီ “
$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$
“ မိယု လား အေး နင့်ဆရာနဲ့ငါပြောလိုက်ပြီ“
“ဘာပြောလဲ ”
“သူက သိပ်တော့ ခွင့် မပေးချင်ဘူး အင်တင်တင်ဘဲ “
“ ဟင့် ဒါ ဆို မီး တဂယ်အလုပ်ထွက်ရတော့မှာပေါ့“
“ မထွက် ချင်ရင် အလွယ်လေးရယ် တစ်လထက်လဲ မကျော်ပါဘူး
ပြန်လာရင်လဲ ခွင့် မယူဘဲ နေပါမယ်
နောက်ပြီး အလုပ်မဆင်းတဲ့ ရက်အတွက်လဲ လစာမဲ့ ခွင့်အဖြစ်သတ်မှတ်ပေးပါလို့
ပြောလိုက်ပေါ့ဟ“
“ အဲလို ပြောတာနဲ့ ရပါ့မလား“
“ရမှာပါ ဟ “
“ကျေးဇူးပါ လေးလေး ရယ် “
“ ပြောဇမ်းအေ “
*************************************************
လက်ဖက်ရည်သောက်ပြီးထပြန်မယ်လဲလုပ်ရော ဟိုဘက်ဝိုင်းက
အသံထွက်လာပါတယ်
“ နင်ဟာလူလိမ်တစ်ယောက်ပါ …………..
နင်ဟာလူလိမ်တစ်ယောက်ပါ …………..“
လှည့်ကြည့်လိုက်တော့ လူတစ်ယောက်က ဖုန်းပြောနေတာမြင်လိုက်ရပါတယ်။
“ဟလို ဟလို ပြောဘာ “

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး
2217

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1612 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။