“ဟိုလိုတွေးဒီလိုတွေး (၁)

“၁ ဟိုလိုတွေး ဒီလိုတွေး အပိုင်းအစလေးများ (၂၀၁၇) ”
(မလိမ်စကောင်း လိမ်စကောင်း )
“ လေးလေး နဲ့ တိုင်ပင်စရာ ရှိလို့ ခုလေးလေး ကဘယ်မှာလဲ “
“ ငါက လက်ဖက်ရည်ဆိုင်မှာ ပြောလို့ရတယ်ပြော အေ“
“ သမီးနောက်လထဲ ယောက်ျားယူတော့မလို“
“ ဘာလဲ ငါ ယောက်ျားတောင်းပေးရမှာလား “
“ တောင်းစရာလား လို့ နောက်ပြီး အလုပ်လဲ ထွက်မှာလို့ ပြောမလို့“
“ဟ ယောက်ျားယူမှာနဲ့ အလုပ်ထွက်မှာဘာဆိုင်လို့ လဲ ညည်းယောက်ျားက
အလုပ်ဆက်မလုပ်ရဘူးပြောလို့လား “
“ အဲလိုလဲ မဟုတ်ဘူး “
“ ဒါဆို ဘာဖြစ်လို့ ထွက်မှာလဲ “
“ ဟုတ်ဘူး ခွင့်ယူရမှာအားနာလို့ ခွင့်ယူရင် တစ်လလောက်ကြာမှာ“
“ နင်တို့ ဟန်းနီးမွန်းက ဥရောပ ၆ နိုင်ငံထွက်မှာမို့လို့လား“
“ စမီး တို့ ယောက်ျားနေတဲ့ရွာက ဝေးတယ်လေ ဟိုဘက်ဒီဘက်ဆွေမျိုးသွားကန့်တော့ ရင်
အဲ့လောက်ကြာမှာ“
“နေပါအုံး ညည်းကရော အလုပ်ဆက်မလုပ်ချင်လို့လား “
“လုပ်ချင်တာပေါ့ “
“ ညည်းဆရာကို ပြောပြီးပြီလား“
“ပြောရ သေးဘူး “
“ အေးဒါဆို ညည်းဘာမှ မပြောနဲ့ ငါ့ဘာသာကြည့်ပြောလိုက်မယ်“
&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&
“ ကိုဝေ လား“
“ ပြော ဟ “
“မင်းဆိုဒ်ထဲက မေယု အလုပ်ထွက်မယ်ကြားလို့ ငါမေးကြည့်လိုက်တာ“
“အဲ့တော့ တကယ်ထွက်မှာတဲ့လား “
“ဒီလိုကွ သူကနောက်လထဲ အိမ်ထောင်ပြုမှာလေ
ဟိုဘက်ဒီဘက် အမျုးိသွားကန့်တော့ရင်ကြာမှာ
တစ်လ နီးပါး
အဲတော့ ခွင့်ယူရမှာအားနာလို့ ထွက်မှာပြောတယ် “
“အဲ့လောက်ကြာရင်တော့ နည်းနည်းခက်မယ် “
“ ဒါတော့ ဒါပေါ့ ဟ သူ့ နေရာက လူစားချက်ချင်းရဘို့ မလွယ်ဘူးလေဟာ“
“မင်းပြောတာလဲ ဟုတ်တာဘဲ လူသစ် ဆိုရင်လဲ အတော်ပြန်သင်ယူရမှာ“
“ ဒီလိုပြောလိုက်မယ်ကွာ မင်း တကယ်လုပ်ချင်တယ်ဆိုရင် ပြန်လာခဲ့
တစ်လ ထက်တော့ ကျော်လို့ မရဘူး နောက် ခွင့် ယူတဲ့ရက် လစာမရဘူးလို့“
“အေး ဟ အဲလို ပြောလိုက်တာ မဆိုးဘူး
မင်းဘာသာ မင်း ကြည့်ပြောလိုက်ကွာ “
“ပြောတာက ပြောလို့ရတယ်လေ မင်းဆိုဒ်ဘက်ကလူဆိုတော့
ငါ ကမင်းကို ကျော်လုပ်သလိုဖြစ်နေမှာစိုးလို့ “
“ အချင်းချင်းတွေ ဘဲ ရပါတယ် “
“ ဒါလိုဆိုရင်မင်းနက်ဖြန်ကျတော့ သူ့ကိုတရားဝင်ခေါ်မေးလိုက်တော့“
“အေးအေး ကောင်းပြီ “
$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$
“ မိယု လား အေး နင့်ဆရာနဲ့ငါပြောလိုက်ပြီ“
“ဘာပြောလဲ ”
“သူက သိပ်တော့ ခွင့် မပေးချင်ဘူး အင်တင်တင်ဘဲ “
“ ဟင့် ဒါ ဆို မီး တဂယ်အလုပ်ထွက်ရတော့မှာပေါ့“
“ မထွက် ချင်ရင် အလွယ်လေးရယ် တစ်လထက်လဲ မကျော်ပါဘူး
ပြန်လာရင်လဲ ခွင့် မယူဘဲ နေပါမယ်
နောက်ပြီး အလုပ်မဆင်းတဲ့ ရက်အတွက်လဲ လစာမဲ့ ခွင့်အဖြစ်သတ်မှတ်ပေးပါလို့
ပြောလိုက်ပေါ့ဟ“
“ အဲလို ပြောတာနဲ့ ရပါ့မလား“
“ရမှာပါ ဟ “
“ကျေးဇူးပါ လေးလေး ရယ် “
“ ပြောဇမ်းအေ “
*************************************************
လက်ဖက်ရည်သောက်ပြီးထပြန်မယ်လဲလုပ်ရော ဟိုဘက်ဝိုင်းက
အသံထွက်လာပါတယ်
“ နင်ဟာလူလိမ်တစ်ယောက်ပါ …………..
နင်ဟာလူလိမ်တစ်ယောက်ပါ …………..“
လှည့်ကြည့်လိုက်တော့ လူတစ်ယောက်က ဖုန်းပြောနေတာမြင်လိုက်ရပါတယ်။
“ဟလို ဟလို ပြောဘာ “

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး
2217

6 comments

  • Thint Aye Yeik

    February 3, 2017 at 6:22 pm

    ကျနော်လည်း အလုပ်တွေ ပစ်ချပြီး…တစ်လလောက်.. ခွင့်ယူချင်လိုက်တာ….
    လင်ယူဖို့တော့ မဟုတ်ပါဘူး။ :k:
    ၂၀၀ဝ ခုနှစ်ကနေ ၂၀၀၅ လောက်ထိ နေခဲ့ဖူးတဲ့ ပင်လယ်ထဲက ကျွန်းလေးပေါ်မှာ အေးအေးလူလူ… သွား နေချင်လို့။
    ပင်လယ်ထဲ ဆင်းမယ်။ ငါးဖမ်းစက်လှေတွေနဲ့ လိုက်သွားပြီးး ငါးတွေ ဖမ်းမယ်။ ကမ်းစပ်ကို ပြန်လာပြီး..ထင်းခြောက်တွေကောက်မယ်။ ကမ်းစပ်မှာပဲ မီးဖိုမယ်။ ငါးတွေ ပုစွန်တွေ လတ်လတ်ဆက်ဆက်ကို ကင်စားမယ်။ ပင်လယ်ထဲ ဆင်းပြီး လှိုင်းစီးမယ်။

    ပြီးတော့ ရွာထဲက ရခိုင်မ လှလှလေးတွေကို လိုက် ပိုးမယ်။
    စိုက်ခင်းတွေထဲမှာ လမ်းလျှောက်မယ်… ဓနိရည်သောက်ပြီး ရီဝေဝေနဲ့ လယ်ကွင်းတွေကို ဖြတ်ပြန်မယ်…
    ဘယ်သူမှ သေချာ မကြားနိုင်တဲ့ လယ်ကွင်းတွေထဲမှာ … ရခိုင်သီချင်းကို အသံကျယ်ကျယ်နဲ့ အော် ဆိုမယ်
    အို…. လုပ်ချင်တာတွေ တပုံကြီးပဲ။
    တစ်လလောက် ခွင့်ယူပြီး သွား လုပ်လိုက်ချင်တယ်။
    အခုလို တာဝန်တွေ အလုပ်တွေ…ပေးရမယ့်ဝန်ဆောင်မှုတွေ တည်ရမယ့် ကတိတွေ… သွားရမယ့် ခရီးမိုင်တွေနဲ့
    နစ်မွန်းနေရာကနေ…တစ်လလောက်ဖြစ်ဖြစ်ပေါ့….

  • ကထူးဆန်း

    February 4, 2017 at 5:10 pm

    လေးပေါက် နေရာ ကိုယ်ချင်းစာ နားလည်ပါ၏ … 🙂 :)(negotiator )

  • kai

    February 10, 2017 at 2:37 pm

    အဖြူလိမ် white lie ပဲ..။
    ၂ဖက် အရှုံးမရှိ.. အမြတ်မို့…
    “ နင်ဟာလူကောင်းတစ်ယောက်ပါ …………..
    နင်သာကုသိုလ်တွေရမှာ …………..“

Leave a Reply