အတိုင်း

ko sixFebruary 11, 20171min3113

ရုပ်ကတော့ ၁၆ ပဲရည်အပြည့်
စိတ်ဓာတ်က
ပေမမီကိုက်မမီ ထည့်ခွေလို့
မသိချင်ယောင် မဆောင်ပါနဲ့
တကယ်ဆို
အမှောင်ထဲမှာ
ချိုမြတဲ့ အသံကို ငါတို့ မြင်ကြတယ်
အမြစ်ပဲ ဖြစ်ဖြစ်
အချစ်ပဲ ဖြစ်ဖြစ်
ရေခံမြေခံမကောင်းရင် မရှင်ဘူး။

ကိုစစ်

3 comments

  • Ko Ko Sex

    February 11, 2017 at 10:14 pm

    .ရေခံ
    .မြေခံ မကောင်းရှာတော့. . .
    ကျနော့်အချစ်သစ်ပင်လေး ရှင်မလာ ရှာဘူး။
    ဟုတ်လိုက်တာမှ ဟုတ် ဟုတ် ဟုတ်

  • ဝင့်ပြုံးမြင့်

    February 16, 2017 at 3:20 pm

    အဲဒါပေါ့ ဆရာသမားရယ်။ အမြစ်ပဲဖြစ်ဖြစ် အချစ်ပဲဖြစ်ဖြစ် အာဏာရှင်စနစ်ပဲဖြစ်ဖြစ် ရေခံမြေခံ မကောင်းရင် မရှင်သန်ဘူး။

Leave a Reply