အတွေ့အကြုံ

sususanAugust 31, 20101min833

အတွေ့အကြုံဟူသော စကားရပ်သည် လူတိုင်းရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်သည်။ အထူးသဖြင့် လုပ်ငန်းခွင်နယ်ပယ်တွင် ။ လုပ်ငန်းခွင်ဝင်အင်တာဗျူးများနှင့် ဝန်ထမ်းအလိုရှိသည်ဟူသော ကြော်ငြာတို့တွင်တွေ့ရများလေ့ရှိ သည်။ “ဒီလုပ်ငန်းနှင့်ပတ်သတ်ပြီး မင်းမှာအတွေ့အကြုံရှိပါသလား”၊ “အတွေ့အကြုံရှိသူဦးစားပေးမည်” စသည်ဖြင့် အတွေ့အသုံးများလေ့ရှိသည် အကြုံရှိသူကိုသာလျှင်လုပ်ငန်းရှင်တို့ နှစ်ခြိုက်သဘောကျလေ့ရှိတတ်ကြသည်။ ထိုသို့ပုံသေကားချပ်ရှိနေသည်ကို ကျွုန်ုပ် သဘောမကျပေ။ ထိုအရာသည် မျိုးဆက်သစ်နောင်လာနောင်သားများ၊ စွမ်းဆောင်ရည်ရှိပြီး အတွေ့အကြုံမရှိသောလူငယ် များအတွက် အစည်းအတားတစ်ခုကဲ့သို့ဖြစ်လို့နေပါသည်။ ထို့ကြောင့် အတွေ့အကြုံမရှိသောလူငယ်များ လက်မှတ်ကိုင်ပြီး အလုပ်အကိုင်အခွင့်အလမ်း နည်းပါးလို့နေပါသည်။ လူတစ်ယောက် လုပ်ငန်းခွင်အတွေ့အကြုံ ရှိဖို့ဆိုသည်မှာလုပ်ငန်းရှင် တစ်ယောက်မှ လုပ်ပိုင်ခွင့်ပေးမှသာရမည်ဖြစ်ပါသည်။ မည်သူတစ်ဦးတစ်ယောက်မျှ မွေးကတည်းက တတ်မြောက်လာခြင်း မရှိပေ။ အလုပ်ကသာ သင်သွားကြခြင်းဖြစ်သည်။ လုပ်ငန်းအတွေ့ကြုံ ရှိသောသူသာလျှင် ဒီအလုပ်မှ ဟိုအလုပ်ပြောင်း ဟို အလုပ်မှဒီအလုပ်ပြောင်းစသည်ဖြင့်သူ့အဖို့သာလျှင်လုပ်ပိုင်ခွင့်တွေရှိလို့နေပါသည်။ဥပမာ-လူတစ်ဦးတွင်လုပ်ငန်းအတွ့အကြုံ တော့ရှိပါသည်။ သို့သော် ဟိုအလုပ်တွင်သူသည်အလွဲသုံးစားမှု (သို့မဟုတ်) လိမ်လည်မှု တစ်ခုခုဖြင့်ထွက်လာခဲ့ရသူ ထိုအရာ များကို ယခုအလုပ်ရှင် သ်ိချင်မှသိမည်။ ထိုသူနှင့် လုပ်ငန်းအတွေ့ကြုံတော့မရှိ သူ့တွင်စွမ်းဆောင်ရည်နှင့် အကျင့်စာရိတ္တကောင်း များကိုပိုင်ဆိုင်ထားသူ ထိူသူနှစ်ဦးအလုပ်လျှောက်မည်ဆိုပါက သင်လုပ်ငန်းရှင်ဖြစ်လျှင် မည်သူကို ရွေးချယ်ပါမည်နည်း။ ပုံသေနည်းအရ အတွေ့အကြုံရှိသူသာလျှင် အလုပ်ရမည်မှာပိုပြီးသေချာလို့နေပါသည်။ ထို့ကြောင့် အတွေ့ရနည်းလှသော ဝန်ထမ်းအလိုရှိသည် ဟူသော ကြော်ငြာတွင် အတွေ့အကြုံရှိရန်မလိုဟူသော စာတမ်းကို ကျွုန်ုပ်ပိုပြီး သဘောကျလှပါသည်။ အလုပ်တစ်ခုတွင်အတွေ့အကြုံ ဆိုတာထက် အကျင့်စာရိတ္တကောင်းများ ရှိမှုသာလျှင် အဓိကထား ရွေးချယ်သင့်သည်ဟု ထင်မြင်မိပါသည်။ ထို့ကြောင့်လုပ်ငန်းခွင် အင်တာဗျူးများတွင် လူတစ်ဦး၏ အကျင့်စာရိတ္တ ကိုစမ်းစစ်နိုင်သောမေးခွန်းများ ဖြင့်သာရွေးချယ်ပါကမိမိလုပ်ငန်းအတွက်အတွေ့အကြုံမရှိသော်လည်းအရည်အချင်းပြည့်ဝသောလုပ်သားကောင်းများရရှိလာ ်မည်ဖြစ်သည်။တစ်ယောက်မကောင်းတစ်ယောက်ပြောင်းနေရသော လုပ်ငန်းရှင်များ သတိ်ပြုသင့်လှပေသည်။ အချို့လူငယ်များသည်စာတွေ့ထက် လက်တွေ့ရှိသောလူငယ်များရှိသည်။ထိုသူတို့တွင်ဘာလက်မှတ်အထောက်အထားမှ ှမပြနိုင်ပေ။သို့သော်သူတို့တွင်လက်တွေ့လုပ်ကိုင်မှုများမှရရှိသောအတွေ့အကြုံအရလက်မှတ်ကိုင်စာတွေ့သမားများထက် ပိုတော်နေသည်ကိုတွေ့ရှိရပါသည်။လက်မှတ်မပြနိုင်သော၊လက်တွေ့သာရှိသောလူငယ်သည် လက်မှတ်ကိုင်စာတွေ့သမားများ နှင့်ယှဉ်ပါက နောက်ချန်နေသည်မှာလည်း ထိုသူများအတွက် ဝမ်းနည်းစရာ ဖြစ်ပေသည်။ အတွေ့အကြုံကို ပိုက်ဆံပေးဝယ်လို့ မရနိုင်သော်လည်း သင်ပေးလျှင် အလွယ်တကူရသော အရာဖြစ်ပေသည်။ အကျင့်စာရိတ္တကောင်း ရှိဖို့ဆိုသည်မှာရွေးချယ်ရ ခက်လှပေသည်။ လွယ်ကူတာကိုရွေးချယ်မည်လား.. ခက်တာကိုရွေးချယ်မည်လား.. ဆိုတာ သင့်ဆုံးဖြတ်ချက် ပေါ်သာလျှင်မူတည်ပါလိမ့်မည်။ နောက်ကိစ္စရပ်တစ်ခုရှိသည်။ထိုကိစ္စရပ်ကို ရွေးချယ်သောအခါ အများအားဖြင့် အတွေ့အကြုံ ရှိမှာကိုစိုးရွံ့တတ်ပြန်သည်။အတွေ့အကြုံ ရှိသူကိုရွေးချယ်မိပါက ကဲ့ရဲ့ပြစ်တင်နှာခေါင်းရှုံ့ချင်ကြသည်။ အတွေ့အကြုံမရှိသူကို ရမှသာလျှင် ဂုဏ်ယူဝင့်ကြွားတတ်ကြသည်။ ထိုအရာကား အခြားမဟုတ် အိမ်ထောင်ဖက် အဖြစ်ရွေးချယ်ရသော အရာပင်ဖြစ် သည်။ ကဲ သင်သည်လည်း ထိုအရာက်ို ရွေးချယ်မည်ဆိုပါက အတွေ့အကြုံ ရှိတာကိုရွေးချယ်မည်လား .. အတွေ့အကြုံမရှိတာ ကိုရွေးချယ်မည်လား ဆိုတာလည်း သင့်ဆုံးဖြတ်ချက်ပေါ် မူတည်လို့နေပါသည်။အတွေ့အကြုံ..ဟူသောအတားဆီးမှ လွတ်ကင်း ကြပါစေ။ ။

3 comments

  • eros

    August 31, 2010 at 1:54 pm

    ဟုတ်ပါတယ်။ အတွေ.အကြုံ ရှိမှ အလုပ်ခန်.မယ်ဆိုရင် နောက် အနှစ် ၃ဝလောက်ဆိုရင် အလုပ်ရမယ်.သူမရှိတော.ပါဘူး။ အတွေ.အကြုံရှိတယ်.သူလည်းခန်.၊ အတွေ.အကြုံမရှိတယ်.သူလည်းခန်.၊ ဒါမှမဟုတ်ရင် လူငယ်များရဲ.ကဏ္ဍပျောက်သွားပါမယ်။

  • kopauk mandalay

    August 31, 2010 at 3:29 pm

    (အတွေ့အကြုံကို ပိုက်ဆံပေးဝယ်လို့ မရနိုင်သော်လည်း သင်ပေးလျှင် အလွယ်တကူရသော အရာဖြစ်ပေသည်။ )
    ဆိုသောစကားရပ်သည်လွဲချော်နေသည်ဟုခံစားရပါတယ်။
    အတွေ့အကြုံဆိုသည်မှာ မိမိအလုပ် မိမိပါတ်ဝန်းကျင်ကို သေချာစွာ စိတ်ဝင်တစားဂရုစိုက်ဆောင်ရွက်တတ်ပါက နှစ်ကြာလေတန်ဘိုးရှိလေဖြစ်ပါတယ်။
    ဒါက 18နှစ်သားက စလို့ အလုပ်ဝင်ရောက်ခဲ့သော သူတစ်ယောက်ရဲ့လက်တွေ့ဘဝမှရလာသောခံစားချက်ဖြစ်ပါတယ်။
    အလုပ်လုပ်တာ နှစ်ကြာလေ ပြသနာများများတွေ့လေ ဖြေရှင်းရလေ အတွေ့အကြုံများတယ်လို့ သတ်မှတ်ရလေလေဖြစ်ပါတယ်။
    အလွယ်တကူသင်ပေးလို့ရသည်မှာအတွေ့အကြုံမဟုတ်ပါ။လုပ်နည်းကိုင်နည်းသာဖြစ်ပါတယ်။
    လုပ်ငန်းခွင်တွင် လုပ်ကိုင်ရသော နည်းပညာကိုသာအလွယ်တကူ သင်ပေးလို့ရချင်ရင်ရပါမယ်အတွေ့အကြုံဆိုတာ သင်ပေးလို့ရသောအရာလုံးဝမဟုတ်ပါ။
    ဒီအချက်ကတော့ အယူအဆလွဲနေတယ်လို့ထင်ပါတယ်။
    (အချို့လူငယ်များသည်စာတွေ့ထက် လက်တွေ့ရှိသောလူငယ်များရှိသည်။ထိုသူတို့တွင်ဘာလက်မှတ်အထောက်အထားမှ ှမပြနိုင်ပေ။သို့သော်သူတို့တွင်လက်တွေ့လုပ်ကိုင်မှုများမှရရှိသောအတွေ့အကြုံအရလက်မှတ်ကိုင်စာတွေ့သမားများထက် ပိုတော်နေသည်ကိုတွေ့ရှိရပါသည်။လက်မှတ်မပြနိုင်သော၊လက်တွေ့သာရှိသောလူငယ်သည် လက်မှတ်ကိုင်စာတွေ့သမားများ နှင့်ယှဉ်ပါက နောက်ချန်နေသည်မှာလည်း ထိုသူများအတွက် ဝမ်းနည်းစရာ ဖြစ်ပေသည်။ )
    ဒီပိုစ်ကိုရေးတဲ့ စာရေးသူဆိုလိုချင်သည်မှာ နှစ်ခွဖြစ်နေသည်ဟုထင်ပါတယ်။
    လက်တွေ့ရှိသောလူငယ်များ ဆိုသည်မှာ အတွေ့အကြုံရှိသောလူငယ်များနှင့်သဘောတရားခြင်းအတူူတူဖြစ်ပါတယ်။
    အောင်လက်မှတ်တွေကိုင်ထားပြီးဘာမှမတတ်သောသူက အောင်လက်မှတ်မရှိဘဲ လုပ်ငန်းကျွမ်းကျင်သူထက် ဝင်ငွေပိုရခြင်းကလည်း မှားတယ်လို့ဆိုလိုပါတယ်။
    တစ်ခါတရံမှာ လုပ်ငန်းတစ်ခုအတွက် လုပ်ဆောင်ရန် များအရေးတကြီးဖြစ်နေရင်ဖြစ်ဖြစ် လူအင်အားနဲ့လုပ်ဘို့ လိုနေတယ်ဆိုရင် မတတ်သေးသူကိုသင်ပေးနေဘို့ အချိန်မရှိတာကြောင့် တတ်ပြီးသားသူ အတွေ့အကြုံအမှန်တကယ်ရှိသူကို ရွေးခန့်ပါတယ်။
    သင်ပေးဘို့ အချိန်ရရင်တော့ ဘာမှမတတ်သေးသူကိုခန့်ပါတယ်။(ဒါပေမယ့်ဒီလိုဘာမှမတတ်ဘဲရောက်လာသူတော်တော်များများသည် ရောက်လာလို့ မကြာခင် နည်းနည်းလောက်တတ်ပြီဆိုရင် မတတ်ခင်က သင်ပေးထားတာကိုမေ့လို့ မတန်ဘူးထင်ပြီး အခြားတစ်လုပ်ကိုပြောင်းတတ်ကြပါတယ်။)
    (အင်တာဗျူးများတွင် လူတစ်ဦး၏ အကျင့်စာရိတ္တ ကိုစမ်းစစ်နိုင်သောမေးခွန်းများ ဖြင့်သာရွေးချယ်ပါကမိမိလုပ်ငန်းအတွက်အတွေ့အကြုံမရှိသော်လည်းအရည်အချင်းပြည့်ဝသောလုပ်သားကောင်းများရရှိလာ ်မည်ဖြစ်သည်)
    လုပ်ငန်းအတွက် လူရွေးချယ်ရာတွင် အင်တာဗျုးထိုင်သော အချိန်အနည်းငယ်အတွင်းမှာ မေးခွန်းတွေမေးရုံနှင့် လူတစ်ဦး၏ ် လူတစ်ဦး၏ အကျင့်စာရိတကောင်းမကောင်းသေချာစွာမသိနိုင်ပါ။အင်တာဗျုးမေးတုန်းက မွန်မွန်ရေရေ ဖြေတတ် ပြောတတ်ရိုးသားမယ်ထင်လို့ခန့်လိုက်မှဘီလူးဇာတိပေါ်လာတာတွေလည်းအများကြီးပါ။
    ဒါကြောင့်ဝန်ထမ်းခန့်ရင်အစမ်းသုံးလခန့်ဆိုတာကြီးပေါ်ပေါက်လာတာပါ။
    အတွေ့အကြုံရှိသူကိုသာ ခန့်မယ်ဆိုရင်လဲ မှားပါတယ် မရှိသူကိုသာခန့်မယ်ဆိုရင်လဲ အားလုံးကိုသင်ပေးနေတာနဲ့ဘဲအလုပ်မတွင်ကျယ်ပါ။
    နှစ်မျိုးစလုံးကို မျှတစွာခန့်မှသာ ရေရှည်အဆင်ပြေပါတယ်။
    ဒါကတော့လက်တွေ့လုပ်ကို်င်ရာမှာရလာသောအတွေ့အကြုံ့အစစ်တွေကိုပြောပြတာပါ။
    သဘောထားချင်းတူချင်မှလဲတူမှာပေါ့နော်။

  • winkyawaung

    September 1, 2010 at 2:10 am

    ဘဝအတွေ့အကြုံ မှာ ငွေပေး၍ဝယ်လို့မရနိုင်ပါ။ လုပ်ငန်း၏ အတွေ့ကြုံကိုတော့ ငွေပေးလို့ရယူနိုင်ပါတယ်။ လိုရင်းကတော့ ရုပ်ပိုင်းဆိုင်ရာအတတ်ပညာကို ငွေပေး၍ ငွေကုန်ခံ၍ ရှာဖွှေပြီး အတွေ့အကြုံရယူနိုင်ပါတယ်။ လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ အတွေ့အကြုံကတော့ ငွေနဲ့ဝယ်လို့မရပါ။ ဒါကြောင့် ပညာတတ်ဖို့ထက် (စိတ်ရင်းကောင်းဖို့)က အဓိက ဟု ပညာရှိများကဆိုထားပါတယ်။

Leave a Reply