အမှန်တရား မျိုးစုံ ကြိုးခုန်တဲ့ခေတ်

alinsettFebruary 20, 20171min1732

”ထောင့်ချိုး”
__________
|
|
|
|
|

”ဒါ ဘာလဲ”

ထိုမေးခွန်းကို တစ်ယောက်က ဖြေ၏။

”အဲဒါ မျဉ်းကွေး၊
မျဉ်းကောက်တစ်ကြောင်းပေါ့”

နောက်တစ်ယောက်က ထပ်ဖြေသည်။

”အဲဒါ နိုင်းမြစ်ပဲ၊ သူ့နောက်ခံကားက ကမ႓ာ့မြေပုံ မဟုတ်လား”

ဖြေဆိုသူ နှစ်ဦးစလုံး သူ့ထောင့်မှသူ
မှန်ကြပါသည်။
သို့သော်. . .

|
|
|
|
|
|
|
|
|___________________

တာရာမင်းဝေ
*ကျွန်တော် တူးဖော်ခဲ့သည့်
မြေစိုင်မြေခဲများ စာအုပ်
(၁၉၉၇၊နိုဝင်ဘာ)မှ *

|
|
|
|
|
|
|
|
|
|
|
|
|___________________________

{ထောင့်ချိုးတစ်ခုမှ ကျွန်တော့် ခံစားမှု}
|
|
|
|
|
|
|
|___________________________

ဒီတစ်ခါတော့. . .
ထောင့်ချိုး ဆိုသည့် ဝတ္ထုတိုကလေးကို ဖတ်ပြီးချိန်မှာ ကျွန်တော့်လျှာဖျားပေါ် တွဲလွဲခိုလာသည့်
အပြောချင်ဆုံး စကားမှာ. . .
ဝါကျကလေး
တစ်ကြောင်းသာသာမျှ. . .

သိုင်းကာဝိုင်းကာ စီကာပတ်ကုံး
ပြောလျှင် ရပါသော်လည်း. . .
အတိုဆုံးကိုသာ ချုံ့၍ အကျုံ့ဆုံးသာ
ပြောခြင်းက အကောင်းဆုံးဟု
ထင်ပါသည်။

ထို့ကြောင့်. . .
ထိုစကားကို ကျွန်တော် ပြောပါမည်။

”လက်ရှိ ပိုစ့်မော်ဒန်ခေတ်ကြီးထဲတွင်. . . အမှန်တရား မျိုးစုံ ရှိပါသည်။
သို့သော်. . . .”

|
|
|
|
|
|
|
|
|
|
|
|
|
|
|_______________________

ကြိမ်ဖန်များစွာ . . .
ကျွန်တော် ပြောခဲ့ဖူးသော စကားလည်း ဖြစ်ပါသည်။

အမှန်တရားတို့ . . . .
ဟိုမှာ. . .သည်မှာ. . .
ပြန့်ကြဲပြီး အပိုင်းပိုင်းအစစ စိပ်မွှာ
ဖြာထွက်. . .

သူ့အမှန်တရားနှင့်
ကိုယ့်အမှန်တရားတို့
တစ်မျိုးတစ်ဖုံစီ . . .
စီးမျောထွက်ခါ ခရီးဆက်. . .
ကိုယ်စီကိုယ်ငှ
လင်းချင်းတောက်ပကြသည့်
ဤခေတ်ကြီးထဲမှာ. . .

ထပ်ပြောပါ ဆိုလျှင်လည်း. . .
ဤစကားသာ. . . .

|
|
|
|
|
|
|
|
|
|
|
|
|
|သင့်အေးရိပ်
|____________________________
၂၀၁၇၊ ဖေဖော်ဝါရီလ၊ ၂ဝရက်

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

တာရာမင်းဝေ
ကျွန်တော်တူးဖော်ခဲ့သည့် မြေစိုင်မြေခဲများအကြောင်း
၁၉၉ရ / နိုဝင်ဘာလထုတ်

##################################

မော်ဒန်ပန်းချီမှာ …..
Pointillim / Pointillisime ဆိုတဲ ့ နည်းစနစ်တစ်ရပ်ရှိပါတယ် ။
အင်ပရင်ရှင်နစ် လက်သစ် ဝါဒီတွေရဲ ့ နည်းစနစ်လို ့ သိရပါတယ် ။
ဂျော့ဆူးရတ်ဆိုသူက ဦးဆောင်ပြီး.သုံးစွဲခဲ့တယ်…တဲ ့ ။
ပန်းချီကားတစ်ချပ်ကို သေးငယ်တဲ ့…
အစက်အပြောက်လေးတွေနဲ ့ ဖော်ဆောင်ပြခြင်းလို ့….. ခပ်လွယ်လွယ်ပြောနိုင်ပါတယ် ။

အခု…
ဆရာတာရာမင်းဝေ…
တင်ပြခဲ့တဲ ့ ဝတ္ထုတိုလေးတွေဟာ….
ဇာတ်လမ်းသဘော / ဇာတ်ကွက်သဘောမျိုးတွေ..ကို
အားပြုတာထက်…..
ပွိုင့် ( Point ) သဘောကို..ဆောင်နေတယ်လို့ ဆိုပါတယ်။
ဒီဝတ္ထုတိုလေးတွေက အယူအဆ အတွေးအခေါ်တွေကို…. ခံစားသိနဲ ့..ဖော်ထုတ်ပေးနိုင်မယ် ထင်ပါတယ် ။

အဲဒီလို…ကျစ်လျစ်လွန်းတဲ ့ စာသားတိုတို ဝတ္ထုလေးတွေကို…
ကျွန်တော်…ချစ်မြတ်နိုးမိပါတယ် ။

ဒါကြောင့်…..
ဆရာတာရာရဲ ့ ဖန်တီးမှုကို… မဖတ်ရသေး / မသိရသေးတဲ ့ စာဖတ်သူတွေအတွက်..ပြန်လည် ဝေမျှလိုက်ပါတယ် ။
ဖတ်ပြီး/ သိပြီးသူတွေလည်း….. ပြန်လည် သတိရ ပြီး.ခံစားနိုင်အောင်…..
ကျွန်တော့်အတွေး နဲ ့အရေးကိုပါ….. ပူးတွဲပြီး… ၁၆ ပုဒ်လောက် … ရေးသား တင်ပြဖူးပါတယ် ။ အောက်ပါ link ကတော့ အရင်က ကျွန်တော် ပြန်လည် တူးဖော်ပေးခဲ့တဲ့ ဆရာတာရာမင်းဝေရဲ့ မြေစိုင်မြေခဲများအကြောင်း ဆောင်းပါးတွေပါ။

https://myanmargazette.net/?s=%E1%80%B1%E1%80%BB%E1%80%99%E1%80%85%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B1%E1%80%BB%E1%80%99%E1%80%81%E1%80%B2%E1%80%99%E1%80%BA%E1%80%AC%E1%80%B8&x=0&y=0

 

 

 

 

 

 

 

 

 

2 comments

  • kai

    February 22, 2017 at 6:47 pm

    ဆရာတာရာဆိုတော့.. အင်း..
    ဆရာတာရာကိုသတိရမိ..။ :k:

    • Thint Aye Yeik

      February 22, 2017 at 10:59 pm

      ဆရာတာရာ ဆိုလို့
      ဆရာဒဂုန်တာရာကို သတိရမိနေတာများလားလို့တောင် တွေးမိ
      :k:

Leave a Reply