ကျွန်မရဲ ့E…ကျွန်မရဲ ့E…အို…E..ရယ်…

moonpoemFebruary 21, 20171min26213

မိသားစု၂စုခန့်နေလို့ရသော အိမ်ကျယ်ကျယ်တစ်လုံးရှိရာ ဌာနေသို ့ရုံးပြောင်းပြီး သကာလ ပထမဆုံး ရင်ဆိုင်ရသည်ကအိမ်သာပြဿနာဖြစ်သည်။
အိမ်အတွင်းတွင် အိမ်သာ၄လုံးရှိပြီး အပြင်တွင် အိမ်သာတစ်လုံးရှိသော်ငြား ကျွန်မတို ့ရုံးပြောင်းပြီး လူသစ်များ ထပ်ခန့်သောအခါ ရုံးဝန်ထမ်းအားလုံးပေါင်း
အယောက်၆ဝကျော်သွားလေသည်။လူ၁ဝယောက်နေစဉ်က သာသာယာယာရှိဟန်တူသော အိမ်သာတို့သည် နေ့စဉ်နှင့်အမျှ လူ၆ဝကျော်ဝုန်းသော ဒဏ်ကို ခံနိုင်ရည်မရှိတော့ပဲ ဆန္ဒပြကြသည်။တခါတရံ ရေမကျတော့ခြင်း၊ ရေဆွဲလည်း မြစ်ထဲရှိရေဝဲပမာ ကလည်ကလည်ဖြစ်နေခြင်း၊အိမ်သာအသုံးကြမ်းသူအချို့ကြောင့် မောင်းတံမကျတော့ခြင်း စသည်တို ့ဖြစ်လာသည်။ဖြစ်စက မသိသာသော်ငြား တဖြည်းဖြည်း အိမ်သာဒုက္ခကအတော်သိသာလာလေသည်။

အိမ်သာက ၂ခါ၊၃ခါ ဆွဲလည်း မကျသဖြင့် စိတ်ရှည်သည်းခံ လမ်းကြောင်းမှန်ဖြင့် အသုံးပြုသူများရှိသလို၊ တချိ ု့ကျ စိတ်မရှည် ကိုယ့်ကိစ္စကိုယ်ပြီးအောင်
မရှင်းကြ။ထို့ကြောင့် မကြာခဏဆိုသလိုတော်ကြာ အမလေး… ငါတော့ ဗုံးမိပြန်ပြီ ဟူသော အသံများကြားရလေ့ရှိသည်။နောက်တော့လည်း ဆန္ဒပြမှုများလာပြီး
အိမ်သာရေးရာ လှုပ်ရှားမှုများ၊ အိမ်သာရှင်းလင်းရေး ကွန်ယက် စသဖြင့် အဖွဲ့များ ပေါ်ပေါက်လာသည်။ ရုံးတွင်လူငယ်များသည့်အားလျော်စွာ ဌာနအသီးသီးဧ။် ပိုင်ရာဆိုင်ရာအိမ်သာများရှေ့တွင် တစ်ပတ်တစ်ခါ၊ တခါတရံလည်းအချျိန်နှင့်တပြေးညီ ဆိုင်းဘုတ်များကို ဖတ်ရသည်။ဌာနရှိ လူငယ်တို ့အိမ်သာပြဿနာပေါ်
မူတည်ပြီး စာတွေ၊ အာဘော်တွေက မတူကြ။အချို့က ဒေါသသံပါသည်။ အချို့ကရယ်ရသည်။ ဖတ်မိသလောက်ကတော့

Shue က ကိစ္စမရှိပေမယ့် Eကိုတော့ ဂရုစိုက် ပါကွာ။
အများအတွက် ငဲ့။တစ်ကိုယ်ရည်စာ မကြည့်စမ်းနဲ့။
အိမ်သာတက်ပြီးလျှင် နောက်ဖက်မှ ဘောကို မဖြစ်မနေ မ ခဲ့ပါ။(မှတ်ချက်-အိမ်သာဘောကို ဆိုလိုသည်)

စသဖြင့် စသဖြင့် ဖြစ်သည်။နောက်ဆုံးတော့ အိမ်သာပြဿနာများကို ခဏခဏဖြေရှင်းနေရသဖြင့် အိမ်သာ၅လုံးဧ။် အနေအထား ပြဿနာများကို စိတ်မခိုင်တော့သော မွန်းပိုအမ်ကို ပျို ့မှာတမ်း ဟူသော ခေါင်းစဉ်ဖြင့် စာရေးပြီး
ရုံးရှိ ဝန်ထမ်းသုံးဖွဘတ်ပေ့ချ်တွင် စာတင်ပစ်လိုက်သည်။အဆဲခံရမည်ကို ကြောက်သော်ငြား ရုံးရှိဆရာသမားက ကြိုက်နှစ်သက်ကာ Pin Top လုပ်ထားသည် ဟူသတတ်။

အနှီစာမှာ
ပျို့မှာတမ်း

မကြာခဏပြုပြင်နေရသော ရုံးရှိ အိမ်သာများကို ပြင်ဆင်ပြီး နောက်ဆုံးရလဒ်များကို အချိန်နှင့် တပြေးညီကြေညာသွားမှာ ဖြစ်ပါတယ်။ခဏခဏ ပြင်ဆင်အပြီးမှာတော့
အခန်းနံပါတ်၁ ရှိ အိမ်သာသည် လုံးဝလုံးဝ အသုံးပြု၍ မရတော့ပါ။နံပါတ်၂အခန်းရှိ အိမ်သာမှာ မဖြစ်မနေဘောဆွဲရမည်ဖြစ်ပါသည်။ကိစ္စသေးပါက နံပါတ်၅အခန်းက ဝင်ခွင့်ပေးမည်ဖြစ်သော်လည်း မရှူနိုင် မကယ်နိုင် ကိစ္စများအတွက် နံပါတ်၃အခန်းရှိအိမ်သာကိုသော်လည်းကောင်း၊
နံပါတ်၄အခန်းရှိအိမ်သာကိုသော်လည်းကောင်း အသုံးပြုကြပါ။

သို့သော် အသုံးပြုလို ့ရနေပြီဟု ယူဆရသော အိမ်သာများသည်လည်း ယခင်လို ရေမြောကမ်းတင် အခြေအနေများ၊ရေကြီးရေလျှံ အခြေအနေများ၊ ပေါလောပေါလော အခြေအနေများလည်း ဖြစ်နိုင်ချေရှိနေနိုင်သောကြောင့် သတိဝိရိယထားကာ အိမ်သာ အခြေအနေအရပ်ရပ်ကို လေ့လာပေးကြပါ၊ သုံးသပ်ပေးကြပါ။ ပြန်ဖြစ်လာပါကလည်း သတ္တိရှိရှိဖြင့် ရင်ဆိုင်ရမည် ဖြစ်သော်လည်း လောလောဆယ်တော့ ပျော်ရွှင်စွာဖြင့် အိမ်သာအသုံးပြုကြပါဦးစို့။
မှ
အီးလေဝသနှင့်ဇလဗေဒဌာန. ..ဟူ၍။

ရုံးအတွင်းရေးကိစ္စဖြစ်သော်ကြောင့် မည်သူမျှ မဖတ်စေချင် မသိစေချင်လှသဖြင့် မန်းဂဇက်တွင်သာ လာဖွလိုက်ရပါသည်။

13 comments

  • Kaung Kin Pyar

    February 21, 2017 at 1:38 pm

    ထမင်းစားပြီး ပြန်ထုတ်ချိန်နဲ့ ကွက်တိပဲ… အဟေးးဟေးးး

    တချို့တွေဆို အိမ်သာစန်းစန်းတင့်ကြတယ်… (ကိုယ်လဲ အပါ)ယု့စ်ထူမဖြစ်တာတို့ နယ်မြေစိမ်းတို့..အိုက်ပေါလောပေါလောတို့ စမဲတို့များလာရင် ရှိသမျှအပေါက်ပိတ်ပြီး ပြန်တပ်ခေါက်ရတာပဲ.. (နှာခေါင်းပေါက်ပြောပါတယ်…)
    မွန်းတို့ပြဿနာက ရေရှည်တော့ အဆင်မပြေလှထင့်…။ (အကုန်ချုပ်ကုန်ကြမှဖြင့်… :k:

    • moonpoem

      February 22, 2017 at 4:06 pm

      ဟုတ်တယ် မမရေ။ အခုတော့ တစ်ပတ်တစ်ခါ မိလ္လာကားခေါ်ပြီး သူမလာမချင်း ရင်ခုန်စွာ၊အသည်းတုန်စွာနဲ ့ဒုက္ခခံပြီး မျှော်နေရတော့တယ် 😀

  • ဇီဇီ

    February 21, 2017 at 4:05 pm

    ဟီးဟီးဟီးဟီး
    သနားပေမဲ့ ရီချင်တာ ထိန်းမြဖု။

    :k:

    • moonpoem

      February 22, 2017 at 4:10 pm

      ရက်စက်တယ် မဂျီးစ် ဗြဲဟဲဟဲ 😛

  • Thint Aye Yeik

    February 21, 2017 at 4:23 pm

    ရုံးမှာ ရှိတဲ့ ရာထူးအကြီးဆုံး တာဝန်အရှိဆုံးသူ စီစဉ်ရင် တစ်ချက်ထဲနဲ့ ပြတ်မယ့်ကိစ္စ ဖြစ်ပါတယ်။
    ဥပမာ မနက်မိုးလင်း ရုံးထဲ ဝင်ပြီဆိုတာနဲ့ ကောက်ညှင်းပေါင်း လက်နှစ်ဆုပ်လောက်ဆီ စားပြီးမှ ဝင်ရမယ် ဆိုတဲ့ စည်းကမ်းမျိုးထုတ်၊
    တကယ်လည်း ကျွေး။ အဲဒါဆိုရင် ဝန်ထမ်းတွေလည်း ကောက်ညှင်းပေါင်း စားရ၊ အိမ်သာ ခဏခဏ ပြေးစရာလည်း မလိုတော့။
    ရုံး ပိုင်ရှင်လည်း မနက်တိုင်း ကုသိုလ်တွေ ရ၊
    တစ်ချက်ခုတ် ၃ ချက်ပြတ်။

    နောက်တစ်နည်းကတော့ ဆယ်ပြားစေ့ ဆောင်ထားတာ။
    အိမ်သာ ပြေးချင်လာတိုင်း ဆယ်ပြားစေ့ မျိုချလိုက်ပါ ဆိုတာမျိုး…

    :k:

    • moonpoem

      February 22, 2017 at 4:14 pm

      မလုပ်ရက်ပါဘူးဟာ။ ဝမ်းတစ်လုံးကောင်းရင် ခေါင်းမခဲဘူးဆိုလို ့ငါကတော့
      ဒိန်ချဉ်နဲ ့မန်ကျည်းသီးဖျော်ရည်လေး၊ ဒါမှမဟုတ် မုန့်ဟင်းခါးပူပူစပ်စပ်လေး ပဲ ကျွေးချင်တာ ..:P

  • kai

    February 21, 2017 at 4:29 pm

    နောက်တနည်းကတော့.. တရားထိုင်ပြီးသမာဓိရတဲ့စိတ်နဲ့ ချုပ်တာာဖြစ်ပါတယ်..။
    ၂ရက်လောက်ချုပ်ထားပြီးမှ… အိမ်သာသွား..
    ဦးပေါ်ဦး(လားမသိ) … ဘုရင်က.. လောကမှာအရသာအရှိဆုံးမေးတာ.. ဘုရင်ကို ဝမ်းချုပ်ဆေးတွေတိုက်…
    နောက်ဆုံး.. ၂ရက်လောက်နေပြီး.. ချုပ်တာတွေလွတ်.. ဝမ်းသွားလိုက်မှ.. “ဟင်း”ချ.. သက်သာသွားတဲ့စိတ်ကို.. အရသာအရှိဆုံးပြောတာပဲ..။

    အရသာအရှိဆုံးများခံစား.. စံစားလို့ရသပေါ့..။ :k:

    • moonpoem

      February 22, 2017 at 4:18 pm

      သူကြီးကတော့ အရောက်ပို့တယ်နော်

    • moonpoem

      February 22, 2017 at 4:19 pm

      အကြည်တော်ဝတ္ထုထဲမှာ ကျင်တော်ကိုင်ဝန်မင်းတို ့ဘာတို ့ရှိသေးတယ်။
      ကိုအောင်မိုးသူပေးတဲ့နာမည်က မဆိုးပါဘူး လှသား 😀

  • •*¨နန်းတော်ရာသူ •*¨

    February 22, 2017 at 5:09 pm

    အင်ပွတ်ကိစ္စထက် အောက်ပွတ်ကိစ္စကပိုခက်တယ်ဆိုတာမှန်တယ်။
    ဆာတာအောင့်ထားလို့ရတယ် မသကာ မူးလဲရုံပေါ့။ထွက်ချင်တာအောင့်ရတဲ့ဝေဒနာတွေးသာကြည့်တော့။

  • Mr. MarGa

    February 23, 2017 at 12:34 am

    အဝင် အထွက် ပြဿနာ ဆိုတာ ဒါမျိုးပေါ့လေ 😀 😀 😀

  • သျှားသက်မာန်

    March 30, 2017 at 3:46 pm

    အမလေးလေး..ရေးတာတော်လိုက်တာ..E အကြောင်း

Leave a Reply