လွပ်လပ်ရေးလော ? ပြည်ထောင်စုရေးလော?

ဒုတိယအကြိမ် ၂၁ရာစုပင်လုံညီလာခံကြီးအစပြုနိုင်ရန် တိုင်းရင်းသား အဖွဲ့အသီးသီးပြင်ဆင်နေကြလေပြီ။
နိုင်ငံတော်အတိုင်ပင်ခံ ရုံး၏ ရက်တစ်ရာစီမံချက်မှစတင်ခဲ့သော
မြန်မာလူထုအစိုးရဟု ခေါ်တွင်းနိုင်သော NLD အစိုးရ လက်ထက်၏ ကြိုးစားပမ်းစား ဖေါ်ဆောင်လျက်ရှိသော
ပြည်တွင်းငြိမ်းချမ်းရေးဟူသည် ဗမာလူမျိုးစုကြီးနှင့် တောင်တန်း
ဒေသတိုင်းရင်းသားတို့၏ အပေးအယူ မျှတနိုင်ပါမည်လောဟု.. ။
ဘာတောင်းပြီးဘာပြန်ပေးကြမည်နည်း?
တောင်တန်းဒေသက ဘာတွေတောင်းကြမလဲ?
ဗမာလူမျိုးစု အာဏာ ပိုင်များကရော ဘာပြန်ပေးနိုင်မလဲ?
ဤသည်မှာ မရိုးနိုင်သော စိတ်ကူးယဉ်မေးခွန်းများသာ..။
အယူနဲ့အပေး၏ အလယ်၌ စာချုပ်ကြီးကိုချလျှက် မေးခွန်းတွေ
ထုတ်ကြပါလိမ့်မည်။ တောင်တန်းဒေသ လူမျိုးစုများက စာချုပ်
ကြီးကိုတွင်တွင်ကြီး လက်ညိုးထိုးလျက် ဗမာလူမျိုးများ၏
ကတိသိက္ခာကို မှတ်ကျောက်တင်လို ကြောင်း အနက်ကို
ဖော်စေ လျက်…….
ဗမာလူမျိုးစုကြီ ၏ အာဏာ ပိုင်များက အမျိုးမျိုးသော အဓိပ္ပါယ်
ဖွင့်ဆိုချက်များကိုးကားလျှက် ……..
မရေရာမသေချာမှု့များနှင့် ပြီးဆုံးသွားလေမည်လော???
စာချုပ်ကတိကိုအကောင်အထည်ဖော်ခြင်းကို တောင်တန်းနေ
လူမျိုးစုများက လွပ်လပ်ရေးဟု သတ်မှတ်ကြမည်လော???
အာဏာ တစ်စပ်တပိုင်းဖဲ့ပေးခြင်းသာလျှင် ပြည်ထောင်စုကြီး
အရှည်တည်တံစေရေးသာလော????

ပင်လုံကို နားလည်သလောက်တော့ တွေးတောကြကုန် စေသတည်းး…….။

??????????????????

၁၉၄ရ ခုနှစ် ပင်လုံစာချုပ်
မြန်မာပြည်ဘုရင်ခံ၏ အမှုဆောင်ကောင်စီမှ အဖွဲ့ဝင်အချို့နှင့် စပ်ဖများအားလုံးတို့အပြင် ရှမ်းပြည် နယ်များ၊ ကချင်တောင်တန်းဒေသများနှင့် ချင်းတောင်တန်းဒေသတို့မှ ကိုယ်စားလှယ်များတို့ တက်ရောက်ကြသော ပင်လုံမြို့တွင်ကျင်းပသည့် အစည်းအဝေးကြီးတရပ်တွင် …
ကြားဖြတ်မြန်မာအစိုးရနှင့် ချက်ချင်းပူးပေါင်းခြင်းအားဖြင့် ရှမ်း၊ ကချင်နှင့် ချင်းတို့သည်
လွတ်လပ်ရေးကို ပိုမို၍ လျှင်မြန်စွာ ရရှိလိမ့်မည်ဟု အစည်းအဝေးတက်ရောက်သူ အဖွဲ့ဝင်
တို့သည် ကန့်ကွက်သူမရှိဘဲ အောက်ပါအတိုင်း သဘောတူညီကြလေသည်။
၁။ တောင်တန်းသားများ စည်းလုံးညီညွတ်ရေးအဖွဲ့ (တစညဖ) ၏ ကြိုးကိုင်အဖွဲ့ ကိုယ်စားလှယ်
များ၏ ထောက်ခံချက်အရ တောင်တန်းသားများ၏ ကိုယ်စားလှယ်တဦးကို ဘုရင်ခံကရွေးချယ်၍ နယ်စပ်ဒေသများကိစ္စနှင့်ပတ်သက်၍ ဆောင်ရွက်ရန်အတွက် ဘုရင်ခံ၏ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ခန့်ထားရမည်။
၂။ ဤအတိုင်ပင်ခံပုဂ္ဂိုလ်ကို ဘုရင်ခံ၏ အမှုဆောင်ကောင်စီတွင် ဌာနလက်ကိုင်မရှိ ကောင်စီဝင်
တဦးအဖြစ်ခန့်ထား၍ ကာကွယ်ရေးနှင့် ပြည်ပကိစ္စရပ်များတွင် ထုံးနည်းဥပဒေအရ အမှုဆောင် ကောင်စီ၏ အာဏာလက်အောက်သို့ ရောက်ရှိသည့်နည်းတူ နယ်စပ်ဒေသကိစ္စများကိုလည်း အမှုဆောင်ကောင်စီ၏ အာဏာအောက်သို့ ရောက်ရှိစေရမည်။ ဤနည်းလမ်းများအတိုင်း နယ်စပ် ဒေသဆိုင်ရာ အတိုင်ပင်ခံပုဂ္ဂိုလ်အား အုပ်ချုပ်ခွင့်အာဏာကို ပေးအပ်ရမည်။
၃။ အဆိုပါ အတိုင်ပင်ခံပုဂ္ဂိုလ်ကို ၎င်းနှင့် လူမျိုးချင်းမတူသော ဒုတိယအတိုင်ပင်ခံနှစ်ဦးက ကူညီ
စေရမည်။ ရှေးဦးစွာ ဒုတိယအတိုင်ပင်ခံပုဂ္ဂိုလ်နှစ်ဦးတို့သည် ၎င်းတို့အသီးသီး သက်ဆိုင်သည့်
နယ်များ၏ ကိစ္စရပ်များကို ဆောင်ရွက်ရန်ဖြစ်၍ အတိုင်ပင်ခံပုဂ္ဂိုလ်မှာ အခြား နယ်စပ်ဒေသ
အားလုံးတို့၏ ကိစ္စရပ်များကို ဆောင်ရွက်စေရန်ဖြစ်သည်။ ၎င်းတို့သည် ထုံးနည်းဥပဒေအရ တွဲဖက်တာဝန်ယူရသည့်မူအတိုင်း ရွက်ဆောင်စေရမည်။
၄။ အတိုင်ပင်ခံပုဂ္ဂိုလ်သည် အမှုဆောင်ကောင်စီတွင် အဖွဲ့ဝင်လူကြီးအနေဖြင့် နယ်စပ်ဒေသ
များ၏ တဦးတည်းသော ကိုယ်စားလှယ်အဖြစ် ပါဝင်ရမည်ဖြစ်သော်လည်း ဒုတိယအတိုင်ပင်ခံ ပုဂ္ဂိုလ်များသည် နယ်စပ်ဒေသများနှင့် သက်ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးကြသည့်အခါ အမှုဆောင်ကောင်စီတွင် တက်ရောက်နိုင်ခွင့်ရှိစေရမည်။
၅။ အထက်တွင် သဘောတူညီသည့်အတိုင်း ဘုရင်ခံ၏အမှုဆောင်ကောင်စီကို တိုးချဲ့မည်
ဖြ စ်သော်လည်း နယ်စပ်ဒေသများ၏ နယ်တွင်းအုပ်ချုပ်ရေးတွင် ယခုခံစားနေရသော ကိုယ်ပိုင်အုပ်ချုပ်ရေးကို မည်သည့် နည်းနှင့်မဆို တစုံတရာလက်လွတ်စေရန် အဆိုပါကောင်စီက ပြုလုပ်ခြင်းမရှိစေရ။ နယ်စပ်ဒေသများ အတွက် နယ်တွင်းအုပ်ချုပ်ရေးတွင် ကိုယ်ပိုင်အုပ်ချုပ်ရေး ရာခိုင်နှုန်းအပြည့် ရှိစေရမည်ဟူသောမူကို သဘောတူညီကြသည်။
၆။ ပူးပေါင်းထားပြီးသည့် မြန်မာပြည်အတွင်း သီးသန့် ကချင်ပြည်နယ်တခု နယ်နိမိတ်သတ်မှတ်
၍ တည်ထောင်ရန် ပြဿနာမှာ တိုင်းပြုပြည်ပြုလွှတ်တော်က ဆုံးဖြတ်ရန်ဖြစ်သော်လည်း
ဤကဲ့သို့ သီးခြားပြည်နယ်တခု ထားရှိသင့်ကြောင်းကို သဘောတူညီကြသည်။ ဤရည်ရွယ်ချက်
အထ မြောက်ရန်အလို့ငှာ ပထမခြေလှမ်းအနေဖြင့် ၁၉၃၅ ခုနှစ် မြန်မာနိုင်ငံတော်အစိုးရ
အက်ဥပဒေအရ နောက်ဆက်တွဲစာရင်းပါ အပိုင်း (၂) ဒေသများကဲ့သို့ မြစ်ကြီးနားနှင့်
ဗန်းမော်ခရိုင်တို့၏ အုပ်ချုပ်ရေးတွင် နယ်စပ်ဒေသ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒုတိယအတိုင်ပင်ခံ
ပုဂ္ဂိုလ်အား ဆွေးနွေးတိုင်ပင်ရမည်။
၇။ နယ်စပ်ဒေသများ၏ နယ်သူနယ်သားတို့သည် ဒီမိုကရေစီနိုင်ငံများတွင် အခြေခံများအဖြစ် အသိ အမှတ်ပြုထားသော အခွင့်အရေးများတို့ကို ခံစားနိုင်ခွင့်ရှိစေရမည်။
၈။ ဤစာချုပ်တွင် သဘောတူကြသည့် အစီအစဉ်မှာ ပဒေသရာဇ် ရှမ်းပြည်နယ် နယ်မြေစုတွင် ယခု အပ်နှင်းထားပြီးသော ဘဏ္ဍာရေးနှင့်ပတ်သက်သည့် ကိုယ်ပိုင်အုပ်ချုပ်ရေးကို ထိခိုက်ခြင်းမရှိစေရန်။
၉။ ဤစာချုပ်တွင် သဘောတူညီကြသည့်အစီအစဉ်မှာ မြန်မာပြည် အခွန်တော်ငွေများမှ ကချင် တောင်တန်းနယ်များနှင့် ချင်းတောင်တန်းနယ်များက ရသင့်ရထိုက်သော ဘဏ္ဍာရေးအကူ
အညီကို ထိခိုက်ခြင်းမရှိစေရ၊ မြန်မာပြည်နှင့် ပဒေသရာဇ် ရှမ်းပြည်နယ်မြေစု၏ ဘဏ္ဍာရေး
အစီအစဉ်များကဲ့သို့ ကချင်တောင်တန်းနှင့် ချင်းတောင်တန်းများအတွက် အလားတူအစီအစဉ်များကို ထားရှိကျင့်သုံးရန် ဖြစ်နိုင်မည်၊ မဖြစ်နိုင်မည်ကို ဘုရင်ခံ၏ အမှုဆောင်ကောင်စီက နယ်စပ်ဒေသများ၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒုတိယအတိုင်ပင်ခံပုဂ္ဂိုလ်တို့နှင့်အတူ စစ်ဆေးကြည့်ရှုရမည်။
မြန်မာနိုင်ငံတော်အစိုးရ
(ပုံ) အောင်ဆန်း
၁၂-၂-၄၇
ကချင်ကော်မတီ
(ပုံ)
ဆမားဒူးဝါးဆင်ဝါးနောင်
မြစ်ကြီးနား (ပုံ)
ဇော်ရစ်
မြစ်ကြီးနား (ပုံ)
ဒိန်ရတန်
မြစ်ကြီးနား (ပုံ)
ဇော်လ
ဗန်းမော်
(ပုံ)
ဇော်လွန်း
ဗန်းမော် (ပုံ)
လဗန်းဂရောင်း
ဗန်းမော်
ချင်းကော်မတီ
(ပုံ)
ဦးလွှာမှုန်း
အေတီအမ်။
အိုင်တီအက်(စ်)အမ်၊ ဖလမ်း။ (ပုံ)
ဦးသောင်ဇာခပ်
အေတီအမ်၊ တီးတိန်။ (ပုံ)
ဦးကွယ်မန်း
အေတီအမ်၊ ဟားခါး။
ရှမ်းကော်မတီ
(ပုံ)
ခွန်ပန်းစိန်
တောင်ပိုင်းစပ်ဖလုံ (ပုံ)
စပ်ရွှေသိုက်
ညောင်ရွှေစပ်ဖလုံ (ပုံ)
စပ်ဟုံဖ
မြောက်ပိုင်းသိန္နီစပ်ဖလုံ (ပုံ)
စပ်နွံ
လဲချားစပ်ဖလုံ
(ပုံ)
စပ်စံထွန်း
မိုင်းပွန်စပ်ဖလုံ (ပုံ)
စပ်ထန်းအေး
သာမိုင်းခမ်းစပ်ဖလုံ (ပုံ)
ဦးဖြူ
သထုံစပ်ဖလုံ၏ ကိုယ်စားလှယ် (ပုံ)
ခွန်းဖုံး
မြောက်ပိုင်းသိန္နီ
(ပုံ)
ဦးတင်ဧ (ပုံ)
ဦးထွန်းမြင့် (ပုံ)
ဦးကြာပု (ပုံ)
ဦးခွန်စော
(ပုံ)
စပ်ရစ်ဖ (ပုံ)
ဦးခွန်ထီး

6 comments

  • kai

    February 25, 2017 at 5:09 am

    အင်္ဂလိပ်က သိမ်းတယ်..။ သိမ်းတယ်..။ မြန်မာပြည်ကိုသိမ်းတယ်..။
    သူသိမ်းတာလောက်တောင် ပြန်မပေးဘူး.။ အာသံနဲ့ မဏိပူရကျန်ခဲ့တယ်..။

    ဆိုတော့…
    ဘယ်နှာ.. ပင်လုံစာချုပ်မှာတင် ရပ်နေကြသလဲမသိ..။
    လူလည်ချည်း..။

    • မင်း ခန့် ကျော်

      February 25, 2017 at 9:29 am

      ပင်လုံမှာ အင်္ဂလိပ် အစိုးရ ကိုယ်စားလှယ် ပါသင့်တယ်။
      လိုအပ်တယ် ဆိုမှ ထပြောစေ။
      အဆုံးအဖြတ်တော့မဖြစ်စေရ။
      ဒါပေမဲ့ နှစ်တွေ သိပ်ကြာခဲ့တာက ဗမာအစိုးရအတွက်
      အမြတ်ချည်းပဲ။
      အိမ်ရှင်အိမ်ငှါးတောင် ၁ဝ နှစ်ကျော်ရင် နှင်မရတော့။

  • Thint Aye Yeik

    February 25, 2017 at 10:07 am

    အရေးတော်ပုံ အောင်ပါစေ
    အရေးတော်ပုံ အောင်ပါစေ
    အရေးတော်ပုံ အောင်ပါစေ

  • ဦးကြောင်ကြီး

    February 25, 2017 at 11:35 am

    တဖက်ပိတ် ပိုးဟပ်ကြော ် နီ ဘော့သွားတာ နိသဘောလား ဂေါ့ဒ်အလိုတော်လား

    • မင်း ခန့် ကျော်

      February 25, 2017 at 4:09 pm

      ဆုတောင်းလေ ဆုတောင်း :mrgreen:

  • ဇီဇီ

    February 27, 2017 at 1:30 pm

    ရင်ကြားစေ့ဖို့ဆွာ
    ဘလာဇီယာကောင်းမှ ဖစ်မေ သလား!!
    အာ့ပဲ မြဲမြဲမှတ်။

    :k:

Leave a Reply