ကျွန်မ နဲ့ ယတြာအစီအရင်များ

myat pearl phyuFebruary 28, 20171min34710

တစ်ခါတုန်းကပေါ့…

အမေ နဲ့ အသိအမကြီးတို့ နှစ်ယောက်သား ကျွန်မချစ်သူစာမေးပွဲအောင်ဖို့ဆိုပြီး
မြောက်ဥက္ကလာက ဇွဲစုံဘုန်းကြီးကျောင်းမှာ
ဗေဒင်မေးယတြာသွားချေကြသေးတယ်…။
သင်္ဘောသားတွေလည်း ကိုယ်ပိုင်ကားတွေနဲ့ လာကြ

တစ်ခြား ကားကြီး ကားငယ်အသွယ်သွယ်နဲ့
ဗေဒင်လာလာ မေးကြတာ လူတွေကို စည်ကားနေတာပဲတဲ့…။

ဇွဲစုံနဲ့မပြီးသေးဘူး

အိမ်နားက အသိဘုန်းကြီးကျောင်းမှာ

ဆြာရာတော်က ယတြာချေပေးတယ်ဆိုပြီး

အဲ့ဒီလည်း သွားလိုက်ကြသေးတယ်..။

ကျွန်မကတော့ လိုက်မသွားပါဘူး..။

ဘုရားရှိခိုးတိုင်းတော့ ဆုတောင်းမေတ္တာပို့ပေးပါတယ်။

ရွှေမန်းတင်မောင်သီချင်းလေးလို

အောင်ပါစေသား အောင်စေသားပေါ့။
======================

နောက်တစ်ခါ ဗေဒင်ယတြာ …

သူငယ်ချင်းက ကျွန်မကို ဗေဒင်သွားမေးမလို့
လိုုက်ခဲ့ပါလားဆိုတော့…
ကိုယ်တွေသားအမိပါ ရောယောင်ပြီး
လိုက်သွားကြရင်း
အမေကလည်း ဝါသနာပါတော့ ဝင်မေးခဲ့ကြတယ်…
ဗေဒင်မေးခကလည်း ၁ယောက် ၃၀၀ဝ ပဲဆိုတော့
တန်တယ်ပေါ့……
ဗေဒင်ဆြာအလုပ်ခန်းက
ကိုယ်တွေအိမ်နဲ့နီးနီးလေး
ဒါပေမယ့် တစ်ခါမှ မရောက်ဖူး မမေးဖူး…
အဝေးကသူငယ်ချင်းက
အရင်တုန်းကထဲက သူက ဒီကို ခဏခဏ လာမေးဖူးတယ်..။
နွေနေပူပူမှာ ဗေဒင်ခန်းယောက်တော့
ဆြာက ထမင်းစားသွားချိန်နဲ့ဆုံ
အခန်းမှာ ဘယ်သူမှမရှိလို့
ဆြာကို ဖုန်းဆက်ခေါ်ပြီး
သူလာတာကို စောင့်ရသေးတယ်…
=====================

ဆြာက ပါးစပ်ကပြောတာကို
ဗေဒင်မေးမယ့်သူက
ဆြာပေးတဲ့ စာရွက်မှာ
နာမည်တပ်ပြီး လိုက်မှတ်လိုက်ရေးပေါ့လေ..။
ထုံးစံအတိုင်း မြန်မာမွေးနေ့ သက္ကရာဇ်တွေ
တွက်ချက်ပြီး ဗေဒင်ဟောတော့တာပေါ့..
ယတြာတွေ အဆောင်တွေလည်း ပေးပေါ့..။
ဘယ်နေ့သမီးက ဘာအညွှန့် ဘာအရွက်ကို ဘယ်နေ့ဘယ်ချိန်မှာ
ဘုရားပူဇော်ဖို့တို့ဘာတို့ပေါ့…။
ဉာဏ်ပူဇော်ခငွေ ကျပ် ၃၀၀၀
ဆြာ့စားပွဲရှေ့က ဖလားထဲကို ကိုယ်တိုင်ထည့်ရတယ်..။
=================
သူငယ်ချင်းကလည်း သူတို့အိမ်ကန်ထရိုက်ဆောက်ဖို့စီစဉ်ရင်း ငွေကြေးအခြေအနေအဆင်ပြေမပြေ

ရာထူးတိုးတက်ဖို့ ရှိမရှိ နဲ့

သူ့မေမေ ကျန်းမာရေးယတြာချေဖို့အကြောင်းတွေ မေးတာပေါ့လေ…။

၁နာရီလောက်ကြာတယ်…။

ကိုယ်ကလည်း ဗေဒင်ခန်းကို ဓါတ်ပုံမသိမသာရိုက်လိုက်

သူတို့ပြောတာ အသံဖမ်းလို်က်နဲ့ပေါ့..(အသံဖမ်းတာကတော့ နောက်ပြန်နားထောင်လို့ရအောင်ပါ.).

သူငယ်ချင်းပြီးတော့ ကိုယ့်အလှည့်
ချစ်သူနဲ့ ကျွန်မ ဇာတာတိုက်တော့ သူနဲ့ကိုယ်က ဗေဒင်အရ
အဆင်မပြေဘူးပေါ့..။
ဆြာပြောပုံအရတော့ မကောင်းဘူးဆိုပါတော့…။
အဲ့ဒီမှာ အမေကလည်း မျတ်စိမျတ်မှာပျက်နေပြီ..။
ကျွန်မတို့ကလည်း
ကောင်းတယ်ဆိုရင်သာ ယုံလိုက်တာ..။
မကောင်းဘူးပြောရင် သိပ်မကြိုက်လှ…
ယုံတော့ဘူးလေ..။
ဗေဒင်ပြောသလို အကုန်လုံးဖြစ်ချင်မှဖြစ်မှာပေါ့
ဟုတ်ဘူးလား (လူ့စိတ်ဆိုတာကလည်း မကောင်းတာပြောရင် လက်မခံချင်ကြဘူးလေ..)
အတိတ်ကံနဲ့ လက်ရှိကံတွေကောင်းမှု ကြိုးစားအားထုတ်မှုက
ရှိသေးတယ်မဟုတ်လား..။
==========================
ဒါတွေ ထားပါ..။
အဲ့ဒါနဲ့ အဆောင် အနေနဲ့ ဘာနတ်မင်းကြီးပုံကို ဘာသားနဲ့ထုထားတဲ့ အဆောင်ကို ကိုယ်နဲ့မကွာဆောင်ချင်ရင် ရတယ်ပေါ့..။ အဲ့ဒီအသားက အပ်ချင်လည်းရတယ်..။
ဒါမှမဟုတ် သူ့ဆီမှာ လုပ်ပြီးသား အဆောင်ရှိတယ်ပေါ့..။
ဝယ်မယ်ဆို ၆၀၀ဝ လား ၇၀၀ဝ ဆိုလား ပြောတယ်..။
အမေက ….မဝယ်တော့ပါဘူး ဆြာရယ်ပေ့ါ..။
အုန်းပွဲ ဌက်ပျောပွဲထိုးချင်ရင် ဘယ်နေ့ ဘယ်ချိန်အရောက်လာခဲ့တဲ့..။
သူဓါတ်ရိုက်ဓါတ်ဆင်ပေးမယ်ပေါ့..။
ပွဲပေးရင် ပိုကောင်းတယ်ပေါ့…အားလုံးပေါင်း ၈၀၀ဝ ဆိုလား ၁၀၀၀ဝကျော်ဆိုလား သိပ်မမှတ်မိတော့ဘူး..။

အဲ့ဒါနဲ့ ကျွန်မတို့လည်း
ပွဲလည်း မပေးတော့ပါဘူးဆြာရယ်ပေါ့…။
အသာ ထ ပြန်လာကြတယ်ပေါ့လေ..။

အပြန်တောင် ဗေဒင်ဆြာကြီးက

ဓါတ်ရိုက်ဓါတ်ဆင်အရ မတူတဲ့ဒေသ ၃နေရာက

ရေကန်ထဲက ရေတွေ ရောစုပေါင်း

ထည့်ထားတဲ့ ရေအစီအရင်ရေဗူးကို

မေတ္တာလက်ဆောင်ပေးလိုက်ပါသေးတယ်..။

ကန်ရေတွေဆိုတော့ ဖုန်နဲ့ အမှိုက်တွေ ၊ ဆံပင်ချည်တွေကပါသေး။

ရေစစ်ကလေးနဲ့ ရေပြန်စစ်ပြီး သုံးလိုက်သေး…။

၁ခါလား ၂ခါလား သုံးပြီး ဆက်မသုံးဖြစ်တော့ …

ခုဆို အမေလွင့်ပြစ်လိုက်လားတောင် မသိတော့ပါဘူး…။
အမေကတော့ စာမေးပွဲအောင်ဖို့ပေးလိုက်တဲ့ ယတြာလေးတွေ
ချေလိုက်သေးတယ်..
.အုန်းညွှန့်၊ ဒန်းညွှန့်တို့ ဇီးညွန့်တို့ ဘာတို့ ညာတို့..
=====================
ကြားဖူးတဲ့ နာမည်ကြီးဗေဒင်ဆြာတစ်ယောက်ကတော့
ကလေးနာမည်ပေးကင်ပွန်းတပ်အတွက်
မေးတာမှာ
၁ခါမေး ၅၀၀၀ဝ ဆိုလား…။

အွန်လိုင်းကနေလည်း ဇာတာပို့ပြီးမေးလို့ရတယ်တဲ့…။

ငွေကိုတော့ ဘဏ်ကလွဲပေါ့လေ..။
=================
အခုလည်း …
အိမ်မှာ စီးပွါးလာဘ်လာဘတက်ဖို့ရည်ရွယ်
ကြွေပန်းကန်ပြားပေါ်မှာ
ဘာညာ ဘာညာတင်ပြီး ဖယောင်းတိုင်ကို
ဘယ်ချိန် ဘယ်ခါတွေမှာ
ထွန်းပြီး လေးနက်စွာ ဆုတောင်းပါပေါ့
အမေက လုပ်တယ် လုပ်တယ်…။

ဖယောင်းတိုင်ထွန်တာက ကျွန်မ Laptop computer ၊ ဖုန်းတွေ ထားရာ

စားပွဲပေါ်မှာတင်ထွန်းတော့

အမေရေ ဘုရားဆောင်ပေါ်ထွန်းပါလားဆိုတော့

မီးအပူရှိန်ကြောင့် ဘုရားပန်းတွေညှိုးမှာစိုးလို့တဲ့ မထွန်းဘူး..။

အဲ့ဒါနဲ့ ဖုန်းတွေနားကပ်ပြီး ဖယောင်းတိုင်မထွန်းသင့်ဘူးလို့

အမေကို ဝင်လျှာရှည်လိုက်တာမှာ တစ်ခြားနေရာပြောင်းထွန်းပြီး

ဖယောင်းတိုင်လည်း နေရာမရဖြစ်သွားတာပေါ့လေ….။
===================

လွန်ခဲ့တဲ့ ၃နှစ်ကတော့ မှတ်မှတ်ရရ

အသိတစ်ယောက်က ရောဂါကင်းပျောက်တဲ့ ဘဘုန်းကြီးပရိတ်ရေမန်းကို

ရေသန့်ဗူးလေးထဲထည့်ပြီး ယူလာပေးတယ်..။

ဖခင်ကြီး မဆုံးခင် သတိလစ်နေချိန်လေးမှာ လူနာသတင်းလာမေးရင်းနဲ့ ပေးသွားတာ..။

နောက်နေ့ ဖခင်ကြီးလည်း ဘဝတစ်ပါးပြောင်းကွယ်လွန်သွားတော့ အခန်းတွေရှင်းကြ

ပြန်ဖို့သိမ်းကြရင်းနဲ့ အထူးကုဆေးခန်းကြီးရဲ ့ အပြင်ဘက်ရောက်မှ အခန်းထဲမှာ

အဲ့ရေမန်းဗူးလေး ကျှန်ခဲ့တာသတိရပြီး ဓါတ်လှေခါးနဲ့ ပြန်တက်ယူ ကမန်းကတန်းအိမ်ပြန်လာမှာ

Laptop အိတ်ကို အောက်ချထားခဲ့တာ မေ့ပြီး laptop ပါ ပျောက်သွားခဲ့ပါသေးတယ်။

ရေမန်းနဲ့လဲခဲ့ရတာလေး အမှတ်တရပါ…။

===========================

New COC သင်္ဘောသားသစ်တွေ အလုပ်ရှားပါးနေတဲ့အချိန်အခါဆိုတော့

နိုင်ငံခြားသွား အဆင်ပြေဖို့ယတြာချေဖို့ဆိုပြီး လုပ်ပါတယ်။

ယတြာကတော့…
အသီး၁လုံးကို တံခွန်လုံးစိုက်ပြီး
အသီးညှာပေါ် ဖယောင်းတိုင်ထွန်း့
သူ့မွေးနေ့နဲ့ အချိန်အခါနဲ့ပေါ့…။

ကဲ ဒီယတြာလုပ်မယ်ပေါ့ဆိုပြီး…။
အသီးကိုဝယ်..။
ဖြစ်ချင်တော့ အဲ့အသီးကို
အလုပ်ကအပြန် အနားကအသီးသည်ဆီမှာ ဝင်ဝယ်လိုက်တယ်
အသီးက အစိမ်း..မမှည့်သေးဘူး..။ လုံးလုံးချောချောလေး..။
ဒါပေသိ စိုက်စရာ ဇော်လုံးမဝယ်ရသေးတော့ မလုပ်ဖြစ်သေး..။
အချိန်ကား တစ်ပါတ်တိတ်ကြာသွား..။
အသီးစိမ်းက မမှည့်ပဲ ဖင်ရှုံ့ပြီး တွန့်လာလို့
ချဉ်ရည်ဟင်းချက်စားလိုက်တယ်…။

နို့ ကိုယ်က မသိဘူးလေ သရက်သီး၊ဌက်ပျောသီးတွေလိုမျိုး

အစိမ်းကနေ အုပ်ထား ဆန်အိုးထဲထည့်ထားရင် မှည့်သွားမယ်ထင်တာပေါ့လိုစ့်. 

အာ့ဒါနဲ့ အမေ ဈေးသွားမှ…
မားမားရေ ဇော်လုံးဘယ်နှစ်ခု အုန်းညွှန့် ဘယ်နှစ်ခုနော်
ဝယ်ခဲ့ပါလို့ မှာလိုက်ပြီး…။
မားမားက ဝယ်ခဲ့တာပေါ့
ဒီတစ်ခါတော့ သူက အဲ့အသီးအမှည့်လေးဝယ်လာတယ်…။
မားမားဝယ်လာတဲ့ အသီးကိုမြင်တဲ့အခါ…
ကျွန်မကတော့ သိပ်မကြိုက်ချင်..။
အသီးက လုံးဝန်းချောမနေပဲ ပိန်ရှည်ရှည်လေးဖြစ်နေတယ်..။
အမေကတော့ဘာဖြစ်လဲ ယတြာချေတာပဲဟာကိုတဲ့..။
အာ့ဒါနဲ့ အမေက ဈေးကို ကြာသာပတေးနေ့ကသွားတာ..
ယတြာက အင်္ဂါနေ့မှ လုပ်ရမှာဆိုတော့
ဒီအတိုင်းထားလိုက်ရပြန်..။
သူ့နေ့နံမကိုက်သေးလို့ မလုပ်သေးဘူး အမေရေလို့..။
ပိတ်ရက် ဆန်းဒေးလည်းရောက်ရော
အဲ့အသီးကလည်း ပိုပိုမှည့်လာတော့

ခွဲစားပလိုက်တယ်…။ ချိုနေတာပဲ အရသာလေးက…ဟီးးးဟီးးးးး
အမေရေ နောက်မှ သမီး ဒီထက်ကောင်းတာပြန်ဝယ်လိုက်မယ်ပေါ့ဆိုပြီး…။
အဲ့လိုနဲ့…
ယနေ့ အင်္ဂါနေ့ရောက်လာပါကော..
မနေ့ကလည်း အလုပ်တွေရှုပ်တာ ဆိုတာ
အပြန်ကျတော့
အဲ့အသီးဝယ်ဖို့ မေ့လာလို့

နောက်အပါတ်မှပဲ လုပ်တော့မယ် အမေရယ်လို့…။
ယတြာမလုပ်ဖြစ်လိုက်ပြန်ဘူးလေ…။

=======================
အင်္ဂါသမီးအုန်းညွှန့်ယတြာလေးကတော့
ကြွေပန်းအိုးအသစ်ထဲထည့်စိုက်ပြီး
ဘယ်နေ့ ဘယ်ရက်မှာစိုက်ထိုးရုံပဲဆိုတော့
လွယ်ပါတယ်ဆိုပြီး…
ဒီနေ့ အင်္ဂါနေ့ကွ
ငါလုပ်မယ်ဆိုပြီး….
ထိုးစိုက်ပြီး ဘုရားဆောင်ပေါ်တင်ပြီးကာမှ
စာရွက်သေချာကြည့်လိုက်တော့
အင်္ဂါသမီးက ဒီယတြာကို
ကြာသာပတေးနေ့ မနက် ၉ နာရီခွဲမှာမှ
စလုပ်ရမယ်ဆိုပါလားးးးး………

အဲ့ဒါနဲ့….
ဘုရားဆောင်ပေါ်တင်ထားတဲ့ အိုးလေးပြန်ချပြီးး..
အမေရေ ကြာသာပတေးနေ့မှပဲ
ပြန်တင်တော့တယ်မယ်လို့
ဒီကြားထဲ အုန်းညွှန့်ညိုးသွားရင်ဖြင့်
အသစ်ပြန်ဝယ်ရုံပေါ့ဆိုပြီး….။

ကျွန်မနဲ့ ယတြာများနဲ့ ချာကလည်လိုက်နေပုံလေး
ရေးသားလိုက်ရပေတော့သည်..။

မြတ်ပုလဲဖြူ

Photo Cr: Google

10 comments

  • myat pearl phyu

    February 28, 2017 at 3:39 pm

    စာမတင်တာတောင် ကြာပြီ…။
    စာက သိပ်မရေးတတ်တော့..
    အမှားအယွင်းများ ဖတ်ရတာ ကသိကအောက်များ ဖြစ်ခဲ့သည်ရှိသော
    လွန်ဒါရှိ ဝန္ဒာမိပါနော်..။
    ရွာသူရွားသားအပေါင်း ကျန်းမာချမ်းသာလန်းဖြာကြပါစေ…။

  • Kaung Kin Pyar

    February 28, 2017 at 4:38 pm

    ပြန်ရောက်လာတာပဲ ကျေးဇူးတင်တယ်.. ပုလဲရေ…
    အဲ့လိုင်းတွေက တကယ့်အမှန်အကန်တွေလဲ အများကြီး ရှိပါလိမ့်မယ်…။ ဓာတ်ရိုက်ဓာတ်ဆင်ဆိုတာမျိုးတော့ ကိုယ်တိုင် ကြုံဖူးလို့…
    ကံဆိုတာ.. အလုပ်ပါပဲ…။ ကိုယ့်ကံကို ကိုယ့်အလုပ်ကပဲ ပြောင်းလဲနိုင်တယ်လို့ ယုံကြည်တယ်…။
    ဆုတောင်းဆိုတာတွေလဲ သိပ်မယုံပါဘူးရယ်…

    • myat pearl phyu

      February 28, 2017 at 5:07 pm

      ဟုတ်တယ် ဆုရေ ..ဆုတောင်းတိုင်းသာပြည့်မယ်ဆို ဘာအလုပ်လုပ်မှတောင် လုပ်စရာမလိုတော့ဘူးလေ..။
      တကယ့်အခက်အခဲကြုံလာတဲ့အခါမှာတော့
      ရိုးရိုးဆုတောင်းတာထက် …မှန်ကန်တဲ့သစ္စာစကားဆိုကာ တိုင်တည်ဆုတောင်းရင်တော့
      ပြည့်ဝတတ်တာကြားဖူူးတာပဲ..။ အဓိဌာန်ဝင်ကြပြီး ဆုတောင်းကြသလိုမျိုးထင်တယ်နော်။
      အခုဒီစာရေးရတာ ထေရဝါဒ ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်ပြီး
      ဗုဒ္ဓဝါဒ နဲ့ ဗြဟ္မဏဝါဒရောထွေး နေမှုအတွက်တော့ ရှက်မိပါတယ်။
      ယတြာလည်း လုပ်သေး အလေးအနက်နဲ့ ယုံယုံကြည်ကြည်သေချာမလုပ်လို့
      ခုလိုအချိန်ဆွဲ နေ့ရက်တွေကြန့်ကြာနေတာလည်း ဖြစ်မှာပါ..။
      စာရေးချင်စိတ်လေး ပြန်ပေါ်လာတာတော့ မဆိုးဘူးပြောရမယ်..။
      ခုက ရွာထဲမှာ အရင်လို ကွန်မန့်တွေအပြန်အလှန်ပေးကြသလိုမျိုး မစည်ကားတော့ပေမယ့်
      ဘယ်သူဖတ်ဖတ် မဖတ်ဖတ် ကို်ယ့်အတွက်အမှတ်တရအနေနဲ့ပဲ
      ရေးလိုက်မိရုံပါ ဆု ရေ ..
      ဝင်ဖတ်ပေးလို့ ကျေးဇူးပါ…။

  • Thint Aye Yeik

    February 28, 2017 at 5:31 pm

    ကျနော်ဖြင့် တစ်ခါမှ ဗေဒင် မမေးဖူးဘူး။
    အဲ မဟာဘုတ်တိုင်ထူတာတို့ ဇာတာနဲ့ ရှေ့ဖြစ်အဟော တွက်ချက်တာတို့ကို အဖေက သင်ပေးထားလို့ ငယ်ငယ်က သင်ဖူးတယ်။ ကိုယ်တိုင်က ယုံယုံကြည်ကြည် လေးလေးနက် မရှိတော့ အခုဆို အကုန်မေ့။

    နောက်တစ်နာရီ တစ်မိနစ်ကိုတောင် ကိုယ်မပိုင်တဲ့
    သင်္ခါရတရား အနိစ္စတရား လွှမ်းမိုးထားတဲ့လောကကြီးထဲ
    ဘာဖြစ်အောင် ဘာလေးနဲ့ယတြာချေတို့
    ဘာမဖြစ်အောင် ဘယ်လို ဓါတ်ရိုက်ဓါတ်ဆင်လုပ်တို့ ဆိုတာကို ဘယ်လိုမှ ယုံကြည်ပေးလို့ မရဘူးရယ်။

    ယုံကြည်စွာ လုပ်တဲ့သူတွေ ဖြစ်မြောက် အကျိုးပေးတယ် ဆိုရင်လည်း ကိုယ်က ပြန်ပြောဖို့ အဆင်သင့်။

    ဗေဒင် ယတြာ ဓါတ်ရိုက်ဓါတ်ဆင်ကြောင့် ဖြစ်တာ မဟုတ်လောက်! ယုံကြည်သူရဲ့ အတွေး အထင်အမြင်စိတ်တန်ခိုးကြောင့်(ဖြစ်မြောက်ချင်လွန်းတဲ့ စိတ်စွမ်းအားကြောင့်)အထိုက်အလျောက် ဖြစ်မြောက်တာလို့သာ ယူဆတာ။

    ကျနော့် အယူအဆပေါ့လေ။
    ယုံတဲ့သူတွေ ယုံတာ လုပ်ကြတာကိုတော့ လွတ်လပ်စွာ သဘောထားကွဲလွဲရုံပါပဲ။
    :k:

    • myat pearl phyu

      March 4, 2017 at 11:12 am

      MPP က အထူးအဆန်းလေးတွေ၊ ရှေ့ဖြစ်ဟောတွေ၊ ဘာညာသာလကာအဲ့လိုမျိုးဆို အရမ်းစိတ်ဝင်စား..။
      ရုပ်ရှင်တောင် သရဲကားအရမ်းကြိုက်..ငယ်ငယ်တုန်းက စွန်းဝူခုံးတို့ဆို သိပ်ကြိုက်ခဲ့တာပေါ့..။
      သွေးဗေဒင် ၊ ဂဏန်းဗေဒင် သူများတွေရေးထားတာတွေ့ရင် အရမ်းသဘောကျ ဖတ်တာပဲ..။ မဟာဘုတ်ဗေဒင်ဆိုတာ
      တွက်တယ် ကြည့်တယ် မှန်တယ်ပေါ့ တူတယ်ပေါ့ ..ခုထိစိတ်ဝင်စားတုန်းပါပဲ..။
      အပျော်ပေါ့ ကောင်းတာလေးတွေရေးထားတာမျိုး သဘောကျပါ့..။
      အကောင်းမကြိုက်သူ ခပ်ရှားရှားမှတ်လား…။
      ဗေဒင်က မကောင်းတာဆိုရင်တော့ မယုံဘူးပေါ့…ဟီး
      ကိုယ့်အတ္တနဲ့ကိုယ်….။
      ဒါပေမယ့် ခုကတော့ ဗုဒ္ဓဝါဒကိုပဲ ယုံကြည်လက်ခံကျင့်သုံးပါတော့တယ်..။
      ဗေဒင်က ယတြာချေနည်းတွေပြောရင်.. ခက်တာဆို မလုပ်တော့ဘူးလေ..။
      လုပ်လို့လွယ်မယ်ထင်တာလေးပဲ ခြေတတ်တယ်..။ 😀
      သင်္ဘောသီးယတြာကတော့ ဒီစာရေးချိန်ထိမလုပ်ရသေးပါဘူး…။
      Reply ပြန်တာ နောက်ကျသွားတယ်…ဖဘ ကရွာဂရုထဲတော့ ဝင်ရတာ Easy တော့အမြဲကြည့်ဖြစ်နေပါတယ်.. သင့်အေးရိပ်လေးရေ..။

  • သီ ဟ ထွန်း

    March 3, 2017 at 10:54 am

    ဘုရားမှတပါး ကိုးကွယ်ရာမရှိ
    ပညာကို ပညာလိုသဘောထားတာကောင်ပါတယ်။

    • myat pearl phyu

      March 4, 2017 at 11:16 am

      ရွာသားသစ်လေးကို ကြိုဆိုပါတယ်ရှင့်..။ အသစ်လို့ထင်တာပဲလေ..။ အဟောင်းတွေ ပြန်သစ်မသစ်တော့ သိဘူးပေါ့..။
      မိမိကိုယ်သာ ကိုးကွယ်ရာ ပါပဲ။
      ပညာရှင်တွေအားလုံးကို လေးစားလျှက်ပါ..။

  • •*¨နန်းတော်ရာသူ •*¨

    March 5, 2017 at 2:27 pm

    အင်း အဲ့လိုဗေဒင် ယတြာတွေကို ဘာလို့ရယ်မသိ ယုံကြည်မှုကိုမရှိ။အခုခေတ်ဆရာလိမ်ေတွေပေါလာတော့ပိုဆိုးသေး။
    အပျိုတုန်းက အချစ်ရေးအချစ်ရာ လိုက်လက်တည့်စမ်းမေးဖူးခဲ့တာကလွဲလို့ တကယ်ယုံကြည်မှုဆိုတာမရှိလို့ အခုအရွယ်ထိ ယတြာချေခြင်းဆိုတာ မလုပ်ဖူးသေး

    • myat pearl phyu

      March 6, 2017 at 11:20 am

      အင်း…မယုံကြည်တော့ မလုပ်တာကောင်းပါတယ်။
      သူများလုပ်တာ လိုက်လုပ်လည်း
      သူက ယုံ၂ကြည်၂နဲ့ လုပ်တော့ သူ့စိတ်စွမ်းအားအရ ဖြစ်သွားတာလည်း ဖြစ်ပေမယ့်
      ကိုယ်က မယုံရဲယုံရဲနဲ့လုပ်တော့ ကြက်ကန်းဆန်အိုးတိုးသွားသလို ဖြစ်တာမျိုးလည်း ကြုံနိုင်ပေမယ့်
      ကံကိုယ်ယုံပြီး ဆူးပုံတော့ နင်းရဲသူ ရှားပါတယ်လေ…။ ကိုယ်တိုင်က သီလ ၊ သမာဓိ အကျင့်သိက္ခာရှိပြီးသားလူအတွက်ကတော့
      ဘာပဲလုပ်လုပ် သူတော်ကောင်းကို နတ်ကောင်းတွေ အစဉ်ကြည့်ရှုစောင်မနေမယ်ထင်ပါတယ်ရှင့်..။
      ကျေးဇူးပါ မနန်းတော်ရာသူ… ဖတ် မန့်သွားပေးလို့။

  • manawphyulay

    May 29, 2017 at 1:40 pm

    တစ်ခါတလေ ကောင်းပေမယ့် တစ်ခါတစ်ခါကျတော့ ဒီယတြာကို စိတ်ထဲ မစွဲထားဖို့တော့ လိုမယ်ထင်ပါတယ်။ မနောတို့ကတေ့ ဗေဒင်မမေးတော့ သူတို့ ဟိုလိုလုပ်ဒီလိုလုပ်ဆိုတာတွေနဲ့ ဝေးနေတာပေါ့။

Leave a Reply