သင့်စိတ်တွင် မအောင်မြင်ဘူးလို့ ထင်ရင် စမလုပ်ပါနဲ့ သင့်ရဲ့စိတ်တွင် negative thinking များနေရင် မအောင်မြင်ဖို့ သေချာနေပြီ ကျွန်တော်တို့ အဆောက်အဦး ဆောက်တော့မယ်ဆိုရင် လိုချင်တဲ့ စကေးကို တိတိကျကျ သတ်မှတ်ပြီး လိုအပ်မဲ့ပစ္စည်းတွေနဲ့ ဆောက်လုပ်မှသာ ရေရှည် တည်တံ့မှာပါ ထို့အပြင် ရရှိမဲ့ အကျိုး အမြတ်နဲ့ ရင်းနှီးရမဲ့ အရင်းအနှီး ထိုက်တန်ရဲ့လားဆိုတာလည်း တွက်ဆရမှာပါ ဘယ်အလုပ်မဆို အောင်မြင်ချင်ရင် အရင်ဆုံး စဉ်းစားတွေးခေါ်ဖို့လိုပါတယ် မိမိလုပ်မဲ့ အလုပ်တစ်ခုဟာ မိမိ တတ်မြောက်တဲ့ အလုပ်လား တခြားသူရဲ့ အကူအညီနဲ့ လုပ်ရတဲ့ အလုပ်လား မိမိအလုပ်ဟာ ဘယ်သူ့မှ မလုပ်ရသေးတဲ့ အလုပ်လား နေရာတိုင်းမှာ ရေပန်းစားနေတဲ့ အလုပ်လား မိမိရဲ့ အားသာချက် အားနည်းချက် မိမိဝန်ထမ်းတွေရဲ့ အားသားချက် အားနည်းချက် တခြားလုပ်ငန်းတွေနဲ့ ယှဉ်ရင် မိမိလုပ်ငန်းက အားသာနေသလား အားနည်းချက်တွေရှိနေလား တခြားလုပ်ငန်းတွေထက် ၀န်ဆောင်မှုပိုကောင်းလား မိမိ တို့လုပ်ငန်းရဲ့ နေရာ လမ်းပန်းဆက်သွယ်ရေး အစစအရာရာ စဉ်းစားဆင်ခြင်ပြီးမှသာ စတင်လုပ်ကိုင်သင့်ပါသည် စတင်လုပ်ကိုင်ပြီးဆိုကတည်းက သင် ရပ်လို့မရတော့ပါ တခြားလုပ်ငန်းတွေထက် သာလွန်အောင် အမြဲမပြတ် လေ့လာ နေရပါမည် သင် ရပ်လိုက်ပြီးဆိုရင်တော့ သင့်ကို ကျော်တတ်သွားကြပါမည် သင်လုပ်တဲ့ လုပ်ငန်းဟာ ရှုံးနိမ့်မှုတွေနဲ့လည်း ကြုံးကောင်းကြုံနိုင်ပါလိမ့်မည် သင်ရဲ့ လုပ်ငန်းဟာ level 1, level 2, level 3 အဆင့်ဆင့်တတ်လာတာကြောင့် level 3 မှာရှုံးနိမ့်လို့ level 1 ပြန်မရောက်သွားပါ exit ဖြင့်ထွက်မှသာလျှင် game over ဖြစ်ပါလိမ့်မည်။

သီဟထွန်း

About သီ ဟ ထွန်း

သီ ထွန်း has written 2 post in this Website..