နိုင်ငံရေးကျားကွက်….စပြီ

maungmoenyoSeptember 1, 20101min662

ပုဂံရာဇဝင်ကိုဒုတ်/ဒါးထမ်းပြီးဆိုရမလို၊ စစ်တပ်ရဲ့ရာဇဝင်ကို sam ဒုံးကျည်ထမ်းရေးရမလိုဖြစ်နေပါပြီ။ ဒီမိုကရေစီ  ရေးကိုဦးတည်ဖေါ်ဆောင်ပေးမယ်ဆိုပြီးလေလုံးတွေဘယ်လိုဘဲလှိုင်လှိုင်၊ နဂိုကတည်းကလျှို့ဝှက်သိပ်သည်း တဲ့နိုင်ငံရေးလှည့်ကွက်တွေကိုတော့မဖုံးနိုင်မဖိနိုင်အောင်မြင်နေရပါပြီ။

(၁) ဗိုလ်ချုပ်မှူးကြီးအနေနဲ့အာဏာကိုစွန့်မယ်ဆိုတဲ့သတင်းထွက်လာတော့မယုံနိုင်အောင်ပါဘဲ။ ဒီနေ့သတင်းစာမှာ စစ်ရာထူးကိုဆက်သုံးတာကိုကြည့်ခြင်းအားဖြင့်၊ ရာထူးအခေါ်အဝေါ်ကိုဆက်သုံးခွင့်ရှိတဲ့ active duty ကိုသာစွန့်တာဖြစ်နိုင်ပါတယ်။ (သို့) နောင်ပေါ်ထွက်လာမဲ့လွှတ်တော်မှာသာ “ဦးသန်းရွှေ”ဖြစ်မဲ့ပုံပါဘဲ။

(၂) လာမဲ့လွှတ်တော်မှာအစုအဖွဲ့(၃)ခုကautomatic ရွေးပေးလိုက်မဲ့ ဒု-သမ္မတ (၃)ဦးကနေသမ္မတရွေးမှာမို့ သူသာဆက်အာဏာဆက်ထိမ်းဘို့များပါတယ်။ ဦးနေဝင်းလက်ထက်ကအာဏာကိုယုံရမယ်ထင်တဲ့သူကို လွဲပေးတဲ့လူယုံသတ်ခံရတဲ့သင်ခန်းစာကိုဗိုလ်သန်းရွှေမေ့မယ်မထင်ပါ။

(၃) ကာကွယ်ရေးဦးစီးချုပ်အဆက်ဆက်ဟာ၊ စစ်ဦးစီးတွေကသာတက်ပေမဲ့၊ ချွင်းချက်အနေနဲ့(၂)ဦးရှိပါတယ်။ ဗိုလ်စောမောင်နဲံဗိုလ်မြင့်အောင် (အခုဖြစ်ခဲ့ရင်)တို့က”စစ်ရေး”(သို့)”စစ်ထောက်ကနေ”ဖြစ်ကြပါတယ်။ “ရေး”နဲ့”ထောက်”ကိုလူညံ့တွေသာပို့လေ့ရှိပါတယ်။ ဒါကိုကြည်ခြင်းဖြင့်ဗိုလ်မြင့်အောင်ဟာလူညံ့ဆိုတာသေချာသလို၊    ရာထူးမှာသိပ်သက်တမ်းရှည်မဲ့ပုံမပေါ်ပါ။ ဗိုလ်သန်းရွှေကသူ့ထက် junior သိပ်ကျသူကိုကာ/ချုုပ်ပေးတာကြည့် ခြင်းဖြင့်သူနိုင်တဲ့သူကိုမွေးထားကြောင်းထင်ရှားပါတယ်။

(၄) တိုင်းရင်းသာလက်နက်ကိုင်စည်းရုံးရေးထင်တိုင်းမပေါက်တာကိုကြည့်ခြင်းဖြင့်၊ စစ်တပ်ကိုပြန်ပြုပြင်ဘို့ခြေလှမ်း နေပုံရပါတယ်။ ြျမန်မာစစ်တပ်ဟာတိုက်ခိုက်ရေးစွမ်းရည်အကြီးအကျယ်ကျဆင်းနေတာမဖုံးနိုင်မဖိနိုင်အောင်ပါဘဲ။ လက်က်တဆုပ်စာသာကျန်တော့တဲ့တိုင်းရင်းသားလက်နက်ကိုင်တွေကို၊ (၃)ဒါဇင်လောက်ရှိတဲ့ ဗိုလ်မှူးချုပ်အဆင့်ဦးဆောင်တဲ့တပ်မ၊”ဒကစ”နဲ့”စကခ”တွေကဒီနေ့အထိအမြစ်မဖြုတ်နိုင်သေးပါ။

(၅) စစ်တပ်နဲ့အသိုင်းအဝိုင်းကိုမှီခိုနေကြတဲ့စီးပွားရေးလုပ်ငန်းရှင်မိသားစုအဆွယ်အပွားတွေကိုမျက်ကွယ်ပြုပြီး ဗိုလ်ချုပ်မှူးကြီးအနေနဲ့အာဏာကိုလက်လွတ်စပယ်လက်လွှတ်မယ်မထင်ပါ။

(၆) media တွေမှာထွက်လာတဲ့စစ်တပ်ထိပ်ပိုင်းအပြောင်းအလဲတွေဟာတမင်ပြင်ပကိုဖြန့်ပေးလိုက်တာ လဲဖြစ်နိုင်ပါတယ်။ “ငါတို့ဘာလုပ်မယ်”တိုတာကိုကြိုတင်အသိပေးလိုက်သလို၊ စစ်တပ်ပြင်ပလောကရဲ့တုန့်ပြန် ချက်ကိုသိချင်တာလဲပါပါတယ်။

ရာထူးအာဏာခွဲဝေတာတွေလက်လွတ်စပယ်လုပ်နေကြတာတွေကိုကြည့်ခြင်းအားဖြင့်၊ သန်း(၆၀)သောလူထုရဲ့ ဆန္ဒကိုဗြောင်စော်ကာလိုက်တာလို့မြင်ကြောင်းပါခင်ဗျား။

2 comments

  • etone

    September 1, 2010 at 4:29 am

    bus ပေါ်မှာနေရာလုထိုင်တာလေးတောင် မျက်စိထဲပြေးမြင်မိတယ် ဘာဆိုင်လဲ မဆိုင်လဲတော့မသိပေါင် 😀

  • winkyawaung

    September 1, 2010 at 5:12 am

    သေတပန် သက်တဆုံး ဒီနေရာကိုဖက်ထားကြပါမည်။ သူတို့ကို အာဏာသိမ်းမည့်သူမှာ သူတို့ရဲ့နောက်ကျောက မရဏမင်း ပင်ဖြစ်ပါမည်။

Leave a Reply