10000 တန်

သီ ဟ ထြန္းMarch 6, 20171min2635

၁၀၀၀ဝတန်တစ်ရွက်ဟာ
ဘယ်လောက်ပဲဟောင်းနွမ်း စုတ်ပြတ်သပ်နေပါစေ
၁၀၀၀ဝ တန်က ၁၀၀၀ဝ တန်ပါဘဲ တန်ဖိုးမပြောင်းပါဘူး
သင်ဟာဘယ်လောက်တန်ဖိုးရှိလဲ သိချင်ရင် အလုပ်တစ်ခုဝင်လုပ်လိုက်ပါ
လောလောဆဲ သင်ဟာတောက်တိုမရဖြစ်ချင်ဖြစ်နေလိမ့်မယ် အားမလျော့ပါနဲ့ သင့်ရဲ့အရည်အချင်းက
သင်နဲ့ သင့်လျောတဲ့နေရာကိုပို့ပေးပါလိမ့်မယ်
တကယ်တော့ဘဝဆိုတာ
Game တစ်ခုပါ
level တစ်ခုတက်လေ စိတ်ဝင်စားဖို့ကောင်းလေ အခက်အခဲများလေ အဲ့ဒီအခက်အခဲတွေကိုဖြေရှင်းနိုင်လေ ကိုယ်ကိုကိုယ် ယုံကြည်မှုရှိလေ ကျွန်တော်တို့ဆော့နေတဲ့ game တွေက သူများဖန်တီးထားတာ
ဒါတောင်ဆော့လို့ကောင်းသေးတာ ကိုယ်ကိုယ်တိုင်ဖန်တီးထားတဲ့ game ကို ကိုယ်တိုင်ကိုယ်ကျ ဆော့ရမှာဆိုတော့ ကဲ့ စဉ်းစားကြည့် ဘယ်လောက်တောင်စိတ်ဝင်စားစရာကောင်းမလဲ ခန္ဓာကိုယ် နိဂုံးမချုပ်မချင်း game over မဖြစ်ဘူး

5 comments

  • Kaung Kin Pyar

    March 6, 2017 at 4:58 pm

    ဘာဂိမ်းနဲ့ ပိုတူသလဲဆို Dota Game နဲ့ တစ်ထေရာတည်းပဲ…။ ကိုယ့် Target ကို ရောက်ဖို့အတွက်…ပေးထားတဲ့ လမ်း ၃လမ်းထဲက အဆင်အပြေဆုံးတစ်လမ်းကို ရွေးရတယ်၊ ကိုယ်နဲ့ အတူသွားမယ့် ကိုယ့် Hero ကို ရွေးရတယ်…( Married လိုပါပဲ…၊ ကိုယ့်အားနည်းချက်ဟာ သူ့အားသာချက်ဖြစ်ပြီး သူ့အားသာချက်က ကိုယ့်အားနည်းချက်ဖြစ်နေရင် ဟန်ချက်ညီပါတယ်.. )။ နောက်ပြီး Hero က ကိုယ့်အထာ သိနေရမယ်ပေါ့…။
    တောထဲ ကိုယ့်ဟီးရိုးလျှောက်သွားနေလို့ လမ်းပေါ်ဆွဲတင်နေရင် အတိုင်းအတာတစ်ခုမှာတော့ Game Over ဖြစ်သွားနိုင်ပါသေးတယ်…။ :k:
    လမ်းမှာ Creeps တွေစားရင်း တစ်ဖက်က ဟီးရိုးတွေကို ဖြိုရင်း အမှတ်တွေတက်လာတာပဲလေ…။ ဘဝမှာလဲ ဒီလိုပဲ အခက်အခဲတွေကို ဖြတ်ရင်း ကိုယ်ရည်ကိုယ်သွေး ပိုတိုးတက်လာတာပဲ…။
    နောက်ပြီး အဲ့ထဲ ပါတာ ဈေးသည်တွေပါ…။
    ကိုယ့်မှာ လိုအပ်တာ၊ တကယ်အသုံးတဲ့တဲ့ ဘာလက်နက်ဆိုတာကိုလဲ သေချာသိနေဖို့လိုပါသေးတယ်…။ (မလိုအပ်ဘဲ အချိန်ကုန်ခံ၊ ပိုက်ဆံအကုန်ခံ သင်တန်းလျှောက်တက်နေသော လူငယ်များအား ရည်ရွယ်ပါတယ်..)
    ပြီးတော့ ဈေးသည်တွေကို ဘယ်မှာရှာရမလဲ သိဖို့အတွက်တော့ မိတ်ဆွေကောင်းတွေနဲ့ Experience ကောင်းတွေလိုပါတယ်..။
    အချိန်လဲမဖြုန်း၊ ကိုယ့်ဟီးရိုးကလဲ အတွဲညီပြီး ကိုယ်တကယ်လိုတာကိုလဲ သိရင်…အဲ့ဂိမ်းထဲပါတဲ့ ရေခဲချောင်းတို့ ပဲမြစ်တို့ကို ကောင်းကောင်းဖြိုနိုင်ပါပြီ… ။ :k:

    • သီ ဟ ထွန်း

      March 6, 2017 at 5:04 pm

      ကျေးဇူးပါဗျာ အသိပညာထပ်တိုးပါတယ်

  • Thint Aye Yeik

    March 7, 2017 at 2:57 pm

    တကယ်တော့ဘဝဆိုတာ Game တစ်ခုပါ ဆိုလို့….
    ငယ်ငယ်က ဖတ်ခဲ့ဖူးတဲ့ ဆရာကြီး ပီမိုးနင်းရဲ့ တက်ကျမ်းတစ်အုပ်ထဲက အဆုံးအမကို သွားသတိရတယ်။

    ကစားရင်တောင် နိုင်အောင် ကစားပါ။ ထိထိရောက်ရောက် ကစားပါ။
    (ပီမိုးနင်း)

    တကယ်တော့ ဟုတ်ပါတယ်။ ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ဖို့ရာ ဂိမ်းကစားပွဲတစ်ခုလို တွေးယူပြီး
    နေ့ရက် တစ်ရက်ချင်းစီကို ဂိမ်းကစားသလို ကစားယူသွားရမှာပဲ။
    တစ်နေကုန်လို့ အိပ်ယာ ဝင်ခါနီးမှာ တစ်နေ့တာရဲ့ ရမှတ်တွေကို ပြန် ပေါင်းကြည့်ပေါ့။
    ဒီနေ့ ရှုံးသလား…. နိုင်သလား…

  • ဦးဦးပါလေရာ

    March 14, 2017 at 12:05 am

    တခြားဂိမ်းတွေကတော့
    ဂိမ်းစည်းကမ်းကို အရင်သိအောင်လုပ်ပြီးမှ စပြီးကစားလို့ရတယ်..
    ဘဝဆိုတဲ့ ဂိမ်းကတော့-
    ကစားရင်းနဲ့မှ ဂိမ်းစည်းကမ်းကို တဖြေးဖြေးသိလာရတယ်…
    ကျုပ်လို ခပ်တုံးတုံးလူမျိုးကတော့
    Game over နီးမှပဲ ဂိမ်းစည်းကမ်းကို ခပ်ရေးရေးသဘောပေါက်တယ်..

  • သျှားသက်မာန်

    March 17, 2017 at 1:30 pm

    စာဖတ်ပြီးသွားတဲ့သကာလ…တကယ်ကိုအားတက်သွားပါပြီ…ကိုယ့်ကိုယ်ကိုလည်းအားပေးလိုက်ပါတယ်….Fighting!!!!

Leave a Reply