Money Education

black chawMarch 7, 20171min40411

ပြည်သူ ့နီတိမှာ
ဘာသာရေးထည့်မယ့် အစား
Money Education ထည့်သင့်တယ်။
တရုတ်တွေ ကုလားတွေဟာ
သူတို ့သားတွေသမီးတွေကို
ငယ်ငယ်ကတည်းက ပိုက်ဆံအကြောင်း
သင်ပေးလေ့ရှိသတဲ့ဗျာ။
ဘယ်ဟာက အသုံး
ဘယ်ဟာက အဖြုန်း
ဘယ်ဟာက အလှူ
ဘယ်လိုရှာဖွေစုဆောင်းရတယ်
စသည်ဖြင့်ပေါ့။
ကလေးတွေ ငွေနဲ ့ထိပ်တိုက်တိုးတဲ့ အခါ
ကိုးရိုးကားယားမဖြစ်အောင်
ကြိုပြင်ဆင်ပေးထားတဲ့သဘော။
ကျုပ်တို ့တိုင်းရင်းသား မိသားစုတွေမှာ
သင်ပေးလေ့မရှိသလောက်ပါပဲ။
ဟော ငွေနဲ ့လည်းထိပ်တိုက်တိုးရော
ကိုးရိုးကားယားတွေဖြစ်ကုန်ရော။
ဟေ့လူတွေ။
အတည်ပြောနေတာဗျ။
ကိုယ်တွေ ့ကိုယ်တွေ ့။
အဲဒီတော့
ပြည်သူ ့နီတိထဲ
ဘာသာရေးတွေ သွားထည့်မယ့် အစား
ငွေ အကြောင်းသာ
ထည့်သင်ပေးလိုက်ကြစမ်းပါဗျာ။

(BC)

11 comments

  • ဇီဇီ

    March 7, 2017 at 1:26 pm

    ဟုတ်တယ်ဗျ!!
    ကလေးတွေ ကျောင်းတက်ရင် မုန့်ဖိုးပေးသင့်၊ ပေးထားတဲ့ မုန့်ဖိုးနဲ့ လောက်အောင် သုံးတတ်အောင် အလေ့အကျင့်လုပ်ပေးသင့်တယ် ဗျ။
    (အဲ။ ကျောင်းမုန့်တန်းမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မုန့်မျိုးတွေရှိဖို့တော့လိုတာပေါ့လေ။ ဒါ နောက်တစ်ပိုင်းပေါ့)
    ““““`
    ခုပြန်စဉ်းစားတော့ ကျော် ငယ်ငယ်တုန်းက မုန့်ဖိုး မရဘူးရယ်။
    ကိုးတန်းအထိ အိမ်က မုန့်ဖိုးမပေးဘူး။ မတဲ့တာ ဝယ်စားမဆိုးလို့။
    မုန့်နဲ့ နွားနို့၊ မုန့်နဲ့ အိုဗာတင်း စသည်ဖြင့် ဘူးကြီးဘူးငယ်နဲ့ကျောင်းကို ယူသွားရတာ။
    (ခုထိ နွားနို့နဲ့ အိုဗာတင်းတို့ ဘာတို့ အသေမုန်းတယ်) :3
    ထမင်းစားချိန်ကို အိမ်ကလာပြီး ထိုင်ကျွေးတယ်။
    ……
    အာ့ကြောင့် ကျော် က ပိုက်ဆံနဲ့ပတ်သက်ရင် အတွက်အချက် သူများထက် နှေးတယ်။ မလည်ဝယ်ဘူးရယ်။ 🙁
    လက်ထဲ မှာ အာ့လိုတွေ ရလာရင် ရေတွက်ရမှာတို့ ဘယ်လောက်တန်ဘယ်လောက်ပေးရင် ဘယ်လိုတို့ ဆိုတာ တွက်ရတာ ခေါင်းမူးတာ။ 🙁
    အဲတော့ သူများလက်ထဲ ထည့်ပေးထားပြီး ရှေ့ကနေ မတွက်ပဲ သုံးတယ်။
    စလုံးရောက်တော့ ပိုဆိုး၊ ငွေစက္ကူကိုင်စရာမလိုတော့ သုံးလို့ကောင်းချက်များ ဘယ်လောက် ထွက်လို့ ဘယ်လောက်သုံးမိမှန်း လကုန် account statement စာ လာမှချည်းသိတယ်။ :3 :3

    အနည်းဆုံးတော့ ကိုယ့် Cash Flow ကို ကိုယ် Handle လုပ်နိုင်အောင် အရွယ်ငယ်ကတည်းက အလေ့အကျင့်ဖြစ်သင့်တယ်။

    I absolutely agree with you Ko Gyi Black

    :chit:

    🙂

    • black chaw

      March 7, 2017 at 2:39 pm

      @ ဇီဇီ ;
      ဇာဂနာရယ် ကျော်သူရယ်
      လူမင်းရယ်
      ရုပ်ရှင်တစ်ကားရိုက်ဖူးတယ်ဗျ။
      သိတ်မကြာသေးဘူး။
      ဇာဂနာ နဲ့ ကျော်သူက သူဌေးတွေ။
      လူမင်းက တောသား လူဆင်းရဲ။
      ဇာဂနာက ကျော်သူ့ကို
      အရက်သောက်ရင်း
      လောင်းကြေးဖွင့်တယ်။
      ဆင်းရဲသားလူမင်းလက်ထဲကို
      သိန်းတစ်ရာထည့်ပေးလိုက်ရင်
      သူ့ဘဝ ပိုတိုးတက်သွားမလား။
      ဆုတ်ယုတ်ပျက်စီးသွားမလားပေါ့။
      သူတို့လောင်းကြတယ်ဗျ။
      လူတစ်ယောက်မှာ
      ငွေကြေးအမြောက်အများလက်ခံဖို့
      အရည်အချင်း ရှိဖို့လိုတယ်ဗျ။
      မရှိပဲနဲ့သွားလက်ခံမိရင်
      အဆိုးတွေဖြစ်ဖို့ ပိုများပါတယ်။
      Money Education ဟာ
      တကယ်လိုအပ်တယ်လို ့
      ထင်ပါတယ်ဗျာ။
      ကွန်းမန့်လေး ချီးမြှင့်ပေးသွားတာ
      ကျေးဇူး ပါဗျာ။
      ချစ်ခင်လေးစားတဲ့
      ဦးဘက်…။

      • ဇီဇီ

        March 7, 2017 at 3:05 pm

        အဲဒီ ကား မူရင်းက ဝင်းဦး ကားဗျ။
        ကစိုးသူလည်း ရိုက်ခဲ့ဖူးတယ်။
        ကျော်ဟိန်းနဲ့ချစ်ဖွယ်လည်း အာ့မိုးဆန်ဆန် တစ်ကား ရှိတယ် ထင်ရဲ့။
        ပိုက်ဆံကို ကစားနိုင်တာ ပညာတတ်တာမတတ်တာနဲ့ မဆိုင်ဘူးလို့ ထင်တာပဲဗျာ။

        🙂

        • black chaw

          March 7, 2017 at 8:10 pm

          @ ဇီဇီ ;
          ပညာတတ်ဖို့ဆိုတာထက်
          ကလေးတွေကို ငယ်စဉ်ကတည်းက
          ငွေအကြောင်းသိနေဖို့ မိတ်ဆက်ပေးထားဖို့
          ဆိုလိုချင်တာပါ။

  • Thint Aye Yeik

    March 7, 2017 at 5:16 pm

    လှည်းတန်းလမ်းဆုံကို ရောက်တိုင်း မြင်ရတာက
    ငါးကင်တို့ အသားသုပ်တို့ စားစရာ
    ဆိုင်တွေအများးကြီးမှာ ကြိတ်ကြိတ်တိုး စားသောက်နေကြတာ။ လူငယ်တွေ ဆယ်ကျော်သက်တွေ
    အတွဲတွေများတယ်။ ဝင်ငွေတွေ ဘယ်လောက်
    ရကြလို့ ထွက်ငွေအဖြစ် ဘယ်လောက် စားနေကြတယ်မသိပေမယ့် သူတို့ ဝင်ငွေနဲ့ထွက်ငွေ မျှတကြရဲ့လားလို့ တွေးမိတာ။

    ကလေးဘဝအရွယ်ကတည်းက ငွေကို စုဆောင်း စုံးစွဲတတ်အောင် အသိထည့်ပေးလိုက်နိုင်ရင် အကောင်းဆုံးပေါ့။ ငွေဆိုတာလည်း ကျယ်ပြန့်နက်နဲလှတဲ့သဘောတစ်ခုပဲဟာ

  • black chaw

    March 7, 2017 at 8:19 pm

    @ Thint Aye Yeik ;
    အဲ့ဒီလောက်ပါပဲဗျာ။
    “ကလေးဘဝအရွယ်ကတည်းက
    ငွေကို စုဆောင်း သုံးစွဲတတ်အောင်
    အသိထည့်ပေးလိုက်နိုင်ရင် အကောင်းဆုံးပေါ့။”
    ကွန်းမန့်လေး ချီးမြှင့်ပေးတာ ကျေးဇူးပါဗျာ။
    ချစ်ခင်လေးစားတဲ့
    ဘလက်ချော…။

  • ဂျစ်စူ

    March 7, 2017 at 9:35 pm

    စာလာအိတ်နဲ့ တစ်အိတ်လောက်ပေးကေိပါလား
    ကိုးရိုးကားယား ဆိုတာ ဘလိုလဲ သိချင်လို့
    ထိပ်တိုက် တိုးကျိမလို့ပါ

  • ဦးဦးပါလေရာ

    March 13, 2017 at 11:24 pm

    ကိုချောရေ-
    ငွေဆိုတာ တခြားရုပ်ဝတ္ထုတွေလိုပဲ..
    ဘယ်လိုလူမျိုးဖြင့်..ဘယ်အရွယ်မှာ ဘယ်လောက်နိုင်တယ်..ရယ်လို့လဲ
    ရှိနိုင်သေးတယ်..။
    နိုင်တာထက်ပိုထမ်းပိုးမိတဲ့သူတစ်ချို့
    ဝန်ပိသွားတာမျိုး ကြုံရ မြင်ရ ဘူးတယ်..
    ဒီပိုစ့်လေးဖတ်ရတော့ –
    ဖြည့်စွက်တဲ့အနေနဲ့
    ကြုံဘူးတာလေးတစ်ခု ရေးတင်ချင်စိတ်ပေါက်လာတယ်..

  • သျှားသက်မာန်

    March 16, 2017 at 11:53 am

    မှန်တယ်

  • Swal Taw Ywet

    March 21, 2017 at 1:39 am

    အထောက်တော် လှအောင် ဘာသာ ပြန်တဲ့
    The Prodigal daughter သမီးတကောင် နွားတထောင်တဲ့။
    အမေရိကန်သမတဖြစ်သွားတဲ့ အမျိုးသမီးတယောက် ဇာတ်လမ်း
    သူတို့ စီက ကလေးလေ့ကျင့်ရေးနဲ့ ရွေးကောက်ပွဲ လွှတ်တော်တွေ အကြောင်း သိနိုင်မယ်။
    တကယ်က အဲ့ ဒီစာအုပ်က ဒုတိယအုပ်ခင်ဗျ။ အဲပဒီအမျိုးသမီးနဲ့ ခင်ပွန်းတို့ရဲ့ အဖေတွေ အကြောင်း
    ကမ္ဘာရန် ဆိုတဲ့ နာမည်နဲ့ မောင်ပေါ်ထွန်းဘာသာ ပြန်ထားတာ Kane and Able
    သူဌေးသားအဖြစ် မွေးတာနဲ့ ဘဏ်စာအုပ်ဖွင့် ပေး
    ငွေ ကို ရင်းနှီး မြှတ်နှံခိုင်း ငွေကို ကစားခိုင်းတဲ့ အကြောင်း
    မြန်မာပြည်မှာ လိုအပ်ပါကြောင်းးးး။
    ျွှWith respect,
    Swal Taw Ywet.

  • kai

    March 21, 2017 at 1:41 pm

    မြန်မာပြည်မယ်.. စတော့ရှယ်ယာဈေးကွက်.. လူတွေစိတ်ဝင်စား.. ငွေကစားတတ်အောင်.. စ,ရမယ်..။
    စ,ထားတာကို ရှင်သန်အောင်လုပ်ရမယ်..
    အခုကြည့်ရသလောက်ကတော့.. ငွေရှင်တွေကလည်း စိတ်မဝင်စား..။

Leave a Reply