Jorney To The West: The Demon Strike Back

Journey to the West: The Demon Strike Back (2017)
2017 မှာ Journey To The West ရဲ့ ဒုတိယမြောက်ဇာတ်ကားအဖြစ် ထွက်ရှိလာတဲ့ ဇာတ်ကားပါ။ Journey To The West: The Demon Strike Back ဆိုပြီး ထွက်ရှိလာခဲ့ပါတယ်။ နံပါတ်(၁)နဲ့ တအားကွဲပြားခြားနားသွားတဲ့ ဇာတ်ဆောင်တွေရဲ့ ဇာတ်ရုပ်ကို တွေ့မြင်ရမှာဖြစ်ပြီး ဒီဇာတ်ကားကို ရုံမှာသွားမကြည့်နိုင်ဘူး ရုံမတင်ဖြစ်ဘူးဆိုရင်တောင် အပြင်မှာ ကွာလတီအကြည်ကိုသာ ကြည့်ဖို့ ပြောပါရစေ။ အထူးပြုလုပ်ချက်တွေ တပုံတပင်နဲ့ ဒီရုပ်ရှင်ဇာတ်ကားဟာ ကွာလတီအကြည်မဖြစ်ရင်တော့ အရသာအပြည့်ခံစားရမှာမဟုတ်ပါဘူး။

ပြောချင်တာက ပထမဇာတ်ကားနဲ့ မတူတော့တဲ့ ဇာတ်ကောင်တွေကို အံ့ဩစွာ တွေ့မြင်ရမှာပါ။ ဝူခုန်းဟာ မချောသလို ၊ ပါကျဲဟာလည်း ချစ်ဖို့မကောင်း ၊ ဝူကျင်းဟာလည်း တော်တော်ရုပ်ဆိုး ၊ ဘုရားအလောင်းကိုလည်း ပေါ့ပျက်ပျက် အမူအယာအချို့နဲ့ တွေ့မြင်ကြရမှာပါ။ ပထမမပိုင်း အရမ်းပေါ့ပျက်ပျက်နဲ့ ရယ်စရာတွေပြည့်နေတယ်လို့ ထင်နေပေမယ့်လည်း နောက်ပိုင်းမှာတော့ JTTW ရဲ့ အရသာကို အပြည့်အဝရကြမှာပါ။ ထူးခြားတာက ပထမဇာတ်ကားနဲ့ မတူကွဲပြားတဲ့ ဇာတ်ကောင်းစရိုက်ပုံစံတွေကြောင့် ဒီဇာတ်ကားဟာ ပထမဇာတ်ကား ပိုမိုသာလွန်ကြောင်းပြသွားတာပါပဲ။
#MovieCrazy
#JourneyToTheWest:TheDemonStrikeBack

5 comments

  • သျှားသက်မာန်

    March 15, 2017 at 10:12 am

    ဘာများလဲလို ့ရုပ်ရှင်ကားအကြောင်းပြောသွားတာကိုး

  • kai

    March 16, 2017 at 1:37 pm

    အနောက်သွားတဲ့ မြောက်ကားပေါ့..။ :k:

  • Kyaemon

    March 17, 2017 at 3:21 am

    “Jorney” should be “Journey”

    “Strike” should be “Strikes” (since the subject “Demon” is singular)

  • Thint Aye Yeik

    March 17, 2017 at 3:08 pm

    ကြည့်ဦးမှ….

    ဝူခုန်းကားတွေဆို ငယ်ငယ်ကတည်းက သဘောကျခဲ့တာ။
    ချန်နယ်မြန်မာမှ အကြည်တင်ပြီလား မသိ။ တင်တဲ့နေ့ အင်တာနက်ဘေလ်ကို ညပလန် ဝယ်ပြီး ည၁၁ နာရီ ထိ မအိပ်ဘဲ
    ထိုင် စောင့် ဒေါင်းအုန်းမှ

    😆

  • manawphyulay

    April 25, 2017 at 1:30 pm

    ကလေးဘဝတုန်းကတော့ သဘောကျပေမယ့် ခုကျတော့ မကြည့်ချင်တော့ဘူး။ ဇာတ်ကားတွေက ပေါ့ပျက်ပျက်နိုင်သလို ခံစားရလို့။ ငယ်ထဲက အကျင့်တစ်ခုရှိတယ်။ ဇာတ်ကားတစ်ကားကို လူပြောင်းပြီး ရိုက်ရင် မကြိုက်တော့ဘူး။ နောက်ပိုင်း မကည့်ဖြစ်တော့တာများတယ်။

Leave a Reply