၎ တန်း မှာ ပြဌာန်းတဲ့ စာရိတ္တနှင့် ပြည်သူ့နီတိ ဘာသာရပ်ထဲမှာ ငါးပါးသီလအကြောင်း သင်ထားတယ်။ ငါးပါးသီလ လုံခြုံရေးအတွက်ပေါ့လေ။ တကယ်က ဟောဒီကမ္ဘာကြီးထဲမှာ ငါးပါးသီလ လုံအောင်စောင့်ထိန်းပြီး အသက်ရှင်ရပ်တည်လို့ မရဘူး။ အဲဒီ အမှန်တရား ကို မပြောတော့ ခလေးတွေကို မုသာဝါဒကြီး သင်ပေးထားတာပဲပေါ့။ မြန်မာစာဆိုရင်လည်း ဘုရားလောင်း မျောက်မင်းကြီး က ဘယ်လိုလုပ် လူစကားပြောမှာလဲ။ ဘာလို့များ ခလေးတွေကို ယုတ္တိဘောင်က ကျော်နေတာတွေ ၊ အလိမ်အညာတွေကို သင်မြဲသင်နေတာလဲ မသိဘူး။ ပုံပြင်ဆိုရင်လည်း ပုံပြင်လို့ ပြောပြီး သင်ရမှာလေ။
တကယ်တော့ မဟုတ်က ဟုတ်ကတွေကို သင်ရိုးထဲမှာ ဖျက်ပစ်လိုက်ဖို့ဆိုတာ လွယ်လွယ်လေး။ ထပ်ထုတ်တဲ့ စာအုပ်တွေထဲ မထည့်ရုံ။ သင်ရိုးညွှန်းတမ်း ပြောင်းဖို့ ပြောရင် ပညာရေးဝန်ကြီးဌာနအနေနဲ့ ဘက်ဂျက် လိုတယ် ပြောဦးမှာပဲလား။ ဦးသိန်းစိန်ခေတ်က ခလေးတွေကို တစ်ယောက် မုန့်ဘိုး တစ်ထောင်ပေးတယ်။ ဝိုင်းအော်လိုက်ကြစမ်းဆိုတာ။ အခု အန်တီစုခေတ်မှာ ခလေးတွေကို ကျောင်းဝတ်စုံ တစ်စုံစီပေးတယ်။ ဘာတွေများထူးနေလဲ။ အရေးကြီးဆုံး သင်ရိုးညွှန်းတမ်းက ဘယ်တော့ပြောင်းမှာလဲ။

 

About ၀င့်ပြုံးမြင့်

wintpyone myint has written 59 post in this Website..

IN LOVE I TRUST.