မဖမ်းကောင်းတဲ.ငါး

etoneSeptember 1, 20101min1466

“ကိုယ်ကျင်.တရားနှင်.ပတ်သတ်လာလျ

ှင်
စာတွေ.ထက်
လက်တွေ.သင်ခန်းစာများသာ
အစွဲမြဲဆုံးဖြစ်သည်”
(မတ်တွိုင်း)
အဲသည်တုန်းက သူ.အသက် ၁၁နှစ်။
နယူးဟမ်.ပြည်နယ်ရှိ ရေကန်ကြီးတစ်ကန် အလယ်က ကျွန်းတစ်ကျွန်းပေါ်မှာ သူတို.မိသားစုပိုင်
အိမ်ငယ်လေး ရှိသည်။သူက အခွင်.သာတိုင်း အဲသည်ကိုသွားကာ လှေဆိပ်မှာ
ငါးမျှားလေ.ရှိသည်။
ငါးမျှားရာတွင် ဥပဒေစည်းကမ်းရှိသည်။ဥချသည်.ရာသီမှာ ငါးမမျှားရ။
အဲ.သည်နေ.ညနေစောင်း သူတို.သားအဖ ငါးမျှားကြတော. ဘတ်(စ်)ငါးကြီးတွေ မျှားခွင်.ပြုသည်.အချိန်
မရောက်သေး။ထို.ကြောင်. ငါးစပ်စပ်တို. ငါးပြေမတို. မိအောင်သာတီကောင်
အစာတပ်ပြီး သူတို. မျှားကြသည်။သို.သော် အဲ.သည်လိုမျှားကြရင်း အတော်ကြာတော.
သူက ငါးမျှားချိတ်မှာ ငွေရောင်ငါးစာတုလေး တစ်ခု တပ်ကာ ခပ်ဝေးဝေးထိ
ပစ်ပြိးငါးကြီးမျှားပုံကို စမ်းသပ်လေ.ကျင်.ကြည်.မိသည်။နေဝင်စမှာ ရေထဲ
ငါးစာကျတော. ရောင်စုံ လှိုင်းဂယက်လေးတွေ ဖြာထွက်သွားသည်။
တစ်ဖြည်းဖြည်းနေဝင်ပြီးလထွက်လာသည်။လှိုင်းကလေးတွေက အနီ ၊ အဝါရောင်စုံမှ ဖိတ်ဖိတ်လက်သော ငွေရောင်သို. ပြောင်းလာသည်။
တစ်ကြိမ်မှာတော. ငါးမျှားတံဆက်ခနဲကွေးသွားသည်။ နည်းနည်းမဟုတ်၊ အများကြီးကွေးသွားသည်။အတော်ကြီးတဲ.ငါးဘဲဟုသူသိလိုက်သည်။ငါးကိုသူလျော.
လိုက်တင်းလိုက် ကစားပေးရင်း တစ်ဖြည်းဖြည်း ဆွဲနေတာကို သူ.ဖခင်ကျေနပ်အားရစွာ
အကဲခတ်ကြည်. နေသည်။
ငါတော်တော် မောသွားပြီ၊သိပ်မရုန်းနိူင် မကန်နိူင်တော.ဘူး ဆိုသည်.အချိန်လောက်ကျမှ သူသတိကြီးစွာ ထားရင်းဆွဲတင်သည်။
ငါးက သူတွေ.ဖူးသမျှ ထဲတွင် အကြီးဆုံးငါး ။သို.သော် ဘတ်(စ်) ငါးဖြစ်နေသည်။
ကောင်လေးသားအဖအလွန်လှသည်.ငါးကြီးကိုကြည်.မဝနိူင်ဖြစ်နေသည်။
ငါးပါးဟက်တွေ ပွလိုက်ရှုံလိုက်ဖြစ် နေတာလရောင်အောက်မှာတွေ.နေရသည်။အဲသည်
နောက်ဖခင်က မီးခြစ်ခြစ်ကာနာရီကိုကြည်.လိုက်သည်။ညသန်းခေါင်ကျော်လျှင်
ဘတ်(စ်)ငါးတွေ မျှားခွင်.ပြုသည်.ရာသီစပြီ။သို.သော် လောလောဆယ် ည (၁၀)နာရီ
ဘဲရှိသေးသည်။ ခွင်.ပြုသည်.အချိန်ရောက်ရန် (၂) နာရီလိုသေးသည်။
အဖေက ငါးကိုတစ်လှည်. ၊သားကိုတစ်လှည်. ကြည်.သည်။ပြီးလျှင်
“သားရေ ၊ငါးကိုပြန်လွှတ်ပေးရလိမ်.မယ်ကွာ” ဟုဆိုသည်။
” အဖေ ” သားကဆိုသည်။
“တစ်ခြားငါးတွေ အများကြီး ရှိပါသေးတယ်ကွာ “အဖေက ပြောသည်။
“ဒီလောက်အကောင်ကြီး ဘယ်ရမလဲ” ဆိုပြီး အနီးပတ်ဝန်းကျင်ကိုသူကြည်.လိုက်သည်။
လရောင်ကြောင်. ပတ်ဝန်းကျင်ကိုသူမြင်နေရသည်။အနီးအနားမှာ ငါးမျှားသမားမရှိ။
ငါးဖမ်းလှေမရှိ။သူ.ဖခင်ကို တစ်ကြိမ်ပြန်မော.ကြည်.သည်။
သူတို.ကို ဘယ်သူမှလည်းမမြင် ၊သည်ငါးကိုသူဘယ်အချိန် ဖမ်းမိသည်ဆိုတာ
လည်း တခြား ဘယ်သူမှမသိနိူ်င်တာအမှန်ပင်၊ သို.သော် သူ.ဖခင်၏ ပြတ်သားသော
လေသံကိုသူသိသည်။သည်ကိစ္စကိုဘယ်လိုမှ တောင်းပန်ဆွေးနွေးလို.ရမည်မဟုတ်တော.
ငါးပါးစပ်မှ ငြိနေသည်.ချိတ်ကို သူသေချာဖြုတ်သည်။ပြီးလျှင်ရေထဲသို.ပြန်လွှတ်ပေး
လိုက်သည်။ငါးကြီးက ရေထဲ ပွတ်သွားအောင် လှုပ်ခတ်ရင်း ဖြေးဖြေးချင်းပျောက်သွား
သည်။ကောင်လေး၏ စိတ်ထဲတွင် သည်လောက်ကြီးတဲ.ငါးကြီးမျိုးနောင်တစ်သက်လုံး
ငါဖမ်းမိတော.မလား ဟူ၍ ခံစားလိုက်မိသည်။
ဒီအဖြစ်အပျက်သည် လွန်ခဲ.သော ၃၄ နှစ်ခန်. ကဖြစ်သည်။သည်ကနေ.မူ
ကောင်လေးသည် နယူးယောက်မြို.၏ ထင်ရှားသော ဗိသုကာတစ်ယောက်ဖြစ်၍
နေလေပြီ။ ရေကန်အလယ်ကျွန်းကလေးပေါ်မှ သူ.ဖခင်၏အိမ်ကလေးက ရှိမြဲရှိနေဆဲ။
သူကသားနှင်.သမီး ကိုခေါ်ကာ ဟိုးယခင်သူမျှားခဲ.သော လှေဆိပ်တံတားမှာ အတူတကွ
ငါးသွားမျှားတတ်သည်။
ဟိုးတုန်းက သူတွေးခဲ.မိသည်.အတိုင်းပင် အဲ.သည်လောက်ငါးကြီးမျိုးသူမဖမ်း
မိတော. ။သို.သော် နောက်ပိုင်းသူ.ဘဝတစ်လျှောက်လုံး သည်လိုငါးတွေ သူအကြိမ်ကြိမ်
အဖန်ဖန်မြင်ခဲ. တွေ.ခဲ.ရသည်။ ငါးတွေ။ ဖမ်းလိုက်လျှင်သေချာပေါက်မိမည်.ငါးတွေ။
သို.သော် သည်ငါးတွေကိုကြည်.မိတိုင်း ကို်ယ်ကျင်.တရားပြဿနာက အမြဲပေါ်လာသည်
ဖမ်းခွင်.ရှိသလား၊မရှိဘူးလား။ မှန်သလား၊မမှန်ဘူးလား ဟူသည်.မေးခွန်းများ။
သို.သော် သူ ၁၁ နှစ် အရွယ် မှာပင် သူ.ဖခင် ကလက်တွေ.သွန်သင် သဖြင်.
သူကောင်းစွာသဘောပေါက်ခဲ.သည်။
ကိုယ်ကျင်.တရားဆိုသည်မှာ ရှုပ်ရှုပ်ထွေးထွေး
မဟုတ် ။မှန်သလား ၊မှားသလား ၊သင်.သလား၊မသင်.ဘူးလား ခွဲခြားသည်.ကိစ္စသည်
ဘာမှ မခဲယဉ်း။ခဲယဉ်းသည်က မှန်သည်.အတိုင်း သင်.သည်.အတိုင်း ကျင်.သုံးလုပ်ကိုင်
ဖို.ပင်ဖြစ်သည်။
ဘယ်သူမှမမြင်သည်. အချိန်မှာ ကျွန်တော် တို. မဟုတ်တာ လုပ်သလား၊မလုပ်
ဘူးလား ၊ဘယ်သူမှ မသိဘူးဆိုသည်.အချိန်တွင် လုပ်ငန်းကိစ္စ မှာ ခိုသလား ၊ မခိုဘူး
လား ။ သူတစ်ပါးအပေါ်မှာ မတရား အမြတ်ထုတ်သလား ၊ မထုတ်ဘူးလား ။ ကျွန်တော်
တို.မှာ ကို်ယ်ကျင်.သီလ ပြည်.ဝမပြည်.ဝ ဟူသည် အဲသည် ကျွန်တော်တို. အပြု အမူပေါ်
တွင်မူတည်နေမည်။
ငယ်ငယ်တုန်းက မမိသည်.ဘဲ မိလာသည်.ငါးကြီး ကြီးကို ပြန်လွှတ်တတ်
အောင် သွန်သင်ပဲ.ပြင် ခြင်းခံရသော ကလေးသည် မှန်သောအကျင်. ၊ သင်.သောအရာ
များကို ပြုကျင်.တတ်သော အလေ.အထများ စွဲမြဲ ကိန်းအောင်း ကာ၊ ကြီးပြင်းလာသော
အခါ၌ ကိုယ်ကျင်.တရားကောင်းသူအဖြစ် လူအများကြားတွင်တင်.တယ်မည်။အောင်
မြင်မည်။တဒင်္ဂစိတ်အလိုကို မလိုက်ဘဲ မှန်ရာကို ဆုံးဖြတ်လုပ်ကိုင်ဖြစ်ခဲ.သောထိုအမှု
သည်လည်းနောင် တစ်သက်တာ၌ မိတ်ဆွေသူငယ်ချင်းများ၊သားသမီး မြေးမြစ်များ
အား အခွင်.သာတိုင်း ဝမ်းမြောက်ဂုဏ်ယူစရာ ပြန်ပြောင်းပြောဆိုစရာ ကိုယ်တွေ.
ဘဝဇာတ်လမ်းအဖြစ် ပုံပြင်တစ်ပုဒ် အဖြစ်စွဲထင်ကျန်ရစ် နေပေမည်။
(မူရင်း ။ ။catch of lifetime)ဖေမြင်.ဘာသာပြန်ဆိုသည်။

6 comments

  • Ba Gyi Taw

    September 1, 2010 at 9:50 am

    ကောင်းတယ် အိတုံရေ ။ ဘဝမှာ တကယ်လိုအပ်တဲ့ အရာတွေပေါ့ ။ ကိုယ့်လိပ်ပြာ ကိုယ်သာသိပေါ့ ။

    • etone

      September 2, 2010 at 4:26 am

      ဘကြီးကလည်း အိတုံမဟုတ်ဘူး ။ etone ပါကွ ။

  • လင်းဝေကျော်

    September 2, 2010 at 7:05 am

    ပြောလိုက်လေ ကျွန်မနာမည် အီးတုံးပါလို့။
    နှာခေါင်းလေးပိတ်ပြီးခေါ်ပါလို့

    • etone

      September 2, 2010 at 7:29 am

      ဟိတ်ကောင် သာဒင် ။ သက်သက်ရန်စတာလားကွ ။

  • Ba Gyi Taw

    September 2, 2010 at 7:40 am

    ဘာတဲ့ ။ အီးတုံ ၊ အိဒုံ ၊ အိတုန် ၊ ဟာရှုပ်ကုန်ပြီကွယ် ၊ ဘ ကမျက်စိမှုန်တော့ ရမ်းပြီးလျှောက်ရေးတာကွယ့် ။

    • etone

      September 2, 2010 at 8:22 am

      ဘကြီးရေ မှုန်နေရင်လည်း ဆေးခန်းလာခဲ့ပါလား ။ etone တို့ ဆေးခန်းဖွင့်ထားတယ် 😛

Leave a Reply