37 YBS

Mon LayMarch 25, 20171min1522

ဟိုတစ်နေ့ကမြို ့ထဲကနေမြေနီကုန်းဘက်ကိုYBS နဲ ့သွားခဲ့ပါတယ်။ နေကလည်းပူတော့ အဲကွန်းကားကောင်းကောင်းသန့်သန့်

လေးပဲစီးမယ်ဆိုပြီးစောင့်စီးတာ YBS 37တစ်စီး မွန်လေးဆီကိုရောက်ချလာရော။ သူကအနောက်ကတက်လို့မရဘူး။ အရှေ့ကပဲ တက်လို့ရအောင် အရှေ့တံခါးပဲဖွင့်ပေးပါတယ်။ စပယ်ယာလည်းမပါပါဘူး.. တက်တာနဲ ့ပိုက်ဆံထည့်ဖို့ပုံးချပေးထားပါတယ်။

အဲဒါနဲ့မွန်လေးလည်း လက်ထဲမှာအသင့်ကိုင်ထားတဲ့ပိုက်ဆံအကြွေ ၂၀ဝ တန်ကို

ထည့်လိုက်ပါတယ်။ကိုယ့်နောက်ကလူတွေအဲလိုထည့်သွားကြပါတယ်။ ကားပေါ်ရောက်တာနဲ ့အေးခနဲဖြစ်သွားပြီး နိုင်ငံခြားမှာစီးခဲ့ရတဲ့ဘတ်စ်ကားတွေလိုမျိုး ခံစားလိုက်ရပါတယ်။ အဲဒါနဲ့ဆင်းမယ့်မှတ်တိုင်မရောက်ရင် ၁မှတ်တိုင်အလိုမှာ ဆင်းရမယ့်အနောက်ပေါက်မှာ သွားရပ်လိုက်ပါတယ်။ အဲ့မှာစာကပ်ထားတာတွေ့ပါတယ်။ ” ဆင်းမယ့်မှတ်တိုင်မရောက်ခင် ကြိုပြီးဘဲလ်တီးပါ” တဲ့။ဝါး…. အိုးလားလား။ဘဲလ်ကိုရှာကြည့်တော့လည်း ဘေးနားလေးမှာတွေ့နေရော။  မွန်လေးစီးဖူးတဲ့YBS ထဲမှာဒီလောက်နိုင်ငံခြားအဆင့်မှီတာ မတွေ့ဖူးသေးတာ။ ဒါပထမဦးဆုံးစီးခြင်းပါ။ တကယ့်ကို နိုင်ငံခြားမှာစီးဖူးခဲ့တဲ့ခံစားချက်မျိုးကိုပြန်ခံစားရတော့..ကိုယ့်နိုင်ငံကိုဒီတစ်ခါတော့ချီးကျူးလိုက်ပါတယ်။အထိုက်အသင့်တော့ပြောင်းလဲနေပြီပေါ့နော်။ ဒါနဲ့ကိုယ်လည်း ဘဲလ်တီးလိုက်ပြီးခဏနေတော့ မှတ်တိုင်ရောက်တော့ ဆင်းသွားလိုက်ပါတယ်။ တကယ့်ကို Amazing ပါ။

2 comments

  • kai

    March 25, 2017 at 1:47 pm

    ပုံထဲက… ကားက.. လက်ယာကပ်မောင်း ကားလမ်းတွေအတွက်.. ဘယ်မောင်းဘတ်စ်တွေမို့.. အဲဒီတချက်နဲ့တင်.. လူအသက်နဲ့ ထရပ်ဖစ်မိလို့အချိန်တွေ တော်တော်သက်သာသွားမယ်သေချာမိတယ်..။ :k:

  • သျှားသက်မာန်

    March 25, 2017 at 3:00 pm

    ဟုတ်ပါတယ်..မွန်လေးတို ့နိုင်ငံအတွက်ဆိုဘယ်မောင်းရှိတဲ့ကားတွေမှအဆင်ပြေမှာပါ…ဘန်ကောက်တို ့ဆိုညာမောင်းတွေမှ အဆင် ပြေမှာ။

Leave a Reply