စိတ်ဝင်စားစရာလေးပါ…. အသုံးတည့်မယ်ထင်ပါတယ်…

introMarch 27, 20101min1053

Masturbation (မာစတာဘေးရှင်း) လုပ်တယ်ဆိုတာ ပုံမှန် (နော်မယ်လ်) အလေ့အထတခု ဖြစ်တယ်လို့ ပြောရင် ငြင်းဘို့ သိပ်ခက်ပါတယ်။ (အက်ပ်-နော်မယ်) ဆိုတာက ဖြစ်နေကြ၊ လုပ်နေကြ မဟုတ်တာကို ခေါ်လေ့ရှိလို့ပါ။ ဘယ်လောက် များများ လုပ်ကြသလဲဆိုတာကို သုတေသန လုပ်တာတွေ ကြည့်ရင် သူများတိုင်းပြည်တွေမှာ ယောက်ျား ၉၅%၊ မိန်းမ ၆၅% လို့ ဖတ်ရတယ်။

ယောက်ျားလေးဖြစ်ဖြစ်၊ မိန်းကလေးဖြစ်ဖြစ် အရွယ်ငယ်ငယ်ကတည်းက လိင်စိတ်ဆိုတာ ပါနေကြပြီးသား ဖြစ်တယ်။ ကိုယ်ဝန် ရက်သတ္တပါတ် ၂၀
ဆိုရင် အထဲက သန္ဓေသားမှာ မိန်းမကိုယ် နှုတ်ခမ်းသားအကြီး Labia ကို တွေ့ရင် မိန်းကလေး ဖြစ်တယ်လို့ (အာလ်ထွာဆောင်း)နဲ့ ကောင်းကောင်း သိရတယ်။ တကယ်တော့ ၁၂ ပါတ်ကတည်းက အထီး-အမ ခွဲခြား ဖြစ်နေပါပြီ။ ဗိုက်ထဲမှာကတည်းက Estrogen နဲ့ Progesterone ဆိုတဲ့ လိင်-ဟော်မုန်းတွေကို မအေရဲ့ အချင်း ကနေရတယ်။ အရွယ်ရောက်ချိန်မှာ စိတ်လှုတ်ရှားမှု၊ လေ့လာမှုနဲ့ မှတ်သားမှု emotions, learning, and memory တွေက ဦးနှောက်မှာကို ထူးခြားလာပါတယ်။

ကလေးတွေ လိင်နဲ့ပတ်သက်ပြီး အသိတွေ ထူးလာလာတာက Puberty အရွယ်ရောက်ချိန်ထက် စောတယ်။ လိင်ပိုင်းဆိုင်ရာ ဟော်မုန်းတွေ ကောင်းကောင်း အလုပ်မလုပ်သေးခင်ကတည်းက စိတ်ပိုင်းဆိုင်ရာမှာ အနည်းနဲ့အများ၊ ဒီအသိစိတ်တွေ၊ အသိအမြင်တွေက တနေ့ထက် တနေ့၊ တိုးပွါး ရယူနေကြရတာ ဖြစ်တယ်။ လူကြီးမိဘတွေကနေ “သား ညစ်ပတ်တာတွေ မပြောရဘူး။” “သမီး ထိုင်ရင် မိန်းကလေးလိုထိုင်။” စသဖြင့် ဆိုဆုံးမကြ
တယ်။ အဲဒီကတည်းက ကလေးတွေဟာ “ဒါမျိုးတွေက မလုပ်ရမဲ့ဟာတွေ၊” “သူများမမြင်အောင်၊ မကြားအောင်၊ သိုသိပ်ရမဲ့ အရာတွေ၊” လို့ ခွဲခြား သတ်မှတ် လာကြတယ်။

မိန်းကလေးနဲ့ ယောက်ျားလေး ကွာပါတယ်။ (ဂျန်ဒါ-အီကွယ်လ်တီ) နဲ့ မဆိုင်ဘူးနော်။ သူများ လူမှုအသိုင်းအဝိုင်းကို အသာထားပြီး ဗမာစာနဲ့ ရေးနေ
တာမို့ ဗမာ့လူမှုဘဝအတွက် ပမာထားရေးပါမယ်။ သမီးငယ်လေးတွေကို အဝတ်အစား လဲတာ၊ ရေချိုးပေးတာကအစ ယောက်ျားလေးတွေနဲ့ မတူဘဲ၊ ထူးပြီး ဂရုတစိုက် တယုတယ လုပ်ပေးကြရပါတယ်။ အရွယ် ရလာတာနဲ့ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတွေ များများလာတယ်။ ရရလာတဲ့ အသိညာတွေထဲမှာ လိင်ပညာကို မြင်ဆရာ၊ ကြားဆရာတွေ ဆီကရတာ အများဆုံး ဖြစ်မယ်ထင်တယ်။ ရသမျှ ဒီဘာသာရပ်ကို သိုသိပ်ရမဲ့ အရာတွေဆိုတဲ့ (ကက်တဂေါ်ရီ)ထဲ ထည့်လိုက်ပါတယ်။

(မာစတာဘေးရှင်း) ဆိုတာ “ကျား” ဖြစ်ဖြစ်၊ “မ” ဖြစ်ဖြစ်၊ တယောက်ထဲနဲ့ လိင်ဆန္ဒအရ သာယာမှု ရှာတာပါ။ အမှန်က တယောက်ထဲ မဟုတ်တာ၊
“ကျား” ရော၊ “မ” ပါ နှစ်ယောက်ပါပြီး၊ လိင်အင်္ဂါချင်း မထိစပ်ဘဲနဲ့ အဲလိုလုပ်တာလဲ အကြုံးဝင်ပါတယ်။ ငြင်းကြ၊ ခုန်ကြတာကတော့ လုပ်သင့်၊ မသင့်၊ အကြိမ်များသင့်၊ မများသင့်။ ကျန်းမာရေး ထိခိုက်လား၊ လူမှုရေး၊ ဘာသာရေးအထိ ဆွဲစဉ်းစားကြတာတွေ ဖြစ်ပါတယ်။

ကျန်းမာရေးအရ စောစောကရေးခဲ့သလို (နော်မယ်လ်)ပါ။ အကြိမ်များလို့လဲ ရောဂါရတဲ့အထိ မဖြစ်နိုင်ပါ။ သိတဲ့အတိုင်း လိင်စိတ်ဟာ ကျေနပ်၊ အားရ၊ ပြီးစီးတဲ့အထိ ရောက်သွားရင် အားအင်တွေ ကုန်ခမ်းသွားသလို၊ ခြေကုန် လက်ပန်းကျ သွားတယ်။ (အင်နာဂျီ) အတော် ကုန်သွားတာပါ။ ဘယ်လောက်လဲလို့ အတိအကျတွက်ပြလို့ မမှန်နိုင်ဘူး။ အလိုဆန္ဒ ပြည့်ဝတာက တခါနဲ့ တခါ အပြော့-အပြင်း မတူဘူး မဟုတ်လား။

Biochemistry of the orgasm အရ အဲဒီအခါမှာ ယောက်ျားများဟာ ဦးနှောက်ကနေ ဓါတ်ပစ္စည်းတွေ တလှေကြီး ထုတ်လိုက်ပါသတဲ့။ Norepinephrine, Serotonin, Oxytocin, Vasopressin, Nitric oxide, and Prolactin တွေ ဖြစ်တယ်။ နောက်ဆုံး ဟော်မုန်းက အရေးပါတယ်။ Prolactin နဲနေရင် နောက်တကြိမ် စိတ်ဆန္ဒ ပြန်လာတာ မြန်တယ်။ အိပ်နေချိန်မှာ နဲနဲရှိတာ တွေ့တယ်။ ဒါ့ကြောင့် ယောက်ျားများဟာ ကိစ္စပြီးတာနဲ့ အိပ်ချင်လာကြတယ်။ နှစ်ယောက် ဆက်ဆံလို့ဖြစ်ဖြစ်၊ (မာစတာဘေးရှင်း) လုပ်လို့ဖြစ်ဖြစ်၊ ယောက်ျားများ သုတ်လွှတ်ရင် အားအင် အတော် ကုန်ခမ်းစေတယ်။ ဒါပေမဲ့ “အားယုတ်စေတယ်” လို့တော့ ကောက်ချက် မချသင့်ဘူး။ အိပ်စက်ပြီးတာနဲ့ ပြန်အား ပြည့်လာတာဘဲ။ မနက် အိပ်ရာထချိန်မျိုးမှာ ဒီစိတ်အား ပိုများကြတယ် မဟုတ်လား။

(မာစတာဘေးရှင်း) ကို လူမှုရေးဒေါင့်က အကဲဖြတ်သူတွေ တယောက်နဲ့ တယောက် တူမှာ မဟုတ်ဘူး။ ကိုယ်နဲ့ မတူလို့ သူမှားတယ် ပြောတာလဲ မမှန်နိုင်ဘူး။ ဘာသာရေးဒေါင့်က ပြောကြတာလဲ တမျိုးနဲ့တမျိုး တူမှာ မဟုတ်ပါ။ ဇတ်ထဲမှာ ရသေ့ကြီး၊ သမင်မ၊ မေဓါဝီ၊ ဆိုတာရှိတယ်။ သုတ်က တမင်ထွက်အောင် မလုပ်တာတောင်မှ အလိုလို ထွက်တတ်တာမျိုး ဖြစ်တယ်။ လူပျိုဖြစ်စ ယောက်ျားလေးတွေမှာ ပိုဖြစ်ပါတယ်။ (နော်မယ်လ်)ပါ။ အသက်ကြီးသူတွေမှာလဲ အိပ်မက်ပြီး၊ သုတ်လွှတ်မိတာ ဖြစ်တာပါဘဲ။ အဖြစ် မများချင်ရင် စိတ်ကိုနိုးဆွစေတာတွေ နည်းပါစေ။

ဆေးပညာအရ လိင်စိတ်ဖြစ်ပေါ်လာတာက ပုံမှန်ပါ။ စိတ်ပြင်းထံတာကို ဖြေဖျောက်ဘို့ နည်းတနည်းက (ဆိုလို- မာစတာဘေးရှင်း) ဖြစ်တယ်။ တဖက်လှည့်နဲ့ ပြောရရင် ဝေဒနာကို ကုစားရာ ရောက်ပါတယ်။ တမင်တကာ မများ များအောင် လုပ်တာတော့ ဆင်ခြင်သင့်တယ်။

ဆရာဝန်တွေကနေ စိတ်ပိုင်းဆိုင်ရာမှာတော့ ပြောကြဘို့ သင့်တယ်။ တကယ်လို့ (မာစတာဘေးရှင်း) လုပ်အပြီး၊ သူများတွေက မလုပ်သင့်ဘူး၊ ဘာညာ၊ ပြောတာ ကြားဘူးထားလို့ ကိုယ့်ကိုယ်ကို “အပြစ်လုပ်မိလေခြင်း” လို့ Guilty conscious ဖြစ်တတ်တယ်။ ဒါ မဖြစ်သင့်ဘူး။ တချို့ဆွေးနွေးသူတွေက “ငယ်တုံးတော့ ဘာမှ ဖြစ်မှာ မဟုတ်ဘူး၊ ကြီးရင် ခါးကုန်းမယ်၊ စိတ် မတည်မငြိမ်ဖြစ်မယ်၊ မျက်စိကန်းမယ်၊ လက်ဖဝါးမှာ အမွှေးပေါက်မယ်။” ဆိုပြီး
ရေးတာ တွေ့ရတယ်။ လုံးဝ မှားပါတယ်။

အကောင်းဖက်ကနေ ရေးသူများလဲရှိတယ်။ ကြွက်သားနာတာ သက်သာစေတယ်။ (အင်မြူး)စနစ်ကို နိုးဆွးပေးတယ်။ (ဟော်မုန်း) စနစ်ကို တိုးတက်စေတယ်။ အိပ်မပျော်တာကို ကုစားတယ်။ အိပ်နေရင်း သုတ်လွှတ်တာ မဖြစ်စေနိုင်ဘူး။ Pubococcygeal ကြွက်သား လေ့ကျင်ခန်းလုပ်တာဖြစ်လို့ ကျားအင်္ဂါကို သန်မာစေတယ်။ Stress စိတ်တင်းအားတွေ လျော့ချပေးရာ ရောက်တယ်။ ၂၀၀၃ ခုနှစ်တုံးက Cancer Council Victoria in Melbourne ကနေ ယောက်ျား ၁၀၇၉ ကို သုတေသန လုပ်တော့ (ပရောစတိတ်-ကင်ဆာ) ကိုတောင် ကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။

အဲလို တယောက်ထဲနဲ့ တိတ်တဆိတ် စိတ်ဖြေဖျောက်တာဟာ လူမှုရေး၊ ဘာသာရေး၊ ဥပဒေတွေက တားမြစ်တာတွေကို ဖေါက်ဖျက်ချက်တာ
မဟုတ်လို့ အပြစ်ကင်းတယ် ထင်ပါတယ်။ Fun ဆိုပြီး၊ ကဲတာတွေကတော့ အပြစ်မလွတ်ပါ။

အိမ်ထောင်ရက်သား ကျပြီး၊ ကွဲသွားလို့၊ တယောက်က ဆုံးပါးသွားလို့၊ ကံစီမံတာနဲ့ မုဆိုးဘို၊ မုဆိုးမ၊ တခုလပ်တွေ ဖြစ်လာရင် အများအားဖြင့် ပြန်ပြီး အိမ်ထောင်မပြုသ၍ ဒီစိတ်မျိုး ဖြေဖျောက်တာ အနည်းနဲ့ အများ လိုတတ်ပါတယ်။ နည်းလမ်းကတော့ (မာစတာဘေးရှင်း)ဘဲ ဖြစ်ပါတယ်။ အပျော်အပါး လိုက်စားတယ်လို့ အလွယ်ပြောလေ့ရှိတဲ့ နည်းမျိုးက သိတဲ့အတိုင်း ခုခေတ်မှာ ကူးစက်ရောဂါတွေက (ဆစ်ဖလစ်) ခေတ်ထက် ကြောက်စရာ ကောင်းလှတယ်။ (မာစတာဘေးရှင်း) ကြောင့် STDs/STIs မရပါ။ တခုတော့ ရှိတယ်။ Toy ဆိုတာတွေ သွားသုံးရင် သန့်ဘို့တော့ လိုမယ်။

အဲလို လုပ်ပြီးရင် အားအင်ကုန်သွားတာက ပုံမှန်လိင်ဆက်ဆံအပြီး အားကုန်တာနဲ့ မထူးလှပါ။ ပြိုင်ပွဲရောက်ရင် အားကစားသမားတွေ အဖေါ်နဲ့အတူ မနေရတဲ့ စည်းကမ်းထားသလိုမျိုး အတူလိုက်နာရမှာပေါ့။ ဒါတောင် ဒီလိုရှောင်ဘို့ မလိုပါဘူး ဆိုသူတွေကလဲ မနည်းတာ တွေ့ရတယ်။ ပိုတိကျတာကတော့ လိင်ဆက်ဆံပြီးရင် Testosterone ပိုများလာလို့ ပိုပြီး aggressive ဖြစ်တယ်လို့ ၁၉၉၉ မှာ အီတလီ သုတေသီတွေက ဆိုခဲ့ပါတယ်။

မိန်းကလေးတွေမှာလဲ အနည်းနဲ့အများ ရှိတာပါဘဲ။ ဒါလဲ (အက်ဘ်-နော်မယ်လ်) မဟုတ်ပါ။ သူတို့က ယောက်ျားလေး တွေထက် သဘာဝအရ စိတ်ကို ချိုးနှိမ်နိုင်စွမ်း ကြီးတယ်။ သိုသိပ်မှု ပိုအားကောင်းကြတယ်။ ဒီအလေ့အထ နည်းပါး ကြတယ်။ တချို့ဆို ကြားတောင် မကြားဘူးဘူး။ အကောင်းမြင်သူတွေကတော့ ပြောတယ် ရာသီလာတုံး နာတာတွေတောင် သက်သာစေတယ်လို့။

ဒါကိုဖတ်ပြီး လုပ်သာလုပ်ကြပါလို့ အကြံပေးတာ မဟုတ်ပါခင်ဗျား။

မှတ်ခ ျက်။      ။ သူငယ်ချင်းတစ်ယောက်ပေးပို့သော Forward Mail မှတဆင့် ကူးယူဖော်ပြပါသည်။

3 comments

  • htetaung

    March 28, 2010 at 11:28 am

    ဟားဟား ကောင်းမှကောင်း။
    ဘာလို့ ရယ်တာလဲ မေးရင် ရယ်ချင်လို့ ရယ်တာလို့ ဖြေလိုက်မယ်ခင်ဗျ။

  • mickylay

    April 19, 2010 at 8:43 am

    ကောင်းပါတယ်ဗျာ။ ဆေးပညာအမြင်အရပါ တိတိကျကျရေးထားတာ ဗဟုသုတရပါတယ်။

Leave a Reply