EXO ပေးသောဒုက္ခ

A mar nyoJune 8, 20171min29612

EXO လို့ကြားလိုက်ရင်ဖြင့် လူလတ်ပိုင်းများ အမျ ားစု မသိကြပေမဲ့
၁ဝကျော်သက် အရွယ် မြီးကောင်ပေါက်မလေးများ ထဲမှာ မသိသူ
အတော်ရှားပေလိမ့်မည်။ တခြားတော့ မဟုတ် မြီးကောင်ပေါက်
မလေးတွေရဲ့ အသည်းစွဲ ကိုရီးယားမှ အဆိုတော် အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး
မြန်မာနိုင်ငံတွင်သာမက တစ်ကမာ္ဘလုံးမှာလိုပင် အားပေးကြသော
အဖွဲ့တစ်ဖွဲ့ဖြစ်သည်။ ဆယ်ကျော်သက် အရွယ်လေးတွေသာလျှင်
အားပေးသည် မဟုတ်ဘဲ ၂ဝကျော်မမတို့လည်း အားပေးကြပေမဲ
အတော်နည်းသည်။ တစ်နည်းအားဖြင့် ပြောရလျှင် ထို၂ဝကျော်
မမများထဲတွင် ကျွန်မတို့ညီအစ်မသုံးယောက်မှာ ရှေ့ဆုံးကဆို
ရင်လည်းမမှားပေ။ EXO မှာနဂိုအဖွဲ့ဝင်၁၂ယောက်ရှိသော်လည်း
၃ယောက်ထွက်သွားသောကြောင့် ၉ယောက်သာကျန်ရစ်သည်။ အဆို
တော်ဟုဆိုသော်လည်း အဖွဲ့သားအားလုံး သီချင်းဆိုကောင်းသည်မဟုတ်
သုံးယောက်လောက်သာ အသံကောင်းပြီး သီချင်းကိုကောင်းမွန်စွာဆိုနိုင်ကြသည်။
ကျန်လူများမှာ ရုပ်ချောသည်၊ အကကောင်းသည်မှလွဲ၍ သီချင်းမဆိုနိုင်ကြပေ။
ထိုသို့ ချောမောလှပသောကြောင့် အခြောက်များဟု ကျွန်မအကိုများက
ထင်ကြသော်လည်း EXO ထိလျင်မခံသော ကျွန်မတို့ ညီအစ်မအား
လက်မြှောက်အရှုံးပေးကာ ကိုရီးယားအရူးမတွေဟုတင်စားခေါ်ဝေါ်တတ်သည်။
ထိုသို့အားပေးသော အဖွဲ့သည် နိုင်ငံတကာလှည့်ဖျော်ဖြေရေးလုပ်နေသော်
လည်း ကျွန်မတို့ နိုင်ငံလာဖို့ ဆိုသည်မှာ အိမ်မက်မျှသာ။ မြန်မာနိုင်ငံ
မှပိုက်ဆံရှိ သားသမီးတချ ို့ တို့ကတော့ ထိုင်းသို့ နေ့ချင်းပြန်သွားကြည့်ကြမေမဲ့
ကျွန်မတို့အတွက်ကတော့ MV လေးတွေသာထိုင်ကြည့်နေရသောဘဝ ဖြစ်သည်။
သို့သော်တစ်နေ့ အိမ်မက်မှာ အထမြောက်ပေတော့မည်။အခြားတော့ မဟုတ်
EXO မြန်မာနိုင်ငံတွင် ဖျော်ဖြေပွဲပြုလုပ်မည်ဆိုသော သတင်းကြောင့်ဖြစ်သည်။
ဖျော်ဖြေပွဲလုပ်မည်က ၅လပိုင်း မှ ဖြစ်သောလည်း EXO ရဲ့ ပရိတ်သတ်များမှာ
၃လပိုင်းမကုန်ခင် သတင်းစကြားတည်းက လှုပ်လှုပ်ရှားရှားဖြစ်နေကြသည်။
ဘယ်နေ့လာမည် ဘယ်နေ့ပွဲလုပ်မည်စသည်ဖြင့် ကြိုးစားပမ်းစား စုံစမ်းနေကြ
သောကြောင့် ဆယ်ကျော်သက်ကျောင်းသူလေးများမှာ စာလည်းမလုပ်နိုင်၊ စာလည်း
မကျက်နိုင် ဖြစ်နေကြသည်။သတင်းတိကျသိပြီးသော်လည်း မပြီးသေး လက်မှတ်က
တစ်စခန်းထပြန်သည်။ လက်မှတ်မှာ VVIP ,VIP , General ဆိုပြီးခွဲထားသည်။
သုံးသိန်း ၊ တစ်သိန်းခွဲ ၊ ငါးသောင်းပေါ့ရှင်။ ဒီလက်မှတ်ဈေးနုန်းကြားပြီးကတည်း
က EXO ပရိတ်သတ်အများစု ခေါင်းပူသွားကြသည်။ အနိမ့်ဆုံးကကြည့်ရင်တော့ဖြင့်
လူမြင်ရဖု့ိမပြောနဲ့ ဝါးတားတားလေးမြင်ရရင်တောင်ကံကောင်း အဲ့တော့လည်း
လူအကောင်လိုက်ကြီး ထင်ထင်မြင်မြင် ကြည့်ရဖို့ အရေး အကြံထုတ်ကြရသည်။
တချ ို့ တချ ို့သော ကောင်မလေးများမှာ မိဘကိုအပူကပ်ကာပူဆာကြသည်။
တချ ို့မှာလည်း ကျောပြင်မှာ ဗျောတင်ခံကာ လက်မှတ်ဖိုး ရအောင်အပူကပ်ကြ
သည်။ တချ ို့ မှာလည်း ချေးကြငှားကြနှင့် EXOဒုက္ခ မသေးလှပေ။ကျွန်မအစ်မတွေမှာတော့
မတတ်နို်င်သောကြောင့်ဝါးတားတားလေသာကြည့်တော့မည်။
ကျွန်မကတော့သင်တန်းရှိသောကြောင့် သွားဖြစ်မည်မထင်။ ဒါတင်ပဲလား
ဆိုတော့ ဒါကအစပါ လက်မှတ်စရောင်းသည့်နေ့မှာလဲ ည၁၂နာရီ online shopping
မှာစရောင်းမည်ဆိုသောကြောင့် စာမေးပွဲတွင်းကြီးကို စာမကျက်နိုင်ပဲ
ညဘက်မအိပ်တစ်ခါ ထိုင်စောင့်ရပြန်သည်။၁ဝတန်းတုန်းကသာ ဒီလိုကြို းစားခဲ့ရင်
All D များတောင်ထွက်လောက်ပါရဲ့။ ဒါတွေကိုသိသော တစ်ချ ို့သော အစ်မများမှာ
မနေနိုင်သောကြောင့် လက်မှတ်ကုုန်မည်ကို စိုးရိမ်ကာ လိုင်းပေါ်မှ မဆင်းသော
ညီမလေးများအား လူမှူ့ကွန်ရက်မှတဆင့် စကားများပါးကုန်ကြသည်။ EXO မကလို့
EXO ဘိုးအေလာလည်းလက်မှတ်ကုန်မည် မဟုတ်သောကြောင့် မစိုးရိမ်ကြရန်နှင့်
စာမေးပွဲကျလျင် နင်တု့ိ အိုပါးတွေလာမကယ်ဘူးဟု ဆိုကြလေသည်။ထိုသို့ ဆိုသောလည်း
ညီမလေးများမှာ စိတ်မချသောကြောင့် လိုင်းပေါ်မှမဆင်းကြပေ။
ပြောစမတ်တွင်သော EXO လက်မှတ်များမှာ ၁၂မိနစ်အတွင်း ရောင်းကုန်သွားလို့
တငိုငို တရီရီ။ မလာသေးသော EXOအဖွဲ့ကို ကြိုရန်အတွက်လည်း အစီအစဉ်
ဆွဲရ။ ည၁၁ခွဲရောက်မည်ဟု သတင်းကြားသော်လည်း ၅နာရီလောက်တည်းက
နေရာယူရန် အဖွဲ့တွေစုသူစုကြ ကားကြိုငှားထားကြနှင့် ကြိုဖို့ရန် အတွက်
light stick ဝယ်ရ၊ စာတမ်းတွေ ထုတ်ရ ချေ းကြငှားကြနှင့်
တော်တော်လေးလည်း အကုန်အကြများကြသည်။ တကယ်တမ်းEXO
ရောက်လာသော နေ့တွင်လေဆိပ်တွင်တိုးလို့ပင်မရ လောက်အောင်
ပရိတ်သတ်များ လာရောက်ကြို ကြလေသည်။တချ ို ့ကလေးမလေးများ
မှာ ရှမ်းပြည်နယ်မှ စုပေါင်းကာ ကားစင်းလုံးငှားကာလာကြခြင်းဖြစ်သည်။
ဒုက္ခများလိုက်လေခြင်း ဒါတင်သာမက တစ်လလောက်ကြိုလာကာ အိမ်ငှား
နေသူများလည်းရှိသည်။ လေဆိပ်မှ ဟိုတယ်သို့အသွားမှာလည်း လိုက်သွားကြ
ကာ ညလုံးပေါက်စောင့်ကြလေသည်။ ဟိုတယ်မှလုံခြုံရေးများမှ ဝန်းထဲဝင်ခွင့်
မပြုသော်လည်း EXO အဖွဲ့ဝင်များ၏တောင်းဆိုသောကြောင့် ဝန်းထဲမှာနေခွင့်ရသည်။
ထို့ပြင်ကလေးများ ကိုလည်းမုန့်များဝယ်ကျွေးကြသေးသည်ဟုကြားသည်။ သူ့အနုပညာရှင်
နှင့်သူ့ ပရိတ်သတ် သူ့ဟာသူတော့ဟုတ်နေသား။ Show ပွဲနေ့တွင်လည်း မနက်အစော
ကြီးတည်းကသွားစောင့်ကြသည်။ နွေရာသီနေပူပူမှာ နေရာပျောက်မည်စိုးသောကြောင့်
နေရိပ်ထဲလည်း မရွှေ့နိုင်နှင့် တော်တော်လေးလည်း ဒုက္ခခံနိုင်ကြပါသည်။ နေပူတဲ့ဒဏ်မခံ
နိုင်သူများကတော့ မူးမေ့လဲကြနှင့် တော်ရုံပင်မဟုတ်ကြ။ အံဩဖို့ကောင်းသည်က ထိုမူးမေ့
လဲသည့် အထဲမှာ ကျွှန်မတု့ိ မြန်မာမိန်းကလေးများသာမက နိုင်ငံစုံမှ မိန်းကလေးများလည်းပါသည်။
အများစုမှာ ထိုင်း၊ကိုရီးယား၊ဂျပန်နှင့် အိန္ဒိယမှလာကြသော ဆယ်ကျော်သက်လေးများဖြစ်ကြသည်။
ကိုယ်ကြိုက်သည့် အနုပညာရှင်အတွက် ရပ်ဝေးမှလာ၍ ဒုက္ခခံကြခြင်းဖြစ်သည်။Show ပွဲပြီး၍ EXO
ပြန်သွားသောအခါ အကြွေးလေးများ ပတ်လည်ဝိုင်းကာဖြင့် ခုထိဆပ်၍ မကုန်သေးပါ။ အော်
အိုပါးတို့ပေးသော ဒုက္ခပေတကား။

12 comments

  • •*¨နန်းတော်ရာသူ •*¨

    June 8, 2017 at 5:58 pm

    သူ့အကြိုက်ကိုယ့်အကြိုက်ပေါ့နော်
    ကိုယ်တွေဆို Kpopper တွေကို ခုထိ ရောနေတုန်း ??
    ရုပ်တွေကလည်းဆင်သကိုး
    မင်းသားတွေလောက်ပဲခွဲတတ်တယ်
    အပြင်မှာတွေ့ရင်တောင်သိမယ်မထင်ဘူး???
    ဖတ်ချင်အောင်ရေးသွားတာ အားပေးပါတယ် ??

    • A mar nyo

      June 8, 2017 at 8:57 pm

      ကိုယ်တွေလည်းသူတို့လောက်သာသိတာနောက်ပေါ်တာတွေမသိတော့ဘူး ခုချိန်မှာတော့EXOခေတ်ပေါ့

  • Shar Thet Man

    June 9, 2017 at 1:08 pm

    Tour company နာမည်လည်း Exo ရှိတယ်

  • kai

    June 11, 2017 at 7:53 am

    အမျိုးသမီးတွေက.. ပိုဖြစ်တယ်ထင်တယ်..။
    ဂျပန်မတွေဆိုရင်တော့ နည်းနည်းပိုလည်ဝယ်တယ်..။
    ဟော်တယ်ပါ လိုက်ပြီး.. အိပ်ယာထဲထိဒိုင်ဗင်ပစ်ဝင်ဖို့ကြိုးစားကြတာ..။
    လုပ်မယ့်လုပ်တော့.. မဖြစ်ညစ်ကျယ်.. ဟိုမရောက်ဒီမရောက်မဟုတ်..။
    အပြီးအစွန်းလုပ်..။

    ကောင်းတဲ့အကျင့်ဓလေ့ပေါ့..။
    ဒီလိုနဲ့.. ပါရမီရှင်ဗီဇတွေ.. ကမ္ဘာအနှံ့မျိုးပြန့်သပေါ့နော..။ :k:

  • လူကြီးတွေဆို EXO မသိဘူး.. ကိုယ်တွေ Tourism ထဲမှာ EXO ဆိုတဲ့ tour agent ရှိတော့… EXO တွေ Sedona မှာ တည်းကြမှာတဲ့ လို့ ပြောတာကို EXO Travels က tourist အဖွဲ့လို့ ထင်ကြသေး :mrgreen:

    ကိုယ်ချင်းစာပါတယ်.. ကိုယ်တွေက K pop တွေဆို သိပ်လည်းမသိဘူး . ကြိုက်လည်း မကြိုက်ဘူး.. ဒါပေမယ့် အဲဒီ EXO နေရာမှာ ကိုယ်သိပ်ချစ်ရတဲ့ ရှားလော့ဟုမ်းစ် လေးလို့ တွေးကြည့်လိုက်တော့ .. ကိုယ်သာဆိုလည်း အဲဒီလိုပဲ ဖြစ်နေမှာ.. ပိုတောင်ဆိုးဦးမယ်.. :mrgreen:

    • A mar nyo

      June 12, 2017 at 4:13 pm

      ညီမဆိုဝါးဝါးလေးတောင်မကြည့်ရဘူးလေဆိပ်လည်းသွားမရ ကံဆိုးတယ်ပြောရမလားဘဲ

  • ဇီဇီ

    June 12, 2017 at 4:29 pm

    ပတနာဖဲ။
    မင်းသားဂျီးတွေကလွဲရင် ခေးလေးတွေကို လူလုံးကို မကွဲတာရယ်။
    ဟီးဟီး

    :mrgreen:

    • A mar nyo

      June 13, 2017 at 11:45 am

      EXOထဲကတစ်ယောက်က သရုပ်ဆောင်လုပ်နေတယ်သရုပ်ဆောင်ကောင်းတော့လက်ခံကြတယ် my annoying hyungမှာသရုပ်ဆောင်ပေးထားတယ်

  • သင့်အေးရိပ်

    June 12, 2017 at 5:02 pm

    တိန်
    အဲ့အဖွဲ့ကို ဘယ်သူတွေ ဘာလုပ်ပြတယ်တွေ
    မသိမှတော့ လူလတ်ပိုင်းထဲ ရောက်နေပြီ ဆိုပါတော့။
    :k:

  • Foreign Resident

    June 14, 2017 at 10:38 am

    မှန်တာပြောရရင် ရုပ်ရှင် ဂီတ အနုပညာရှင်တွေ ၊
    ပြည်တွင်းကော ပြည်ပရော တစ်ယောက်မှ သေချာ မမှတ်မိ / မမှတ်သားမိ ။
    ကိုယ်က ပိုက်ဆံပေး / ပိုက်ဆံကုန်ရမယ့်သူတွေကို တစ်ယောက်မှ စိတ်မဝင်စားပါ ။
    ကိုယ့်ကို ပိုက်ဆံလာပေး / ပိုက်ဆံရမယ့်သူတွေကိုဘဲ စိတ်ဝင်စားတယ် ။

    • A mar nyo

      June 15, 2017 at 10:44 am

      အိမ်မှာလည်းအတူတူပဲကုန်မှာကိုစိတ်မဝင်စားဘူး ဒီပွဲကိုတောင်မှအလွန့်အလွန်ကြိုက်လွန်းလို့သာသွားကြည့်ကြတာ

Leave a Reply