အမြည်းလေး တစ်တို့ နှစ်တို့ – for Beer Ko Ko

ဇီဇီMarch 29, 20171min27110

ဒီ တပတ်တော့ ဘီယာကိုကိုတွေ ဘီယာနဲ့ မြည်းဖို့ အလွယ်နည်းလေးတွေ ရေးမလား စဉ်းစားတယ်။

:mrgreenn:

ကိုယ်ကတော့ အမြည်းစားချင်လို့ သောက်သမားဖြစ်ပေမဲ့….

တစ်ချို့ သောက်ခါနီးမှ အမြည်းကပါချင်ဆိုပြီး စိတ်က ရုတ်တရက်ပေါ်လာရင် ထလုပ်နိုင်အောင် အိုင်ဒီယာနဲ့ နည်းတစ်ချို့ ပေးတဲ့သဘောပါ။

:mrgreenn:

အလွယ်ဆုံးကတော့ ငါးမုန့်ခြောက်တို့ တို့ဟူးခြောက်တို့ ကြော်ရင်ကြော်။

သီဟိုစေ့ကြော် စတာတွေနဲ့ မြည်းရင်တော့ အချိန်ကုန်သက်သာတာပေါ့လေ။

:mrgreenn:

တစ်ခါတစ်လေများ သောက်နေတုန်း အပေါင်းအသင်းလေး ဘာလေး ရောက်လာပြီဆိုရင် ဘီယာဘူးတွေ ထပ်ဖောက်ပြီး “မိန်းမရေ အမြည်းလေးဘာရှိတုန်းဟေ့” လို့များ အော်ခံရရင်….

ဒါမှမဟုတ်…..

တစ်ကိုယ်တည်း သမားကိုကိုတွေချည်း ၂ယောက် ၃ယောက်လောက် ချက်ချင်းအမြည်းများထလုပ်ချင်ကျရင်တော့ အသုံးကျလိမ့်မယ်ထင်ပါရဲ့။

သိတဲ့ အလွယ်နည်းလေးတွေ မျှပါအူးး!!

:mrgreenn:

~~~~~~~

အလွယ်ဆုံးကတော့ မြေပဲဆံကို ဂျင်းပြားကြီးကြီးတစ်ပြားနဲ့ ဆားထည့် ကြော်လိုက်ရင်ကို စားကောင်းတာပဲ။

~~~~~~

ငါးရံ့ခြောက်ဖုတ် (သို့) ငါးပုတ်ခြောက်ရှိရင် အင်မတန်လွယ်ပါတယ်။

ကျနော်က ဖုတ်ပြီးသားငါးခြောက်တွေဆို မစားသေးရင် ဖရီဇာထဲထားတယ်။

စားခါနီးမှ မိုက်ခရိုဝေ့နဲ့ နွှေးတယ်။ ဆီစိမ်လိုက်တယ်။

မြည်းမယ်ဆိုရင် စားမဲ့ပမာဏထဲ သံပုရာသီးအရည်များများညှစ်ပီး ပျော့နေအောင် စိမ်ထားတယ်။ ချဉ်ငံစိမ့်လေးမြည်းလို့ရတာပေါ့။

 

ဝက်နံရိုးကို …

Fermented bean curd အနှစ်ရယ် ဂျင်းကြက်သွန်ဖြူထောင်းထားတဲ့ အရည်ရယ် နယ်ပြီးမှ ကြော်ပြီးဆယ်ထားး

ဆီအိုး ပိတ်ခါနီးမှ ထောင်းထားတဲ့ ဂျင်းနဲ့ကြက်သွန်ဖြူအဖတ်တွေ ထည့်ကြော်ပြီး ဖြူးလိုက်ရင်လည်း စားလို့ကောင်းတယ်။

~~~~~~~

ကျနော်ရဲ့ ဝက်အူချောင်းအလွယ်အမြန်ကြော် ကတော့ ဝက်အူချောင်းကို လိုသလောက် တုံးပြီး ဆီနဲ့ ရေနဲ့ထည့်ပြီး မီးဖိုပေါ်တင်ထားလိုက်တယ်။

ရေခန်းခါနီးလောက်မှာ ခရုဆီလေး တစ်ဇွန်းထည့်ပြီး နည်းနည်းလေးနှံ့အောင် အိုးလေး (ကြော်တဲ့အိုး) လှုပ်လိုက်တာပဲ။

 

မွဘုတ်ရဲ့ ဝက်အူချောင်း ကြော် ကတော့…

ကြက်သွန်နီ လေးစိတ်ခြမ်း

ငရုတ်သီးခြောက်နဲ့ ကြက်သွန်မိတ် အုပ်တခါတည်း ရောမွှေ ထည့်ကြော်

မီးပြင်းတိုက်ကြော်တဲ့ တစ်ပွဲစားနည်းပါ။

~~~~~~~~~~~~~~~

ကျနော့ ကတော့ ခရုဆိုရင် ရေစင်အောင် ဆေးပြီး….

ဂျင်းရယ် စပါးလင်ရယ် ကြက်သွန်ဖြူရယ် ငရုတ်သီးစိမ်းခွဲထည့် နဲ့ ပြုတ်လိုက်တာပဲ။

 

မွဘုတ်နည်းကတော့ ခရုမျက်ပြဲ ပြုတ် နဲ့

အချဉ်ရည် က…..

ငရုတ်သီး စပါးလင် ကြက်သွန်ဖြူ ကြိတ်စက်နဲ့ကြိတ်

သံပုရာရည် ငါးငံပြာရည် သကြား စပ်ပြီး တို့ စားတာပဲတဲ့။

~~~~~~~~~~~~~~~~~

မွဘုတ်ကတော့ အာလူး၂လုံးလောက်များရှိရင်…

အာလူးကို အခွံသင်၊ ဆေး၊ ရေစစ်ထား

လေးထောင့်ရှည်ရှည်လေးတွေ တုံးပြီး ဆားနဲ့နယ်ထား

ဆီပူမှာ ကြော်ပြီး…

အာလူးချောင်းကြော်ပီး ပူနေတုန်း cheese အပြားတင်ထားပြီး မြည်းလည်းရတယ်။

 

မိုးသူကတော့…

ကြော်ထားတဲ့ အာလူးချောင်းကြော် ပူပူလေးပေါ် ဆားနဲ့ ငရုတ်သီးအစိမ်းမှုန့်နဲ့ ငရုတ်ကောင်းလေး ဖြူးစားရင်လည်း ကောင်းတယ်တဲ့။

 

မွဘုတ်နည်းတွေချည်း စုပေးရရင်….

Japan ရ္ဓေပဲသီးပြုတ် အလုပ်မရှုပ်ပေါ့။

ရေနွေးထဲပြုတ်ပြီး ဒီတိုင်းစားတာပဲလေ။

 

ခရမ်းသီး

ရွှေဖယုံသီး

Zuchiini ဆားနယ်ထားပြီး

အကြော်မှုန့်ကပ်ကြော်ပြီး ငရုတ်ကောင်းဖြူးစားလို့လည်းရ။

 

ဆေးဘဲဥသုပ်နဲ့မြည်းချင်ရင်…

ကြက်သွန်နီ ပါးပါးလှီး

ကြက်သွန်ဖြူူ ဓားပြားရိုက် နုတ်နုတ်စင်း

ဂျင်နု ပါးပါး အမျှင်လေးတွေလှီး

နံနံပင် အုပ်

နှမ်းဆီနဲ့သုပ်

နှမ်းလှော်စေ့လေးတွေဖြူး လို့ရပါသေးတယ်။

ဆေးဘဲဥနေရာ ကြက်ဥဘဲဥငုံးဥပြုတ် အစားထိုးလည်းရပါတယ်။

 

Egg omelette ကြော်ချင်ရင် ဝက်၊ပုဇွန်၊ ကြက် တောက်တောက်စဉ်း ကြိုက်ရာ ထည့်

ကြက်သွန်နီ. ခရမ်းချဉ်

ကြက်သွန်မိတ်

နည်းနည်း ဆား ငရုပ်ကောင်း နဲ့ခလောက်

ထောပတ်ဆီ နဲ အချပ်ကြော်ပြီး စားလို့လည်းရတယ်။

 

ငနီတူခြောက် (ငါးကလေးခြောက်) လှော် ထားတာဖြစ်ဖြစ် ကြော်ထားတာဖြစ်ဖြစ်ကို

ငပိဆီ နဲ့နယ်

ကြက်သွန်နီ သံပုရာညှစ် ငရုပ်သီးကြော်မှုန့်များများ နဲ့ သုပ်စားလည်း လိုက်တာပဲ။
ကြက်သားရှိရင် ကြိုက်တဲ့ အသားပိုင်း ကြိုက်သလို တုံးထားတာကို..

ဂျင်းရည်

ပဲငံပြာရည် အပျစ် အကျဲ

ငရုပ်ကောင်း၊ ဆား၊ ဆနွင်း နည်းနည်းစီ

နို့စိမ်း၊ နှမ်းဆီရယ် ကြက်ဥအကာ ထည့်နယ်ကြည့် ပိုနူးညံ့ အရသာ ရှိသတဲ့။

~~~~~

 

မယ်ခွစ်ရဲ့ နည်းလည်းပြောချင်သေးတယ်။

အမဲသား အကျွပ်ကြော်ချင်ရင်…..

အသားကို ဆား၊နနွင်း၊သကြားနည်းနည်းနဲ့နယ်..

ရေခမ်းပြုတ်..

ပြီးတော့ငရုတ်ဆုံထဲထည့်ပြီး တစ်တုံးစီ ထု ဖွ ..

ဆီထဲနည်းနည်းစီထည့်ကြော်..

ဂျင်းနဲ့ ကြက်သွန်ဖြူ ဒါးပြားရိုက်ထားတာကိုပါထည့်ကြော်ရင်မွှေးတယ်။

ကျွတ်ရင်ဆယ်ပြီး ဆီစစ်ထားပြီးရင် စားလို့ရတယ်။

နောက်ရက်ထိထားချင်ရင်တော့ ကြော်တဲ့ဆီနဲ့ပြန်စိမ်ထားတယ်။

~~~~~~

 

ကိုရဲစည်ပေးတဲ့ မြည်းဖို့ ငါးခူ ကြော်နည်းက နည်းနည်းတော့ အချိန်ယူရမယ်။

အရင်ဆုံး ငါးခူကို အချွဲဆေးပါ…

ပြီးရင် ရေနွေးပွက်ပွက်ဆူထဲ ၃မိနစ်လောက် ပြုတ်ပီးပြန်ဆယ်ပါ

အသားတွေအမြောင်းလိုက်လွှာပါ …

ငါးအသားက ဆတ်တောက်လေးဖြစ်နေမယ် …

မြူရောနိနဲ့ ချိစ်ကို လက်ဖက်ရည်ဇွန်း တဇွန်းစာ အသားလွှာပေါ်သုပ် ဆီပူထဲ တမိနစ်ထည့် ပြန်ဆယ်ပြီး စားလို့ရပါပြီ။

~~~~~~~~~~~~

 

အမ မွအိက သောက်သာမသောက်တတ်တယ်။ ခင်ဇော်တောင်းတော့ မနေနိုင်ဘူး။ နည်းလာပေးသေးတယ်။

ရယ်ဒီမိတ် ကော်ပြန့်ရွက်တွေ ရှိရင်……

ပြောင်းဖူးအစိမ်းကို ပါးပါးလှီး ကော်ပြန့်ရွက်နဲ့လိပ်ကြော်၊

ပုဇွန်ကြော့ အကြီးလေးတွေ ကော်ပြန့်ရွက်နဲ့ လိပ်ကြော် ၊

ကန်ဇွန်းဥ (သို့) ရွှေဖရုံ ပြုတ်ချေ ကော်ပြန့်ရွက်နဲ့ လိပ်ကြော်၊

ငါးဖယ်ခြစ်အသားကို ဂျင်း ကြက်သွန်ဖြူ ဆား နနွင်း အရသာမှုန့် ထည့်ထောင်း လက်ညှိုးအရွယ်လောက်ဖြတ် ကော်ပြန့်ရွက်လိပ်ကြော် …

ကော်ပြန့်အစုံကို ကြော်ပြီး မြည်းရင်လည်းမြန်ပါ့။

 

မွဘုတ် ကတော့ ကော်ပြန့်ဖတ်မလွယ်ရင် ကော်ပြန့်အစား

ပဲလိပ်ခြောက် ကို ရေဆွတ်

ငဖယ် ထည့် လိပ် ကြော်၊ အသား ဆို. ကြက် ဝက် ပုဇွန် ထည့်လိပ်ကြော်

mayonnaise နဲ့ တို့စားရုံပဲ တဲ့။

~~~~~~~~~~~~~~

မိုးသူပြောတဲ့ အလွယ်နည်းတွေကတော့ အသားတစ်မျိုးမျိုးရှိနေရင်…

တန်ပူရာအမှုန့် ကြက်သွန်နီ ဂျင်း ကြက်သွန်ဖြူ ငရုတ်သီးအစိမ်းမှုန့်ကိုကြိတ်ပြီး ပြစ်ပြစ်ဖျော် ရှိတဲ့ အသားတွေ ကို လက်တစ်ဆစ်လောက်လှီးထားတာကို နှစ်ကြော် စားရင်အရမ်းကောင်းဆိုပဲ။

ကြက်တောင်ပံဖြစ်ဖြစ် ဝက်နံရိုးဖြစ်ဖြစ် ကို

ပဲငံပြာရည်အနောက်ရယ် ပဲငံပြာရည်အကြည်ရယ် ဆားရယ် သကြားရယ် ကြက်သားမှုန့်လေးရယ် နယ်ပြီး ကြော်စားရင်လည်း မွှေးပြီးအရမ်းကောင်းသတဲ့။

 

မွသဲ အလွယ်နည်းကိုလည်း ကြည့်ပါအူးး

နောကိဆုံး ဘာမှမရှိရင်…

ဆီအိုးကို ဆီများများပူအောင်တည်

ကြာဇံအခြောက်ကို ချိုးခြေပြီး ရှဲ ဆိုထည့်ကြော်

ပွလာရင်ဆယ်၊ ဆားနည်းနည်းဖြူး

စားလို့ကောင်းချက်ပဲ။

~~~~~~~~~~~~~~~~

တခြား လွယ်ကူလျှင်မြန်နည်းတွေရှိရင်ပေးဂျပါအူးး!!

နောက်တစ်ပတ် သတင်းစာ အတွက်မို့ပါ။

 

:mrgreenn:

 

 

 

 

 

10 comments

  • ဂျစ်စူ

    March 29, 2017 at 12:13 pm

    မဖတ်ဘူး မမှတ်ဘူး ငမူးအားပေးအလုပ်တွေ ဆန့်ကျင်ကြ
    ဒို့အရေး ဒို့အရေး

    • ဇီဇီ

      March 31, 2017 at 3:15 pm

      နာ က အစား အားပေးပါဟယ်

      :k:

  • သျှားသက်မာန်

    March 29, 2017 at 1:53 pm

    စားချင်လာပြီနော်

    • ဇီဇီ

      March 31, 2017 at 3:15 pm

      အေးဆို။
      ဗိုက်ဆာလာဖီ

      :k:

  • kai

    March 29, 2017 at 4:44 pm

    ဂျပန်မှာဆိုင်မှာအလုပ်လုပ်တုံးမှတ်မိတာကတော့.. အရသာတွေ ချဉ်ငံ ပြင်းလိုက်ရင်.. အရက်များများရောင်းရတာပဲ..။
    ဘီယာများများရောင်းရချင်ရင်.. ဆိုင်ထဲက.. အဲယားကွန်းကို နည်းနည်းပူလိုက်..။
    ဆီကြော်တွေများများထုတ်ပေးလိုက်..။ :k:

    • ဇီဇီ

      March 31, 2017 at 3:16 pm

      အရက်တော့ ကိုယ်တိုင်မသောက်တတ်တော့
      ဘာနဲ့ မြည်းလို့ကောင်းမလဲ တွေးကြည့်လို့မရဖြစ်နေတာ။

      :mrgreenn:

  • Thint Aye Yeik

    March 30, 2017 at 5:26 am

    မှတ်တယ် မှတ်တယ် မှတ်တယ်
    ဒါမဲ့ အခုတလော ဘီယာ ရှောင်ထားရတယ်။ တစ်ကိုယ်လုံးမှာ ဗိုက်က အတော်ပူလာတာ သိသာသမို့။

    • ဇီဇီ

      March 31, 2017 at 3:17 pm

      ဟုတ်တယ်ဟ။
      ခြံစည်းရိုး ခရုတက်သလိုဖစ်နေမေ

      :k:

  • ဦးကြောင်ကြီး

    April 3, 2017 at 6:59 am

    ဝီဂါနတ်ဘီယာ ပြည်သာလ ျက်ဇီဇာ ရီပါဟက်တီတာ မြည်ကာသွက်ညီညာ

Leave a Reply