ရေပျော်ငှက်တို့ပျော်ရာ အင်းလေးကန်သာ

Mon LayDecember 22, 20177min3522

ခုတစ်ခေါက်နဲ့ဆိုအင်းထဲကိုပြန်ရောက်တာ ၂ကြိမ်မြောက်ပါ။ အလုပ်က staff partyက အင်းထဲက Sanctum Inle Resort မှာလုပ်တာမို့ပါ။

အရင်တစ်ခေါက်ကဘာနဲ့သွားခဲ့လဲဆိုတာသိချင်ရင်တော့ ဒီလင့်လေးကို ပြန်ဖတ်ပေးပါ။ https://myanmargazette.net/wp-admin/post.php?post=229773&action=edit

ရန်ကုန်ကနေ ရုံးကကားစင်းလုံးငှားပြီးအင်းလေးညောင်ရွှေကိုတိုက်ရိုက်သွားခဲ့ကြပါတယ်။ မနက် (၈)နာရီဝန်းကျင်မှာ လမ်း Heart to Heart မှာမနက်စာဝင်စားကြပါတယ်။ ပြီးတော့ Sanctum Inle Resortကိုဆက်သွားကြတာပေါ့။ အဲ့နေ့မနက်မှာတော့ ဟိုတယ်မှာ Team building ဆော့ကြရင်းတစ်နေ့ကုန်သွားကြပါတယ်။

#ကိုယ်တည်းခဲ့တဲ့Sanctum Inle Resort

သူလေးက 5 star ဟိုတယ်လေးပါ..ရေကူးကန်လေးနဲ့ အခန်းထဲကနေလှမ်းကြည့်ရင် ဟိုးအဝေးကရှမ်းတောင်တန်းတွေနဲ့အင်းလေးကန်ကိုလှမ်း

မြင်နေရတယ်။ ပြီးတော့ surprise ဖြစ်ပြီးပျော်သွားတာကတော့ ဝင်ဝင်ချင်းအခန်းရဲ ့စားပွဲမှာ ကိုယ်တို့နာမည်လေးကိုစာရွက်မှာရေးထားပြီးကြို

ဆိုနေတယ်ဆိုတာလေးပေါ့။ သိပ်ချစ်ဖို့ကောင်းတယ်နော်။ ကိုယ်က surprise လုပ်ခံရရင်သိပ်ပျော်တာသူသိများသိနေသလားကွယ်။

  

နောက်နေ့ လှေထိုးသားတွေနဲ့လှေတူတူလှော်ခဲ့တာလေး ပြန်ရှုယ်ပေးချင်ပါတယ်။

ကိုယ်တွေအဖွဲ့က၅ဖွဲ့လောက်ရှိတယ်..ပထမဦးဆုံး၂သင်းအရင်ထွက်တယ်။ လှေထိုးသား၁၂ယောက်နဲ့ကိုယ်တွေအဖွဲ့တွေကတစ်စီး၊ တခြားအသင်းကလည်းအဲလိုပဲလှေထိုးသားတွေနဲ့။ ပြိုင်ကြတာပေါ့။ သူတို့တွေဘယ်လိုလှော်သလဲတော့မသိ။ကိုယ်တွေမှာတော့ လှော်တက်ကိုမနည်း

သယ်သယ်နေရတာ၊ လှေလှော်ရင်း တချက်တချက် လက်ကပြုတ်ထွက်လို့ ကောင်းကောင်းတောင်မလှော်ရဘူး။လေးကလည်းလေးနဲ့။ အတွေ့

အကြုံတော့ကောင်းကောင်းလေးရလိုက်ပါတယ်။ သူတို့ရဲ ့အင်းလေးလှေပြိုင်ပွဲထုံးစံအတိုင်း သံစုံတီးဝိုင်းနဲ့ သူတို့ကတော့ပျော်နေကြတာပေါ့လေ။

ကတဲ့သူကက၊ဆိုတဲ့သူကဆိုနဲ့ ပျော်စရာကောင်းခဲ့တာတော့အမှန်ပါပဲ။ ကိုယ်တွေအဖွဲ့ကပထမရခဲ့တာနော်။ ကိုယ်ဆိုမဲပြန်နှိုက်တာ ဝိုင်ပုလင်းပေါက်ခဲ့ပါတယ်. (ဟဲဟဲကြုံကြွားတာ)

အစားအသောက်စားခဲ့တာလေးလည်းပြန်ရှယ်ချင်ပါတယ်။

ညောင်ရွှေဆိုရင်ပွဲတော်ဝင် (သူကနာမည်ကြီးနေပါတယ်) စားရတာကလည်းဖက်ရွက်နဲ့ ဒေါင်းလန်းတို့နဲ့။ဈေးလည်းသင့်တယ်။

#လယ်တောအိမ်

ဒီနေရာကနေရာသစ်လေးပါညောင်ရွှေလှေဆိပ်အကျော်တံတားလေးကနေဆက်သွားလို့ရပါတယ် View Point ဟိုတယ်နဲ့ဆို ၅မိနစ်ပဲရှိပါတယ်။

ပြင်သစ်စားသောက်ဆိုင်လေးပေါ့။အင်းသားအစားအသောက်လည်းရပါတယ်။

#ပဒေါင်လူမျိုး ယက်ကန်းရုံ

ပဒေါင်လူမျိုး ယက်ကန်းရုံ ကိုလည်းရောက်အောင်သွားရောက်လေ့လာသင့်ပါတယ်..ယက်ကန်းရုံတင်မက ဘဲ ရှေးဟောင်းပစ္စည်းတွေအများကြီးကို ခင်းပြထားပြီး အလှတစ်မျိုးလေးနဲ့လှနေတဲ့ ပဒေါင်မချောချောလေးတွေကိုတွေ့နိုင်ပါတယ်

#မိုင်းသောက်တံတား

ဒီတံတားကတော့ မန္တလေးဦးပိန်တံတားလိုလို နဲ့တံတားလေးပေါ်လမ်းလျှောက်ရင်းတောင်တန်းလေးတွေကိုနောက်ခံထားပြီး ဓါတ်ပုံလှလှ 📸📸 ရိုက်လို့အရမ်းကောင်းတဲ့နေရာလေး ပါ။ ကိုယ်တွေနေတဲ့Sanctum Inle Resort နဲ့က စက်ဘီးလေးစီးသွားရင်ဖြင့် ၁ဝမိနစ်ပဲကြာပါတယ်။ညနေ

ဘက်လမ်းလျှောက်၊sunset လေးကြည့်ပေ့ါ။

#Red Mountain

ဝိုင် 🍷ခြံ လေးပါ။ ဝိုင်လေးသောက် Sunset ကြည့်ရင်းခံစားလို့ရပါတယ်။

#Inle Floating Centre (IFC)

သူကနမ့်ပန်မြို့နားမှာပါ သွားရောက်လည်ပတ်သင့်တဲ့နေရာလေးဖြစ်ပါတယ်။ စိတ်ချလုံခြုံစွာဖြင့် လှေစီးခြင်း 🚣ဖောင်စီးခြင်း 😝ခေါင်ရည်မြည်း ခြင်း၊ ငါးကင်စား 😊အစရှိတဲ့ရိုးရာဓလေ့အစားသောက်များနှင့်အတူ😉ရိုးရာယဉ်ကျေးမှု လက်မှုပစ္စည်းများသဘာဝအလှတွေစုံ

လင်စွာရှိတဲ့နေရာလေးပါ။

#ခေတ်ဆန်းယဉ်

ပိုးထည်တိုက်ဆိုပေမဲ့ ချည်ထည်ကသက်သက်၊ပိုးထည်က သက်သက်၊ကြာထည်ကသက်သက်၊ မည်သူမဆို လွယ်ကူစွာလေ့လာဝယ်ယူနိုင်အောင် ခင်းကျင်းထားပေးတာပါ။ အရှေ့က ကျောက်ပျဉ်အကြီးကြီးနဲ့ သနပ်ခါးသွေးလိမ်းရတာကလည်း ခေတ်ဆန်းယဉ်ရောက်အမှတ်တရပေါ့နော်။
 

 

ခရီးတွေအများကြီးသွားပြီးထပ်ရှယ်ပေးပါဦးမယ်..

 

 

2 comments

  • Thint Aye Yeik

    December 26, 2017 at 10:19 am

    သွားချင်လိုက်တာကွယ်
    အင်းလေးကတော့ ရောက်ဖူးပေမယ့်… ထပ်သွားချင်တုန်းပဲ…
    စပျစ်သီးတွေကလည်း ခူးစားချင်စရာ…
    ပဒေါင်မချောချောလေးကလည်း ခူးစားချင်စရာ…အဲလေ… ချစ်စရာ
    :k:

  • Shar Thet Man

    December 27, 2017 at 3:08 pm

    ဟုတ်ပါ့

Leave a Reply