?? ခရီးသွားချင်တဲ့သူတွေအတွက် ..သိဖို့လိုအပ်သည့်အကြောင်းများ ??

Mon LayApril 11, 20173min1424

.
??.If you don’t have money, don’t be sad, you can follow my ways as below!! ??
.
ပိုက်ဆံမရှိလို့ ခရီးမသွားဘူးလို့ပြောပြောနေကြလို့ ဒီကနေမွန်လေးရဲ ့ခရီးသွားတော့မယ်ဆို..ကြိုလုပ်တတ်တဲ့အကျင့်လေးတွေ အလေ့အထားလေးတွေကိုပြန်ရှယ်ပေးပါမယ်။ မွန်လေးရဲ ့ခုထိသွားနေတဲ့ခရီးစဉ်အားလုံးက ကိုုယ်ပိုုင်ပိုုက်ဆံ ( ကိုယ်ရှာထားတဲ့ ပိုုက်ဆံ ) နဲ့သွားခဲ့တာတွေပါ။
.
✈️ဒီနှစ်မှာဘယ်သွားမယ်ဆိုတာရည်မှန်းချက်ထားပါ
၂၀၁ရမှာ ကိုယ်တော့ ဘယ်ကိုသွားမယ် ရောက်အောင် ကြိုးစားမယ်ဆိုုပြီး အရင်ဆုုံး သွားချင်တဲ့ နိုုင်ငံတွေကိုု စာရွက်နဲ့ချရေးပါတယ်။ တကယ်သွားဖြစ်မှရယ်လို့မဟုတ်သေးဘူးနော်..ရည်မှန်းထားတဲ့နေရာလေးတွေကိုပေါ့။
.
Hong Kong
Bali

Australia

France

Singapore

Korea

Japan

Italy

များတယ်နော် 😛

#?အားလပ်တဲ့အချိန်

ကိုယ်ဘယ်တော့အားလဲ…ဘယ်အချိန်သွားရင်အားနိုင်လဲ..ပိတ်ရက်တွေကဘယ်တော့လဲ..စသဖြင့်ဆန်းစစ်ပါ။

 

#?ရာသီဥတု

ကိုယ့်သွားမယ့်နိုင်ငံရဲ့ ရာသီဥတုကိုလည်းကြည့်ပါ။ မွန်လေးတို့နိုင်ငံကမိုးတွင်းဖြစ်လို့ သူတို့မှာလည်း မိုးတွင်းလို့မထင်လိုက်ပါနဲ့။


#?ဘဏ်ထဲမှာငွေစုပါ

ဘဏ်ထဲမှာငွေစုတတ်တဲ့အကျင့်ကိုလုပ်ပါ။ ငွေနည်းနည်းထည့်လို့အတိုးနည်းတယ်ဆိုပေမယ့် ငွေများလာတဲ့အခါ အတိုးများလို့ို ပိုလျှံတဲ့ငွေနဲ့ခရီးကောင်းကောင်းထွက်နိုင်ပါလိမ့်မယ်။ ပြီးတော့ ကိုယ်ခရီးထွက်တဲ့အခါယူသုံးလိုက်ရုံပဲ။


#?စူးစမ်းေလ့လာပါ


ကိုယ်သွားမယ့်နိုင်ငံအကြောင်း အားရင် အားသလိုု အင်တာနက်ကနေ ရှာဖတ်ရပါမယ်။ ဘလော့တွေကော၊ Trip Advisor တွေကော အကုုန်ရှာပါ။  ပြီးရင် စာအုုပ်တစ်အုုပ်မှာ (သိုု့) ကွန်ပျူတာမှာချရေးပါ။ ကိုယ်ဘယ်ကိုလည်မယ်ဆိုတဲ့trip planလေးတော့ခရီးမသွားခင်ရှိ ထားသင့်ပါတယ်။

#✂️ အပိုပိုက်ဆံကုန်မှာတွေကို ခုထဲကလျှော့ပါ။

.မလိုအပ်ဘဲပစ္စည်းတွေဝယ်တာတွေ၊အပိုကုန်စေမယ့်ပိုက်ဆံဖြုန်းခြင်းကိုရှောင်ဖို့လိုပါတယ်။

 

#?ကြိုလုပ်တတ်တဲ့အကျင့်ကိုမွေးမြူပါ

ဘယ်အလုပ်ကိုပဲလုပ်လုပ်ကြို ပြီး တွေးတောတတ်ပါ။ ခရီးတစ်ခုသွားမယ်ဆိုရင်လည်း ဟိုရောက်ရင် ဘာတွေဝတ်မယ်။ ဘယ်မှာတည်းမယ်။ ဘယ်ကိုသွားမလဲ စသဖြင့်ပေါ့နော်။

#?Credit Card လေးလုပ်ထားပါ။

Credit Card လုပ်ခြင်းကလည်း ခရီးထွက်ရင် အတော်လေးအဆင်ပြေမယ်ဆိုတာ သိလာပါလိမ့်မယ်။

ဒီအချက်ကလေးတွေကို အနည်းဆုံး ၃ခုလောက် လုပ်နိုင်ထားရင်တော့ ပျော်ဖို့ကောင်းတဲ့ခရီးတွေအများကြီးထွက်နိင်တော့

မှာပါ…စမ်းကြည့်နော်။

4 comments

  • Courage

    April 12, 2017 at 7:26 pm

    ကျော်တို့နိုင်ငံသားတော်တော်များများက ခရီးထွက်ဖို့ကြောက်တတ်တယ်လို့ ထင်မိတယ် မမွန်လေးရေ။
    ဟိုကိုသွားအစဉ်ပြေပါ့မလား ဒီကိုသွားအစဉ်ပြေပါ့မလားနဲ့တွေးပူတတ်သလိုပဲ။ ပီးတော့ မမွန်လေးပြောသလို ကြိုတင်ပြင်ဆင်မှုဆိုတာလဲမရှိသလောက်ပဲ။
    ပီးတော့ခရီးသွားမယ်ဆို ဘုရားဖူးခရီးစဉ်လောက်လို့ပဲသဘောပေါက်ကျတာ။ ကိုယ်သွားမယ့်ဒေသရဲ့ အထင်ကရတွေ လေ့လာစရာတွေကိုတော့ မေ့ထားတတ်လေရဲ့။

  • kai

    April 15, 2017 at 5:40 am

    တချို့အဖြူတွေများ ပိုက်ဆံရှာဖို့ခရီးသွားတာ..။
    စာအုပ်ရေး..။ ဓာတ်ပုံရိုက်..။ စပွန်ဆာရှာ.. စသဖြင့်ပေါ့..။

  • သျှားသက်မာန်

    April 25, 2017 at 5:27 pm

    >> Courage : ဟုတ်ပါတယ် အဲဒါကြောင့်လည်း အခြေခံဗဟုသုတအားဖြင့် မွန်လေးတို့လူမျိုးတွေက အားနည်းတာပေါ့နော်။ နို်င်ငံခြားသားတွေဆို သူတို့သိတတ်စ ၁၈ နှစ်ဆိုတာနဲ့ခရီးတွေထွက်ကြ၊ အတွေ့အကြုံတွေရ ပြီးလုပ်ငန်းခွင်ဝင်ကြနဲ့ ပိုအောင် မြင်ကြတာတွေ့ရပါတယ်။ မြန်မာလူမျိုးတွေက ငွေမရှိလို့မသွားနိုင်ရတာနဲ့ ငွေရှိတော့လည်းသုံးပစ်ကြတာများတာဆိုတော့ ကိုယ့်
    လူမျိုးကိုအမြင်ကျယ်စေချင်ပါတယ်။ အဲဒါကြောင့်လည်းဒီလိုပို့စ်လေးတွေရေးရတာပါ

  • သျှားသက်မာန်

    April 25, 2017 at 5:31 pm

    kai : ဟုတ်ပါတယ်

Leave a Reply