ကျော်မယ် ခွမယ် မသိသေးသူတွေ သိရအောင် တဆင့် ထပ်တင်ပေးလိုက်တာပါ။

ဆူးSeptember 1, 20101min15112

ဒါကတော့ ဝင်ကြည် ့လိုမရတဲ့ဆိုဒ်တွေကိုကျော်ကြည့်လို ့ရတဲ့ဆော့ဝဲနဲ ့ကျော်လို ့ရတဲ့ဆိုဒ်တွေပါအသုံးတော်တော်တည် ့ပါတယ်.. သူကတော့ ကျော်ခွဖို့အတွက် ခါးတောင်းကျိုက် မနေပါနဲ့တော့ . ခေါင်းစားမနေပါနဲ့တော့ . အိန္ဒြေရရလေးနဲ့ add-on လေးသုံးပြီး ပေါ့ပေါ့ပါးပါးလေး ကျော်ကြည့်ရအောင်ပါ . လုပ်နည်းကတော့ လွယ်ပါတယ် . တစ်ဆင့်ချင်းသာ လုပ်သွားပါ . firefox add-on ကို သုံးဖူးသူကတော့ ချက်ချင်းသဘောပေါက် သွားမှာပါ အားလုံးပဲ အဆင်ပြေ ကြမယ်လို့ မျှော်လင့်မိပါတယ် .

လုပ်နည်း

* ဒီကို https://addons.mozilla.org/en-US/firefox/addon/3239 သွားလိုက်ပါ . Add to firefox ကို နှိပ်ပါ .

* Download Now နှိပ်ပါ။ ပြီးရင် install လုပ်လိုက်ပါ * Firefox Browser ကို restart လုပ်လိုက်ပါ .

(တစ်နည်းအားဖြင့် firefox နှင့်ဖွင့်ထားသမျှတွေအားလုံးကို ပိတ်လိုက်ပြီးတော့ ပြန်ဖွင့်ပါ .)

* Firefox screen ရဲ့ ညာဘက်အောက်မှာ အပြာရောင် P ပုံလေးပေါ်လာပါလိမ့်မယ်။

အဲ့ဒါဆိုရင် phproxy ကို သုံးလို့ရသွားပါပြီ . စမ်းကြည့်လိုက်ပါ .

* ပိတ်ထားသော ဝဘ်ဆိုက်တွေ နှင့် Website တစ်ခုခုကို ဖွင့်ရင်းနဲ့ Access Denied page ပေါ်လာလျှင

် အပြာရောင် P လေးကိုသာ နှိပ်ပြီး ခဏစောင့်လိုက် ပြီးတာနှင့် ပိတ်ထားသော website ပွင့်လာ ပါလိမ့်မယ်။

https://ctunnel.com/

www.vtunnel.com

www.sslunblock.com

www.2unblock.com

www.freesslproxy.com

www.sslunblock.com

www.polyslove.com အဲဒီမှာကျော်လို့ရတာ အများကြီးဘဲ youtube တောင်ကြည့်လို့ရတယ်။

12 comments

  • angwei

    September 1, 2010 at 1:59 pm

    ကျေးဇူးပဲဗျာ..ကျွန်တော်တို့ ပြည်တွင်းက လူတွေအတွက်တော့ အရမ်းအကျိုးရှိပါတယ်ဗျာ..။
    နောက်ဘလော့ကာတွေအတွက်ရောပေါ့..။ နောက် ကျော်တာခွတဲ့နည်းလမ်းများရှိရင်ပြောပြပေးပါဦးဗျာ..။

  • winkyawaung

    September 1, 2010 at 2:17 pm

    ပြည်တွင်းမှာ နေရာတိုင်းသုံးလို့ရရင်တော့ ကောင်းတာပေါ့။ မန္တလေးနှင့် ရတနာပုံမှာတော့ရမယ်မထင်ဘူးနော်.။ စမ်းသတ်ပြီး သုံးလို့ရတယ်ဆိုရင် အသိပေးကြပါအုံးနော်..။

  • unclegyi1974

    September 1, 2010 at 3:35 pm

    https://addons. ကိုဝင်လိုက်ပါတယ် mozillacorpotion(us) ဆိုပြီး addons စာတန်းရှေ့မှာအစိမ်းရောင်နဲ့ပေါ်
    လာပါတယ်နောက်အောက်မှာတော့အဖြူချည်းဘဲပေါ်ပါတယ် bookmarks addonsကိုနှိပ်လိုက်တာ
    addonsforfox ပေါ်ပါတယ် add to firefox မတွေ့ရပါ၊တွေ့တဲ့ download ကိုနှိပ်လိုက်တော့လဲ
    install မပေါ်ပါ၊

    အခြားအောက်မှာဖော်ပြထားတဲ့ဆိုဒ်တွေလဲအဆင်မပြေပါ အသေးစိတ်ပြန်လည်ဖော်ပြပေးဖို့ပန်ကြားပါတယ်
    ကျေးဇူးတင်လျှက်။

  • winne

    September 2, 2010 at 4:25 am

    အဲဒီက လင့်အတိုင်းဝင်ပြီး ပြောတဲ့ အတိုင်း နိပ်လိုက်တာ သူဟာသူ အလိုလို အပ်သွားတာဘဲ မပြောတတ်ဘူး ဒီမှာတော့ ဝင်သုံးလို့ရတယ် အောက်က လင့်တွေသုံးစရာကို မလိုတာ သူဟာသူ အော်တိုကို ဝင်သွားပြီး ကျော်သွားလို့ရတယ် သိသလိုဘဲ ရေးလိုက်တာဆိုတော့ သေချာ မရှင်းပြတတ်ဘူး သေချာ ရှင်းပြတတ်တဲ့ သူများ ရှိရင် ဒီထက် ပိုရှင်းအောင် ရှင်းပြပေးကြဖို့ တောင်းဆိုပါတယ်။

  • မန်း ရိပ်

    September 4, 2010 at 1:40 pm

    ကျေးဇူးပဲ
    ကြည့်ချင်တာတွေ ကျော်ကြည့်လို့ရမယ်ဆိုတော့ တကယ်ပျော်မိပါတယ်
    စမ်းကြည့်လိုက်အုန်းမယ်

  • ဆူး

    September 5, 2010 at 2:41 am

    သတင်းထူး ထပ်ပြောရအုန်းမယ် တင်သာ တင်လိုက်တယ် ဟိုနေ့ကတော့ ရတယ် မနေ့က စပြီး အဲဒီလို သုံးလို့မရတော့ဘူး bagan က ပိတ်လိုက်ပြီ မရတော့ပြန်ဘူး။ နည်းလမ်းတော့ ထပ်ရှာနေတယ် ရရင် ထပ်တင်ပေးမယ်

  • bigcat

    September 5, 2010 at 2:56 am

    အကောင်းဆုံးနည်းလမ်းကတော့ မန ္တလေးဂေဇက်မှာ ပြည်တွင်းက မင်ဘာတွေ စာရေးလို့ ရလာတဲ့ပွိုင့်တွေကိုစုထား၊ ပြီးတော့တပေါင်းထည်း ငွေထုတ်ပြီး ရတနာပုံဖြစ်ဖြစ်၊ ပုဂံတယ်လီပေါ့ ဖြစ်ဖြစ် ဝယ်လိုက်ကြရင် ဟိုကျော်ဒီခွ ဆိုတဲ့ ဒုက္ခတွေ ငြိမ်းသွားနိုင်ပါတယ်။ ပွိုင့်တွေက နဲနေသေးရင် ကိုကေအေအိုင် ကို ပွိုင့်ကြိုထုတ်ပေးဖို့ ဝိုင်းတိုက်တွန်းကြတာပေါ့။

  • ဆူး

    September 5, 2010 at 3:05 am

    ဦးလေး ကြောင်ကြီး နည်းလမ်းကတော့ ကောင်းပါတယ်။ ဦးလေး ကြောင်ကြီး ထောက်ခံစာ ရေးပေး

  • Young

    September 5, 2010 at 4:25 am

    ကျွန်တော်က တော့ access kit နဲ့သုံးတာတောင်အဆင်ပြေပါတယ်။ ပိတ်ထားတဲ့ဆိုက်အကုန်ပွင့်ပါသည်။

  • ဆူး

    September 5, 2010 at 7:02 am

    ရတယ် ဟိုရက်တွေက မနေ့က စပြီး သုံးနေရင်းနဲ့ တခုချင်းစီပိတ်ပိတ်သွားတာ နေ့လည်လောက်ရောက်တော့ အကုန်ပိတ်သွားပြီ

  • မန်း ရိပ်

    September 6, 2010 at 1:13 pm

    အခုလို ဖြန့်ဝေပေးတာ အလွန်ကောင်းတဲ့ အစီအစဉ်ပါ
    လူတိုင်း ကိုယ်သိတာတွေဖြန့်ဝေပေးမယ်ဆိုရင် တိုးတက်မှုမြန်ပါလိမ့်မယ်

  • tunaung

    October 3, 2010 at 4:05 am

    ဒီခွေသူတောင်းစားတွေကစောင့်ကြည့်နေတာ ကျော်ကြည့်ဘို့တင်ပေးလိုက်ယင် သူတို့လဲမြင်တာကို ပိတ်မှာပေါ့ အကောင်းဆုံက ကျော်ကြည့်တဲ့ဆိုက်ကိုတယောက်နဲ့တယောက်emailကနေပို့ပေးယင်အကောင်းဆုံးဘဲ ဒါတောင်မသင်ကာတဲ့ကောင်ဆိုပို့မပေးနဲ့ ….

Leave a Reply