” တတိယမြောက်အခွင့်အရေး “

“တတိယမြောက် အခွင့်အရေး”

မိန်းခလေးရေ

မလယ်မဝယ်

မင်းခပ်ငယ်ငယ်ပေါ့

ချစ်သူနဲ့ကွဲ

လမ်းလွဲသွားတဲ့အခါ

ငါ့ရင်ထဲတိုးဝင်

မင်းငိုကြွေးစဉ်က

ရှတတ မျက်ရည်စ

အသာတို့ယူ

ငါ ဖယ်ပေးခဲ့ဘူးတယ်။

မိန်းကလေးရေ

အရွယ်တွေလွန်မြောက်

အတောင်တွေပေါက်

အချစ်တစ်ခုထဲနဲ့

ဖောက်ခွဲပျံသန်း

လောကကြီးကို

စမ်းသပ်စဉ်က

လမ်းမှားလူမှား

ခါးခါးဘဝ

ကြုံရခိုက်က

မခံနိုင်အဆုံး

ရုန်းထွက်ခဲ့စဉ်

ငါ့ရှေ့မှာခြေစုံရပ်

နောင်တတွေနဲ့

ဆက်စပ်နေတဲ့မျက်ရည်စ

ပူလောင်စွာ

တလိမ့်ခြင်းကျစဉ်

အသာတို့ယူ

ငါ  ဖယ်ပေးခဲ့ရဘူးတယ်။

မိန်းခလေးရေ

အခုများမတော့

အနေတွေဝေးသွား

သတင်းမကြား

E mail မရောက်

မပေါက်  Wechat

Messenger မလာ

Viber မရှိ

ဘာဆိုဘာမှသိ

မှောင်အတိကျသောနေရာ

ငါရောက်နေစဉ်

အခါသမယ

တကယ်လို့များ

မင်းမှာ

တတိယမြောက် မျက်ရည်စ

ကျများ ကျခဲ့ရင်

ငါ့ မှာ

အသာတို့ယူ

ဖယ်ယူခွင့်မရှိ

တွေးရင်းလွမ်းပါ၏။

ကိုပေါက်လက်ဆောင်အတွေးစဉ်။

၇၄၁၇

2 comments

  • သျှားသက်မာန်

    April 11, 2017 at 2:24 pm

    ကဗာျကိုသိပ်တော့မခံစားတတ်ပေမဲ့ သုံးထားတဲ့စကားလုံးတွေကတော့တော်တော် ပြောင်မြောက်ပါတယ်။

  • Courage

    April 12, 2017 at 6:10 pm

    ဒုတိယလူဖြစ်ခဲ့ဖူးတဲ့ ဘဝလေးကိုတောင် ပြန်လွမ်းလာသလိုပဲ လေးပေါက်ရယ်

Leave a Reply