ပြည်သူနှင့်အတူ with Prome’s girl

၂၀၁ရ ဒီချုပ်အစိုးရ တနှစ်ပြည့် နှစ်ပတ်လည် မိန့်ခွန်းမှာ ဘွားဒေါ် ရွေးကောက်ပွဲ ကြွေးကြော်သံ “ပြောင်းလဲမှုတွေဆက်လုပ်ဖို့ အန်အယ်လ်ဒီကို မဲထည့်စို့” ကနေ ‘ပြည်သူနှင့်အတူ’ အသစ်ပြောင်းလိုက်တော့ မတူတဲ့အတွေးနဲ့ စဉ်းစားမိတယ်၊ အခြေအနေ မကောင်းဘူးလို့။ ရွေးကောက်ပွဲမှာ ခြေဥပြင်မယ် အတိအက ျ ပြောရာကနေ လေသံ၊ လုပ်ရပ် ပြောင်းသွားတယ်။ ဘာကြောင့် မကောင်းသလဲဆို ပြည်သူဆိုတာ အများစု ဝေလေလေများတယ်၊ အပင်ပန်း အဆင်းရဲ မခံချင်ဘူး၊ ကိုယ်က ျိုး မစွန့်နိုင်ဘူး..နာရင် အော်ပြီ။ ဘတ်စ်ကားကြပ်လို့၊ ဈေးရောင်းမကောင်းလို့၊ အခွန်ဆောင်ရလို့ စသဖြင့် အပြစ်တင်နေသူတွေ ဥပမာပဲ။ စစ်အစိုးရ အတိုက်အခံ ဘဝကနေ လွှတ်တော ်နိုင်ငံရေး ၂၀၁၂ မှာ ဝင်တာ ပြည်သူမနာအောင် ပြောတယ်မဟုတ်လား။ ဘွားဒေါ်ကိုယ်တိုင်လဲ ပြည်သူမနာအောင် နည်းလမ်းရှာလုပ်မယ် ဆိုတော့ ဟုတ်တော့ဟုတ်နေပြီ။ ပြန်လည်သင့်မြတ်ရေး ခေါင်းစဉ်အောက် တွင်တွင်ပြောရင်း ဒီမိုကရေစီရေး၊ ခြေဥပြင်ဆင်ရေး ထိုးကျွေးခံရဖွယ် ရှိတယ်။ အဲဒါတွေ မသေချာလ ျင် ဖက်ဒရယ်ရေး အောင်မြင်ပါ့မလား။ မူဝါဒပြောင်းမှာလဲ မပြောရဲ၊ လုပ်ရပ်က ခနော်ခနဲ့။ အက ျိုးဆက်မှာ တိုင်းရင်းသား လာဘ်နတ်ကိုင်တင်မက တိုင်းရင်းသား မဲဆန ်ဒ ရှင်ကပါ ယုံကြည်မှု မဲ့ပြီ။ ခုပဲ ပြောပီ တိုင်းပြည်မှာ ဒီချုပ်နဲ့စစ်တပ် အစိုးရနှစ်ဖွဲ့ ဖြစ်တာ ငြိမ်းချမ်းရေးလုပ်ငန်း ထိခိုက်တယ်တဲ့၊ ဘယ်သူ့ အဖေခေါ်ရမှန်း မသိ။ ခေါ်ခြင်းခေါ် ရိုက်နှက်မည့်သူကို ခေါ်မည်ဆိုတာ ဘွားဒေါ် သိဖို့ကောင်းတယ်။ စီးပွားရေးကလည်း မေ ျှာ်လင့်သလိုမကောင်း၊ ပြည်နယ်နဲ့တိုင်း ဝန်ချုပ်များ ကိုယ့်ဒေသကိုယ် ထိန်းနိုင်လို့သ၊ နို့မို့ရင် အိုးနင်းခွက်နင်း ဖွတ်နဲ့စစ်ခွေး ပျော်လိုက်မည့် ဖြစ်ခြင်း။

ပြည်သူနှင့်အတူ ကြောင်ကြီးဖြူ

 

 

 

 

8 comments

  • ဇီဇီ

    April 10, 2017 at 10:45 am

    စစ်မျိုးဆက်တွေ အကုန် ၁ဝ သက် စားမကုန်အောင်လည်း ရပြီး ကြပါရဲ့နဲ့
    ဒီ တိုင်းပြည် အခွံနဲ့ လူတွေ လောက်ပဲကို ဘာလို့ လက်မလွှတ်ချင်သေးတာလဲ မသိ။
    (လူတောင် တိုင်းပြည်ထဲ သက်ကြီးရွယ်အို၊ ကလေးသူငယ်နဲ့ ဘုန်းကြီး တွေပဲ အများစု ကျန်တာဖာ)။

    နား ကို မလည်တော့ပါဘူးရယ်။

    ၂၀၂ဝ မှာ ကြံ့ဖွတ်ကိုပဲ မဲပေးဖို့ ပြန်မဲဆွယ်မယ်။
    ခေ့ခေ့ခေ့။

    အာ့ မှ နားအေးဒေါ့မယ်။

    :k:

  • ကထူးဆန်း

    April 11, 2017 at 11:32 am

    ဆွဲတင်လို့မရတဲ့ စစ်ဖိနပ် နဲ့ ဘဲ တန်တဲ့ ပြည်သူအများစုရဲ့ ရေချိန် သိပြီးနောက် ဒေါ်အောင်ဆန်းစုကြည်လဲ ရည်မှန်းချက် ချလိုက်ရပြီထင်ပါတယ်….
    အခြေအနေမကောင်းဘူး … အမှန်ဘဲ

  • သျှားသက်မာန်

    April 11, 2017 at 2:14 pm

    ရို့ရို့…

  • alinsett

    April 11, 2017 at 11:09 pm

    .ပြောင်းလဲချိန် တန်ပြီ လို့ ဒေါ်စုက သတ်ိပေး လှုပ်နှိုးလိုက်ပေမဲ့
    အိပ်ယာ မထချင်သေးတဲ့ အအိပ်မက်သောသူများစွာကို
    မြင်လိုက်ရသောအခါ. . .

  • Swal Taw Ywet

    April 14, 2017 at 11:15 pm

    ဥကြောင်ကို မေတ္တာပို့ချင်သယ်။
    ဓါတ်ပုံကို Crop လုပ်လိုက်လို့။
    ဒို့ကတော့ ဒို့ကတော့
    အမေစုနောက်မှာ အမြဲရှိပါမည်။
    With respect,
    Swal Taw Ywet.

  • kai

    April 16, 2017 at 3:34 pm

    ဘွားတော်.. ဒီအသက်ကြီးနဲ့.. ဘာကိုကြောက်နေသလဲ.. တွေးလို့တောင်မရဘူး…။
    အခုတနှစ်ကုန်ပြီ..။ နောက်၄နှစ်ကြီးများတောင်ကျန်သေးတယ်..။
    လုပ်သင့်တာအကုန်ရဲရဲသာလုပ်သင့်…။ :k:

  • ဝင့်ပြုံးမြင့်

    April 22, 2017 at 9:53 pm

    စာနဲ့ပုံနဲ့ ဆက်စပ်မှု ရှိမရှိ လေ့လာရဦးမည်

    • ဦး လေး မန်း

      April 26, 2017 at 9:05 am

      ဆက်​ စပ်​ ပါ တယ​်​ ​ ​​​​ကြောင်​ ပုံ ပါ တယ်​ ​လေ။

Leave a Reply