အမေရိကန်က သူ့ရဲ့ တပ်သားတွေကို ဘယ်လိုကျွေးမွေးသလဲ သိချင်သလား။ ဒီပို့စ်မှာ ဝင်ကြည့်ပါ။

Good IdeaSeptember 1, 20104min1088

အောက်မှာ ဖော်ပြထားတဲ့ပုံတွေကတော့ အမေရိကန်အစိုးရက သူတို့ရဲ့ တပ်သားတွေကို ကျွေးမွေးတဲ့ စားဖိုဆောင်ဖြစ်ပါတယ်။
ကျုပ်တို့နိုင်ငံက စစ်သားတွေကိုလည်း အဲ့လို ကျွေးချင်လိုက်တာဗျာ။ သူတို့ခမျာ ငတ်ပြတ်ပြီး ပင်ပန်းဆင်းရဲနေကြတယ်။ အထက်က အာဏာရူးတွေကတော့ စည်းစိမ်ခံပြိးရင်း ခံပဲ။ ဒီလို အာဏာရူးတွေ အာဏာရနေသရွေ့တော့ တိုင်းပြည်က ဘယ်တော့မှ လမ်းကြောင်းမှန်ပေါ် ရောက်လာမှာ မဟုတ်တော့ဘူး။ အမွဲတကာ့ထိပ်ခေါင် ဖွတ်မင်းနောင်ပဲ ဖြစ်နေမှာပဲ။
ဖော်ဝက်မေးလ်နဲ့ ရောက်လာတာကို တင်ပြပေးလိုက်တာပါ။ မေးလ်ထဲမှာ ရေးထားတာက…

ငါတောင်အမေရိကန်စစ်တပ်ထဲဝင်ချင်လာပြိကွာ…..ဟဲဟဲ..
ကွာပါ့ငါတို့နိုင်ငံနဲ့…..ဒါမျိုးအိမ်မက်ထဲထည်မက်ရင်တောင်အခွင့်ရမယ်မထင်…

ငယ်ငယ်ကဆိုခဲ့တဲ့သံချပ်တောင်သတိရလာပြိ
““ဒူးမထောက် လက်မမြှောက်…
လေးဘက်ထောက်သွားမည်..
ချိုင်းထောက်နဲ့ အမေ့အိမ်ကို ပြန်လာခဲ့ပြီ
ဘူးသီး ခရမ်းသီး အမြဲတမ်းကျွေးပါသည်
ရဲဘော်…မသေသေအောင် နှိပ်စက်သည်””….

အခုတော့ ဘူးသီး ခရမ်းသီးတောင် မှန်ရဲ့လားမသိဘူး။

US army canteen in Iraq…


8 comments

  • Yin Nyine Nway

    September 1, 2010 at 3:09 pm

    တန်အောင်ကျွှေးမှတော့ တန်အောင် အသေခံကြတာပေါ့
    ဒီမှာ နဲ့များ ကွာပါ့

  • hoe

    September 1, 2010 at 4:23 pm

    အော်… ဒီမှာက သေမယ်ဆိုတာသေချာနေတော ့လဲ …. နိုင်ငံအတွက် မကုန်သင့်တာမကုန်အောင် ချွေတာ တာနေမှာပေ့ါဗျ… 🙂

  • timothy

    September 1, 2010 at 8:17 pm

    This is normal way of catering service providing the customer with healthy, delicious, and edible foods. This is what we call normal society. Customer care, rules and regulations, health and safety acts, infection control, and allergy advices are daily routine meal times at any canteen, shops, markets, hospitals, and elsewhere. You might notice the dress of chefs which is compliant to health and safety rules. The cooking area and food storage are out of bound region for safety reason and infection prevention. If one works in normal civilised society, this is the must have simple existent no one feel any strange sense at all.
    For failed states like Burma, millions of people had to endured their daily life with simply food cloth and shelter necessities. The normal canteen arrangement seen in photos are for Than Shwe and a few who stride on our neck, bleed our neck and enjoying our bleeding and death. Burmese soldiers will get the normal canteen and food if they really want to convert the failed state into civilised nations. They all must boycott the election.

  • eros

    September 2, 2010 at 2:40 am

    တကယ်ဆိုရင် စစ်သားတွေကိုကောင်းကောင်းကျွေးမွေးသင့်ပါတယ်၊ ဘာလို.လည်း ဆိုတော. သူတို.လုပ်ရတယ်. အလုပ်ကပင်ပန်းလွန်းလို. ပါ။ ဘယ်လောက်ပဲလက်နက်ကောင်းကောင်း၊ ဘယ်လောက်ပဲ ဝါဒဖြန်.ချီရေးလုပ်လုပ်၊ စစ်သားမှာမှန်မှန်ကန်ကန်ရသင့်တဲ့ခံစားခွင့်၊ အစားအသောက်မရဘူးဆိုရင် တကယ်တိုက်ကြမယ်ဆိုရင် ရှုံးမျာပဲ။

  • လင်းဝေကျော်

    September 2, 2010 at 2:58 am

    ဒါက အထူးညစာစားပွဲပါ။
    ပုံမှန်ကလည်း ကောင်းပါတယ် ဒီလိုနီးပါးပါ။

  • winne

    September 2, 2010 at 4:13 am

    စားနေကျဆိုရင်တော့ မထူးဆန်းဘူးပေါ့ မစားရတဲ့လူဆိုရင် ငတ်နေမယ်ဆိုရင် စားရမယ်ဆို ဘယ်သူမဆို စားချင်မှာဘဲလေ ရိုးအီနေတဲ့ အစားအသောက်ကို စားရဖို့ သိပ်မတက်မတ်ဘူး မစားရတဲ့သူသာ စားချင်လို တပ်မက်တာ ဒီတော့ စားရအောင် လုပ်ရင်းနဲ့.. လုပ်ရင်းနဲ့…. နဲ့ နဲ့..

  • suzuki

    September 2, 2010 at 7:07 am

    အစားအသောက်ကျွေးတာ ကိုတော့ ခုမှပဲမြင်ဘူးတာ။ ဒါပေမဲ့ တစ်ခါက ရုပ်ရှင်တစ်ခုထဲမှာ ကြည့်လိုက်ရတယ် ရိက္ခာထုတ်လာတယ် ခေါ်လားဗျာ။ ထောပတ် ဘူးကြီးတွေတစ်ပွေ့နဲ့ မာဘိုရို နှစ်တောင့်စီ ကိုင်လာကြတာ။ ဟီး အဲဒီကတည်းက သရေယိုခဲ့တာဗျ။

  • Ba Gyi Taw

    September 2, 2010 at 7:47 am

    သူတို ့တွေမှာ လူ ့အခွင့်အရေးတွေ ရှိတယ်လေ ၊ တို ့နိုင်ငံမှာက လက်တဆုပ်စာအတွက်ဘဲဖြစ်နေတာ ။

Leave a Reply