ရောက်လေရောက်လေ..ရောက်မပြေ(နေ့ချင်းပြန်)

Mon LayJanuary 15, 20185min1590

ရောက်လေရောက်လေ ရောက်မပြေဆိုတဲ့အတိုင်း ဟိုးငယ်ငယ် ၃နှစ်သမီးကတည်းကကျိုက်ထီးရိုးကိုရာက်ဖူးတာ ခုအသက်အရွယ်ရ လာတဲ့အထိ ဘယ်အချိန်ပဲပြန်သွားသွား ရောက်ကိုမပြေတာ၊ အမြဲတမ်းပျော်နေမိတဲ့ခရီးစဉ်လေးပါ။😁😁

 ရောက်ဆို ၁ နှစ် ၁ခါ တော့ ရောက်ဖြစ်အောင်သွားပါတယ်။ မရောက်ဖြစ်ရင် နောက်တစ်နှစ် ရောက်အောင်ကိုသွားတဲ့ခရီးမျိုးပါ။ တစ်ခါတစ်လေ ၁နှစ်ထဲနဲ့ ၂ခါတောင်ပြန်ရောက်တတ်တာမျိုးပါ။ ✌️ကျိုက်ထီးရိုးဘုရားဖူးခရီးစဉ်ကို ဟိုးအရင်ကတော့ ၁ ညအိပ်၊ ၂ ညအိပ် အနေနဲ့သွားကြတာများပေမယ့် အခုအခါမှာတော့ နေ့ချင်းပြန်ခရီးစဉ်အနေနဲ့ပါ သွားလာကြပါတယ်။ ငယ်ငယ်တုန်းကတော့ ၂ ညလောက်ထိအိပ်ပြီးလည်ခဲ့ဖူးပါတယ်။ ခုအသက်အရွယ်မှာတော့ အလုပ်ကလည်းတစ်ဖက်ဆိုတော့ ၂ ညလောက်ထိမအိပ်တော့ဘဲ ၁ ညအိပ်နဲ့ နေ့ချင်းပြန်ခရီးလေးပဲ သွားဖြစ်ပါတော့တယ်။

ခုနေ့ချင်းပြန်သွားတာလေးအရင်ရေးပေးမယ်နော် ✍✍

ဒီခရီးစဉ်လေးကသွားရတာတအားလွယ်ကူပေမဲ့..ခရီးတွေသွားတိုင်း ပြန်ပြန်မျှဝေတတ်တဲ့ဆန္ဒလေး ကြောင့်ရယ်၊ ထူးဆန်းတဲ့ခံစားချက်ရှိတဲ့ခရီးဖြစ်တာရယ်ကြောင့် ဒီခရီးကိုလည်း review ရေးပေးလိုက်ပါတယ်။ 😲

#ဘယ်လိုသွားရလဲ🚗🚌🚎🚍🚘

ကျိုက်ထီးရိုးကတော့ တချို ့ကားရှိတဲ့သူတွေလည်း ကိုယ်ပိုင်ကားလေးနဲ့သွားကြသလို တချို ့ကျတော့လည်း ဘုရားဖူးလိုင်းကားတွေနဲ့သွားကြပါတယ်။ ရန်ကုန်ကနေဆို ဘုရားဖူးပို့ဆောင်ရေးကားတွေ ခုဆိုအတော်များများရှိလာပါပြီ။ အောင်ဆန်းကွင်းကနေစီးတာပဲဖြစ်ဖြစ်၊ အောင်မင်္ဂလာကနေဖြစ်ဖြစ်၊ မြို့တွင်းနီးစပ်ရာနေရာကနေဖြစ်ဖြစ် ကားတွေကိုစီးပြီးအဆင်ပြေစွာနဲ့သွားလို့ရပါတယ်။ အသွားအပြန် ဂိတ်ပေါ်မူတည်ပြီး အနည်းဆုံး တစ်ယောက် ၁၂၀၀ဝကျပ် ကစရှိပါတယ်။ အသွားအပြန်ပေါ့ (လက်မှတ်လိုချင်ပြောနော်..အသိ တစ်ယောက်ကရောင်းလို့ဆက်သွယ်ပေးမယ်)😁

ရန်ကုန်ကနေညဘက် (၉)နာရီထွက်လာရင် ကင်ပွန်းစခန်းကို မနက်စောစော(၂)နာရီဆိုရောက်ပါတယ်။

အချိန်ကတော့ များသောအားဖြင့် ရန်ကုန် က ည ၉ နာရီထွက်ပြီး ကင်မွန်းစခန်းကို မနက် ၂နာရီဝန်းကျင်ရောက်ရှိလေ့ရှိပါတယ်။ ဒီလိုဂိတ်တွေက အပြန်ခရီးမှာကျိုက်ပေါလောဘုရား၊ ပဲခူးရွှေမော်ဓောဘုရားများကို ပို့ဆောင်ပေးပါတယ်။ ( နေ့ချင်း ပြန်ပဲဖြစ်ဖြစ်.. ညအိပ်ခရီးပဲဖြစ်ဖြစ် ညကားပဲစီးရတာပါပဲ)

ပြီးရင်တောင်ပေါ်ကိုကားနဲ့တက်ကြပါတယ်။🚞🚞🚞

တောင်ပေါ်တက်တဲ့ကားကတော့ သိတဲ့အတိုုင်းလုုတက်ရတယ်။ (လုတက်စရာမလိုအောင် တစ်ယောက်တစ်ယောက်စီကို ကူပွန်လေးတွေနဲ့စနစ်တကျပေးရင်ကောင်းမှာပဲလို့ တွေးမိပါရဲ ့) ကားကခုတော့အဆင့်မြင့်နေပါပြီ။ အရင်လို နောက်ခန်းက

ထိုင်တဲ့လူက သစ်သားပြားပေါ်မှာ ဖင်နာအောင်ထိုင်ရတာမျိုး မဟုတ်တော့ဘဲ အမိုးနဲ့ စတီးထိုင်ခုံနဲ့ ထိုင်ခုံကလည်း ကူရှင်နဲ့ဆိုတော့ စမတ်ကိုဂေါ်နေတာပဲ။ ဈေးတွေကတော့ ခေါင်းခန်းက ၃၀၀ဝ ကျပ် နောက်ခန်း ၂၀၀ဝ ကျပ်ပါ။ အပြောင်းအလဲမရှိပါဘူး။ (၃၅)ယောက်ပြည့်မှ ထွက်တာမို့ လူမရှိရင် စောင့်ရတက်ပါတယ်။

ခုcable carလည်းရှိနေပါပြီ။ တစ်ယောက်ကို (၃၀၀၀)တဲ့။သူကရသေ့တောင်ထိတော့ ကားနဲ့တက်ရပါတယ်။🚠🚠🚠

ကျိုက်ထီးရိုးသမိုင်းလေးလည်းပြောပြပေးချင်ပါတယ်။

#ကျိုက်ထီးရိုးသမိုင်း 📚📚📚

ရန်ကုန်မှပဲခူး၊ ပဲခူးမှကျိုက်ထို အထိ စုစုပေါင်း (၁၀၉)မိုင်၊ ကျိုက်ထိုမှကျိုက်ထီးရိုး လမ်းခွဲအတိုင်းကင်ပွန်းစခန်းသို့ (၉)မိုင် ကွာဝေးပြီး ကားလမ်းတလျှောက် ချော့မွေ့ကောင်းမွန်လှပါတယ်။ ကျိုက်ထီးရိုးစေတီတော်ကို အစွဲပြုကာ ကျိုက်ထီးရိုးတောင်ဟု ခေါ်တွင်ပြီးနွေရာသီနှင့်ဆောင်းရာသီတလျှောက်လုံး လည်ပတ်ဖူးမျှော်နိုင်ပါတယ်။ယခင်က ခြေလျှင်တောလမ်းအတိုင်းသာ တောင်ထိပ်သို့တက်ရောက်နိုင်ပြီးခုနှစ်မိုင်ခွဲခန့်ရှိကာ စခန်းပေါင်း (၂၇)ခုကိုဖြတ်သွား ရပါတယ်။ ယနေ့အချိန်မှာတော့ ကင်ပွန်းစခန်းတောင်ခြေမှ တောင်ပေါ်သို့ ကားများဖြင့် တက်ရောက်မှုပိုများကြပါတယ်။ကြီးမားမတ်စောက်တဲ့ ကျောက်ဆောင်တစ်ခု၏ အစွန်းတွင် လုံးပတ်ပေ (၅၀) ခန့်ရှိသော လူဦးခေါင်းပုံသဏ္ဍန်ကျောက်တုံးကြီးသည် ပြုတ်ကျလုနီးနီး တင်ရှိနေပြီး ဉာဏ်တော် (၂၂)ပေ (၅)လက်မရှိ စေတီတော်ကြီးမှာ (၁၅)ပေခန့်သာ ကျောက်တောင်စွန်းနှင့် ထိစပ်နေပြီး (၃၅)ပေခန့်မှာ လေထဲတွင် တည်ရှိနေသကဲ့သို့ ဖူးမျှော်ရပြီး နက်ရှိုင်းလှသော ချောက်ကြီးမှာ ကပ်လျှက်တည်ရှိနေပါတယ်။

မြတ်စွာဘုရား၏ ဆံတော်အစစ်ကို ကျောက်တုံးထဲတွင် သန်လျှက်ဖြင့်ထွင်းကာ ဌာပနာထားပြီး ကျောက်တုံးပေါ်တွင် တည်ထားသော စေတီကို မွန်ဘာသာဖြင့် ကျိုက်အိသိရိုး၊ မြန်မာဘာသာဖြင့် ရသေ့ရွက်သောဘုရား၊ ထိုမှ ကာလကြာလာ သောအခါ ကျိုက်အိသိရိုးမှ ကျိုက်ထီးရိုးဟူသော စကားရွေ့လာခဲ့ပါတယ်။

ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးစေတီတော်သည် အရှေ့ရိုးမတောင်တန်း အပါအဝင်ဖြစ်သော ပေါင်းလောင်းတောင်ပေါ်တွင် တည်ရှိ၍မြန်မာနိုင်ငံတွင် တန်ခိုးကြီးသော စေတီတစ်ဆူဖြစ်တယ်။ ကျောက်တုံးကြီးပေါ်တွင်မှ ဉာဏ်တော် ၁ ပေခန့် မြင့်သော စေတီတော် တည်ထားပါတယ်။ စေတီတော် တည်ရှိရာ ကျောက်ဆောင်နှင့် ရင်ပြင်တော်ကို ချောက်တစ်ခုခြားနေသောကြောင့် သံတံတားငယ်ဖြင့် ဆက်သွယ်ထားရပါတယ်။ စေတီတော်တည်ထားရာ ကျောက်တုံးကြီးသည် လူတစ်ယောက် တွန်းရုံမျှဖြင့် လှုပ်ရှား၏။ ထိုကျောက်တုံးကို တွန်း၍ အောက်ခံကျောက်အကြားသို့ အပ်ချည်ကြိုးကို သွင်းပြီးလျှင် ဆွဲယူနိုင်ပါတယ်။

အနောက်ဘက်သို့ မျှော်ကြည့်လျှင် စစ်တောင်းမြစ်ကို ကျော်လွန်၍ ပဲခူးရွှေမော်ဓော စေတီတော်ကို ဖူးမြင်နိုင်ပါတယ်။ ကျိုက်ထီးရိုးစေတီတော်သို့ တက်ရန် လမ်း ၂သွယ် ရှိသည်။ တစ်သွယ်မှာ စစ်တောင်းရွာမှ တက်ရသော လမ်းဖြစ်၍ ကျန်တစ်သွယ်မှာ ကျိုက်ထိုမြို့မှ မော်တော်ကားဖြင့် ၉မိုင်ခန့် ဝေးသော ကင်မွန်းစခန်းမှ တက်ရသော လမ်းဖြစ်ပါတယ်။ ဒုတိယလမ်းမှာ ယနေ့ခေတ် ဘုရားဖူးများ အသုံးပြုသော လမ်းဖြစ်တယ်။ ကင်မွန်းစခန်းမှ ကျိုက်ထီးရိုးရင်ပြင်တော်အထိ ရ မိုင်ခွဲခန့်ရှိ၍ စခန်းပေါင်း၂ရ စခန်းကို ဖြတ်ကျော်သွားရတယ်။ ယခုအခါ ကျိုက်ထိုမြို့နယ်သို့ လာရောက်ရန်မှာ ရထားလမ်း၊ ကားလမ်းများရှိနေပြီ ဖြစ်သည်ကတစ်ကြောင်း၊ တောင်တက်ရန်အတွက် စောင့်ဆိုင်းရန်မလိုခြင်းကတစ်ကြောင်း စသည်တို့ကြောင့် လူပရိတ်သတ်မှာ ယခင်ထက်ပင် စည်ကားနေပါတယ်။ ကျိုက်ထီးရိုးဘုရားပွဲတော်ကို နှစ်စဉ် တပို့တွဲလမှ တန်ခူးလအထိဖြစ်သည်။ ပွဲတော်အချိန်၌ မြန်မာနိုင်ငံအရပ်ရပ်မှ ထောင်သောင်းမကသော ဘုရားဖူးများ လာရောက်ကြပါတယ်။ ယနေ့ခေတ်တွင် နိုင်ငံတစ်ကာမှ ကမ္ဘာလှည့်ခရီးသည်များပါ လာရောက်ကြသဖြင့် ယခင်ကထက် များစွာစည်ကားနေပါတယ်။ ဘုရားသို တက်ရာလမ်းတစ်လျောက်တွင် ဘုရားဖူးများနားနေ တည်းခိုရန်အတွက် ရေမြောင်လေး၊ ရွှေရင်ဆို့၊ ကင်ပြွမ်းပင်၊ ရေမြောင်ကြီး၊ ဘိုးပြန်တောင်၊ စိုင်တစ်မော့အစရှိသော စခန်းများ၌ ဈေးဆိုင်ကန္နားများ ရှိပါတယ်။ ကင်မွန်းစခန်း၌ ဘိုးဘိုးကြီးနတ်နှင့် ဟုံးနတ်စင်များရှိ၍ လမ်းခရီးတွင် မျှော်တော်ယောင်စေတီ၊ လွမ်းစေတီ၊ ကျောက်သမ္ဗာန် စသော စေတီငယ်များနှင့် ရွှေနန်းကျင်နတ်၊ ပန်းတင်နတ် စသော နတ်ကွန်းများကို တွေ့နိုင်ပါတယ်။  အသက်အရွယ်ကြီးရင့်သူများနှင့် အိုမင်းမစွမ်းသူများတို့သည် အထမ်းပုခက်များစီး၍ တက်လေ့ရှိပါတယ်။ ဘုရားဖူးများသည် ကျိုက်ထီးရိုးဘုရားမှ တစ်ဆင့် မုဆိုးဘုရား၊ ဖားဘုရား၊ ငါးဘုရား၊ နဂါးဘုရားများကို ဖြတ်၍ ၄ မိုင်ခန့်ဝေးသော ကျောက်ထပ်ကြီးဘုရားသို့လည်း သွားရောက်ဖူးမြှော် ဆုတောင်လေ့ရှိကြပါတယ်။ ကျိုက်ထီးရိုးဘုရား ရင်ပြင်တော်ပေါ်ရှိ ဘိုးဘိုးကြီး နတ်ရုပ်နှင့် ကျိုက်ထီးရိုးဘုရား မြောက်ဘက်ရှိ ကျီးကန်းပါးစပ်ခေါ် ကျောက်ဂူနေရာတို့မှာ ဘုရားဖူးများ ဆုတောင်း အဓိဌာန်ပြု၍ အမွှေးနံ့သာ ပက်ဖြန်းခြင်း၊ ပိုက်ဆံပစ်ထည့်ခြင်းများ ပြုလုပ်သော နေရာဖြစ်ပါတယ်။

မြတ်စွာဘုရားသခင်သည် မဟာသက္ကရာဇ် ၁၁၁ ခုနှစ်ဆောင်ဥတုတွင် သုဝဏ္ဏဘုမ္မိသထုံပြည်သို့ ကြွချီတော်မူခဲ့ရာ၊ သထုံဘုရင် တိဿဓမ္မ သီဟရာဇာမင်းနှင့် မှူးမတ်ပြည်သူအပေါင်းတို့က စံကျောင်းတော်မဏ္ဍပ်ကြီးကို ဆောက်လုပ်လှူဒါန်းကြပါတယ်။ ဘုရားသခင်သည် ထိုမင်္ဂလာမဏ္ဍပ်တော်၌ ရ ရက်တိုင်တိုင် စံနေတော်မူစဉ် များစွာသော ဝေနေယျသတ္တဝါတို့အား တရားတော် အမြိုက်ဆေး တိုက်ကျွေးတော်မူတယ်။ ထိုအခါ ဂစ္ဆဂိရိ တောင်က တိဿကုမာရ ရသေ့၊ ဗန္ဓဝဂိရိ တောင်က သီဟကုမာရ ရသေ့၊ ကုသိနာရုံတောင်က ရသေ့၊ ဒိုးကမော့ခတွံဂလိုင်းတောင်က ဗုဒ္ဓဏရသေ့၊ ဒိုးခလွန်တောင်က ရသေ့၊ မဲလံတောင်က ရသေ့၊ ပေါင်း ရသေ့ ၆ပါးတို့သည် မြတ်စွာဘုရားအား ဖူးမြော်ကန်တော့ကြပြီးနောက် ဓါတ်တော် မွေတော်များ ချီးမြှင့်မစရန်၊ လျှောက်ထားတောင်းပန်ကြသဖြင့် ရသေ့တစ်ပါလျှင် ဆံတော်တစ်ဆူစီ ပေးသနားတော်မူခဲ့လေတယ်။ နောက်နေ့ရက်များမကြာမီ မွတ်လအိတောင်က ကပ္ပရသေ့၊ မွတ်လအပ်တောင်က နာဒရ ရသေ့၊ ဝါဂရုနယ် လမိုင်း ကေလာသတောင်က ရသေ့၊ ကျိုက္ကမီတောင်က ရသေ့၊ ကော့ယက္ခဇုပ်သွတ် ကျွန်းက ဘီလူးညီနောင် ၂ယောက်၊ ဒိုးယွန်းတောင်က ရသေ့၊ ဆောင်ခဲတောင်က အလ္လကပ္ပရသေ့၊ ပေါင်းပုဂ္ဂိုလ် ရ ဦးတို့ အဖူးအမြော်ရောက်ကြသဖြင့် အထက်အနည်းတူ ဆံတော်တစ်ဆူစီ ပေးသနားတော်မူခဲ့တယ်။ တိဿဓမ္မသီဟရာဇာမင်းအားလည်း ဆံတော် ၂ဆူ ချီးမြှင့် ပေးသနားတော်မူခဲ့လေတယ်။ ဒိုးကမော့ခလွံဂလိုင်းတောင်က ဗုဒ္ဓဉာဏရသေ့၊ ဒိုးခလွန်တောင်က ရသေ့နှင့် ကုသိနာရုံတောင်က ရသေ့တို့သည် မိမိတို့ရရှိထားသော ဆံတော်ဓာတ်များကို ဌာပနာခြင်းမပြုကြပဲ သိမ်းဆည်းထားကြပါတယ်။ ကာလအတန်ကြာလတ်သော် ဒိုးခလွန်ရသေ့နှင့် ကုသိနာရုံရသေ့တို့မှာ အိုမင်းမစွမ်းရှိကြသည့်အပြင် အာနရောဂါစွဲ

ကပ်လာသည်နှင့် မကွယ်လွန်မီ မိမိတို့ရရှိထားသော ဆံတော်များကို ဗုဒ္ဓါဏရသေ့အား ပေးအပ်ခဲ့ပါတယ်။ ဗုဒ္ဓါဏရသေ့သည် ဆံတော်ဓာတ် ၃ဆူကို မပျောက်မပျက်ရအောင် မိမိ၏ ဆံကျစ်အတွင်း၌ စည်းနှောင်ထားလေ၏။ နောင်နှစ်ကာလ အတန်ကြာ

လတ်သော် အနာရောဂါနှိပ်စက်သဖြင့် ရသေ့ကြီးသည် အကယ်၍ မိမိကွယ်လွန်သွားခဲ့သော် ဆံတော်ဓာတ် ၃ဆူကို မည်သို့ မည်ပုံထားခဲ့ရမည်နည်းဟု တွေးတောပူပန်ခြင်း ဖြစ်မိလေသည်။ ထိုအခါ သိကြားမင်းသည် လူ့ပြည်ဆင်း၍ ရသေ့ကြီး၏ ဆန္ဒအတိုင်း ရသေ့ကြီးဦးခေါင်းနှင့် တူသော ကျောက်တုံးကို ရှာဖွေကာ ကျောက်တုံးထဲကို သန်လျက်နှင့် ထွင်း၍ ဆံတော်

တစ်ဆူကို ဌာပနာခဲ့လေသည်။ ထိုသို့ ကျောက်တုံးပေါ်တွင် တည်ထားခဲ့သော စေတီတော်ကို မွန်ဘာသာဖြင့် ကျိုက်အိသိရိုး၊ မြန်မာဘာသာဖြင့် ရသေ့ရွက်သော ဘုရားဟုခေါ်၏။ နောင်ကာလကြာလတ်သော် ကျိုက်အိသိရိုးမှ ကျိုက်ထီးရိုးဟု စကားရွေ့လျောလာလေသည်။ ကျန်ဆံတော် ၂ဆူကိုလည်း သိကြားမင်းက ဒိုးခလွန်တောင်နှင့် ကုသိနာရုံတောင်များတွင် အသီးသီးဌာပနာပေးခဲ့ကြောင်းကို သမိုင်းများတွင် ဆိုသည်။ ထိုစေတီတော်များမှာ ကေလာသနှင့် ကုသိနာရုံဟု ထင်ရှားသည်။

ထိုဆံတော်များ ဌာပနာသွင်းကာ တည်ထားခဲ့သော မြတ်စေတီများကတော့
(၁) ကေလာသဆံတော်ရှင် (ဘီးလင်းမြို့နယ်၊ တောင်ကြီးကျေးရွာ)
(၂) ကျိုက်ဒေယျုံဆံတော်ရှင် (ဘီးလင်းမြို့နယ်၊ တောင်စွန်းတိုက်နယ်)
(၃) ကျိုက်ထီးဆောင်းဆံတော်ရှင် (ဘီးလင်းမြို့နယ်၊ ဇုတ်သုတ်ကျေးရွာ)
(၄) ဇုက္ကလိဆံတော်ရှင် (ဘီးလင်းမြို့နယ်၊ ဇုက္ကလိကျေးရွာ)
(၅) ကုသိနာရုံဆံတော်ရှင် (ဘီးလင်းမြို့နယ်)
(၆) သက္ကထူပ ဆံတော်ရှင် (သထုံခရိုင်)
(၇) မဏိမေခလာထူပ ဆံတော်ရှင် တို ့အပြင် အခြားစေတီများလည်းရှိပါသေးသည်။

ကမ္ဘာ့အံ့ဖွယ် ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော်မြတ်ကြီး၏ ထူးခြားဆန်းကြယ်မှုနှင့်သိပ္ပံနည်းပညာ ရှုထောင့်မှ

ရှင်းပြနိုင်ခြင်းမရှိသည့်သုတေသန အချက်အလက်များတိုင်းတာတွေ ့ရှိချက်

(၁) ကျောက်လုံးတော်ကြီး၏ ကျောက်အမျိုးအစား – ဂရက်နိုက် (Granite)
(၂) တစ်ယူနစ်အလေးချိန် (Unit Weight) – 2.5 Ton/m3 (156 pcf)
(၃) ထုထည် – 244.58m3 (8636 cft)
(၄) အလေးချိန် – 611.45 Ton
(၅) အလေးချိန်ဗဟိုချက် (Centroid) – 0.14m, 0.13m, 4.00m
(၆) နေရာ (x, y, z) – 5.5”, 5.1”, 13’1.5”
(အောက်ခံကျောက်တုံးနှင့် ထိစပ်နေသော ဧရိယာ၏ ဗဟိုချက် Area Centriod
ကို Origin အဖြစ်ယူထားသည်။)
(၇) အမြင့် – 8.15m ( 26′-9” ) (အနိမ့်ဆုံးနေရာမှ အမြင့်ဆုံးနေရာထိ)
(၈) ကျောက်လုံးတော်ကြီး၏ အောက်ခံ ကျောက်တုံးကြီးနှင့် ထိစပ်နေသော
ဧရိယာ – 0.714m3 (7.69 sp.ft)
(၉) အောက်ခံကျောက်တုံးကြီးနှင့် ထိစပ်နေသောဧရိယာ၏ ချောက်ဘက်ရှိ
လည်ပတ်ဝင်ရိုး (Axis of Rotation) မှ ကျောက်လုံးတော် ချောက်ဖက်သို ့
စွန်းထွက်နေသော အများဆုံးအကွာအဝေး – 3.136m ( 10′-3” )

သုံးသပ်ချက်များ

(၁) ကျောက်လုံးတော်ကြီး တည်ငြိမ်နေခြင်းမှာ ကျောက်လုံးတော်ကြီးနှင့် စေတီတော်၏ နှစ်ရပ်ပေါင်း အလေးချိန် ဗဟိုချက်သည် အောက်ခြေရှိ ထိစပ်နေသော ဧရိယာ(Contact Area) အတွင်းကျ ရောက်နေပြီး လည်ပတ်ဝင်ရိုး (Axis ofRotation)၏အတွင်း

ဘက်တွင်လည်း ကျရောက်နေခြင်းကြောင့်ဖြစ်သည်။ အဆိုပါဝင်ရိုး၏အပြင်ဘက် (ချောက်ဘက်)တွင်ကျရောက်နေပါက တည်ငြိမ်နိုင်မည် မဟုတ်ပေ။

(၂) ထိစပ်နေသောဧရိယာ (Contact Area) သည် ကျော်လုံးတော်ကြီး အပေါ်စီးကြည့်ဧရိယာ (Plan Area)၏ (1.4 %) သာရှိသည်ကို တွေ ့ရသည်။အလွန်သေးငယ်သော ဧရိယာပေါ်တွင် တည်ငြိမ်စွာ တင်နေခြင်း ဖြစ်ပါသည်။

(၃) ဘေးတိုက်အင်အား (Lateral Force) (46.6 ton) ဖြင့် နှစ်ရပ်ပေါင်း
အလေးချိန် ဗဟိုချက် ( Centroid of Rock and Stupa) နေရာတည့်တည့်မှ
ချောက်ဘက်သို ့ တွန်းပါက ကျောက်လုံးတော်ကြီး၏ တည်ငြိမ်မှု ပျက်ပြားသွားနိုင်စရာရှိကြောင်း တွေ ့ရှိရပါသည်။

အဆိုပါ အင်အားသည် ကျောက်လုံးတော်ကြီးနှင့်စေတီတော် နှစ်ရပ်ပေါင်း စုစုပေါင်းအလေးချိန်၏ (7.4%) မျှသာဖြစ်သော်လည်းလေပြင်းတိုက်ခတ်မှုကြောင့် ဖြစ်ပေါ်လာသော ဘေးတိုက်အင်အားသည်
(6.5 ton) ထက်မပိုကြောင်း တွေ ့ရပါသည်။ ထို ့ကြောင့် လေပြင်းဒဏ်ကို
စိုးရိမ်စရာမရှိဘဲ မကြုံ စဖူး အလွန်ကြီးမားသောငလျှင်နှင့် အောက်ခြေတိုက်စားခြင်း(Erosion) အောက်ခြေပွန်းပဲ့ခြင်း တို ့ကိုသာ စိုးရိမ်စရာ ရှိပါသည်။

(၄) ကျောက်လုံးတော်ကြီး၏ အလေးချိန်မှာ (611.45 ton) ဖြစ်ပြီး စေတီတော်၏အလေးချိန်မှာ (19.45 ton) သာဖြစ်သဖြင့် စေတီတော်၏ အလေးချိန်သည်နှစ်ရပ်ပေါင်း အလေးချိန်၏ (3.1%) သာရှိသည်ကို တွေ ့ရပါသည်။
ထို ့ကြောင့် စေတီတော်၏ အလေးချိန်သည် စံနစ်တစ်ခုလုံး၏ တည်ငြိမ်မှုကို
အနည်းငယ်သာ ထိခိုက်စေနိုင်ပါသည်။

(၅) စေတီတော်၏ အလေးချိန်ဗဟိုချက် (Centroid) သည် ကျောက်လုံးတော်
အောက်ခြေရှိ ထိစပ်နေသော ဧရိယာ (Contact Area)၏ လည်ပတ်ဝင်ရိုး
(Axis of Rotation) အပြင်ဘက် (ချောက်ဘက်)တွင် မသက်ရောက်ဘဲ ဝင်ရိုး၏အတွင်းဘက်တွင်သာ သက်ရောက်သဖြင့် စေတီတော်ကြီး၏ အလေးချိန်များလာခြင်းသည် ကျောက်လုံးတော်ကြီး၏ တည်ငြိမ်မှုကို Under Gravity Load Conditionတွင် အနှောက်အယှက် မဖြစ်စေကြောင်းတွေ ့ရသည်။

သို ့ရာတွင် နှစ်ရပ်ပေါင်းအလေးချိန် ဗဟိုချက် ( centroid of Rock and stupa) သည် ကျောက်လုံးတော်ကြီးတစ်ခုတည်း၏ အလေးချိန် ဗဟိုချက် (Centroid of Rock) ၏အပေါ်ဘက်( 1′-0.1” ) ခန် ့တွင် တည်ရှိသည်ဖြစ်ရာ တည်ငြိမ်မှုကို ပျက်ပြားစေရန် လိုအပ်သောဘေးတိုက်အင်အား (Leteral Force) မှာ စေတီတော်ကြီး အပါအဝင် နှစ်ရပ်ပေါင်းအတွက် အပိုဒ်(၃)တွင် ဖော်ပြထားသကဲ့သို ့(46.6 ton) ဖြစ်သော်လည်း စေတီတော်ကြီးမပါဘဲ ကျောက်လုံးတော်ကြီး တစ်ခုတည်းအတွက်မူ (47.09 ton) အားဖြစ်သည်ကိုတွေ ့ရပါသည်။ ထို ့ကြောင့် Under Gravity and Lateral Load Condition တွင်စေတီတော် အလေးချိန်ပိုလာခြင်းဖြင့် တည်ငြိမ်မှုကို အနည်းငယ်လျှော့စေနိုင်ကြောင်းတွေ ့ရှိရပါသည်။ သို ့သော် အလွန်နည်းသော မမာဏသာဖြစ်ပါသည်။

(၆) ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ် တည်ထားသော အလွန်ထူးခြားအံ့ဩဖွယ် ဖြစ်တည်လျှက်ရှိသည့် ဤမျှကြီးမားသော ကျောက်လုံးတော်ကြီး၏တည်ငြိမ်နေရခြင်း အကြောင်းရင်းကို ခေတ်မီကရိယာများ အသုံးပြု၍
အင်ဂျင်နီယာ နည်းပညာရှုထောင့်မှ လေ့လာစူးစမ်း တွက်ချက်တင်ပြခြင်းဖြစ်ပါသည်။ကျောက်လုံးတော်ကြီး တည်ငြိမ်နေရခြင်း အကြောင်းရင်းကို သိပ္ပံနည်းကျကျအနီးစပ်ဆုံး ရှင်းလင်းဖော်ပြနိုင်ပြီး ဖြစ်ပါသည်။ သို့သော် အဘယ့်ကြောင့် ဤကဲ့သို့ထူးဆန်းစွာ

ဖြစ်တည်နေသည်ဆိုသည်ကိုမူ ဤလေ့လာချက်မှ ရှင်းပြနိုင်ခြင်း မရှိပါ။အံ့ဩဖွယ်ရာ တစ်ရပ်အဖြစ် အစဉ်အမြဲ တည်ရှိနေ

မည်သာ ဖြစ်ပါသည်။

စေတီတော်ကြီးအား သုတေသနပြုလုပ်ခဲ့သော ပညာရှင်များအဖွဲ ့ပါမောက္ခ ဦးညီလှငယ် (ဒု-ဝန်ကြီး) မှနာယက အဖြစ်ဆောင်ရွက်၍
(၁) ဦးစန်းကြူ (ကထိက) မြို ့ပြအင်ဂျင်နီယာဌာန၊ ရန်ကုန်နည်းပညာတက္ကသိုလ်
(၂) ဦးစိုးပိုင် (ဦးစီးအရာရှိ) ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ ့ဖြို းတိုးတက်ရေးဦးစီးဌာန၊ ပို ့ဆောင်ရေးဝန်ကြီးဌာန။
(၃) ဦးစောထွေးဇော် – Chief Enginner – Concordia Internatoinal Limited
(၄) ဦးမျို းညွန် ့ – Chief Surveyor – Concordia International Limited
(၅) ဦးမျိုးမင်းမင်းလွင် – Surveyor – Concordia International Limited
(၆) ဦးတင်အောင်စိုး – Enginner – ရန် ကုန်နည်းပညာတက္ကသိုလ်
(၇) ဦးကျော်ကျော်ခိုင် – Enginner – ရန်ကုန်နည်းပညာတက္ကသိုလ်
(၈) ဦးသန်းစိုး – Enginner – ရန်ကုန်နည်းပညာတက္ကသိုလ်

လေ့လာတိုင်းထွာခြင်းကာလကို 25 January 2001 မှ 28 January 2001 ထိ ၄ ရက်တိုင်းတာခဲ့ပါသည်။ တိုင်းထွာရာတွင် အသုံးပြုခဲ့သော အထောက်အကူပြု ပစ္စည်းများမှာ

Topcon Pulse Total Station GPE 1002
Topcon Auto Level ATG 3
Computer program – Civil CAD Software (Version 5.5) &
Auto CAD Software (version 2000)များ ဖြစ်ပါသည်။

ကိုးကား – ဦးစိုးရှိန် (မောင်စိုးထိုက် – သုံးဆယ်) စာပေဆုနှင့် လူမှုထူးချွန်ဆုရ၏
“ကမ္ဘာ့အံ့ဖွယ် စာရင်းဝင် ဆံတော်ရှင် ကျို က်ထီးရိုးစေတီတော်” စာအုပ်မှ
အချက်အလက်များကို ကောက်နှုတ်တင်ပြထားပါသည်

#ကျိုက်ထီးရိုးနဲ့ခံစားချက် 🤗🤗

ကျိုက်ထီးရိုးခရီးကိုငယ်ငယ်လေးရောက်ဖူးခဲ့တဲ့အပြင်ကျိုက်ထီးရိုးဘက်ကလာတာလို့လည်းအမေကမွန်လေးကိုပြောပြဖူးပါတယ်။ ငယ်ငယ်ကအိပ်ပြီဆို ညသန်းခေါင် ထထယောင်ပြီး “ပြန်တော့မယ်..ဟိုးအဝေးကြီးကို၊ ဟိုးအဝေးကြီးကို”ဆိုတော့အမေလည်း

ဘုန်းကြီးဆီသွားတော့ ဘုန်းဘုန်းကကျိုက်ထီးရိုးဘက်ကလာတာတဲ့။သိုက်ကပေါ့နော်။အမေ့ကိုချစ်လို့ လိုက်လာတာ

လို့ပြောပြီးမွန်လေးကိုသိုက်ကြိုးဖြတ်ပေးခဲ့ပါတယ်။အဲဒါကြောင့်များမွန်လေးကျိုက်ထီးရိုးဘုရားကိုငယ်ငယ်လေးနဲ့ရောက်ဖူးခဲ့တာများလားလို့တစ်ခါတစ်ခါတွေးတတ်ပါတယ်။ ပြီးတော့အဲ့တုန်းကဆို ဘုရားဖူးကားတွေကသာမညနဲ့ကျိုက်ထီးရိုးဆိုပြီးခရီးစဉ်

တွဲရောင်းကြပါတယ်။ မွန်လေးဆိုတာသာမညဆရာတော်ဘုရားကိုသွားတော့ဖူးပေမယ့် ကျိုက်ထီးရိုးဘုရားကိုသွားဖူး

တာလောက်သိပ်မပျော်ဘူးရယ်။ကျိုက်ထီးရိုးဘုရားကိုခြေလျင်တက်ရတာလည်းပျော်၊ တောင်ပေါ်ရောက်တော့လည်းပျေ်ာ၊ အကုန်လုံးကိုပျော်နေတော့တာပေ့ါနေတာပေါ့။🤗🤗🤗

#တောင်ပေါ်ရောက်ရင် 🙏💵🌄⛰

တောင်ပေါ်ရောက်ရင် ဘုရားလေးဘာလေးဖူး၊ တရားထိုင်၊ အလှူငွေထည့်ရင်ထည့်၊ ခေါင်းလောင်းလှူချင်လှူ၊ ရေသပ္ပါယ်

ချင်ရေသပ္ပါပယ်၊ အဝေးကိုမှန်ပြောင်းနဲ့ကြည့်ချင်ကြည့်၊အပြန်ကားတွေက ၁၂ နာရီ တစ်နာရီ ပြန်တတ်တာမိုု့ တောင်အောက်

ဆင်းဖိုု့ အတွက် ၁ နာရီခွဲလောက်ခွာပြီးတောင်အောက်ဆင်းရပါမယ်။

#နေ့လည်စာစားကြမယ်🍝🍛♨️

နေ့လည်စာကိုစားဖို့ မုဆိုးတောင်ဘက်ကိုသွားတဲ့လှေကားအတိုင်းဆင်းရပါမယ်။ အဲ့မှာဆိုဈေးဆိုင်တန်းတွေမှအားကြီးပဲ။ မွန်လေးတို့လည်း ကြုံရာဆိုင်မှာစားခဲ့ကြပါတယ်။ တစ်ယောက်ကို ၂၅၀ဝ ပါ။

#ဘာတွေဝယ်ကြမလဲ 🗑🛍💍🎍

အမှတ်တရ အိမ်အပြန် ပစ္စည်းတွေဝယ်ကြမယ်ဆိုရင် ယိုဝယ်လို့ရပါတယ်။ ကြိမ်နဲ့လုပ်တဲ့တောင်းတွေ၊အိတ်တွေဝယ်လို့ရတယ်။

ကင်မွန်းစခန်းမှာ ယိုမျိုးစုံဆိုင်တွေရှိပါတယ်။ တောင်ပေါ်မှာဆိုဆေးမြစ်ဆုံဆေးတွေ၊ အမှတ်တရအကျီလေးတွေ၊ လက်ကောက်လေးတွေ၊ လက်စွပ်လေးတွေ၊လည်ဆွဲလေးတွေ နဲ့ ဘုရားပုံပါ ပုဝါလေးတွေ၊ ဆင်းထုတော်လေးတွေလည်းဝယ် လို့ရပါတယ်။ လက်ဆောင်ကစားစရာဆိုရင်တော့ လက်လုပ်လေးတွေအားပေးလို့ရပါတယ်။နောက် နာမည်ကြီးတာက ကဒတ်ခြောက်ကြော်ပါ။လိုက်ရောင်းတာလည်းတွေ့နိုင်ပါတယ်။ သက်သတ်လွတ် အသင့်ကျော်ထားပေးတာမို့ အရန်သင့်စားနိုင်ပါတယ်။သစ်ခွပန်းတွေကတော့ ယိုးဒယား မြဝတီက ဝယ်ရောင်းတာပါတဲ့။

#စိမ်းလဲ့တင် 🌳🌲🌳🌲

သူကခုဆို အပြန်မှာ ကားတော်တော်မာျးများဝင်ပေးနေကြပါပြီ။ နာမည်နဲ့လိုက်အောင်စိမ်းလန်းတဲ့အပင်ကြီးတွေနဲ့ အေးချမ်းနေ

ပြီးကလေးတွေရော၊ လူကြီးတွေပါAdventure လုပ်နိုင်တဲ့ ကစားနည်းမျိုးစုံလည်းရှိနေပါတယ်။

   

ခုနေ့ချင်းပြန်ပြီးတော့ ၁ညအိပ်သွားထားတာလေးလည်းရေးပေးပါဦးမယ် အားပေးဖတ်ရှုတော်မူကြပါကုန်။