မင်္ဂလာဖြိုးလို့ တိုးတဲ့ မြန်မာနှစ်သစ် တစ်သုံးခွန်ကိုး – Happy Burman New Year 1379

kaiApril 17, 20174min5439
သပြေ။ တမာ။ ကံ့ကော်။ အုန်း။ ရွက်လှ။ နှင်းဆီ။ ကြယ်ပန်း။ ဇီးညွှန့်။
သပြေ။ တမာ။ ကံ့ကော်။ အုန်း။ ရွက်လှ။ နှင်းဆီ။ ကြယ်ပန်း။ ဇီးညွှန့်။

မင်္ဂလသုတ် (ပါဠိနှင့် မြန်မာပြန်)

မင်္ဂလသုတ်

၁။ယံ မင်္ဂလံ ဒွါဒသဟိ၊
စိန္တယိံ သု သဒေဝကာ၊
သောတ္ထာနံ နာဓိဂစ္ဆန္တိ၊
အဋ္ဌတိ ံသဉ္စ မင်္ဂလံ။

၂။ဒေသိတံ ဒေဝဒေဝေန၊
သဗ္ဗပါပဝိနာသနံ။
သဗ္ဗလောက ဟိတတ္ထာယ၊
မင်္ဂလံ တံ ဘဏာမ ဟေ။

၃။ ဧဝံ မေ သုတံ၊ ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ
ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။
အထ ခေါ အညတရာ ဒေဝတော
အဘိက္ကန္တာယ ရတ္တိယာ  အဘိက္က န္တဝဏ္ဏာ
ကေဝလကပ္ပံ ဇေတဝနံ ဩဘာသေတွာ
ယေန ဘဂဝါ၊ တေနုပသင်္ကမိ ဥပသင်္ကမိတွာ။
ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ အဋ္ဌာသိ။
ဧကမန္တံ ဋ္ဌိတာ ခေါ သာ ဒေဝတာ
ဘဂဝန္တံ ဂါထာယ အဇ္ဈဘာသိ။

၄။ဗဟူ ဒေဝါ မနုဿာ စ၊
မင်္ဂလာနိ အစိန္တ ယုံ။
အာကင်္ခမာနာ သောတ္ထာနံ၊
ဗြူဟိ မင်္ဂလ မုတ္တမံ။

၅။ အသေဝနာ စ ဗာလာနံ၊
ပဏ္ဍိတာနဉ္စ သေဝနာ။
ပူဇာ စ ပူဇနေယျာနံ၊
ဧတံ မင်္ဂလ မုတ္တမံ။

၆။ ပတိရူပ ဒေသဝါသော စ၊
ပုဗ္ဗေ စ ကတ ပုညတာ။
အတ္တသမ္မာ ပဏီဓိ စ၊
ဧတံ မင်္ဂလ မုတ္တမံ။

၇။ ဗာဟုသစ္စဉ္စ သိပ္ပဉ္စ၊
ဝိနယောစ သုသိက္ခိတော။
သုဘာသိတာ စ ယာ ဝါစာ။
ဧတံ မင်္ဂလ မုတ္တမံ။

၈။ မာတာပိတု ဥပဋ္ဌာနံ၊
ပုတ္တဒါရဿ သင်္ဂဟော။
အနာကုလာ စ ကမ္မန္တာ၊
ဧတံ မင်္ဂလ မုတ္တမံ။

၉။ ဒါနဉ္စ ဓမ္မစရိယာ စ၊
ဉာတကာနဉ္စ သင်္ဂဟော။
အနဝဇ္ဇာနိ ကမ္မာနိ၊
ဧတံ မင်္ဂလ မုတ္တမံ။

၁၀။ အာရတီ ဝိရတီ ပါပါ၊
မဇ္ဇပါနာ စ သံယမော။
အပ္ပမာဒေါ စ ဓမ္မေသု၊
ဧတံ မင်္ဂလ မုတ္တမံ။

၁၁။ ဂါရဝေါ စ နိဝါတော စ၊
သန္တုဋ္ဌိ စ ကတညုတာ။
ကာလေန ဓမ္မဿဝနံ၊
ဧတံ မင်္ဂလ မုတ္တမံ။

၁၂။ခန္တီစ သောဝစဿတာ၊
သမဏာနဉ္စ ဒဿနံ၊
ကာလေန ဓမ္မသာကစ္ဆာ၊
ဧတံ မင်္ဂလ မုတ္တမံ။

၁၃။ တပေါ စဗြဟ္မစရိယဉ္စ
အရိယာသစ္စာန ဒဿနံ၊
နိဗ္ဗာန သစ္ဆိကိရိယာ စ၊
ဧတံ မင်္ဂလ မုတ္တမံ။

၁၄။ ဖုဋ္ဌဿ လောကဓမ္မေဟိ၊
စိတ္တံ ယဿ န ကမ္ပတိ၊
အသောကံ ဝိရဇံ ခေမံ၊
ဧတံ မင်္ဂလ မုတ္တမံ။

၁၅။ ဧတာဒိသာနိ ကတွာန၊
သဗ္ဗတ္ထ မပရာဇိတာ။
သဗ္ဗတ္ထ သောတ္ထိံ ဂစ္ဆန္တိ၊
တံ တေသံ မင်္ဂလ မုတ္တမံ။

မင်္ဂလသုတ္တံ နိဋ္ဌိတံ။

မင်္ဂလသုတ် (မြန်မာပြန်)

၁။ ကြီးပွားချမ်းသာရေးကို အလိုရှိကြသော နတ် လူတို့သည် ၁၂ နှစ်ကြာအောင် မင်္ဂလာတရား အစစ်အမှန်ကို ရှာဖွေခဲ့ကြသော်လည်း ၃၈ဖြာမင်္ဂလာတရားတော်အစစ်အမှန်ကို မရရှိခဲ့ကြပါ။

၂။ မြတ်စွာဘုရားသည် မကောင်းမှုအားလုံးကို ပယ်ဖျောက်နိုင်သော ၃၈ဖြာ မင်္ဂလာတရားတော်ကို သတ္တဝါအားလုံးတို့ချမ်းသာရေးအတွက် ဟောတော်မူအပ်ပါပြီ။ ထိုဘုရားဟော ၃၈ဖြာမင်္ဂလာတရားတော်မြတ်ကို ကျွန်ုပ်တို့ ရွတ်ဆိုကြပါစို့။

၃။ အရှင်မဟာကဿပဘုရား-တပည့်တော်အာနန္ဒသည် မြတ်စွာဘုရားထံမှ ဤသို့ကြားနာမှတ်သားလိုက်ရပါသည်။  အနာထပိဏ်သူဌေး ဆောက်လုပ်လှူဒါန်းသော ဇေတဝန်ကျောင်းတော်မှာ မြတ်စွာဘုရားသီတင်းသုံးတော်မူခိုက် တစ်ခုသောညဉ့်၏ သန်းခေါင်ယံအခါတွင် အမျိုးအမည်မထင်ရှားသော နတ်သားတစ်ပါးသည် ဇေတဝန်ကျောင်းတော်ကြီးတစ်ခုလုံးကို အလင်းရောင်ပေးလျက် ဘုရားမြတ်စွာအားလာရောက်ဖူးမြော်ပြီး ဂါထာတစ်ပုဒ်ကို ရွတ်ဆိုကာ ဘုရားရှင်အား လျှောက်ထားပါသည်။

၄။ မြတ်စွာဘုရား- စီးပွားချမ်းသာကို အလိုရှိကြသော နတ် လူအပေါင်းတို့သည် ၃၈ ဖြာမင်္ဂလာတရားတော်ကို ရှာဖွေခဲ့ကြသော်လည်း မရရှိကြသေးပါ။ ၃၈ ဖြာမင်္ဂလာတရားတော်ကို မြတ်စွာဘုရား ဟောပြတော်မူပါဘုရား။

၅။
လူမိုက်များကို မမှီဝဲ မဆည်းကပ်ခြင်း
ပညာရှိ သူတော်ကောင်းကို မှီဝဲဆည်းကပ်ခြင်း
ပူဇော်ထိုက်သူကို ပူဇော်ခြင်း
၎င်းသုံးပါးလဲ မင်္ဂလာမည်ပါတယ်။

၆။
သင့်တော်သောအရပ်၌ နေထိုင်ခြင်း
ရှေးကောင်းမှုရှိခြင်း
မိမိကိုယ်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်း
၎င်းသုံးပါးလဲ မင်္ဂလာမည်ပါတယ်။

၇။
အကြားအမြင် ဗဟုသုတများခြင်း
သိပ္ပအတတ်ကို တတ်ကျွမ်းခြင်း
ကောင်းသော ကိုယ်ကျင့်တရား ပြောဆိုခြင်း
ကောင်းသောစကားကို ပြောဆိုခြင်း
၎င်းလေးပါးလဲ မင်္ဂလာမည်ပါတယ်။

၈။
မိဘနှစ်ပါးကို ပြုစုလုပ်ကျွေးခြင်း
သားမယားများကို ပြုစုထောက်ပံ့ခြင်း
အပြစ်ကင်းသော အလုပ်ကို လုပ်ကိုင်ခြင်း
၎င်းသုံးပါးလဲ မင်္ဂလာမည်ပါတယ်။

၉။
လှူဒါန်းပေးကမ်းခြင်း
တရားကျင့်ခြင်း
ဆွေမျိုးများကို ကြည့်ရှူစောင့်ရှောက်ခြင်း
အပြစ်ကင်းသော ကောင်းမှုကုသိုလ်ကို ပြုလုပ်ခြင်း
၎င်းလေးပါးလဲ မင်္ဂလာမည်ပါတယ်။

၁၀။
မကောင်းမှုကို မကြံစည်ခြင်း
မကောင်းမှုကို မပြုလုပ် မပြောဆိုခြင်း
သေရည်သေရက် မသောက်ခြင်း
မမေ့မလျော့သော သတိတရားရှိခြင်း
၎င်းလေးပါးလဲ မင်္ဂလာမည်ပါတယ်။

၁၁။
ရိုသေထိုက်သူများကို ရိုသေလေးစားခြင်း
မာန်မာန မရှိခြင်း
ရသမျှနှင့် ရောင့်ရဲတင်းတိမ်ခြင်း
သူတစ်ပါးကျေးဇူးကို သိတတ်ခြင်း
အခွင့်ရတိုင်း တရားနာခြင်း
၎င်းငါးပါးလဲ မင်္ဂလာမည်ပါတယ်။

၁၂။
အရာရာမှာ သည်းခံခြင်း
ဆုံးမစကားကို နားထောင်ခြင်း
ရဟန်းသံဃာကို ဖူးမြော်ခြင်း
အခွင့်ရတိုင်း တရားဆွေးနွေးခြင်း
၎င်းလေးပါးလဲ မင်္ဂလာမည်ပါတယ်။

၁၃။
ခြိုးခြံစွာ ကျင့်ခြင်း
မေထုန်မှုကို ရှောင်ကြဉ်ခြင်း
သစ္စာလေးပါးကို သိမြင်ခြင်း
နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်း
၎င်းလေးပါးလဲ မင်္ဂလာမည်ပါတယ်။

၁၄။
လောကဓံတရားကြောင့် စိတ်မတုန်လှုပ်ခြင်း
လောကဓံတရားကြောင့် စိုးရိမ်ကြောင့်ကြမှုမရှိခြင်း
ကိလေသာကင်းခြင်း
ကြောက်စရာဘေးရန်မရှိခြင်း။
၎င်းလေးပါးလဲ မင်္ဂလာမည်ပါတယ်။

၁၅။ အို-နတ်သား ငါဘုရားဟောတော်မူခဲ့သော ၃၈ ဖြာမင်္ဂလာတရားတော်များကို လိုက်နာကျင့်သုံးကြတဲ့ သူတောင်စင်များဟာ နေရာတိုင်းမှာပင် အောင်မြင်မှုရလဒ်ကို ရရှိကြပါလိမ့်မယ်။ ကြီးပွားချမ်းသာကြပါလိမ့်မယ်။ ယခုငါဘုရားဟောတော်မူခဲ့တဲ့ ၃၈ ဖြာတရားတော်များဟာ ကြီးပွားချမ်းသာချင်တဲ့ သတ္တဝါများအတွက် ကောင်းမြတ်တဲ့ မင်္ဂလာတရား အစစ်အမှန်များပင်ဖြစ်ပါတယ်။


http://www.accesstoinsight.org/tipitaka/kn/khp/khp.1-9.than.html#khp-5

Mangala Sutta — Protection

[This sutta also appears at Sn 2.4. Alternate translation: Narada | Piyadassi | Soni.]

I have heard that at one time the Blessed One was staying in Savatthi at Jeta’s Grove, Anathapindika’s monastery. Then a certain deva, in the far extreme of the night, her extreme radiance lighting up the entirety of Jeta’s Grove, approached the Blessed One. On approaching, having bowed down to the Blessed One, she stood to one side. As she stood to one side, she addressed him with a verse.

Many devas and human beings
give thought to protection,
desiring well-being.
Tell, then, the highest protection.

[The Buddha:]
Not consorting with fools,
consorting with the wise,
paying homage to those worthy of homage:
This is the highest protection.

Living in a civilized land,
having made merit in the past,
directing oneself rightly:
This is the highest protection.

Broad knowledge, skill,
well-mastered discipline,
well-spoken words:
This is the highest protection.

Support for one’s parents,
assistance to one’s wife and children,
consistency in one’s work:
This is the highest protection.

Giving, living in rectitude,
assistance to one’s relatives,
deeds that are blameless:
This is the highest protection.

Avoiding, abstaining from evil;
refraining from intoxicants,
being heedful of the qualities of the mind:
This is the highest protection.

Respect, humility,
contentment, gratitude,
hearing the Dhamma on timely occasions:
This is the highest protection.

Patience, compliance,
seeing contemplatives,
discussing the Dhamma on timely occasions:
This is the highest protection.

Austerity, celibacy,
seeing the Noble Truths,
realizing Unbinding:
This is the highest protection.

A mind that, when touched
by the ways of the world,
is unshaken, sorrowless, dustless, secure:
This is the highest protection.

Everywhere undefeated
when acting in this way,
people go everywhere in well-being:
This is their highest protection.

9 comments

  • kai

    April 17, 2017 at 3:33 am

    1) Not consorting with fools, လူမိုက်များကို မမှီဝဲ မဆည်းကပ်ခြင်း
    2) consorting with the wise, ပညာရှိ သူတော်ကောင်းကို မှီဝဲဆည်းကပ်ခြင်း
    3) paying homage to those worthy of homage: ပူဇော်ထိုက်သူကို ပူဇော်ခြင်း
    This is the highest protection.
    4) Living in a civilized land, သင့်တော်သောအရပ်၌ နေထိုင်ခြင်း
    5) having made merit in the past, ရှေးကောင်းမှုရှိခြင်း
    6) directing oneself rightly: မိမိကိုယ်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်း
    This is the highest protection.
    7) Broad knowledge, အကြားအမြင် ဗဟုသုတများခြင်း၊
    8) skill, သိပ္ပအတတ်ကို တတ်ကျွမ်းခြင်း
    9) well-mastered discipline, ကောင်းသော ကိုယ်ကျင့်တရား၌တည်ခြင်း
    10) well-spoken words: ကောင်းသောစကားကို ပြောဆိုခြင်း
    This is the highest protection.
    11) Support for one’s parents, မိဘနှစ်ပါးကို ပြုစုလုပ်ကျွေးခြင်း
    12) assistance to one’s wife and children, သားမယားများကို ပြုစုထောက်ပံ့ခြင်း
    13) consistency in one’s work: အပြစ်ကင်းသော အလုပ်ကို လုပ်ကိုင်ခြင်း
    This is the highest protection.
    14) Giving, living in rectitude, လှူဒါန်းပေးကမ်းခြင်း
    15) မြတ်သောအကျင့်ကို ကျင့်ခြင်း
    16) assistance to one’s relatives, ဆွေမျိုးများကို ကြည့်ရှူစောင့်ရှောက်ခြင်း
    17) deeds that are blameless: အပြစ်ကင်းသော ကောင်းမှုကုသိုလ်ကို ပြုလုပ်ခြင်း
    This is the highest protection.
    18) Avoiding, abstaining from evil; မကောင်းမှုကို မကြံစည်ခြင်း
    19) မကောင်းမှုကို မပြုလုပ် မပြောဆိုခြင်း
    20) refraining from intoxicants, သေရည်သေရက် မသောက်ခြင်း
    21) being heedful of the qualities of the mind: မမေ့မလျော့သော သတိတရားရှိခြင်း
    This is the highest protection.
    22) Respect, ရိုသေထိုက်သူများကို ရိုသေလေးစားခြင်
    23) humility, မာန်မာန မရှိခြင်း
    24) contentment, ရသမျှနှင့် ရောင့်ရဲတင်းတိမ်ခြင်း
    25) gratitude, သူတစ်ပါးကျေးဇူးကို သိတတ်ခြင်း
    26) hearing the Dhamma on timely occasions: အခွင့်ရတိုင်း တရားနာခြင်း
    This is the highest protection.
    27) Patience, အရာရာမှာ သည်းခံခြင်း
    28) compliance, ဆုံးမစကားကို နားထောင်ခြင်း
    29) seeing contemplatives, သူတော်ကောင်းတို့အားဖူးမြော်ခြင်း
    30) discussing the Dhamma on timely occasions: အခွင့်ရတိုင်း တရားဆွေးနွေးခြင်း
    This is the highest protection.
    31) Austerity, ခြိုးခြံစွာ ကျင့်ခြင်း
    32) celibacy, မေထုန်မှုကို ရှောင်ကြဉ်ခြင်း
    33) seeing the Noble Truths, အရိယာသစ္စာ တရားကို
    သိမြင်ရခြင်း
    34) realizing Unbinding: နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြုနိုင်ခြင်း
    This is the highest protection.
    35) A mind that, when touched by the ways of the world,
    is unshaken, 36) sorrowless, 37) dustless, 38) secure: လောကဓံတရား ရှစ်ပါးတို့နှင့် တွေ့ကြုံရသော အရှင်သူမြတ်၏
    စိတ်သည် မတုန်မလှုပ်၊ မစိုးမရိမ်၊ ရမ္မက်ကင်း၏၊ ဘေးကင်း၏။
    This is the highest protection.

    Everywhere undefeated when acting in this way,
    people go everywhere in well-being:
    This is their highest protection.
    ဤကဲ့သို့သော (၃၈)ပါး မင်္ဂလာတရားကို လက်တွေ့
    လိုက်နာကျင့်ကြံ ပြုလုပ်ထားသည့်အတွက်ကြောင့် မည်သည့်နေရာ၌နေနေ မိမိအား ရန်သူတို့က မအောင်နိုင်၊ ကိစ္စခပ်သိမ်း၌ ပြီးငြိမ်းချမ်းသာခြင်းသို့ ရောက်ကုန်၏။ ထို (၃၈)ပါးသော
    တရားသည်သာလျှင် လူတကာ၊ နတ်တကာတို့အတွက် မြတ်သောမင်္ဂလာ ဖြစ်ကြောင်း သင် မှတ်သားလေလော့။

    • ဇီဇီ

      April 17, 2017 at 3:25 pm

      အို ဘာဒဲ့!
      အပါး ၃ဝ လောက် ကိုယ့်မှာ ပြည့်စုံနေသလားပဲ။
      အဟု
      အဟိ
      အဟွတ်
      အဟမ်းးး
      မင်္ဂလာရှိသော ဇီဇီ။

      :k:

      • kai

        April 18, 2017 at 10:37 am

        မောင်၃ဝ စောင့်ရှောက်ထားသူပေါ့..။
        မင်္ဂလာကို.. Protection လို့ ဘာသာပြန်ထားတာပဲ..။ :k:

        • ဦး လေး မန်း

          April 23, 2017 at 1:00 am

          အင်​း ​မောင်​ ၂ ​ယောက်​ ၃ ​ယောက်​ ​လောက်​ ​စောင်​့ ​ရှောက်​ လိုက်​ ရင်​ ​တောင်​ဘယ်​ သူ မှ မ ကပ်​ ရဲ ​တော့ ဘူး ​နော်​။

  • သင့်အေးရိပ်

    April 21, 2017 at 2:09 pm

    ၃၈ ဖြာ မင်္ဂလာတရားဟာ တကယ် လိုက်နာသင့် လိုက်နာထိုက်တဲ့အချက်တွေပဲ။
    ဖတ်ဖူးရုံမျှ ဖြစ်နေလို့သာ….
    မမေ့အုန်းမှ

  • manawphyulay

    April 21, 2017 at 3:39 pm

    မွေးလာချိန်မှစပြီး အမြဲ မင်္ဂလာရှိအောင်နေရင် မင်္ဂလာတရားတော်နဲ့ညီပါတယ်တဲ့….

  • aye.kk

    April 22, 2017 at 1:45 pm

    သာဓု သာဓု သာဓုပါ။

  • ဦး လေး မန်း

    April 23, 2017 at 1:05 am

    မင်္ဂလ သုတ်​ ဆို တာ တ ကယ်​့ အ ​ခြေ ခံ အ သိ တ ရား ​တွေ ကို ရိုး ရိုး ​လေး ချ ပြ သွား တဲ့ တ ရား စာ ​လေး ​ပေါ့။

    • kai

      April 23, 2017 at 5:19 am

      မင်္ဂလသုတ်ကို… ပါဠိလိုတွေ စွတ်ရွတ်မနေပဲ.. အဓိပ္ပါယ်ပဲအရကောက်.. လိုက်နာတဲ့ တရားနာသူ ဘယ်နှဦးများရှိသလဲ.. သိချင်သား..။
      ဆိုတော့…
      ဗုဒ္ဓတရားများကိုအဓိပ္ပါယ်တွေကိုပါလေ့လာကြည့်ရင်.. ဗုဒ္ဓတည်ထောင်ခဲ့တာ.. ဘာသာရေးမဟုတ်ဖူးလို့..။
      ကျုပ်နားလည်ထားတဲ့ဗုဒ္ဓသာသနာမှာ.. ဖန်ဆင်းရှင်မရှိ၊ ရှိခိုးကိုးကွယ်ပူဇော်ရာမရှိ၊ ဆုတောင်း၍မရ/မပါ..။ :k:

Leave a Reply