ပြန်လာချင်ပြီ

manawphyulayApril 25, 20171min35610

ဘာလိုလိုနဲ့ ရွာထဲမှာ ယခုပိုစ့်နဲ့ဆို ၉၃ဝ မြောက် ပိုစ့်လည်းဖြစ်ပါတယ်။ ကလေးတစ်ဖက်နဲ့ အလုပ်နဲ့ဆိုတော့ လာမလည်ဖြစ်တာလည်း အတော်ကြာပါပြီ။ သတိကတော့ အမြဲရပါတယ်။ အားလုံးကလည်း မနောကို မေ့နေကြပြီလို့ ထင်ပါတယ်။ သရဲလာခြောက်တယ်ပဲ မှတ်ထားပေါ့နော်။

အမှန်တကယ်တော့ အမြဲလာရောက်နေခဲ့ချင်တာပါ။ စာပေနဲ့ဝေးကွာနေသလို ခံစားမိတယ်။ နောက်တစ်ချက်က စာရေးချင်ပေမယ့် ဘယ်ကစပြီး ရေးမလဲ စဉ်းစားနေတုန်းပဲရှိသေးတယ်။ နှစ်သစ်မှာ လာရောက်နှုတ်ဆက်ရင်း စာတွေ ဆက်လက် ရေး သင့် မရေးသင့် အကြံဉာဏ်များပေးကြပါဦးလို့နော်။

ရွာလေးကို သတိရတယ်။ လွမ်းတယ်။ အိမ်ပြန်ရောက်ရင် အရင်လို ကွန်ပျူတာ မကိုင်ဖြစ်တော့ ရွာလေးနဲ့ အလှမ်းဝေးနေတယ်။ အားလုံးလည်း ဘယ်တွေရောက်ပြီး ဘာတွေလုပ်နေလဲလို့ အမြဲစဉ်းစားနေမိပါတယ်။

ခုချိန်မှာတော့ မနောဖြူလေး တစ်ယောက် ကျွေးဟောင်းဆပ်ရင်း ကျွေးသစ်ချဖို့နှင့် ဝမ်းစာအတွက် အလုပ်လုပ်နေကြောင်းပါရှင်။

နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ကြပါစေနော်….

ခင်မင်စွာဖြင့်
မနောဖြူလေး

10 comments

  • သင့်အေးရိပ်

    April 25, 2017 at 3:13 pm

    စာရေးချင်တာများကွယ်…. ကလေးတစ်ယောက် မိခင် ဖြစ်နေသူအတွက် ရေးစရာ မရှားဘူး ထင်တာပဲ။
    မိခင်မေတ္တာအကြောင်းတွေ ကလေးငယ်ရဲ့ သဘာဝနဲ့ သားသမီးငယ်ရဲ့ မိခင်ဘဝနေ့စဉ်ဘဝတွေ….
    အိုး… စိတ်ဝင်စားစရာတွေ အများကြီး… ရေးစရာတွေမှ အများကြီး။

    အချိန် ပေးနိုင်မယ် ဆိုရင်ပေါ့လေ

    • manawphyulay

      April 25, 2017 at 3:27 pm

      ဟုတ်တယ် မနောလည်း ရေးဖို့စိတ်ကူးရှိပါတယ်။ ကလေးတွေရဲ့ ဖွံ့ဖြိုးမှုအနေအထားတွေကောပေါ့။
      ကျေးကျေးပါနော်…

  • သျှားသက်မာန်

    April 25, 2017 at 5:56 pm

    မလာပါနဲ့(မျိုးကြီး)……………….အဲလေ…ပြန်လာပါတော့…အဆင်ပြေရာ..လောကဓံကို (ဝိုင်းစု)

  • ဦး လေး မန်း

    April 25, 2017 at 9:26 pm

    ဒီ လို ပါ ဘဲ မ ​နော ​ရေ လူ မ ​ရောက်​ ​တောင်​ စိတ်​ က ​ရောက်​ ပါ တယ်​ ကိုယ်​့ သံ ​ယော စဉ်​ ​ပေါ့။ လူ ​ဟောင်​း ​တွေ ရဲ့ Post ​တွေ သိပ်​ မ ​တွေ့ ရ ဘူး။

  • manawphyulay

    April 27, 2017 at 10:08 am

    ခုလို အနီလေးတွေကိုလည်း သတိရနေမိပါတယ်….

  • ဇီဇီ

    May 2, 2017 at 1:43 pm

    ပြန်လာချင်တဲ့ အချိန်
    ပြန်စာချင်တဲ့ စိတ်ရှိရင်
    အချိန်မရွေး ပြန်လာစေချင်ပါတယ်။

    :chit:

    • manawphyulay

      May 4, 2017 at 3:56 pm

      စိတ်ကရောက်ပြီး လူက မရောက်ဖြစ်နေတာ ဇီဇီရေ…

  • အတွေးလေး

    May 5, 2017 at 8:43 pm

    ကျတော်ဆိုပိုတောင်ဆိုးသေးတယ် ရွာထဲဝင်လာလိုက်ပျောက်သွားလိုက်နဲ့ရယ်။စာရေးဖို့နေနေသာ စာကိုမဖတ်ဖြစ်တာစာမေးပွဲ တွေပတ်ဖြေနေလို့?

  • ဦးကျောက်ခဲ

    June 13, 2017 at 9:35 pm

    ကြွေးဟောင်းဆပ်ရတယ် ကြွေးသစ်ချရတယ်ဆိုတာ ပြောသလောက် မလွယ်ဘူး…
    ဝမ်းစာရှာရတယ်ဆိုတာ ပိုတောင်ခက်သေး…
    စာများများ ရေးနိုင်ပါစေကွီ… :k:

  • aye.kk

    June 13, 2017 at 11:52 pm

    ကျေးဇူးပါကွယ်
    မနောဖြူလေးရေ ့.။

Leave a Reply